ဘုရားသခင်၏လုံလောက်သော ကျေးဇူးတော်
မေရီဖလဲနရီအိုကော်နာ(Mary Flannery O’Connor)သည် အမေရိကန်တောင်ပိုင်းမှ အောင်မြင်ကျော်ကြားဆုံးသော စာရေးဆရာများအနက်တစ်ဦးဖြစ်ပြီး၊ ဖလဲနရီ အိုကော်နာအဖြစ် ထင်ရှားသည်။ သူမ၏ဝတ္ထုများ၌ ဆင်းရဲဒုက္ခနှင့် ကျေးဇူးတော် အကြောင်းများစွာပါရှိသည်။ သူမအသက် ၁၅ နှစ်အရွယ်တွင် သူချစ်သောဖခင်မှာ အရေပြားယောင်ရမ်းသည့်ရောဂါဖြင့် ကွယ်လွန်သွားသောအခါ မျှော်လင့်ချက်ကင်းမဲ့လျက် စိတ်ပျက်ဝမ်းနည်းနေသော အိုကော်နာသည် သူမ၏ ပထမဆုံး ဝတ္ထုရှည်ကို စိတ်ရောကိုယ်ပါ နစ်မြှုပ်လျက် ရေးသားခဲ့သည်။ မကြာမီ သူမလည်း ကုသရန်ဆေးဝါးမရှိသော အရေပြားယောင်ရမ်းသည့်ရောဂါခံစားရပြီး၊ အသက် ၃၉ နှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ၏အရေးအသားများက သူမ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြေကွဲမှုများကို ထင်ဟပ်ဖော်ပြနေသည်။ စာရေးဆရာမ အဲလစ်မက်ဒါးမော့(Alice McDermott)က “သူမရဲ့ရောဂါကြောင့် သူမဟာ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာတယ်လို့ ထင်ပါတယ်”ဟု ပြောခဲ့သည်။
လူများစွာ၏ထင်မြင်ချက်များရှိသော်လည်း တမန်တော် ရှင်ပေါလု၏“ဆူး” (၂ ကော ၁၂:၇) ကို ဘာမှန်းကျွန်ုပ်တို့…
ရှာဖွေရန်ထိုက်တန်သော မြို့တော်လား
ဘရာဇီးလ်နိုင်ငံ တောနက်အတွင်းသို့ စွန့်စားခရီးမသွားမီ ၁၉၂၅ ခုနှစ် မေလ ၂၉ တွင် ပါစီဖောဆက် (Percy Fawcett) သည် သူ့ဇနီးထံ နောက်ဆုံးစာပို့ခဲ့သည်။ သူသည် ဒဏ္ဍာရီလာ ကြီးကျယ်ခမ်းနားသော ပျောက်ဆုံးမြို့တော်ကို ရှာဖွေနေခြင်း ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ရှာပြီးနောက် ၎င်း၏တည်နေရာကို ကမ္ဘာကြီးအား ဝေမျှသည့် ပထမဆုံး စူးစမ်းလေ့လာရှာဖွေသူဖြစ်ရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော် သူတို့အဖွဲ့သည် လမ်းပျောက်ခဲ့ပြီး ထိုမြို့တော်ကို လုံးဝရှာမတွေ့ခဲ့ပါ။ သူ၏ သုတေသနခရီးစဥ် အမြောက်အမြားသည်လည်း အဖတ်ဆယ်မရအောင် ဆုံးရှုံးပျက်စီးခဲ့သည်။
