ပြာအရာ၌ပေါင်းသရဖူ
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်သမိုင်းတွင် ပျက်စီးမှုအများဆုံးဖြစ်စေခဲ့သည့် မာရှယ် မီးလောင်မှု (Marshall Fire) ဖြစ်ပွားပြီးနောက် ပြာမှုန်များကြား မိသားစုတို့၏တန်ဖိုးကြီးပစ္စည်းများကို ကူညီရှာဖွေရန် အမှုတော်လုပ်ငန်းတစ်ခုမှ ကမ်းလှမ်းခဲ့သည်။ ပကတိအတိုင်း ရှိနေဦးမည်ဟု သူတို့ထင်ကြသည့် အဖိုးတန်ပစ္စည်းများကို မိသားစုဝင်များက စာရင်းပေးခဲ့သည်။ ပစ္စည်းမဆိုစလောက်ကိုသာ အကောင်းအတိုင်း ပြန်ရသည်။ အမျိုးသားတစ်ဦးက အပေါ်ထပ်အိပ်ခန်းရှိ မှန်တင်ခုံတွင် သူ၏လက်ထပ်လက်စွပ်ကို ထားခဲ့ကြောင်း လွမ်းလွမ်းဆွတ်ဆွတ် ပြောပြသည်။ အိမ်နှင့်တကွ အိမ်ထဲရှိအရာအားလုံး ကျွမ်းလောင်ကာ မြေကြီးပေါ်တွင် ပြာပုံအဖြစ်သာ ကျန်ခဲ့တော့သည်။ ရှာဖွေပေးကြသူများသည် အိပ်ခန်းရှိခဲ့သည့် နေရာထောင့်တွင် လက်စွပ်ကို ရှာဖွေပေးကြသော်လည်း အချည်းနှီးပင်။
ပရောဖက် ဟေရှာယသည်လည်း ချေမွခံရတော့မည့် ယေရုရှလင်မြို့၏ ပျက်စီးကိန်းကို စိတ်ကြေကွဲစွာ ရေးသားခဲ့သည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့ဘဝတွင် မိမိတို့ကိုယ်တိုင် တည်ဆောက်ထားသည့်အရာများ ပြာဖြစ်သွားပြီဟု ခံစားခဲ့ရသည့် အချိန်များ ရှိခဲ့ဖူးသည်။ စိတ်ဝိညာဉ်နှင့်ခန္ဓာပိုင်း၌ ထိခိုက်ကြေကွဲကာ ကျွန်ုပ်တို့၌ ဘာမျှမကျန်တော့ဟု…
အားလုံးအတွက် တစ်ခုတည်းသောတံခါးပေါက်
၁၉၅၀ နှောင်းပိုင်းနှင့် ၁၉၆၀ အစောပိုင်းနှစ်များတွင် ကျွန်ုပ်ကလေးဘဝက နေထိုင်ခဲ့သည့်ပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ၏ လုပ်ထုံးလုပ်နည်းများ သည် လူမှုရေးနှင့် လူမျိုးရေးဆိုင်ရာ သတ်မှတ်ချက်များဖြင့် တစ်သမတ်တည်း ရှိနေခဲ့သည်။ မီးဖိုချောင်အကူများဖြစ်သည့် ချက်ပြုတ်သူ မေရီနှင့် ကျွန်ုပ်ကဲ့သို့သော ပန်းကန်ဆေးသူများသည် လူမဲများဖြစ်ကြသော်လည်း ဆိုင်သို့လာစားသူ များမှာ လူဖြူများဖြစ်ကြသည်။ လူမည်းစားသုံးသူများသည် အစားအသောက် မှာယူနိုင်သော်လည်း ဆိုင်၏အနောက်ဘက်တံခါးမှသာ အစားအသောက်များ ယူဆောင်ရသည်။ ထိုသို့သောမူဝါဒများက ထိုခေတ်ကာလ၌ လူမည်းများအား ခွဲခြားဆက်ဆံမှုကို သာ၍ အားကောင်းစေခဲ့သည်။ ထိုကာလမှစ၍ ယခုအချိန်အထိ တိုးတက်မှုများစွာရှိခဲ့သော်လည်း ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောလူများအဖြစ် တစ်ဦးနှင့်တစ်ဦးဆက်ဆံနိုင်ရန် ကျွန်ုပ်တို့ အနေဖြင့် လုပ်ဆောင်နိုင်သည့်အရာများ ရှိနေသေးသည်။
