အမျိုးအစား  |  odb

ကြင်နာမှုပြုခြင်း

ကိုယ်ဝန်ပျက်ကျပြီး လအနည်းငယ်ကြာသောအခါ ဗယ်လရီသည် ပစ္စည်းဟောင်းများကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။ မိုင်အနည်းငယ်ဝေးသည့်နေရာ၌ နေသည့် အိမ်နီးချင်းလက်သမားဆရာ ဂျဲရယ်လ်က သူမ ရောင်းသော ကလေးပုခက်ကို စိတ်အားထက်သန်စွာဖြင့် ဝယ်ယူခဲ့သည်။ ထိုစဥ်တွင် သူ၏ဇနီးက ဗယ်လရီနှင့် စကားပြောခဲ့ပြီး သူမ၏ဆုံးရှုံးမှုအကြောင်းကို သိရှိခဲ့ရသည်။ အိမ်အပြန်လမ်းတွင် သူမ၏အခြေအနေကို ကြားသိရပြီးနောက် ဂျဲရယ်လ် သည် ထိုကလေးပုခက်ကို ဗယ်လရီအတွက် အမှတ်တရအဖြစ် ဖန်တီးပေးရန် ဆုံးဖြတ်ခဲ့သည်။ တစ်ပတ်အကြာတွင် မျက်ရည်များဝိုင်းလျက် သူမအား လှပသော ခုံတန်းရှည်တစ်ခုကို လက်ဆောင်ပေးခဲ့သည်။ “ကောင်းတဲ့လူတွေ ရှိနေသေးတယ်။ ဒီခုံတန်းရှည်က သက်သေပဲ” ဟု ဗယ်လရီ ပြောခဲ့သည်။

ဗယ်လရီကဲ့သို့ပင် ရုသနှင့်နောမိတို့သည် ဆုံးရှုံးမှုကြီးကို ခံစားခဲ့ရသည်။ နောမိ၏ခင်ပွန်းနှင့် သားနှစ်ယောက်တို့ ဆုံးပါးခဲ့ပြီး၊ ယခုတွင် သူမနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော ချွေးမရုသတို့၌ အမွေဆက်ခံမည့်သူမရှိ၊ သူတို့ကို စောင့်‌ရှောက်မည့်သူ တစ်ယောက်မျှ မရှိပါ…

ကျွန်ုပ် မည်သူမျှမဟုတ်၊ သင်ကော မည်သူနည်း

“ကျွန်ုပ် မည်သူမျှမဟုတ်၊ သင်‌ကောမည်သူနည်း” (I'm nobody! Who are you?) ဟူသည့် စာသားဖြင့် အစပြုထားသော ကဗျာတွင် ကဗျာရေးသူ Emily Dickinson (အမ်မလီဒစ်ကင်စန်)က “တစ်စုံတစ်ဦး” အဖြစ် နာမည်ကြီးလာရန် လူတို့၏ကြိုးပမ်းအားထုတ်မှုအားလုံးကို ရွှတ်နောက်နောက် စိန်ခေါ်ကာ၊ တစ်စိမ့်စိမ့် ကြည်နူးရသော ထင်ရှားသူမဟုတ်ခြင်း၏ ပျော်ရွှင်လွတ်လပ်မှုကို အားပေးခဲ့သည်။ “တစ်စုံတစ်ယောက်ဖြစ်ရခြင်းက ငြီးငွေ့ဖွယ်ပါ၊ လူသိများအောင်လုပ်ခြင်းသည် ဖားတစ်ကောင်က သူရှိရာနေရာကိုသိအောင် မြည်သံပေးနေသလိုပါ၊ ထိုဖား၏ ဝါကြွားမှုကို သူရှိရာ ရွှံနွံသာကြားနိုင်သလို လူထင်ကြီးအောင် ကြိုးပမ်းနေခြင်းသည် ကြာရှည်သောနွေရာသီကဲ့သို့ ငြီးငွေ့စရာကြီးပါ” ဟု စပ်ဆိုခဲ့သည်။