ပါစီ၏သတ္တိနှင့် ရည်ရွယ်ချက်မှာ လေးစားစရာကောင်းသော်လည်း ရှာတွေ့နိုင်စရာအကြောင်း လုံးဝမရှိသော ပျောက်ဆုံးမြို့တော်ရှာဖွေမှုမှာ အချည်းနှီးဖြစ်ခဲ့သည်။ ကျွန်မတို့၏ဘဝများတွင် မဖော်ဆောင်နိုင်သော ရည်မှန်းချက်များစွာရှိခဲ့ပြီး၊ ထိုအရာများအတွက် မိမိ၏စွမ်းရည်ကို ဖြုန်းတီးခဲ့ကြောင်း ဝန်ခံရမည်။ သို့သော် ကျွန်မတို့တစ်ဦးချင်းစီအတွက် စစ်မှန်သောရတနာများရှိနေပြီး၊ ၎င်းကို စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေရန် ထိုက်တန်သည်။…
နှိမ့်ချလျက် ကျေးဇူးတော်ချီးမွမ်းခြင်း
တစ်ခုသောကျေးဇူးတော်ချီးမွမ်းရာနေ့၌ မိဘများအား နှုတ်ဆက်ရန် ကျွန်မဖုန်းခေါ်ခဲ့သည်။ ကျွန်မတို့ စကားပြောနေစဥ် အမေ့အား သူမအတွက် မည်သည့်အရာသည် ကျေးဇူးတင်စရာအကောင်းဆုံးဖြစ်သနည်းဟုမေးရာ၊ “အမေ့ ကလေးသုံးယောက်စလုံးက ဘုရားသခင်ရဲ့နာမတော်ကိုမြွက်ဆိုဖို့ သိကြလို့ ကျေးဇူးအတင်ဆုံး”ဟု စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။ ပညာရေးက အရေးကြီးကြောင်း အမြဲအလေးထားသည့် အမေ့အတွက် သူမ၏ကလေးများ ကျောင်း၌ ကောင်းစွာသင်ယူခြင်း၊ သူတို့ကိုယ်ကိုယ် ဂရုစိုက်ခြင်းများထက် သာ၍တန်ဖိုးထားရမည့်အရာ ရှိပေသည်။
သူမ၏စိတ်သဘောထားက သုတ္တံကျမ်း ၂၂:၆ မှ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ၊ လိုက်သွားလိမ့်မည်”ဟူသည့် အချက်ကို သတိရစေသည်။ ထိုကျမ်းချက်သည် ကတိတော်တစ်ခုမဟုတ်သော်လည်း ပို၍ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသောနိယာမတစ်ခုဖြစ်သည်။ ကလေးများသည် ဘဝ၌ အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရားသခင်ထံမှ လမ်းလွှဲတတ်ပေရာ၊ ကျွန်မ၏မိဘတို့သည် အဓိက ပုံသက်သေကောင်းအားဖြင့် ဘုရားသခင်အား နှိမ့်ချစွာ၊ ရိုသေစွာ ချစ်မြတ်နိုးရန် ကျွန်မတို့ကို ပြုစုပျိုးထောင်ခဲ့သည်။…
ကောင်းချီးများကို ရေတွက်ပါ
ကျွန်မငယ်စဥ်က “ကောင်းချီးရေတွက်ကျူး” ဓမ္မတေးကို နှစ်ခြိုက်လှသည်။ ထိုသီချင်းက ဒုက္ခဆင်းရဲခြင်းနှင့်စုံစမ်းခြင်းများ ခံစားရပြီး စိတ်ပျက်ဝမ်းနည်းနေသူများအား “ခံစားရာကောင်းချီးမင်္ဂလာ”များကို “တစ်ခုနောက်တစ်ခု”ရေတွက် ချီးမွမ်းရန် ခွန်အားပေးထားသည်။ နှစ်များစွာကြာပြီးနောက် ကျွန်မ၏ခင်ပွန်း အယ်လင်သည် သူစိတ်ဓာတ်ကျသည့်အချိန်တိုင်းလိုလိုတွင် ထိုသီချင်းကို