လ - ဖေ‌ဖော်ဝါရီ 2022

ဦးစွာပထမ ဆုတောင်းပါ

မတ်လခေါင်းစဥ် | ဧဝံဂေလိတရား ဝေမျှခြင်း

ကျွန်ုပ်တို့၏ဘုရားကျောင်းဆောက်လုပ်ခြင်း စီမံကိန်းတွင် ဂျက်သည် စကားပြောကြမ်းသည့် ပိုက်ပြင်သမားဖြစ်သည်။ သူ့အတွက် ကျွန်ုပ် ဆုတောင်းပေးနေကြောင်း သူသိပြီးနောက် ရံဖန်ရံခါ၌ သူ့မိတ်ဆွေများအတွက်ပါ ဆုတောင်းပေးရန် ပြောလာသည်။ ဂျက်ကို အထံတော်ပါးသို့ဆွဲခေါ်ကာ ကယ်တင်ရန် ဘုရားရှင်ထံ…

ချီးမွမ်းရန်ရွေးချယ်ခြင်း

စာရေးဆရာမ Marilyn McEntyre (မာရီလင် မက်အန်ထိုင်ရား)က “မနာလိုငြူစူခြင်း၏ဆန့်ကျင်ဘက်က ချီးမွမ်းခြင်းပဲ” ဟုမိတ်ဆွေတစ်ဦးထံမှသိရှိခဲ့ရသည်။ ထိုမိတ်ဆွေတွင် မိမိအရည်အချင်းများကို မျှော်လင့်ထားသလို တိုးတက်အောင် မလုပ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုနှင့် နာတာရှည်ရောဂါရှိလျက်ပင် သူမသည် ဝမ်းမြောက်ခြင်းကို ထူးခြားစွာဖော်ပြနိုင်၍ အခြားသူများနှင့်အတူ ချီးမွမ်းနိုင်သည်။ သူမသည် မကွယ်လွန်မီ “တွေ့ကြုံခံစားရသမျှအတွက် ကျေးဇူးတင်ချီးမွမ်းခဲ့သည်”။

ဤ “မနာလိုငြူစူခြင်း၏ဆန့်ကျင်ဘက်က ချီးမွမ်းခြင်းပဲ” ဟူသောအမြင် သည် ကျွန်မစိတ်၌စွဲလျက်၊ ဤသို့ နှိုင်းယှဥ်မှုကင်းပြီး အခြားသူများအတွက် လေးနက်စစ်မှန်သောဝမ်းမြောက်ခြင်းဖြင့် အသက်ရှင်ကြသည့် ကျွန်မ၏ အသက်တာရှိ သူငယ်ချင်းများကို သတိရစေသည်။

မနာလိုခြင်းသည် အလွယ်တကူကျသွားနိုင်သော ထောင်ချောက်ဖြစ်သည်။ “ငါသာ ဒီလိုဖြစ်ရင်... ဟိုလိုဖြစ်ရင်... ရုန်းကန်နေရမှာမဟုတ်ဘူး၊ ဝမ်းနည်းနေရမှာ မဟုတ်ဘူး”ဟု မနာလိုမှုက တီးတိုးရေရွတ်ကာ ကျွန်မတို့၏အနက်ရှိုင်းဆုံးသော အားနည်းချက်များ၊ ဒဏ်ရာများနှင့် အကြောက်တရားများကို မှီပြီးရှင်သန်သည်။

ရှင်ပေတရုက ယုံကြည်သူသစ်များအား သတိပေးထားသကဲ့သို့ပင် မနာလိုခြင်းက ကျွန်ုပ်တို့အား…

သတင်းကောင်းကြောင့် ဝမ်းမြောက်ရခြင်း

၁၉၆၄ ခုနှစ်၊ တစ်ညနေခင်းတွင် အမေရိကန်နိုင်ငံ၌ ပမာဏ ၉.၂ ပြင်းအားရှိသော ‘The Great Alaska’ (ကြီးမားသော အလက်စကား) ငလျင်ကြီး ၄မိနစ်ခန့်မျှ လှုပ်သွားခဲ့သည်။ အန်ကားရေ့ချ်မြို့ တစ်မြို့လုံးပျက်စီးသွားပြီး ကြီးမားသောချိုင့်ကြီးများနှင့် အုတ်ကျိုးအုတ်ပဲ့များသာ ကျန်သည်။ သတင်းတင်ဆက်သူ Genie Chance (ဂျီနီချန့်စ်)သည် သူမ၏မိုက်ခရိုဖုန်းဖြင့် စိုးရိမ်တကြီးနှင့်ရေဒီယိုနားထောင်နေကြသူများ ထံသို့ မှောင်မည်း၍ ထိတ်လန့်ဖွယ် ထိုညတစ်ညလုံး သတင်းစကားများ ပေးပို့နေခဲ့သည်။ ချုံပုတ်များကြားအလုပ်လုပ်နေသော ခင်ပွန်းသည်မှာ သူ့မိန်းမအသက်ရှင်နေသေးကြောင်း၊ စိတ်ခြောက်ခြားနေသော မိသားစုများသည် ကင်းထောက်လူငယ် စခန်းချခရီးထွက်နေသော သူတို့၏သားများ အဆင်ပြေလျက်ရှိကြောင်း၊ ဇနီးမောင်နှံနှစ်ဦးမှာလည်း သူတို့၏ကလေးများကိုရှာတွေ့ပြီဖြစ်ကြောင်း သတင်းများ ကြားခဲ့ရသည်။ တကျိကျိမြည်နေသော ရေဒီယိုသံသည် သတင်းကောင်းများ တစ်ခုပြီးတစ်ခုနှင့်ပြည့်နှက်လျက် အပျက်အစီးများကြားမှ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။