“တစ်စုံတစ်ဦး”အဖြစ် လူအထင်ကြီးခံလိုမှုကို စွန့်လွှတ်ခြင်းဖြင့် လွတ်လပ်မှုရှာတွေ့ခြင်းသည် တမန်တော်ရှင်ပေါလု၏ သက်သေခံချက်ကို တစ်နည်းတစ်ဖုံ ထင်ဟပ်နေသည်။ ခရစ်တော်နှင့် မတွေ့မီ ပေါလု၌ လူထင်ကြီးစရာ ဘာသာရေးဆိုင်ရာ ဂုဏ်ပုဒ်စာရင်းရှည်ကြီး ရှိခဲ့ပြီး “ဇာတိ၌ ကိုးစားစရာအကြောင်း”ပင်…

“အမှုအလုံးစုံက ငါနဲ့ဆန့်ကျင်ဘက်ကြီးပဲ”

“ဒီမနက်တုန်းက ကျုပ်မှာ ပိုက်ဆံအများကြီးရှိတယ်လို့ တွေးခဲ့တယ်။ အခုတော့ကိုယ့်မှာ တစ်ဒေါ်လာတောင်ရှိရဲ့လားဆိုတာ မသိတော့ဘူး” ဟု အမေရိကန်သမ္မတဟောင်း Ulysses S. Grant (ယူလယ်ဆီ အက်စ် ဂရန့်) က သူ့တစ်သက်တာ စုဆောင်းထားသည့်ပိုက်ဆံကို သူ့စီးပွားရေးမိတ်ဖက်မှ လိမ်သွားပြီးနောက် ထိုသို့ပြောခဲ့သည်။ လအနည်းငယ်ကြာပြီးနောက် ဂရန့်တွင် ကု၍မရသောကင်ဆာတွေ့ခဲ့သည်။ သူ့မိသားစု၏စားဝတ်နေရေးကို စိတ်ပူသောကြောင့် စာရေးဆရာ Mark Twain (မာ့ခ်ထွိန်း)၏ သူ့ဘဝမှတ်တမ်း ထုတ်ဝေခွင့်ကမ်းလှမ်းမှုကို သူလက်ခံခဲ့သည်။ သူမသေမီ တစ်ပတ်အလိုတွင် ထိုစာအုပ်ကို ရေးသားပြီးစီးခဲ့သည်။

ဤသို့ကြီးမားလှသော ခက်ခဲပင်ပန်းမှုများကို ရင်ဆိုင်ရသည့် အခြားသူတစ်ဦးကို သမ္မာကျမ်းစာထဲတွင် တွေ့နိုင်သည်။ ယာကုပ်က သူ၏သားယောသပ်အား “ဆိုးသောသားရဲကိုက်စား”၍ “အပိုင်းပိုင်းကိုက်ဖြတ်”ခံရပြီ ဟုထင်ခဲ့သည် (က ၃၇:၃၃)။ ထို့နောက် သူ၏သားရှိမုန် တိုင်းတစ်ပါးတွင် ဖမ်းဆီးခံရသည်။ သူ၏သားဗင်္ယာမိန်ကိုလည်း သူ့ထံမှခေါ်ဆောင်သွားမှာကို ယာကုပ် စိုးရွံ့နေခဲ့သည်။ ဝမ်းနည်းလွန်းသဖြင့် “ဤအမှုအလုံးစုံတို့သည်…