ဆိုပြရန် ကျွန်မကိုပြောသည်။ သို့နှင့် သူ၏ကောင်းချီးများကို ပြန်လည်ရေတွက်ရန် ကူညီပေးနိုင်ခဲ့သည်။ ထိုသို့ပြုခြင်းက သူ၏ရုန်းကန်မှုများ၊ သံသယများမှ အာရုံလွှဲစေပြီး၊ ဘုရားသခင်ထံ ပြန်လည်အာရုံပြု၍ ကျေးဇူးတော်ချီးမွမ်းရာအကြောင်း ဖြစ်စေခဲ့သည်။
ဧဇရမှတ်စာ၌ ဘုရားသခင်၏လူများသည် ကိုယ်တော်၏တန်ခိုးတော်နှင့် မစထောက်ပံ့ခြင်းအားဖြင့် ကြီးစွာသောဆင်းရဲဒုက္ခများကို ရင်ဆိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗာဗုလုန်၌ နှစ်ပေါင်းများစွာ ကျွန်ပြုခံရပြီးနောက်၊ ဣသရေလ လူမျိုးများအား ဣသရေလပြည်သို့ပြန်၍ ဗိမာန်တော် ပြန်လည်တည်ဆောက်ရန် ကုရုမင်း ခွင့်ပြုခဲ့သည်(ဧဇ ၁-၂)။ အမိမြေသို့ လူအနည်းငယ်မျှသာ ပြန်ခဲ့ကြပြီး၊ သူတို့ဝန်းကျင်ပတ်လည်ရှိ လူတို့ကို ကြောက်သော်လည်း၊ သူတို့ပြုရမည့်အမှုက ကြီးမားသော်လည်း ယဇ်ပလ္လင်ကို ပြန်လည်တည်ဆောက်ကာ ဗိမာန်တော်အုတ်မြစ်ကို…
ဘုရားသခင်၏မစမှုကို တောင်းလျှောက်ခြင်း
ငယ်ရွယ်စဥ်က ကျွန်မသည် သတ်မှတ်ရက်အတွင်း အချိန်မီ စာမူအပြီးရေးနိုင်အောင် မစရန် ဘုရားသခင်ထံ ဆုတောင်းခြင်းက မသင့်တော်ဟုထင်ခဲ့သည်။ အခြားလူများတွင် မိသားစုပြဿနာများ၊ ကျန်းမာရေး အကြပ်အတည်း၊ အလုပ်အကိုင် အဆင်မပြေမှုများ၊ ငွေကြေးလိုအပ်ချက်စသော ပိုကြီးမားသော လိုအပ်ချက်များရှိသည်ဟု ကျွန်မဘာသာ တွေးနေခဲ့သည်။ ကျွန်မလည်း အထက်ပါအမှုအရာများကို ကြုံဖူးခဲ့ပါသည်။ ဘုရားသခင်ထံ ဆုတောင်းရလောက်အောင် အချိန်မီစာမူပြီးအောင် ရေးရမည့်ကိစ္စက သေးငယ်လွန်းသည်။ သို့သော်လည်း မည်သည့်အခက်အခဲများ ကြုံတွေ့ရပါစေ၊ လူအများအတွက် ဘုရားသခင်မစကူညီပေးသည့် နမူနာများစွာကို သမ္မာကျမ်းစာတွင် ရှာတွေ့ပြီးနောက် ကျွန်မ၏အမြင်ကို ပြောင်းလဲခဲ့သည်။
ဇာတ်လမ်းတစ်ပုဒ်တွင်၊ မိဇပါမြို့၌ ဣသရေလအမျိုးသားတို့သည် ရန်သူဖိလိတ္တိလူတို့၏တိုက်ခိုက်ခြင်း ခံရ၍ ကြောက်ရွံ့ကာ “ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဖို့ အစဉ်မပြတ် ဆုတောင်းပါလော့”ဟု ဆိုကြ၏(၁ ရာ ၇:၈)။ ထို့ကြောင့် ရှမွေလသည် ဣသရေလအမျိုးကိုယ်စား သိုးသူငယ်ကို…
