အမျိုးအစား  |  odb

လက်တော်ကို ဆန့်တန်းခြင်း

အွန်လိုင်း၌ စာရေးသားသူ Bonnie Gray (ဘိုနီဂရေး)သည် မကြာမီက “ကျွန်မဘဝရဲ့ အပျော်ရွှင်ရဆုံးအခိုက်အတန့်မှာ ကြောက်စိတ်ရဲ့တိုက်ခိုက်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုကို ဆိုင်းမဆင့် ဗုံမဆင့် စတင်ခံစားခဲ့ရတယ်”ဟု ရေးသားလျက် သူမ၏နှလုံးသားထဲသို့ ဝမ်းနည်းမှုလှိုင်းလုံး မည်ကဲ့သို့ဝင်ရောက်လာကြောင်းကို ပြန်ပြောင်းပြောပြ သည်။ သူမ၏ဝေဒနာသက်သာစေရန် နည်းလမ်းများစွာ ရှာဖွေခဲ့သော်လည်း ထိုပြဿနာကို သူမတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းရန် မစွမ်းသာကြောင်းကို မကြာမီမှာပင် ဂရေးသဘောပေါက်ခဲ့သည်။ “ကျွန်မရဲ့ယုံကြည်ခြင်းကို သူများတွေ မေးခွန်း ထုတ်တာမျိုးကို ကျွန်မ မလိုချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မ တိတ်တဆိတ်နေပြီး ကျွန်မရဲ့စိတ်ကျဝေဒနာ ပျောက်ကွယ်သွားဖို့ ဆုတောင်းခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို အရှက်ခွဲဖို့၊ နာကျင်မှုကို ဖုံးကွယ်ထားအောင် မလုပ်ပါဘူး။ ကျွန်မတို့ကို ကုသပေးဖို့ အလိုတော်ရှိတယ်”ဟု ဘုရားသခင်မျက်မှောက်တော်၏ နှစ်သိမ့်သက်သာခြင်း၌ အနာငြိမ်းခြင်းကို ဂရေး တွေ့ရှိခဲ့သည်။ သူမအား လွှမ်းမိုးချုပ်ကိုင်ရန် ခြိမ်းခြောက်သည့် လှိုင်းလုံးများကြားတွင် ဘုရားသခင်သည် သူမ၏ကျောက်ဆူးဖြစ်ခဲ့သည်။…

ကော်ဖီရနံ့

လွန်ခဲ့သည်နှစ်များစွာက မနက်ခင်းတစ်ခုတွင် ကုလားထိုင်၌ ကျွန်ုပ်ထိုင်နေစဥ် အငယ်ဆုံးသမီးလေး လှေခါးမှဆင်းလာပြီး ကျွန်ုပ်ထံသို့ အသော့ပြေးလာကာပေါင်ပေါ်သို့ ခုန်တက်လိုက်သည်။ သမီးလေးအား ချစ်မြတ်နိုးစွာဖြင့် ဖျစ်ညှစ်လိုက်ပြီး သူ့နဖူးကို နမ်းလိုက်သည့်အခါ သူမ ပျော်ရွှင်မြူးတူးစွာ အော်လိုက်သည်။ သို့သော် မျက်မှောင်ကြုတ်၊ နှာခေါင်းရှုံ့ကာ ကျွန်ုပ်၏ကော်ဖီခွက်အား စွပ်စွဲသည့် အကြည့်ဖြင့် ကြည့်ပြီး “ဖေဖေ၊ သမီးဖေဖေ့ကို ချစ်တယ်။ နှစ်သက်တယ်။ ဒါပေမယ့် ဖေဖေ့ရဲ့အနံ့ကို သမီးမကြိုက်ဘူး”ဟု လေးလေးနက်နက် ဆိုသည်။

သူမကိုယ်တိုင်သိမည် မဟုတ်သော်လည်း သိမ်မွေ့ကြင်နာမှုနှင့် အမှန်တရားကို သမီးပြောခဲ့သည်။ ကျွန်ုပ်၏ခံစားချက်များကို မထိခိုက်စေလိုသော်လည်း ကျွန်ုပ်အား တစ်စုံတစ်ခု မဖြစ်မနေပြောရမည်ဟု သူမခံစားခဲ့ရသည်။ ကျွန်ုပ်တို့၏ ဆက်ဆံရေးများ၌ တစ်ခါတစ်ရံ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည်။