သာလွန်ထူးကဲသောကြင်နာမှု

အမြန်ရအစားအစာဆိုင်အလုပ်သမား Kevin Ford (ကယ်ဗင်ဖေါ့ဒ်) သည် (၂၇) နှစ်တိုင်အောင် တစ်ခါမျှ အလုပ်မပျက်ကွက်ဖူးပါ။ ဆယ်စုနှစ်နှင့်ချီ၍ ကြာရှည်စွာ အလုပ်လုပ်ခဲ့မှုအတွက် ဂုဏ်ပြုသည့် မပြောပလောက်သောလက်ဆောင်လေးရရှိသည်ကို သူက နှိမ့်ချစွာ ကျေးဇူးတင်သည့်အကြောင်း ပြောဆိုရိုက်ကူးထားသော ဗီဒီယိုသည် လူမှုကွန်ယက်တွင် ပျံ့နှံ့သွားသောအခါ သူ့အား ကြင်နာမှုပြရန် ထောင်နှင့်ချီသောလူတို့သည် စုဝေးစည်းရုံးခဲ့ကြသည်။ တစ်ပတ်အတွင်း ရန်ပုံငွေ ဒေါ်လာ ၂၅၀,၀၀၀ ရလာသောအခါ သူက “ဒါဟာ လက်တွေ့အကောင်အထည်ပေါ်လာတဲ့ အိပ်မက်လိုပါပဲ" ဟု ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသော ယုဒဘုရင် ယေခေါနိသည်လည်း ထူးကဲသောကြင်နာမှုမျိုးကို ခံစားခဲ့ရသည်။ ဗာဗုလုန်ဘုရင်တစ်ပါး၏ သဒ္ဓါစိတ်ကြောင့် ပြန်မလွတ်မီ ယေခေါနိသည် (၃၇) နှစ်ကြာအောင် ချုပ်နှောင်ခံခဲ့ရသည်။ ဗာဗုလုန်ဘုရင်က “ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ်၍ ချမ်းသာပေးလေ၏။ ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ရှိသောမင်းကြီးများထိုင်ရာပလ္လင်တို့ထက် ချီးမြှင့်လေ၏” (ယေ ၅၂:၃၁-…

ကျေးဇူးခံရသည့်နှာခေါင်းစည်း

ကပ်ရောဂါကာလအတွင်း နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တို့ လျော့ပါးလာသည်နှင့်အမျှ နှာခေါင်းစည်း တပ်ရန် လိုအပ်နေသေးသည့် သမီး၏ကျောင်းကဲ့သို့နေရာမျိုးအတွက် နှာခေါင်းစည်းတစ်ခု အသင့်‌ဆောင်ထားရန် ကျွန်မမေ့နေခဲ့သည်။ တစ်နေ့တွင် ကျွန်မ နှာခေါင်းစည်းလိုအပ်သောအခါ ကျွန်မကားထဲတွင် တစ်ခုရှာတွေ့ခဲ့သည်။ နှာခေါင်းစည်း ရှေ့ဘက်တွင် “ကျေးဇူးခံရသည်” ဟု ရေးထားသောကြောင့် ကျွန်မ မဝတ်လိုသည့်နှာခေါင်းစည်းဖြစ်သည်။

သတင်းစကားတစ်ခုခု မပါသည့်နှာခေါင်းစည်းကိုသာ ကျွန်မတပ်ဆင်လိုပြီး ထိုနှာခေါင်းစည်းပေါ်တွင် ရေးသားထားသောစာလုံးသည် အလွန်အကျွံအသုံးခံထားရသည်ဟုလည်း ကျွန်မထင်မိသည်။ သို့သော်လည်း ရွေးချယ်စရာမရှိ၍ ကျွန်မတွန့်ဆုတ်စွာဖြင့် တပ်လိုက်သည်။ ကျောင်းမှ ဧည့်ကြိုဝန်ထမ်းအသစ်ကြောင့် ကျွန်မစိတ်အနှောင့်အယှက်ဖြစ်ခြင်းကိုထုတ်ပြမိမလိုဖြစ်သောအခါ ကျွန်မအချိန်မီ ရပ်လိုက်နိုင်သည်။ နှာခေါင်းစည်းပေါ်တွင် ရေးထားသောစာလုံးကြောင့်လည်း ပါပါသည်။ “ကျေးဇူးခံရသည်” ဆိုသောစာလုံးက ကျွန်မနှုတ်ခမ်းတွင် ရောက်နေပြီး၊ ရှုပ်ထွေးသောစနစ်မှ အဖြေရှာလုပ်ဆောင်နိုင်ရန် ကြိုးစားနေသူဝန်ထမ်းသစ်ကို စိတ်မရှည်ဖြစ်နေသည့် သူတော်ကောင်းယောင်ဆောင်သူမျိုး ကျွန်မ မဖြစ်ချင်ပါ။

နှာခေါင်းစည်းပေါ်မှစာလုံးက ကျွန်မသည် သခင်ယေရှု၏သက်သေခံဖြစ်ကြောင်း သတိပေးနေသော်လည်း၊ အခြားသူအပေါ် ကျွန်မစိတ်ရှည်သင့်ကြောင်း…

