လ - ဖေ‌ဖော်ဝါရီ 2021

နံနက်တိုင်း အသစ်ဖြစ်ပါ၏

ကျွန်မမောင်လေး ပေါလ်သည် ငယ်စဉ်ကတည်းက ပြင်းထန်သော ဝက်ရူးပြန်ရောဂါခံစားခဲ့ရသည်။ သူဆယ်ကျော်သက်အရွယ်ရောက်လာချိန်တွင် ရောဂါပိုဆိုး လာသည်။ တစ်ခါတက်လျှင် ၆ နာရီကျော် ကြာအောင် တက်တတ်သည့်အတွက် ညဘက်များတွင် သူရော မိဘများရော အင်မတန်ဒုက္ခကြီးခဲ့သည်။ ဆရာဝန်များ ကလည်း သူ့ကို အနည်းဆုံးနေ့တစ်ဝက်ခန့် နိုးနိုးကြားကြားရှိအောင်ထိန်းထားနိုင်သော်လည်း ရောဂါသက်သာစေမည့်ကုထုံးကို ရှာမတွေ့ခဲ့ပါ။ ထိုကြောင့် ကျွန်မ မိဘများမှာ “အို ဘုရားရှင်ကယ်မတော်မူပါ ” ဟုသာ ဆုတောင်းရတော့သည်။

သူတို့ စိတ်ဓာတ်ချုံးချုံးကျပြီး ခန္ဓာပင်ပန်းနွမ်းနယ်နေသော်လည်း ပေါလ်နှင့် ကျွန်မမိဘတို့သည် ဘုရားသခင်ထံမှ နေ့ရက်တိုင်းအတွက် လုံလောက်သောခွန်အားကို ရရှိခဲ့ကြသည်။ အထူးသဖြင့် ကျွန်မမိဘများသည် ယေရမိမြည်တမ်းစကားအပါအဝင် သမ္မာကျမ်းစာမှ ငြိမ်သက်ခြင်းခံစားခဲ့ရသည်။ ယေရမိသည် ဘာဗုလုန်စစ်တပ်များကြောင့် ပျက်စီးသွားသော ယေရုရှလင်မြို့ အတွက် “အကျွန်ုပ် ... ဒေါနနှင့် သည်းခြေအရည်ကိုလည်းကောင်း အောက်မေ့တော် မူပါ” (၃:၁၉) ဟု ညည်းတွားပူဆွေးခဲ့သည်။…

ငါကိုယ်တိုင် မဟုတ်တော့ပြီ

လွန်ခဲ့သော ၁၈၅၉ ခုနှစ် နွေရာသီတွင် ပြင်သစ်လူမျိုး ချားလ်စ် ဘလောင်ဒင် (Charles Blondin) သည် နိုင်ရာဂါရာရေတံခွန်တွင် ပထမဆုံး ကြိုးတန်းဖြတ်လျှောက်သူဖြစ်လာခဲ့သည်။ ထိုနောက်ပိုင်းတွင်လည်း အကြိမ် ၁၀၀ မျှ မကြာခဏ ဖြတ်လျှောက်ခဲ့သေးသည်။ တစ်ကြိမ်တွင် သူ၏မန်နေဂျာ ဟယ်ရီခေါလ်ခေါ့ကို ကျောပေါ်တင်ပြီး ဖြတ်လျှောက်သည်။ သူက “ဒီမှာ ဟယ်ရီ၊ အခုအချိန်ကစပြီး မင်းက ခေါလ်ခေါ့ မဟုတ်တော့ဘူး။ ဘလောင်ဒင် ဖြစ်သွားပြီ။ ဒီတော့ ငါယိမ်းရင် မင်းလိုက်ယိမ်းပါ။ မင်းတစ်ယောက်တည်း ဟန်ချက်ညီအောင်ထိန်းဖို့မစဉ်းစားနဲ့။ မင်းအဲ့ဒီလိုလုပ်ရင် ငါတို့နှစ်ယောက်လုံး သေလိမ့်မယ်” ဟု ညွှန်ကြားခဲ့သည်။