ရှင်ပေါလုက ဧဖက်သြဝါဒစာ ၄ တွင် အထူးသဖြင့် ခက်ခဲသည့်အမှန်တရားများကို ပြောကြားသည့်အခါ တစ်ဦးနှင့်တစ်ဦးအပေါ် ပြောဆိုပုံနှင့်စပ်လျဥ်း၍ ကျွန်ုပ်တို့ကို…

မီးတောက်နှင့်တူသောချစ်ခြင်းမေတ္တာ

ကဗျာဆရာ၊ ပန်းချီဆရာနှင့် ပုံနှိပ်သူလည်းဖြစ်သူ William Blake (ဝီလီယံ ဘလိတ်ခ်)သည် ဇနီးဖြစ်သူ Catherine (ကက်သရင်း)နှင့် (၄၅) နှစ်ကြာ အိမ်ထောင်ရေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။ မင်္ဂလာဆောင်သည့် နေ့မှစ၍ ဝီလီယံသေဆုံးသည့် ၁၈၂၇ ခုနှစ်အထိ အတူလက်တွဲကာ အလုပ်လုပ်ခဲ့ကြသည်။ ကက်သရင်းသည် ဝီလီယံ၏ ပုံကြမ်းများကို အရောင် ရေးခြယ်ပေးခဲ့သည်။ သူတို့၏ချစ်မေတ္တာဖြင့် ဆင်းရဲမှုနှင့် အခြားသောအခက်အခဲများစွာကို နှစ်ပေါင်းများစွာ ကျော်လွှားခဲ့သည်။ သူ နောက်ဆုံးအသက်ရှင်ခဲ့သည့် ရက်သတ္တပတ်များ၌ပင်လျှင် ဘလိတ်ခ်သည် ဆက်ပြီးပုံဆွဲနေခဲ့ပြီး သူနောက်ဆုံး ဆွဲခဲ့သည့်ပုံမှာ သူ၏ဇနီး၏မျက်နှာပုံဖြစ်သည်။ (၄) နှစ်အကြာတွင် ကက်သရင်းသည် သူမလက်၌ ခင်ပွန်း၏ခဲတံတစ်ချောင်းကို တင်းတင်းဆုပ်ကိုင်လျက် သေဆုံးသွားခဲ့သည်။

ဘလိတ်ခ်၏အချစ်ကြီးမှုသည် ရှောလမုန်သီချင်းထဲမှ မေတ္တာကို ထင်ဟပ်စေသည်။ ရှောလမုန်သီချင်း၏ အချစ်အကြောင်းဖော်ပြချက်သည် အိမ်ထောင်ရေးအတွက် သွယ်ဝှိုက်ပြောဆိုထားသော အချင်းအရာများဖြစ်သော်လည်း ကနဦး သခင်ယေရှုကို ယုံကြည်သူများက ထိုဖော်ပြချက်သည်…

ငါအမှန်ဆိုသည်ကား

“ပတ်၀န်းကျင်က ဘာတွေပြောနေလဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါမင်းကို အမှန်ပြောမယ် ...။” ကလေးတစ်ယောက်အနေနှင့် အမေ့ထံမှ ထိုစကားကို အကြိမ် ထောင်ပေါင်းများစွာ ကြားခဲ့ရသည်။ အကြောင်းရင်းမှာ ရွယ်တူချင်း၏ဖိအားနှင့် ပတ်သက်၍ လူအများနောက်မလိုက်ရန် အမေက ကြိုးစား၍သွန်သင်ခြင်းဖြစ်သည်။ ကျွန်တော်လည်း ကလေးအရွယ်လွန်လာခဲ့ပြီ။ သို့သော် လူများစု၏ လွှမ်းမိုးမှုက ကျွန်တော့်စိတ်ထဲတွင် ရှင်သန်နေဆဲပင်။ ဥပမာအနေနှင့် “သင့်ကိုယ်ကို အကောင်းမြင်သူများနှင့်သာ ဝန်းရံထားပါ” ဟူသည့်စကားစု ဆိုပါစို့။ အများအားဖြင့် ထိုစကားကို ကြားရသော်လည်း “အဲဒါ ခရစ်တော်နဲ့သဏ္ဌာန်တူစေသလား” ဟု ကျွန်ုပ်တို့မေးသင့်သည်။

“ငါအမှန်ဆိုသည်ကား ...၊ ငါပညတ်သည်ကား ...” ဟူသည့်စကားကို သခင်ယေရှု အကြိမ်ပေါင်းများစွာသုံးခဲ့ကြောင်း ရှင်မဿဲခရစ်ဝင် ၅ တွင် တွေ့ရသည်။ လောကကြီးမှ ကျွန်တော်တို့ကို မည်သည့်စကားများပြောနေသည်ကို သခင်ယေရှု ကောင်းကောင်းသိသည်။ သို့သော် ကျွန်ုပ်တို့ကို လောကီသားများနှင့် ကွဲပြားစွာ အသက်ရှင်ရန်…