ဘုရားသခင်ကို သိကျွမ်းရန်ပါ

အိုင်ယာလန်နိုင်ငံသို့သွားလည်စဉ်က ရှမ်းရော့ခ် (shamrocks) အပင်ပုံကို အလှဆင်ရာတွင် အလွန်အကျွံအသုံးပြုမှုကြောင့် ကျွန်မအလွန်အံ့ဩခဲ့ရသည်။ အဝတ်အစား၊ ဦးထုပ်၊ လက်ဝတ်ရတနာနှင့် အခြားအရာများစွာ၌ အသည်းပုံ အရွက်သုံးရွက်ဆိုင်ထွက်သည့် ပဲမျိုးရင်းဝင် အစိမ်းရောင်အပင်ငယ်လေးကို ဆိုင်တိုင်းရှိ ပစ္စည်းအားလုံးနီးပါးပေါ်တွင် တွေ့နိုင်သည်။

ထိုအပင်သည် အိုင်ယာလန်ကျွန်းတစ်ခုလုံးတွင် အမြောက်အများပေါက်သည် သာမက တစ်ဆူတည်းသောဘုရားသည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟူ၍ (၃) ပါးအဖြစ် ထာဝရတည်ရှိခြင်းဟူသော သမိုင်းဝင်ခရစ်ယာန်ယုံကြည်မှုကို လွယ်ကူစွာရှင်းပြရန် ရှမ်းရော့ခ် အပင်အား အိုင်းရစ်လူမျိုးတို့ မျိုးဆက်တစ်ခုပြီးတစ်ခု အသုံးပြုခဲ့ကြသည်။ သုံးပါးတစ်ဆူ အယူအဆကို လူသားတို့၏ရှင်းလင်းချက်များက မပြည့်စုံသော်လည်း၊ ရှမ်းရော့ခ်သည် အပင်တစ်ပင်တည်းဖြစ်သော်လည်း ကွဲပြားသောအရွက် (၃) ရွက်ရှိသောကြောင့် ၎င်းသည် အထောက်အကူဖြစ်စေသော သင်္ကေတဖြစ်သည်။

‘သုံးပါးတစ်ဆူ’ ဟူသော စကားလုံးကို ကျမ်းစာထဲတွင် မတွေ့နိုင်ပါ။ သို့သော် အချို့ကျမ်းပိုဒ်များ၌ တစ်ချိန်တည်းတွင် သုံးပါးလုံးအတူရှိနေခြင်းကို ထင်ရှားစွာမြင်ရသည်တွင် ‘သုံးပါးတစ်ဆူ’…

ဘုရားသခင်၏ကြီးကျယ်သောပုံပြင်

၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ထုတ် ‘Life’ (လိုက်ဖ်) မဂ္ဂဇင်း၏မျက်နှာဖုံးတွင် နိုင်ဂျီးရီယားပြည်တွင်းစစ်ဖြစ်စဉ်က ဘိုင်ရာဖရာ (Biafra) ပြည်နယ်မှ ဆာလောင်ငတ်မွတ်နေသောကလေးများ၏ တုန်လှုပ်ဖွယ်ရာဓာတ်ပုံကို ဖော်ပြခဲ့သည်။ စိတ်မကောင်းဖြစ်နေသော သူငယ်လေးတစ်ဦးက ထိုမဂ္ဂဇင်းကို သင်းအုပ်ဆရာထံ ယူသွားပြီး “ဘုရားသခင် ဒီအကြောင်းကို သိလား” ဟု မေးခဲ့သည်။ သင်းအုပ်ဆရာက “မင်းနားလည်မှာ မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ဟုတ်တယ်၊ ဘုရားသခင် သိပါတယ်”ဟု ပြန်ဖြေခဲ့သည်။ ထိုသို့သောဘုရားမျိုးကို စိတ်မဝင်စားဟု ပြောကာ သူငယ်လေး လှည့်ထွက်သွားသည်။