စောင့်ဆိုင်းခြင်း၌ မျှော်လင့်ချက်ရှိခြင်း
၂၀၂၀ခုနှစ်တွင် အလီဒါ(Alida)သည် ဒီအန်အေစစ်ဆေးမှုပြုလုပ်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု၏ ကမ်းရိုးတန်းတစ်ဘက်ခြမ်းတွင် နေထိုင်သောအမျိုးသားတစ်ဦး၏ဒီအန်အေနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင်၊ သူမနှင့်သူမ ၏သမီးများသည် ၁၉၅၀ ခုနှစ်များမှ သတင်းဆောင်းပါးများအားဖြင့် ထိုသူသည် ကြာမြင့်စွာပျောက်ဆုံးနေခဲ့သော အလီဒါ၏ဦးလေး လူးဝစ်(Luis)ဟု ကောက်ချက်ချခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ၆ နှစ်သားအရွယ်လူးဝစ်သည် ပန်းခြံတစ်ခု၌ ပြန်ပေးဆွဲခံခဲ့ရသည်။ လူးဝစ်ပျောက်ဆုံးသွားပြီးနောက်၊ အနှစ် ၇၀ ကြာမှပြုလုပ်ခဲ့သည့် ဒီအန်အေစစ်ဆေးမှုအားဖြင့် နောက်ဆုံးတွင် သူနှင့်သွေးသားတော်စပ်သော မိသားစုဝင်များနှင့် ပျော်ရွှင်စွာပြန်လည်ဆုံဆည်းနိုင်ခဲ့သည်။ အလီဒါက “ကျွန်မပြောချင်တာက လက်မလျှော့ပါနဲ့၊ ကျွန်မတို့ရဲ့ဇာတ်လမ်းက အခြားမိသားစုများကို ကူညီပေးနိုင်ပါတယ်”ဟု ပြောခဲ့သည်။
မျှော်လင့်ချက်ကို ဆက်လက်ထားရှိရန်မှာ အနှစ် ၇၀ သည် အလွန်ကြာရှည်သော အချိန်ကာလဖြစ်သည်။ ယေရမိနှင့် ယုဒလူမျိုးတို့သည် “အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်”ဟု ဘုရားသခင် မိန့်တော်မူသောအခါ၊ သူတို့ဝမ်းနည်းကြေကွဲပြီး ကြောက်လန့်နေပေမည်(ယေ ၂၅:၁၁)။ သို့သော် ၎င်းတို့သည်…
ခရစ်တော်ထဲ၌ရှိသော ကျွန်ုပ်တို့၏တန်ဖိုး
မာရီယို (Mario) သည် ဖောက်ထွင်းမှုဖြင့် ထောင်ကျခဲ့သည့် အသက် ၂၈ နှစ်အရွယ် ဘိန်းနှင့်အရက်စွဲသူဖြစ်သည်။ စီရင်ချက်ချချိန်တွင် တရားသူကြီးက သူသည် “အသုံးမကျသောသူ”ဟု ပြောကြားခဲ့ရာ၊ မာရီယိုသည် ဝမ်းနည်းစွာ လက်ခံခဲ့ရသည်။ ထောင်ကျနေသောကာလအတွင်း သတင်းထောက်ပညာပြိုင်ပွဲအတွက် ကြော်ငြာတစ်ခုကို သူတွေ့ခဲ့ရာ၊ ၎င်းသည် မာရီယို၏စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့ပြီး အနီးအနားရှိ တက္ကသိုလ်တစ်ခုတွင် စာရင်းသွင်းခဲ့သည်။ သူ့ကိုဆက်သွယ်လာခဲ့သည်။ သူသည် သတင်းဆောင်းပါးများဖန်တီးရခြင်းကို ဝါသနာပါပြီး၊ ထောင်မှထွက်ပြီးနောက် သတင်းထောက်ပညာမဟာဘွဲ့ကို ဆွတ်ခူးအောင်မြင်ခဲ့ကာ၊ ယခုတွင် The New York Times သတင်းစာအတွက် သတင်းရေးနေသည်။ သူသည် ဆန်ကုန်မြေလေး အသုံးမကျသူ မဟုတ်တော့ပေ။