နှလုံးသားပြဿနာ

“မြင်လား အစ်ကို တင်းမ်”ဟု ကျွန်ုပ်၏မိတ်ဆွေ ဂါနာသင်းအုပ်ဆရာတစ်ဦးသည် ရွှံ့တဲတစ်လုံးပေါ်တွင် ထွင်းထားသောအရာဝတ္ထုတစ်ခုကို ဓာတ်မီးဖြင့် ထိုးပြသည်။ “အဲဒါ ဒီရွာမှာ ကိုးကွယ်တဲ့ရုပ်တုပဲ” ဟု သူတိုးတိုးတိတ်တိတ် ပြောသည်။ အင်္ဂါနေ့ညနေတိုင်းတွင် သင်းအုပ်ဆရာ ဆမ်သည် ဤဝေးလံခေါင်သီသောရွာတွင် သမ္မာကျမ်းစာမျှဝေရန် တောအုပ်ထဲသို့ ခရီးသွားခဲ့ရသည်။

ယေဇကျေလအနာဂတ္တိကျမ်းတွင် ရုပ်တုဆင်းတုကိုးကွယ်ခြင်းသည် ယုဒလူမျိုးတို့အား မည်သို့ကပ်ဆိုက်စေသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ ယေရုရှလင်မြို့မှဘာသာရေးခေါင်းဆောင်များ ပရောဖက်ယေဇကျေလအား လာတွေ့သောအခါ ဘုရားသခင်က “ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင် ... ကြပြီ” (ယေဇ ၁၄:၃)ဟု မိန့်ကြားခဲ့သည်။ သစ်သား၊ ကျောက်ရုပ်တုများနှင့်ပတ်သက်ပြီး ဘုရားရှင် သူတို့ကို သတိပေးရုံမျှ မဟုတ်ဘဲ၊ ရုပ်တုကိုးကွယ်ခြင်းသည် စိတ်နှလုံး၏ပြဿနာဖြစ်ကြောင်း သူတို့ကို ကိုယ်တော်ပြသခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် ဤပြဿနာနှင့် ရုန်းကန်နေကြရသည်။

ကျမ်းစာဆရာ Alistair Begg (အဲလစ်ထဲဘက်)က ရုပ်တုဆင်းတုသည် “မိမိ၏ငြိမ်သက်ခြင်း၊ မိမိ၏ပုံရိပ်၊…

ဘယ်တော့မှ နောက်မကျဘူး

အနောက်အာဖရိက မြို့ငယ်လေးတစ်မြို့သို့ ဧည့်သည်အဖြစ်ရောက်ရှိခဲ့သည့် ကျွန်ုပ်၏အမေရိကန်သင်းအုပ်ဆရာက တနင်္ဂနွေမနက် (၁၀) နာရီ ဝတ်ပြုကိုးကွယ်ခြင်းအတွက် အချိန်မီ အရောက်သွားခဲ့သည်။ သို့သော် ဝတ်ပြုရာနေရာ၌ မည်သူမျှ မရောက်ရှိသေးပါ။ ဤသို့ဖြင့် ၁နာရီ၊ ၂နာရီ ကြာအောင် သူစောင့်ခဲ့သည်။ နောက်ဆုံး မွန်းလွဲ ၁၂နာရီခွဲခန့်တွင် ဒေသခံသင်းအုပ်ဆရာသည် အချိန်အတော်ကြာ လမ်းလျှောက်လာခဲ့ရပြီးမှ သံစုံသီချင်းကွာယာအဖွဲ့နှင့် ခင်မင်ရင်းနှီးမှုရှိသော ဒေသခံများနှင့်အတူ ရောက်လာသည်။ “နောက်ဆုံးတော့ အစီအစဉ် စခဲ့တယ်။ ဝိညာဉ်တော်က ကျွန်ုပ်တို့ကို ကြိုဆိုနေခဲ့တယ်။ ဘုရားသခင်လည်း နောက်မကျခဲ့ဘူး”ဟု ဆရာက ပြန်ပြောပြခဲ့သည်။ ဤဒေသ၏ဓလေ့က ကျွန်ုပ်တို့နှင့် မတူညီရခြင်းမှာ သူ့အကြောင်းနှင့်သူ ရှိနေသည်ဟု ဆရာနားလည်ခဲ့ရသည်။