ဤသို့သောမေးခွန်းမျိုးသည် ကလေးငယ်များကိုသာမက ကျွန်တော်တို့ကိုပါ စိတ်ထင့်စေပါသည်။ ဘုရားသခင်၏ပညာတော်သည် နက်နဲကြောင်းနှင့် ဘိုင်ရာဖရာပြည်နယ်ကဲ့သို့ နေရာများတွင်မှာပါ ဘုရားသခင်က ကြီးကျယ်သောပုံပြင်ကို ရေးသားနေကြောင်း ထိုသူငယ်လေးကြားသိပါစေဟု ကျွန်တော်ဆုတောင်းမိသည်။

သူ့နောက်လိုက်များကို ဒုက္ခအခက်အခဲမှ ကာကွယ်မည်ဟု ယူဆသူများ အတွက် ဤပုံပြင်မျိုးကို သခင်ယေရှု ဖွင့်ပြပေးခဲ့သည်။…

မသိသောလမ်း

Brian (ဘရိုင်ယန်)နှင့် အတူပြေးရန် ကျွန်တော်သဘောမတူခဲ့သင့်ပါ။ အခြားနိုင်ငံတစ်ခုသို့ ကျွန်တော်ရောက်နေ၍ ဘယ်ကိုပြေးမည်၊ ဘယ်လောက် ဝေးဝေး ပြေးမည်၊ မြေအနေအထားမည်သို့ရှိမည်ကို ကျွန်တော်မသိခဲ့ပါ။ ထို့ပြင် သူက အပြေးမြန်သူဖြစ်၍ သူ့ကိုမီအောင်လိုက်ပြေးရင်း ကျွန်တော်ခြေကျင်းဝတ်လည်သွားမည်လား။ ဘရိုင်ယန်သည် လမ်းသိသောကြောင့် သူ့အား ယုံလိုက်ခြင်းမှလွဲလျှင် ကျွန်တော်ဘာလုပ်နိုင်မည်နည်း။ စပြေးကြသောအခါ ကျွန်တော်ပို၍ပင် စိတ်ပူလာသည်။ မြေမညီသောတောအုပ်၌ လမ်းကြောင်းက ကွေ့ကောက် ကြမ်းတမ်းသည်။ ဘရိုင်ယန်သည် နောက်ပြန် လှည့်လှည့်ကြည့်၍ ကျွန်တော်အဆင်ပြေမပြေမေးကာ ရှေ့၌ရှိသည့် ကြမ်းတမ်းသောနေရာများအကြောင်း သတိလှမ်းလှမ်းပေး၍သာ တော်တော့သည်။

ခါနန်ပြည်ထဲဝင်သော အာဗြံဟံ၊ တောထဲလှည့်လည်သော ဣသရေလလူမျိုးများ၊ သတင်းကောင်းကို ဝေငှရန်သာသနာခရီးပြုကြသည့် သခင်ယေရှု၏ တပည့်တော်များ စသည်ဖြင့် မရင်းနှီးသောနယ်မြေသို့ သွားခဲ့ကြသည့် ကျမ်းစာထဲမှလူများသည်လည်း ဤသို့ခံစားခဲ့ရနိုင်သည်။ သူတို့၏ခရီးနှင့်ပတ်သက်၍ သေချာပေါက်ခက်ခဲမည် ဆိုသည်ကလွဲ၍ မည်သည်ကိုမျှ သူတို့မသိကြပါ။ သို့သော် ရှေ့လမ်းခရီးကို သိသူတစ်ဦးက သူတို့ကို ဦးဆောင်နေပါသည်။…