သင်္ချိုင်း၌နေထိုင်သော နတ်ဆိုးစွဲသူ၏ဘဝသည် သူ့ကိုသိသူတိုင်းအတွက် အသုံးမကျသောလူ ဖြစ်နေပုံရသည်။ သူရန်မူမည့်အန္တရာယ်မှ ကာကွယ်ရန် အိမ်နီးချင်းများက သူ့ကို သံကြိုးများဖြင့် ချည်နှောင်ထားသော်လည်း၊ သူသည် “သံကြိုးကို ဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏”…
အဖိုးထိုက်တန်သောပိုင်ဆိုင်မှု
လန်ဒန်မြို့တွင် ကျင်းပသောပါတီပွဲတစ်ခု၌ အဖေနှင့်အမေတို့ ပထမဆုံး အကြည့်ချင်း ဆုံခဲ့သည်။ ထို့နောက် အမေနှင့်တွေ့ရရန် အဖေသည် ဖိတ်ကြားမခံရဘဲနှင့် ဒုတိယအကြိမ်ပါတီပွဲသို့သွားခဲ့သည်။ တတိယအကြိမ်တွင်မူ သူက ပါတီပွဲကိုစီစဉ်ခဲ့သည်။ နောက်ဆုံးတွင် အမေ့ကို ကျေးလက်ဒေသသို့ လည်ပတ်ရန် ဖိတ်ခေါ်ကာ၊ သူတန်ဖိုးထားမြတ်နိုးသည့် ရိုဗာဆီဒင်ကားဟောင်းဖြင့် သူမအား သွားကြိုခဲ့သည်။
အဖေနှင့်အမေသည် ချစ်သူများဖြစ်ခဲ့ကြသော်လည်း ပြဿနာမှာ အမေသည် သာသနာပြုရန် ပီရူးနိုင်ငံသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။ အဖေသည် သူမကို လေဆိပ်သို့ လိုက်ပို့ပေးပြီး၊ နောက် ၅ လအကြာတွင် သူကိုယ်တိုင် ပီရူးနိုင်ငံသို့ လိုက်သွားပြီး အမေ့အား လက်ထပ်ခွင့်တောင်းခဲ့သည်။ ဇာတ်လမ်း၏ အကောင်းဆုံး အပိုင်းမှာ လေယာဉ်လက်မှတ်ဝယ်ရန် အဖေသည် သူအလွန်မြတ်နိုးသော ရိုဗာကားကို ရောင်းလိုက်ရသည်။
မာသနှင့် လာဇရုတို့၏ညီမ မာရိ၏တန်ဖိုးအထားဆုံးအရာကို မေးခဲ့လျှင်၊ “အဘိုးများစွာထိုက်သောနာဒုဆီမွှေး”ဖြစ်ကြောင်း သူမပြသလိမ့်မည် (ယော ၁၂ :၃)။ သခင်ယေရှုအတွက်…
ကျွန်ုပ်တို့ကို ဘုရားသခင် ကြည့်ရှုစောင်မသည်
လေယာဉ်မှူးနှစ်ယောက်သည် အင်ဒိုနီးရှားနိုင်ငံသို့ ပျံသန်းစဉ်အတွင်း အိပ်ပျော်သွားခဲ့သည်။ ကပ္ပတိန်သည် အရှိန်နှုန်းမှန်မှန်ဖြင့် မောင်းနှင်နိုင်သောအမြင့်သို့ ရောက်သည်နှင့် တစ်ရေးအိပ်စက်ခွင့်ရခဲ့ပြီး၊ သူနိုးလာသောအခါ သူ၏တွဲဖက်လေယာဉ်မှူးလည်း အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့သည်။ ခရီးသည် ၁၅၀ ကျော်နှင့် လေယာဉ်ဝန်ထမ်းများပါရှိသော၊ အမြင့်ပေ ၃၆,၀၀၀ ခန့်တွင် ပျံသန်းနေသည့် လေယာဥ်ပေါ်၌ သူတို့နှစ်ဦးသည် မိနစ် ၃၀ ခန့် အိပ်ပျော်နေခဲ့သည်။ လေယာဉ်သည်လမ်းကြောင်းမှ လွဲသွားခဲ့သော်လည်း၊ ၎င်း၏ ဦးတည်ရာနေရာသို့ လုံခြုံစွာ ဆိုက်ရောက်ခဲ့သည်။