ရောမသြဝါဒစာ ၁၀:၈-၁၃ ကဲ့သို့သော ကျမ်းပိုဒ်များက အနောက်ဘက် တံခါးဆိုသည့် အရာမျိုးမရှိ ဘဲ၊ လူတိုင်းကို ဘုရားသခင်၏မိသားစု၌ ကြိုဆိုလက်ခံကြောင်း ကျွန်ုပ်တို့အား သိနားလည်စေသည်။ အပြစ်များ ဆေးကြောသန့်စင်ရန်နှင့်…
အားလျော့စိတ်ပျက်ခြင်း မရှိနှင့်
ကျွန်မ၏မိခင် ဒေါရသီ (Dorothy) ကျန်းမာစွာ နေခဲ့ရသည့်အချိန်ကို ကျွန်မ မမှတ်မိပေ။ နှစ်ပေါင်းများစွာ အကဲဆတ်သည့် ဆီးချိုရောဂါခံစားခဲ့ရပြီး သူမ၏ သွေးတွင်းသကြားဓာတ်မှာ အပြောင်းအလဲမြန်ခဲ့သည်။ အခြားရောဂါများလည်း တိုးလာခဲ့ပြီး ကျောက်ကပ် ပျက်စီးသွား၍ ကျောက်ကပ် ပုံမှန် ဆေးခဲ့ရသည်။ အာရုံကြောထိခိုက်လာကာ အရိုးကျိုးမှုကြောင့် ဘီးတပ်ကုလားထိုင်ကို သူမအသုံးပြုခဲ့ရသည်။ မျက်စိကွယ်သည်အထိ သူမ၏အမြင်အာရုံသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်ခဲ့သည်။
သူမ၏ကိုယ်ခန္ဓာ ပျက်စီးဆုတ်ယုတ်လာသော်လည်း အမေ၏ဆုတောင်းခြင်း အသက်တာမှာမူ ပို၍ တက်ကြွရှင်သန်လာခဲ့သည်။ အခြားသူများ ဘုရားရှင်၏မေတ္တာတော်အား သိကျွမ်းမြည်းစမ်းလာစေရန် နာရီပေါင်းများစွာ သူမ ဆုတောင်းပေးခဲ့သည်။ သမ္မာကျမ်းစာ၏ အဖိုးတန်နှုတ်ကပတ်တော်များက သူမအတွက် ပိုမိုချိုမြိန်လာခဲ့သည်။ သူမ မျက်လုံးမကွယ်ခင် သူမ၏ညီမ မာဂျာရီ (Marjorie) ထံ “ငါတို့ သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏” (၂…
ဘုရားသခင်ထံ လက်မြှောက်အပ်နှံခြင်း
ယုံကြည်ကိုးစားသူတို့ကိုသာ ဘုရားသခင် ကူညီမစပြီး သူ့အကူအညီကို မတောင်းဆိုသူများကိုမူ ကိုယ်တော်မကူညီပါ။ ခရစ်ဝင်ကျမ်းများ၌ အခြေခံထားသည့် အောင်မြင်ကျော်ကြားသော ရုပ်သံဇာတ်လမ်းတွဲ ‘The Chosen’ (ရွေးကောက်ခံရသူ)၌ သခင်ယေရှုအဖြစ် သရုပ်ဆောင်သူ Jonathan Roumie (ဂျော်နသန်ရူမီ)သည် ထိုအချက်ကို ၂၀၁၈ ခုနှစ် မေလ၌ နားလည်သဘောပေါက်ခဲ့သည်။ ရူမီသည် အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့တွင် ရှစ်နှစ်နေထိုင်ခဲ့ပြီး ငွေပြတ်လုနီးပါးဖြစ်ကာ တစ်နေ့စာအတွက်သာ စားစရာရှိပြီး အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းလည်း မရှိခဲ့ပေ။ မည်ကဲ့သို့ ရှေ့ဆက်ရမည်ကိုမသိဘဲ ရုပ်ရှင်သရုပ်ဆောင် ရူမီသည် သူ့နှလုံးသားကို သွန်းလောင်းကာ သူ၏အသက်မွေးမှုအလုပ်ကို ဘုရားသခင်ထံ လက်မြှောက်အပ်နှံလိုက်သည်။ “ ‘ကျွန်ုပ်လက်မြှောက်အပ်နှံပါတယ်’ ဆိုတဲ့စကားလုံးတွေနဲ့ ကျွန်တော် တကယ့်ကို ဆုတောင်းခဲ့တယ်။” ထိုနေ့နှောင်းပိုင်း၌ သူ၏စာတိုက်ပုံး၌ ငွေချက်လက်မှတ် လေးစောင်ကို တွေ့ရှိခဲ့ပြီး သုံးလအကြာ၌မူ ‘The Chosen’ ရုပ်သံဇာတ်လမ်းတွဲ၌ သခင်ယေရှုနေရာ၌ သရုပ်ဆောင်ခွင့်ရခဲ့သည်။ သူ၌…