အချိန်ကုန် မြန်ခြင်း၊ နှေးခြင်း၊ စောခြင်း၊ နောက်ကျခြင်းက မိမိကိုယ်တိုင်နှင့်သာသက်ဆိုင်သည်။ သို့သော် ဘုရားသခင်၏အချိန်မှန်ပြီး စုံလင်ခြင်းသဘောကို ကျမ်းစာတွင် အခိုင်အမာဖော်ပြထားသည်။ လာဇရုနာမကျန်းဖြစ်ကာ သေဆုံးပြီး (၄) ရက်ကြာမှ…

ပြည့်စုံပါစေ

ဒေါက်တာ Martin Luther King Jr. (မာတင်လူသာကင်း ဂျူနီယာ)၏ ကြောက်မက်ဖွယ်ရာ လုပ်ကြံခံရမှုသည် ၁၉၆၀ ပြည့်နှစ်များအတွင်း အမေရိကန်နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှု၏ အရှိန်မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း (၄) ရက်ကြာပြီးနောက်၊ သူ့ဇနီးသည် မုဆိုးမ Coretta Scott King (ကော်ရက်တာစကော့ကင်း)သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် သူမ၏ခင်ပွန်းကိုယ်စား ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့သည်။ ကော်ရက်တာသည် တရားမျှတမှုအတွက် ဆန္ဒပြင်းပြပြီး အရေးခင်းများစွာတွင် ကြောက်ခမန်းလိလိ အောင်နိုင်သူတစ်ဦးဖြစ်ခဲ့သည်။

“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့” (မ ၅:၆)ဟု ရှင်ယေရှုမိန့်မှာခဲ့သည်။ တစ်နေ့နေ့တွင် ဘုရားသခင်သည် တရားမျှတမှုဖြင့် ကယ်တင်ပြီး အမှားများကို ပြုပြင်ရန်ကြွလာတော်မူမည်ကို ကျွန်မတို့သိသည်။ သို့သော်လည်း ထိုအချိန်မတိုင်မီအထိ ကော်ရက်တာကဲ့သို့ ကမ္ဘာမြေ၌ ဘုရားသခင် ၏တရားမျှတမှု အမှန်တကယ်ဖြစ်လာစေရန်…

ငိုကြွေးမြည်တမ်းမှုမှသည် ချီးမွမ်းခြင်းသို့

မိုနီကာသည် သူမ၏သား ဘုရားသခင်ထံသို့ ပြန်လာရန် အပြင်းအထန်ဆုတောင်း သည်။ သူ၏မနာခံမှုနှင့် ထိန်းကျောင်းရခက်သောအကျင့်တို့ကြောင့် သူမ ငိုကြွေးရပြီး၊ သူနေထိုင်တတ်သည့် မြို့အများအပြားသို့ပင် ခြေရာခံလိုက်ခဲ့သည်။ မျှော်လင့်ချက် မရှိသော အခြေအနေပင်။ သို့သော် တစ်ရက်တွင် မျှော်လင့်ချက်ပြည့်ခဲ့ပါ၏။ သူမ၏ သားသည် ဘုရားသခင်နှင့် နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ပြီး၊ အသင်းတော်၏ အထူးချွန်ဆုံး ဓမ္မပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။ သူ့အား ဟစ်ပိုမြို့၏ဂိုဏ်းအုပ်ဆရာတော် Bishop Augustine (ဘီးရှော့ဩဂတ်စတင်း)အဖြစ် ကျွန်ုပ်တို့ သိကြသည်။

တရားမဲ့သူတို့ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြခြင်းကို ဘုရားသခင် ကယ်တင် တော်မမူသောကြောင့် (ဟဗ ၁:၄) “အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း” (:၂)ဟု ပရောဖက်ဟဗက္ကုတ် မြည်တမ်းခဲ့သည်။ တရားမျှတမှုမရှိခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သည့် ဆေးကုသမှုခံယူခြင်း၊ မပြတ်တမ်းရင်ဆိုင်နေရသည့် ငွေရေးကြေးရေးပြဿနာ (သို့) ဘုရားသခင်အား ကျောခိုင်းသွားသောသားသမီးများ စသည်တို့ကြောင့် မြည်တမ်းရသည့်အချိန်များ၊ ဆောက်တည်ရာမရဖြစ်လျက် ဘုရားသခင်ထံတော်သို့ ကျွန်ုပ်တို့ချဉ်းကပ်ခဲ့သည့်…