လေယာဥ်ပျံသန်းစဥ်အတွင်း လူသားလေယာဉ်မှူးများ အိပ်ပျော်သွားနိုင်သော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါမျှ အိပ်ပျော်မည် မဟုတ်ကြောင်း ကျွန်မတို့ စိတ်ချနိုင်သည်။
ဆာလံကျမ်း ၁၂၁ ပါ စကားများက ကျွန်မတို့အား နှစ်သိမ့်သက်သာမှုကို ပေးသည်။ ဘုရားသခင်သည် ပညာအစွမ်းသတ္တိနှင့် ပြည့်စုံ၍ ကျွန်မတို့၏ဘဝကို အလုံးစုံသိတော်မူသည့်အပြင်၊ သူသည် နေရာတိုင်း၌၊ တစ်နေ့တာလုံး၌ အတူရှိသော၊ တန်ခိုးအလုံးစုံနှင့်ပြည့်စုံ၍ ကျွန်မတို့ကို…
အယောင်ဆောင်လက္ခဏာ
အတုအယောင်တစ်ခုကဲ့သို့ သင်ခံစားဖူးပါသလား။ သင်တစ်ယောက်တည်း မဟုတ်ပါ။ ၁၉၇၀ နှစ်နှောင်းပိုင်းကာလတွင်၊ သုတေသီနှစ်ဦးက မိမိ၏အရည်အချင်း၊
စွမ်းရည် (သို့) လုပ်ဆောင်နိုင်ခြင်းများကို သံသယဝင်ပြီး၊ မိမိကိုယ်ကို အတုအယောင်ပမာ အဓိပ္ပာယ်ကောက်ခြင်းကို “အယောင်ဆောင်လက္ခဏာ”ဟူ၍ သတ်မှတ်ခဲ့သည်။ အောင်မြင်ထက်မြက်သော လူများပင်လျှင် မပြည့်စုံမှုများနှင့် ရုန်းကန်နေရပြီး၊ သူတို့ဘဝ၏ကန့်လန့်ကာနောက်ကွယ်ကို တစ်စုံတစ်ယောက် ချောင်းကြည့်မိပါက သူတို့ဘာမှ မဟုတ်ကြောင်း မြင်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။
ပေါလုသည် ရောမမြို့ရှိ ပထမရာစုအသင်းတော်မှလူများအား “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ၊ ဘုရားသခင်သည်လူအသီးသီး
တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကို လျောက်ပတ်စွာ ထင်ရမည်”ဟု (ရော ၁၂:၃) နှိမ့်ချမှုရှိရန် တိုက်တွန်းခဲ့သည်။ မိမိ၏စွမ်းရည်များကို ရှေ့တန်းတင်ခြင်းမပြုရန် အရေးကြီးကြောင်း ကျွန်ုပ်တို့နားလည်သည်။ သို့သော် မိမိ၏ကိုယ်ပိုင်တန်ဖိုးကို ကျွန်ုပ်တို့သံသယဝင်သောအခါ ဝမ်းနည်းဖွယ်ဖြစ်သည်။ ကိုယ်တော်အားအစေခံရာတွင် အသုံးပြုရန် ကျွန်ုပ်တို့အား ဘုရားပေးအပ်သည့် ဆုကျေးဇူးများဖြင့် အခြားသူတို့အား အစေခံရန်အခွင့် ဆုံးရှုံးရလေပြီ။…