အန္တရာယ်ရှိရာသို့ ဇွတ်တရွတ်တိုးဝင်ခြင်း
၁၈၉၂ ခုနှစ်၌ ကာလဝမ်းရောဂါ ဖြစ်နေသူ မြို့ခံတစ်ဦးသည် ဂျာမဏီတစ်နိုင်ငံလုံးကို ရေပေးဝေသည့် ရေအရင်းအမြစ်ဖြစ်သော အဲ့လ်ဘ် (Elbe) မြစ်မှတစ်ဆင့် ဟမ်းဘာ့ (Hamburg) တစ်မြို့လုံးသို့ ရောဂါကူးစက်ပျံ့ပွားစေခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ဝမ်းရောဂါကြောင့် လူတစ်သောင်း သေဆုံးခဲ့ရသည်။ ထိုသို့မဖြစ်မီ လွန်ခဲ့သော ရှစ်နှစ်၌ ကာလဝမ်းရောဂါသည် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ဂျာမန် အဏုဇီဝပညာရှင် Robert Koch (ရောဘတ်ခေါ့ခ်) က ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ရှာဖွေတွေ့ရှိမှုက ဥရောပမြို့ကြီးများမှ အာဏာပိုင်များအား ရေအရင်းအမြစ်များကို ကာကွယ်ရန် ရေသန့်စင်စစ်ထုတ်ပေးသည့် နည်း စနစ်များ၌ ရင်းနှီးမြှုပ်နှံရန် နှိုးဆော်မှုဖြစ်ခဲ့သည်။ သို့ရာတွင် ဟမ်းဘာ့ အာဏာပိုင်များသည် ဘာတစ်ခုမှ မလုပ်ဆောင်ခဲ့ပေ။ ကုန်ကျစရိတ် ကြီးမားမှုကို အကြောင်းပြပြီး သိပ္ပံပညာကို မယုံကြည်ရဟု ဆိုလျက် သူတို့၏မြို့မှာ ကပ်ဘေးဆိုးကြီးသို့ ယိမ်းထိုးဦးတည်နေချိန်တွင် ရှင်းလင်းသည့် သတိပေးချက်ကို သူတို့…
ကျွန်ုပ်တို့၏စစ်မှန်သောအလင်းရှင် ခရစ်တော်
မကြာမီက တနင်္ဂနွေနေ့လယ်ခင်းတစ်ခုတွင် မြို့ပြဆေးရုံကြီးတစ်ခု၌ ထွက်ပေါက် ကိုရှာရင်း ကျွန်မတို့ အခက်အခဲကြုံနေရချိန် ကျွန်မခင်ပွန်းက “အလင်းရှိတဲ့နေရာကို သွား” ဟု အကြံပေးခဲ့သည်။ ဆေးရုံ၌ မိတ်ဆွေတစ်ဦးကို ကျွန်မတို့သွားကြည့်ခဲ့ပြီးနောက် ဓာတ်လှေကားမှအထွက်တွင် အရှေ့ဘက်တံခါးများနှင့် တောက်ပသော အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၏ နေရောင်ခြည်အလင်းရှိရာသို့ ကျွန်မတို့အား လမ်းညွှန်ပေးမည့်သူ တစ်ဦးကိုမှ ရှာမတွေ့ခဲ့ပါ။ ရုံးပိတ်ရက်လည်း ဖြစ်နေသောကြောင့်ပါ။ ဆေးရုံ စင်္ကြန်များတစ်လျှောက် ခြေဦးတည့်ရာလျှောက်သွားနေရင်း ကျွန်မတို့စိတ်ရှုပ်ထွေးနေသည်ကို သတိထားမိသည့် လူတစ်ဦးအား တွေ့လိုက်ရသည်။ “ဒီစင်္ကြံတွေအားလုံးက ပုံစံတူတွေပဲ။ ဒါပေမဲ့ ထွက်ပေါက်က ဒီလမ်းပဲ” ဟု သူက ဆိုသည်။ ထိုလူ၏လမ်းညွှန်မှုဖြင့် အမှန်ပင် တောက်ပသည့်နေရောင်ခြည်ရှိရာဆီသို့ ဦးတည်နေသည့် ထွက်ပေါက်တံခါးများကို ကျွန်မတို့တွေ့ရှိခဲ့သည်။