ထိုနည်းတူ ရှင်ပေါလုက ဂလာတိမြို့မှယုံကြည်သူများအား “ခရစ်တော်ကို ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်ကို ကျေနပ်စေသည့်အသက်တာနှင့် အသက်ရှင်လို့ မရဘူး။ သတင်းကောင်းကတော့ သင်အခြားနည်းလမ်းနဲ့ ကြိုးစားစရာမလိုဘူးဆိုတာပဲ” ဟုပြောခဲ့သည်။ ဘုရားထံချဥ်းကပ်ရန် မည်သည့်နည်းနှင့်မှ ကြိုးစား၍ မရနိုင်ပါ။…

စိုးရိမ်ကြောက်ရွံ့မှုများနှင့် ရင်ဆိုင်ရခြင်း

ဝါးရင်း သည် အသင်းတော်တစ်ခုတွင် သင်းအုပ်အဖြစ်အစေခံရန်အတွက် မြို့ ငယ်လေးတစ်မြို့သို့ ပြောင်းရွှေ့သွားသည်။ သူ၏သာသနာလုပ်ငန်းအောင်မြင်စအချိန်တွင် နယ်ခံတစ်ဉီးက သူ့ကို အတိုက်အခံပြုခဲ့သည်။ ဝါးရင်း၏ အလွန် ဆိုးဝါးသောအပြုအမူများဟု လုပ်ကြံဇာတ်ခင်းစွပ်စွဲပြီး၊ ဒေသထုတ်သတင်းတိုက်သို့ ထိုအကြောင်းကို သတင်းသွားပေးသည်။ သူ၏စွပ်စွဲပြောဆိုမှုများကို ဒေသခံများထံဖြန့်ဝေရန် လက်ကမ်းစာစောင်များထုတ်ခဲ့သည်။ ဝါးရင်းနှင့် ဇနီးသည်တို့သည် အပြင်းအထန် စတင်ဆုတောင်းကြတော့သည်။ ထိုလိမ်လည်မှုကို လူတို့ ယုံကြည်သွားမည်ဆိုပါက သူတို့၏ဘဝများ ဇောက်ထိုးမိုးမျှော်ဖြစ်သွားလိမ့်မည်။

‌ဒါဝိဒ်မင်းသည်လည်း အလားတူအဖြစ်အပျက်မျိုးနှင့် တွေ့ကြုံခဲ့ရသည်။ ရန်သူတို့၏အသရေဖျက်လုပ်ကြံမှုနှင့် ရင်ဆိုင်ခဲ့ရပြီး “သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏။ ငါ၌ မကောင်းသောအကြံကိုသာ ကြံစည်ကြ၏”(ဆာ ၅၆:၅) ဟု ဆိုခဲ့သည်။ ပြင်းထန်စွာ တိုက်ခိုက်ပြောဆိုမှုများကြောင့် သူ ကြောက်ခဲ့သည်။ မျက်ရည်ကျခဲ့သည်(:၈)။ သို့သော် တိုက်ပွဲများအလယ်တွင် “အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်။ ... လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း”(:၃-၄)ဟု…

ရပ်တည်ရန် ခိုင်ခံ့မြဲမြံသောနေရာ

ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေကို ကျောက်ပေါ်မှာ တင်၍ ငါ့ခြေရာတို့ကို တည်စေတော်မူ၏။ (ဆာ ၄၀:၂)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဆာလံကျမ်း ၄၀:၁-၅

ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊…

အရှုံးလား၊ အနိုင်လား

ဘုရားသခင်၏သား ဖြစ်သောသူမည်သည်ကား လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်း အကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေတည်း။ (၁ ယော ၅:၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၅:၁-၁၃

ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။…

အားတက်စရာ

သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြ လိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။ (ယော ၁၆:၃၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ကောရိန္သုဩဝါသစာဒုတိယစောင် ၄:၈-၁၈

ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊…

ဒုက္ခရောက်သူအတွက် နှစ်သိမ့်သက်သာရာ

ဆင်းရဲခံဖူးသောသင်တို့၌ ... ချမ်းသာခြင်းကို လည်းကောင်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။ (၂ သက် ၁:၇-၈)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် ၁:၃-၁၂

ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွါး၍၊ လူတိုင်းအသီးသီးတို့သည် အချင်းချင်း…