လမ်းခရီးပေါ်ရှိ လွတ်လပ်မှု

မျက်မမြင် ဘေ့စ်ဘောအားကစားတွင် မျက်မမြင်ကစားသမားများသည် အသံမြည်နေသည့် ဘေ့စ်ဘောဘောလုံး (သို့) တဝီဝီမြည်နေသည့် အခြေစိုက်နေရာ၏အသံကို နားထောင်၍ ဘာလုပ်ရမည်၊ ဘယ်သွားရမည်ကို သိသည်။ မျက်စိမမြင်သည့်အတိုင်းအတာ မတူမှုကို ညှိရန် မျက်စိစည်းထားသည့် ဘောလုံးရိုက်သူနှင့် မျက်စိမြင်ရသော ဘောလုံးပစ်သူတို့သည် တစ်သင်းတည်းမှ ဖြစ်သည်။ ရိုက်သူက ဘတ်တံကိုလွှဲရိုက်၍ ဘောလုံးမှန်ပါက သူသည် အခြေစိုက်နေရာသို့ ပြေးသည်။ ရိုက်သူက အခြေစိုက်နေရာသို့မရောက်မီ ဘောလုံးဖမ်းသူက ဘောလုံးမြည်သံကို လက်ခုပ်ဖြင့်အုပ်၍ ပိတ်လိုက်နိုင်ပါက ရိုက်သူသည် ပွဲမှ ထွက်ရသည်။ သို့မဟုတ်ပါက ရိုက်သူ အမှတ်ရသည်။ ကစားသမားတစ်ဦးက “ပြေးတဲ့အခါ ခံစားရတဲ့ လွတ်လပ်မှုကြီး”ကို သဘောအကျဆုံး ဟု မှတ်ချက်ပြုသည်။ တိကျသောလမ်းကြောင်းနှင့် ဦးတည်ရာကို သူသိသောကြောင့်ဖြစ်သည်။

ဟေရှာယအနာဂတ္တိကျမ်း၌ “ဖြောင့်မတ်တော်မူသော” ဘုရားသခင်သည် “ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏” (၂၆:၇)ဟု ဖော်ပြပါသည်။ ဤကျမ်းပိုဒ်ကိုရေးစဉ်က ဣသရေလလူမျိုးတို့၏လမ်းခရီးသည် ‌ချောမွေ့သည့်ပုံပေါ်…

သင်နွမ်းနယ်သောအခါ

တစ်နေ့တာအလုပ်ပြီးသွားပြီးနောက် ကွန်ပြူတာကို ရှေ့မှာထားပြီး ကျွန်မ ငြိမ်သက်နေမိသည်။ တစ်နေ့တာအတွက် အလုပ်ပြီးသွား၍ ကျွန်မလန်းဆန်း ပျော်ရွှင်နေသင့်သော်လည်း ကျွန်မ မပျော်ပါ။ ကျွန်မ ပင်ပန်းနေသည်။ အလုပ်မှ ပြဿနာတစ်ခုနှင့်ပတ်သက်၍ စိတ်လေးလံရမှုကြောင့် ကျွန်မပုခုံးများကိုက်ခဲနေပြီး အဆင်မပြေဖြစ်နေသော ဆက်ဆံရေးတစ်ခုအကြောင်း တွေးနေမိသည်။ ထိုအမှုအရာများမှ ကျွန်မလွတ်မြောက်လိုခဲ့ပြီး၊ ထိုညက ကျွန်မ၏အတွေးများ ယောင်လည်လည်နှင့် တီဗီကြည့်လိုခဲ့သည်။

သို့သော် မျက်လုံးများကို မှိတ်ပြီး “ဘုရားသခင်” ဟု ရေရွတ်မိသည်။ ပင်ပန်းလွန်းသောကြောင့် ကျွန်မ ဘာမှဆက်မပြောနိုင်ပါ။ ကျွန်မ၏ပင်ပန်းမှုအားလုံးသည် ထိုစကားလုံးထဲရောက်သွားသည်။ မည်သို့ပင်ဖြစ်ဖြစ် ထိုသို့သာ ဖြစ်သင့်သည်ဟု ကျွန်မချက်ချင်းသိလိုက်သည်။

ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့အား သခင်ယေရှုက “ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်” ဟုဆိုပါသည် (မ ၁၁:၂၈)။ ညဘက်ကောင်းမွန်စွာအိပ်စက်ပြီးရရှိသည့် ချမ်းသာမျိုးမဟုတ်။ တီဗီကြည့်၍ လက်တွေ့လောကကို မေ့နိုင်သည့် ချမ်းသာမျိုး မဟုတ်။ ပြဿနာတစ်ခုကို ဖြေရှင်းပြီးသွား၍ စိတ်သက်သာရာရခြင်းမျိုးပင် မဟုတ်။ ဤအရာများသည်…