စိတ်ရှုပ်ထွေးကာ လမ်းပျောက်နေသည့် မယုံကြည်သူများအား ဝိညာဉ်ရေးရာ အမှောင်ထုမှ ထွက်လာရန် သခင်ယေရှု ဖိတ်ခေါ်ထားသည်။ “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်…
ဉယျာဉ်ထဲတွင်
ကျွန်မဖခင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာဖြစ်သော သစ်တောထဲတွင် စခန်းချခြင်း၊ ငါးမျှားခြင်းနှင့် လှပသော ကျောက်စရစ်ခဲများ ရှာဖွေခြင်းတို့ကို သဘောကျသည်။ သူသည် နောက်ဖေးခြံနှင့်ဥယျာဉ်၌ လုပ်ကိုင်ရသည်ကိုလည်း သဘောကျသည်။ သို့သော် ထိုသို့လုပ်ကိုင်ခြင်းသည် အလုပ်အလွန်များပါသည်။ အကိုင်းအခက်ချိုင်၊ မြေဆွ၊ မျိုးစေ့နှင့်ပန်းများစိုက်၊ ပေါင်းနုတ်၊ မြက်ရိတ် စသည်ဖြင့် နာရီပေါင်းများစွာကြာအောင် လုပ်ရသည်။ မြေညှိထားသောမြက်ခင်း၊ အရသာရှိသောခရမ်းချဉ်သီးများနှင့် လှပသောနှင်းဆီပွင့် စသည့် ရလဒ်များက ပင်ပန်းရကျိုးနပ်စေပါသည်။ နှစ်စဉ်နှစ်တိုင်း အဖေသည် နှင်းဆီပင်များကို မြေကြီးနားအထိ ကပ်ပြီးညှပ်သော်လည်း နှစ်တိုင်းပင် ပြန်ကြီးထွားကာ သူတို့၏အလှနှင့်မွှေးရနံ့တို့ကို မြင်ရ ရှူရှိုက်ရပါသည်။
အာဒံနှင့် ဧဝတို့ နေထိုင်ခဲ့၊ ရှင်သန်ခဲ့ပြီး၊ ဘုရားသခင်နှင့်မိတ်သဟာယပြုခဲ့သော ဧဒင်ဥယျာဉ်အကြောင်းကို ကမ္ဘာဦးကျမ်းတွင် ဖတ်ရှုရပါသည်။ ထိုဥယျာဉ်တွင် “ထိုမြေထဲက အဆင်းလှ၍၊ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင် ဘုရားသခင်ပေါက်စေတော်မူ”သည် (က ၂:၉)။ ပြီးပြည့်စုံနေသောဥယျာဉ်တွင် လှပ၍ရနံ့မွှေးသောပန်းပင်များနှင့်…
စာရင်း၏ထိပ်ဆုံးက
မနက်ခင်းသည် ပြိုင်ပွဲကဲ့သို့ စတင်ခဲ့သည်။ အိပ်ရာမှ ကျွန်တော်အမြန်ထကာ တစ်နေ့တာ အပြီးသတ်လုပ်ရမည့် အလုပ်များထဲသို့ ပစ်ဝင်လိုက်သည်။ ကလေးကျောင်းပို့ခြင်း-ပြီး။ အလုပ်သွားခြင်း- ပြီး။ “လုပ်ရန်” စာရင်းတွင် ကိုယ်ရေးကိုယ်တာ လုပ်ဆောင်ရန်နှင့် အလုပ်တာဝန်များကို တစ်ခုပြီးတစ်ခု ကျွန်တော် အလျင်အမြန် စုပြုံထည့်သွင်းရေးသားနေပုံမှာ နှင်းတောင်ထုကြီး ပြိုဆင်းလာသကဲ့သို့ပင်။
“အလုပ်နံပါတ် ... ၁၃ - ဆောင်းပါးတည်းဖြတ်။ ၁၄ - ရုံးခန်းသန့်ရှင်းရေးလုပ်။ ၁၅ - နည်းဗျူဟာအဖွဲ့နှင့် အစီအစဉ်ဆွဲ။ ၁၆ - နည်းပညာဘလော့ဂ်ရေး။ ၁၇ - မြေအောက်ခန်းရှင်း။ ၁၈ - ဆုတောင်း”။
နံပါတ် ၁၈ သို့ ရောက်သောအခါ ဘုရားသခင်၏အကူအညီကို ကျွန်တော်လိုအပ်ကြောင်း သတိရလာသည်။ သို့သော် ကျွန်တော်သည် မိမိဘာသာ အရှိန်နှင့်အားထုတ်လုပ်ရင်း ကျွန်တော်တစ်ယောက်တည်း ကြိုးစားနေကြောင်းကို ထိုနံပါတ်အထိ ရောက်မှ ကျွန်တော်…