အသစ်သောစတင်ခြင်း

“ကျွန်တော်တို့ အမှန်တရားလို့ မှတ်ယူထားတာတွေက တကယ်တော့ အလိမ်အညာတွေဖြစ်တယ်လို့ နာကျင်စွာသဘောပေါက်တဲ့အခါ ခရစ်ယာန်အသိစိတ် နိုးကြားမှု စတင်ဖြစ်ပေါ်ပါတယ်” ဟု Eugene Peterson (ယူဂျင်းပီတာဆန်)က ဆာလံကျမ်း ၁၂၀ နှင့်စပ်လျဥ်း၍ ပြင်းထန်သောသုံးသပ်ချက်ကို ရေးသားခဲ့သည်။ ဆာလံသီချင်း ၁၂၀ သည် ယေရုရှလင်မြို့သို့သွားသော ဘုရားဖူးများ သီဆိုသည့် ‘psalms of ascent’ (တောင်တက်ဆာလံများ - ဆာလံ ၁၂၀ မှ ၁၃၄) ထဲမှ ပထမတစ်ပုဒ်ဖြစ်သည်။ ‘A Long Obedience in the Same Direction’ (လမ်းပြမှုတစ်ခုတည်းသို့မြဲမြံစွာနာခံခြင်း) စာအုပ်တွင် ပီတာဆန် လေ့လာသုံးသပ်ခဲ့သကဲ့သို့ ဤဆာလံသီချင်းများသည် ဘုရားရှင်ထံသို့ ချဥ်းကပ်သည့် ဝိညာဉ်ရေးခရီးကို ဖော်ကျူးနေသည်။

အခြားသောအရာတစ်ခုခုကို မိမိလိုအပ်နေကြောင်း နက်နက်နဲနဲ နားလည် သဘောပေါက်ပါမှ ထိုခရီးကို အစပြုနိုင်မည်ဖြစ်သည်။ “လူတစ်ဦးသည် အမှုအရာ…

လူအုပ်ကြီး

ဒဿနပညာရှင်နှင့် စာရေးဆရာမဖြစ်သူ Hannah Arendt (ဟယ်နာအာရန့်ဒ်) (၁၉၀၆-၇၅)က “လူတွေဟာ အာဏာအကြီးဆုံးဘုရင်တွေကို ခုခံတော်လှန်ပြီး သူတို့ရှေ့မှာ ဦးမညွှတ်တတ်ကြတာကို တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကို အတိုက်အခံလုပ်ပြီး အမြင်လွဲနေတဲ့လူအုပ်ကြီးရှေ့မှာ တစ်ဦးတည်း ရပ်တည်တာ၊ လူအုပ်ကြီးရဲ့ ထိန်းမနိုင်သိမ်းမရ ရန်လိုမှုကို လက်နက်မပါဘဲ ရင်ဆိုင်တာကိုတော့ လူနည်းစုမှာပဲ တွေ့ရလေ့ရှိတယ်” ဟုဆိုသည်။ ဂျူးလူမျိုးတစ်ဦးအနေဖြင့် အာရန့်ဒ်သည် သူမ၏မွေးရပ်မြေ ဂျာမဏီနိုင်ငံတွင် ထိုသို့အဖြစ်မျိုးကိုယ်တွေ့ကြုံဖူးသည်။ မိမိပတ်ဝန်းကျင်၏ ငြင်းပယ်စွန့်ပယ်ခံရခြင်းသည် ကြောက်စရာကောင်းလှသည်။

တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့ငြင်းပယ်ခြင်းမျိုး ကြုံခဲ့ရသည်။ ဖာရိရှဲနှင့် ဘာသာရေးဆရာဖြစ်အောင် သင်ကြားခံယူထားသောသူ့ဘဝသည် ရှင်ပြန်ထမြောက်သော သခင်ယေရှုနှင့် တွေ့သည့်အခါ ဖရိုဖရဲဖြစ်သွားသည်။ ၎င်းသည် သခင်ယေရှုကို ယုံကြည်သူများအား ဖိနှိပ်ဖမ်းဆီးရန် ဒမာသက်မြို့သို့ သူသွားနေချိန်က ဖြစ်သည် (တ ၉)။ ပြောင်းလဲပြီးနောက်တွင် တမန်တော်ကြီးသည် သူ့လူမျိုးများ၏ငြင်းပယ်ခြင်းကို ကြုံရသည်။ ကောရိန္သုဩဝါဒစာဒုတိယစောင်ဟု ကျွန်တော်တို့ သိကြသောသူရေးသည့်စာတွင်…