၎င်းသည် “ထာဝရဘုရား၏ဝိညာဥ်တော်သည် ... ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိတ်ပေးတော်မူပြီ” (၆၁:၁) ဟူသော…

မိသားစုဝင်

‘Downton Abbey’ (ဒေါင်းတန်းဧဘီ)သည် နာမည်ကျော်ဗြိတိသျှရုပ်မြင်သံကြား ဒရာမာစီးရီး ဖြစ်ပြီး၊ စိတ်ကူးယဥ်ဇာတ်ကောင်များဖြစ်သည့် Crawley (ခရော်လီ) မိသားစုသည် ၁၉၀၀ ပြည့်နှစ်များ အစောပိုင်းက အင်္ဂလန်နိုင်ငံတွင် ပြောင်းလဲလာသော လူမှုရေးအခြေအနေကြား ရှင်သန်ကြပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။ အဓိကဇာတ်ကဆောင် Tom Branson (တွမ်ဘရန်ဆန်)သည် ထိုမိသားစု၏ ယာဥ်မောင်းဖြစ်ပြီး၊ ခရော်လီမိသားစု၏သမီးထွေးကို လက်ထပ်ခဲ့၍ လူတိုင်းအံ့အားသင့်ခဲ့ရသည်။ အချိန်အတန်ကြာအထိ အိမ်မှနှင်ထုတ်ခံခဲ့ရပြီးနောက် ငယ်ရွယ်သောဇနီးမောင်နှံသည် ဒေါင်းတန်းဧဘီသို့ ပြန်လာကာ တွမ်သည် မိသားစုဝင်ဖြစ်လာခဲ့ပြီး အလုပ်သမားတစ်ဦးအနေနှင့် မရခဲ့သော အထူးအခွင့်အရေးများကို ရရှိခဲ့သည်။

တစ်ချိန်က ကျွန်မတို့သည် “တစ်ကျွန်းတစ်နိုင်ငံသားများ၊ ဧည့်သည်များ” အဖြစ် (ဧ ၂:၁၉) သတ်မှတ်ခံခဲ့ရပြီး ဘုရားသခင်၏မိသားစုဝင်အဖြစ် ခံစားရမည့် အခွင့်အရေးကိုမခံစားရအောင် ဖယ်ကြဥ်ထားခံခဲ့ရသည်။ သို့သော် ရှင်ယေရှုကြောင့် ယုံကြည်သူတိုင်းသည် သူတို့၏သမိုင်းကြောင်း မည်သို့ပင်ဖြစ်ပါစေ ထာဝရဘုရားနှင့် ပြန်လည်သင့်မြတ်ကာ “ဘုရားသခင်၏အိမ်တော်သား” (:၁၉)ဖြစ်လာကြပါသည်။

ဘုရားသခင်၏အိမ်တော်သားဖြစ်ခြင်းသည်…

တံခါးဝကို ကြဥ်ရှောင်ပါ

ကြွက်နှင့်တူသောသတ္တဝါလေး၏နှာခေါင်းမှာ လှုပ်လှုပ်ရွရွနှင့် အနံ့ခံနေသည်။ အရသာရှိသောအရာတစ်ခုခုသည် အနီးအနားတွင်ရှိသည်။ အမှန်ပင်၊ ထိုအနံ့သည် အရသာရှိသောအစေ့များ အပြည့်ရှိနေသည့် ငှက်အစာခွက်မှ လာသည်။ ထိုသတ္တဝါလေးသည် အစာခွက်ကို ချိတ်ဆွဲထားသည့်သံကြိုးတစ်လျှောက် တွယ်၍ ဆင်းသွားကာ တံခါးမှတစ်ဆင့်လျှော၍ဝင်သွားပြီး အစေ့များကို တစ်ညလုံး စားနေတော့သည်။ မနက်ရောက်မှသာ မည်သည့်အန္တရာယ်သို့ သူကျရောက်သွားသည်ကိုသိလာသည်။ ယခုအခါ ငှက်များသည် အစာခွက်၏ တံခါးပေါက်မှတစ်ဆင့် သူ့ကို ထိုးဆိတ်နေကြပြီ။ သို့သော် အစေ့များကို တဝတပြဲ စားသောက်ထားခြင်းကြောင့် သူ့ခန္ဓာကိုယ်မှာ ၂ ဆ ပို၍ကြီးမားနေပြီး ထွက်မပြေးနိုင်တော့ပေ။

တံခါးဝများသည် ကျွန်ုပ်တို့ကို အံ့ဩဖွယ်ရာနေရာများ (သို့) အန္တရာယ်ရှိသောနေရာများသို့ ခေါ်ဆောင်သွားနိုင်သည်။ သုတ္တံကျမ်း အခန်းကြီး ၅ ၌ လိင်မှုနှင့်ဆိုင်သည့် သွေးဆောင်မှုနှင့်ပတ်သက်၍ ရှောလမုန်မင်းကြီး၏ ဆုံးမအကြံပေးချက်တွင် တံခါးသည် အဓိကနေရာမှပါဝင်သည်။ ရမ္မက်အပြစ်သည် ဆွဲဆောင်မှုရှိသော်လည်း လိုက်ပါသွားပါက ဘေးအန္တရာယ်သာတွေ့ရမည်ဟု သူက ဆိုသည်…