သင့်၌ရှိသည့်အရာကို သခင်ယေရှုအတွက် သုံးပါ
‘The Sewing Hall of Fame’ (အပ်ချုပ်သူများအား ဂုဏ်ပြုအဖွဲ့) ဆိုသည်ကို သင် ကြားဖူးပါသလား။ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ထိုအဖွဲ့သည် “အချုပ်အလုပ်ပညာနှင့် ထုတ်ကုန်ချုပ်ထည်များဖြင့်၊ တစ်မူထူးခြား၍ ဆန်းသစ်သောလက်ရာများဖြင့် အိမ်တွင်းမှု အပ်ချုပ်လောကတွင် ခိုင်မာသော သက်ရောက်မှုများ” လုပ်နိုင်ခဲ့သူတို့အား ဂုဏ်ပြုပေးသည်။ ထိုသူများထဲတွင် ၂၀၀၅ ခုနှစ်က ဂုဏ်ပြုခံခဲ့ရသူ၊ “သုတ္တံကျမ်း ၃၁ တွင် ဖော်ပြထားသည့်အမျိုးသမီးမျိုး၊ သူမ၏ခွန်အား၊ ဈာန်ဝင်စားမှုနှင့် ခံစားရသောကောင်းချီးတို့အား လူရှေ့တွင် အမြဲအသိအမှတ်ပြုသူ”ဟု ဖော်ပြခံရသူ Martha Pullen (မာသာပူလန်)လည်း ပါဝင်သည်။
အပ်ချုပ်သူများဂုဏ်ပြုအဖွဲ့သည် (၂၁) ရာစုမှ ပေါ်ပေါက်လာခြင်းဖြစ်သော်လည်း ၎င်းသာ (၁) ရာစုကတည်းက ဣသရေလပြည်တွင် ရှိနေခဲ့ပါက တဗိသ ဟူသောအမျိုးသမီးသည် ဂုဏ်ပြုခံရမည်မှာ အသေချာပင်။ တဗိသသည် သခင်ယေရှုကို ယုံကြည်သူဖြစ်ကာ သူမ၏ရပ်ရွာမှ ဆင်းရဲသောမုဆိုးမများအတွက်…
ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းကျောက်ဆူး
အလင်းရောင်သိပ်မရှိသောလမ်းကြားတစ်ခုထဲတွင် ကတ်ထူပြားများခြုံ၍ အိပ်နေကြသည့် အိမ်ယာမဲ့လူများ၏ပုံကို ကျွန်မကိုင်ပြလိုက်ပြီး “သူတို့ ဘာတွေလိုအပ်မလဲ” ဟု ဆန်းဒေးစကူးလ်မှ (၆) တန်းကလေးများအား ကျွန်မမေးလိုက်သည်။ “အစားအသောက်”၊ “ပိုက်ဆံ” စသည်ဖြင့် ဖြေကြသည်။ ယောကျ်ားလေးတစ်ဦးက “လုံခြုံသောနေရာတစ်ခု” ဟု စဉ်းစဉ်းစားစားဖြေသည်။ ထိုနောက် မိန်းကလေးတစ်ဦးက “မျှော်လင့်ချက်” ဟု ထဖြေပြီး၊ “မျှော်လင့်ခြင်းဆိုတာ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ စောင့်စားတာပါ” ဟု သူမက ရှင်းပြသည်။
စိန်ခေါ်မှုများကြောင့် ဘဝတွင် ကောင်းသောအရာများကို စောင့်စားရန် ခက်ခဲနိုင်သော်လည်း သူမက ထိုသို့ ‘စောင့်စားရန်’ ပြောခြင်းကို ကျွန်မစိတ်ဝင်စားမိသည်။ သမ္မာကျမ်းစာကမူ မျှော်လင့်ခြင်းနှင့်ပတ်သက်၍ ကျွန်မတပည့်နှင့် သဘောတူသည့်ပုံစံမျိုး ဖော်ပြပါသည်။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း” ဖြစ်လျှင် (ဟေဗြဲ ၁၁:၁) ခရစ်တော်၌ယုံကြည်သူ ကျွန်မတို့သည် ကောင်းသောအရာများဖြစ်လာနိုင်ရန် မျှော်လင့်နိုင်ပါသည်။
ခရစ်တော်၌ ယုံကြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ…