ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ရခြင်း
လူငယ်သတင်းထောက်တစ်ဦးအနေဖြင့် “သတင်းထောက်သက်သေခံကဒ်”၏ အရေးပါမှုကို မနှေးအမြန်သိခဲ့ရသည်။ ကျွန်မ၏နာမည်၊ ဓာတ်ပုံနှင့် သတင်းဌာနအမည်ပါသောသက်သေခံကဒ်က အရေးကြီးသောပွဲ မစမီ(သို့) ပွဲအပြီးတွင် အားကစားသမားများနှင့် နာမည်ကြီးသူများကို တွေ့ဆုံမေးမြန်းခွင့်ရစေသည်။
သို့သော်၊ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်မလက်ခံပြီးနောက်၊ ဘုရားသခင်အစား အားကစားနှင့် အသက်မွေးဝမ်းကြောင်းအလုပ်သည် ကျွန်မ၏ ကိုးကွယ်ရာဖြစ်နေသည်ကို သိခဲ့ရသည်။ အခြားတစ်နေရာအတွက် ဘုရားသခင်၏ ခေါ်သံကို နာခံသောအခါ၊ သတင်းထောက်ကဒ်ကို ကျွန်မဆုံးရှုံးခဲ့ရသော်လည်း သခင်ယေရှု၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်၏ သန့်ရှင်းရာကောင်းကင်ပလ္လင်ခန်းသို့ ဆုတောင်းခြင်းဖြင့် ဝင်ရောက်ခွင့်ရခဲ့သည်။
ယဇ်ပုရောဟိတ်မင်းကို ဣသရေလလူမျိုးထဲမှ အထူးသဖြင့် အာရုန်၏ ဆွေစဥ်မျိုးဆက်ထဲမှ ရွေးချယ်ပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် လူများအတွက် ကိုယ်စားပြုသူအဖြစ် ခန့်အပ်ထားကြောင်း ဟေဗြဲ ဩဝါဒစာရေးသူက ထောက်ပြခဲ့သည်။ “သူသည် ကိုယ်တိုင်နွမ်းရိအားနည်းခြင်း ရှိသည်ဖြစ်၍၊ ... လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှာ ...”၊ “ပူဇော်သက္ကာ(နှင့်) အပြစ်ဖြေရာယဇ်ကို” ပူဇော်ရန် တစ်နှစ်လျှင်တစ်ကြိမ်…
မျှော်လင့်ချက်မဲ့လျက် စိတ်ပျက်သူ၏ဆုတောင်း
ချားလ်စ်မောရစ်တွင် ချစ်စရာကောင်းသောမိသားစုရှိသော်လည်း၊ သူသည် အထီးကျန်ပြီး စိတ်ဓာတ်ကျနေခဲ့သည်။ သူက “မိသားစုကို ထောက်ပံ့ပေးရခြင်းက ကြီးမားသောစိတ်ဖိစီးမှုကို ဆက်တိုက်ဖြစ်စေ”ပြီး၊ “ကိုယ့်အသက်ကိုတောင် အဆုံးသတ်ပစ်ချင်တယ်”ဟု ပြောခဲ့သည်။ အံ့ဩစရာမှာ ချားလ်စ်သည် ခရစ်ယာန်သာသနာလုပ်ငန်းတစ်ခုကိုလည်း ဦးဆောင်နေပါသည်။
အမြော်အမြင်ရှိသည့်သူငယ်ချင်းတစ်ဦးက သူအား စိတ်ဓာတ်ကျသည့်အခါ “ဆာလံကျမ်းဖတ်ခြင်းမှာ ငါတို့ပျော်မွေ့သင့်တယ်”ဟု ပြောခဲ့သည်။ ချားလ်စ်သည် သူ့အခြေအနေနှင့် သက်ဆိုင်သောကျမ်းစာများ ဖတ်ရှုခြင်း၊ ဂရုတစိုက်နှင့် ကျန်းမာရေးဆေးကုသမှုကို ခံယူပြီး၊ ဘုရားသခင်ထံ သူ၏နာကျင်မှုကို ရင်ဖွင့်ခြင်းဖြင့် သူ့အပေါ် ဖိစီးလေးလံသည့် စိတ်ပျက်အားငယ်မှုကို ကျော်ဖြတ်ခဲ့သည်။
ဆာလံကျမ်းများသည် နာကျင်ရသည့် အမှန်တရားကို ဘွင်းဘွင်းပြောလေ့ရှိပြီး၊ ဧဇရဟိတ်အမျိုးဟေမန် (Heman) သည် အခါးသီးဆုံး ဆာလံကျမ်းများအနက် တစ်စောင်ကို ရေးသားခဲ့သည်။ ဆာလံ ၈၈:၁ အဖွင့်၌သာလျှင် “အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်ထာဝရဘုရား”ဟု မျှော်လင့်ချက်ကို တွေ့ရပြီး၊ ဟေမန်က “အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက်ဖုံးလွှမ်း၍ အလွန်နက်နဲသောအရပ်၌…
သတိပြုစရာဇာတ်လမ်း
ဂန္တဝင်ရုပ်ရှင် Citizen Kane တွင်၊ ချားလ်စ်ဖော့စတာကိန်း(Charles Foster Kane) သည် အင်အားကြီးသော သတင်းစာလုပ်ငန်းကို တည်ဆောက်ခြင်းဖြင့် ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို စုဆောင်းခဲ့သည်။ ကိန်းသည် အနုပညာလက်ရာများအပြည့်ဖြင့် လှပခမ်းနားသောဥယျာဉ်များပါရှိသည့် ရဲတိုက်တစ်ခု တည်ဆောက်လျက် မိမိစိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှ မပယ်ခြင်းက ဒေသနာကျမ်း ၂:၄-၁၁ မှ ပုံပြင်ကို ပြန်အမှတ်ရစေသည်။
အခြားသူဌေးကြီးများကဲ့သို့ပင် ကိန်းအမှန်တကယ်လိုချင်သောအရာမှာ ချီးမြှောက်ခြင်းပင်ဖြစ်သည်။ သူ့ကိုယ်ပိုင် နိုင်ငံရေးလမ်းကြောင်းအတွက် ငွေကြေး စိုက်ထုတ်ရင်းနှီးခဲ့ပြီး၊ မအောင်မြင်သောအခါ ကဲ့ရဲ့မခံရအောင် မဲဆန္ဒရှင်များ၏ “လိမ်လည်မှု”ဟု အပြစ်တင်သည်။ သူ့ဇနီးသည်အတွက် အော်ပရာ ဇာတ်ရုံ ဆောက်ပေးပြီး၊ သူမနှင့် မကိုက်ညီသော အဆိုတော်အလုပ်ကို အတင်းအကြပ်လုပ်စေကာ သူ့အပေါ် လူထုမှအကောင်းမြင်ရန် ပြုလုပ်ခဲ့သည်။ ဒေသနာကျမ်းမှ ချမ်းသာကြွယ်ဝမှုနောက်လိုက်သူတို့အား ထိုကြွယ်ဝမှုက ဘေးဒုက္ခ ရောက်စေပြီး(၅:၁၀-၁၅)၊ သူတို့၏နေ့ရက်ကာလကို “မှောင်မိုက်၌ လွန်စေ(လျက်)၊ များစွာသော နှောင့်ယှက်ခြင်း၊…
သခင်ယေရှုပုံဖော်ပေးသောအမှု
၁၉၉၇ ခုနှစ် အိုင်အိုဝါ(Iowa)ပြည်နယ်တက္ကသိုလ်တွင် ကျောင်း၏ ပထမဆုံးလူမည်းအားကစားသမားဖြစ်သည့် ဂျက်ထရိုက်စ်(Jack Trice)ကို အစွဲပြု၍ ၎င်း၏ ဘောလုံးကွင်းကို သူ့အမည်ဖြင့် မှည့်ခေါ်ခဲ့သည်။ ဝမ်းနည်းစရာမှာ ထရိုက်စ်သည် အိုင်အိုဝါပြည်နယ် အိမ်စ်(Ames)မြို့၌ပင် မကစားဘူးဘဲ၊ ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်၊ မင်နီဆိုတာ(Minnesota)ပြည်နယ်၊ မင်နီယာဖိုလစ် (Minneapolis)မြို့၌ ကောလိပ်ပေါင်းစုံ အမေရိကန်လက်ပစ်ဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဥ် ကစားစဉ်အတွင်း ရခဲ့သောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
ထရိုက်စ်သည် ပွဲမတိုင်မီညက “ကျွန်တော့်လူမျိုး၊ မိသားစုနှင့် ကျွန်တော့် ဂုဏ်သိက္ခာဟာ ချိန်ခွင်ညှာပေါ်မှာ ရှိနေတယ်။ လူတိုင်းက ကျွန်တော် ကြီးကြီး မားမားတွေလုပ်ဖို့ မျှော်လင့်နေကြတယ်။ ကျွန်တော်လည်း လုပ်နိုင်ဖို့ စိတ်ပိုင်း ဖြတ်ထားပါတယ်။ မနက်ဖြန်ကွင်းထဲမှာ ကျွန်တော့်ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ ပြင်းပြင်းထန်ထန် ကြိုးစားလိုက်ဖို့ပါပဲ။ ဘောလုံးကို ဖမ်းမိတိုင်း လိုတာထက်ပိုပြီး ကျွန်တော်ကြိုးစားသွားမှာပါ”ဟူ၍ သူ၏ဆုံးဖြတ်ချက်သက်သေအဖြစ် သူရေးခဲ့သည်။ ထရိုက်စ်ပြုခဲ့သောအရာသည်…
ဘုရားသခင်လုပ်ပေးမည့်အရာ
၁၉၄၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်၊ လန်ဒန်မြို့၌ ဗုံးကျဲတိုက်ခိုက်မှု ဖြစ်ပွားစဉ်၊ စိန့်ပေါလ်ဘုရားရှိခိုးကျောင်းအနီးရှိ ဂိုဒေါင်တစ်ခုတွင် ဗုံးပေါက်ကွဲခဲ့သည်။ ထိုနေရာ၌၊ ဘစ်ဒီချိန်းဘာ(Biddy Chambers) သည် သူမပြုစုတည်းဖြတ်ခဲ့သော်လည်း အာမခံ မထားသည့် အော့စ်ဝေါလ်ချိန်းဘာ(Oswald Chambers)၏ စာအုပ် ၄၀,၀၀၀ လုံး ဆုံးရှုံးသွားကြောင်း သတင်းရသောအခါ၊ လက်ဖက်ရည်ခွက် ကို ချပြီး၊ သူမ၏သမီးအား “ကောင်းပြီ၊ ဘုရားသခင်က သူ့ဘုန်းတော်အတွက် စာအုပ်တွေကို အသုံးပြုခဲ့ပေမဲ့ အခုတော့ အဲဒါတွေ ပြီးကုန်ပြီ။ အခု ဘုရားသခင် ဘာဆက်လုပ်မလဲဆိုတာကိုပဲ စောင့်ကြည့်ကြမယ်”ဟု ပြောခဲ့သည်။
ဘစ်ဒီသည် ပထမကမ္ဘာစစ်အစတွင် ကွယ်လွန်သွားသူ ခင်ပွန်းဖြစ်သူ အော့စ်ဝေါလ် ရေးခဲ့သည့်စာကို သတိရကောင်း ရနေခဲ့မည်။ အော့စ်ဝေါလ်က သခင်ယေရှုသည် တပည့်တော်တို့အား “မရှောင်လွှဲနိုင်သော ဘေးအန္တရာယ်” အကြောင်းကို မိန့်တော်မူပြီး၊ ကြောက်မက်ဖွယ်ရာများ ကြုံလာရသောအခါ၊ သူသည်…
အခြားသူများကို နေရာပေးခြင်း
အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ လျှပ်စစ်ကား အားသွင်းစခန်းများတွင် မိမိတို့၏ကားများကို အမြန်အားသွင်းပြီး ခရီးဆက်နိုင်ရန် ရည်ရွယ်ဒီဇိုင်းထုတ်ထားသည့် “အမြန်အားသွင်းစနစ်”တပ်ဆင်ထားသည့်စခန်းများ၌ ကားမောင်းသူအချို့မှာ အချိန်ကျော်လွန်ကာ လိုသည်ထက်ပို၍ သုံးစွဲကြသည်။ ဤသို့စာနာမှုမဲ့သောအပြုအမူကို ဖြေရှင်းရန်၊ အားသွင်းကုမ္ပဏီကြီးများအနက်တစ်ခုမှ ၎င်း၏ကားအကြပ်ဆုံးစခန်းအချို့တွင် ကား၏ ဘက်ထရီ ၈၅ ရာခိုင်နှုန်းပြည့်လျှင် အားသွင်းရန်လိုအပ်သည့် နောက်ကားကို နေရာပေးရန် တင်းကြပ်သောအချိန်ကန့်သတ်ချက်ကို အကောင်အထည်ဖော်ခဲ့သည်။
တမန်တော်ပေါလုသည် သခင်ယေရှုကို ယုံကြည်သူများအား “သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်”ဟု နှိမ့်ချသောစိတ်ရှိရန် တိုက်တွန်း ခဲ့သည် (ဖိ ၂:၃)။ အသိအမှတ်ပြုခံရမှုနှင့် ထင်ပေါ်လိုမှုကို လိုလားသည့် ဖိလိပ္ပိ အသင်းတော်၏ တစ်ကိုယ်ကောင်းဆန်သောပြဿနာကို ရှင်ပေါလုက ဖော်ပြခဲ့သည်။ လူတို့သည် စစ်မှန်သော ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ “အချည်းနှီးကျော်စောကိတ္တိ” (:၃)ကို တပ်မက်လျက်ရှိသဖြင့်၊ ရှင်ပေါလုက ယုံကြည်သူများအား ခရစ်တော်၌ ရှိသော စိတ်သဘော ရှိရန်နှင့် “သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြ”ရန် တိုက်တွန်းခဲ့သည်(:၄)။…
စာနာထောက်ထားသောနာကျင်မှု
ကျွန်မ၏လက်သူကြွယ် ထိခိုက်ဒဏ်ရာရပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်ရန် လပေါင်းများစွာ နာကျင်မှုကို ခံရလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။ လိုအပ်သော လေ့ကျင့်ခန်းများ လုပ်ဆောင်စဉ်ကာလတွင် ၎င်းနှင့်နီးကပ်သည့် လက်သန်းလေးက တဒုတ်ဒုတ်ထိုး၍ နာလာသဖြင့် ဆရာဝန်ထံ သွားပြရာ၊ ဆရာက “ထောက်ထား စာနာသောနာကျင်မှုပါ”ဟု ပြောပြသည်။ လက်သန်းနှင့် လက်သူကြွယ်ကြား ဆက်သွယ်လျက်ရှိသည့် အာရုံကြောလေးများသည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေပြီး၊ လက်ချောင်းတစ်ချောင်းနာကျင်ပါက အခြားတစ်ချောင်းမှာ စာနာသောအားဖြင့် လိုက်၍ နာကျင်တတ်သည်။
တစ်မူထူးလျက် တစ်လုံးတစ်ဝတည်းဖြစ်သောဘုရားသခင်၏လူများကို တမန်တော်ရှင်ပေါလုက လူ့ခန္ဓာကိုယ်ဖြင့် ရုပ်လုံးဖေါ်ခဲ့သည်။ ၁ ကော ၁၂:၂၁-၂၆ တွင် ရှင်ပေါလုက ကျန်းမာကောင်းမွန်စွာ လည်ပတ်လှုပ်ရှားနေသည့် ပင်မကိုယ်ထည်ဖြစ်စေရန် အစိတ်အပိုင်းတစ်ခုချင်းစီသည် မည်မျှအရေးပါတန်ဖိုးရှိသည်ကို ခွန်အားပေးလျက်၊ ကျွန်မတို့တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ထားပါက စည်းလုံးမှု ရရှိမည်ဆိုသည့်အချက်ကို ဇောင်းပေး၍မိန့်ကြားခဲ့သည်။ “သို့ဖြစ်၍ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကိုခံရလျှင် အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏” (:၂၆)။ အသင်းတော်၏အပြန်အလှန်ချိတ်ဆက်ရှိနေမှုနှင့်ပတ်သက်၍…
ရွှေ့ပြောင်းနေထိုင်သောကယ်တင်ရှင်
ဗြိတိသျှ - အိန္ဒိယ အင်ပါယာကြီးပြိုကွဲသည့် ၁၉၄၇ ခုနှစ်တွင် လူ ၁၅ သန်းကျော်သည် ဘာသာရေးအကြောင်းပြ၍ ရွှေ့ပြောင်းနေထိုင်ကြသည်။ မုတ်သုံရေကြီးရေလျှံမှုနှင့် ရောဂါကူးစက်ပြန့်ပွားမှုကြောင့် တိုင်းပြည်တွင် ကသောင်းကနင်းဖြစ်မှု ပိုမိုကြီးထွားလာကာ ခိုလှုံသူ တစ်သန်းကျော် သေကြေပျက်စီးခဲ့ရသည်။
သမိုင်းတစ်လျှောက်လုံးတွင် လူသားတို့သည် လွတ်လပ်မှု၊ လုံခြုံမှုနှင့် ကောင်းမွန်သော ဘဝနေထိုင်မှုတို့ကို ရှာဖွေလျက် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ထိုသို့ရွှေ့ပြောင်းရန် တွန်းအားပေးမှုက လူသားတို့၏ အတွေ့အကြုံတွင် အရိုးစွဲနေပြီးဖြစ်သည်။ ဟေဗြဲလူမျိုးတို့ ကတိတော်မြေသို့ထွက်ခွာခြင်းအကြောင်းသည် ကျမ်းစာမှ ထင်ရှားသောသာဓကတစ်ခု ဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်ခြင်းသည် သခင်ယေရှုအတွက်လည်း အဆန်းမဟုတ်ပါ။ ငယ်စဥ်ကလေးဘဝ၌ပင် ဟေရုဒ်မင်း၏သတ်ဖြတ်ခြင်းအန္တရာယ်မှ လွတ်မြောက် စေရန် သူ၏မိဘများက အဲဂုတ္တုပြည်သို့ ထွက်ပြေးခဲ့ရသည်။ ရှေးအခါက မွေးလာသည့် ယောကျ်ားလေးများကို သတ်ဖြတ်ခဲ့သည့်ဘုရင်၏လက်မှ လွတ်ရန် (ထွ ၁:၁၆) ဣသရေလလူမျိုးများသည် ကတိတော်ပြည်သို့ ထွက်ခဲ့ရသော်လည်း (ထွ ၃:၁၇)၊…
သခင်ယေရှုအား ကိုယ်စားပြုခြင်း
လူငယ်များအား စွန့်ဦးတီထွင်စီးပွားရေးပညာနှင့်ပတ်သက်သည့် ဘာသာရပ်ကို အယ်လင်ပို့ချပေးသည့် သင်တန်း၏ပထမဆုံးနေ့၌ သင်တန်းသားတစ်ဦးက “ဆရာက ခရစ်ယာန်ဟုတ်တယ် မဟုတ်လား။ ကျွန်တော် တပ်အပ်ပြောနိုင်တယ်”ဟု ဆိုသည်။ သူသည် ခရစ်ယာန်ဖြစ်ကြောင်း၊ ခရစ်ယာန် သင်္ကေတများ ပါရှိသော ခြေစွပ်၊ လည်စည်းများ ဝတ်ဆင်လာကြောင်းကို အယ်လင်ပြောမည့် ဆဲဆဲတွင် ထိုလူငယ်က အယ်လင်၏အပြောအဆို၊ အပြုအမူနှင့် စိတ်နေသဘောထားကိုကြည့်ခြင်းဖြင့် သခင်ယေရှုကို တွေ့ရကြောင်း စကားကိုဖြတ်၍ ပြောလိုက်သည်။ သို့နှင့် သွားလေရာရာ၌ သခင်ယေရှုအား ပို၍ကောင်းစွာ ကိုယ်စားပြုနိုင်ရန် မည်ကဲ့သို့ပြုမူရမည်ကို သူတို့ဆွေးနွေးခဲ့ကြသည်။
မိမိသည် ခရစ်ယာန်ဖြစ်ကြောင်းပြောခြင်း၊ ခရစ်ယာန်သတင်းကောင်းစာတန်းများပါရှိသည့် အဝတ်အစားများ ဝတ်ဆင်ခြင်းသည် ကောင်းပါသည်။ သို့သော် သတင်းကောင်းကိုမျှဝေစဥ် ကျွန်ုပ်တို့၏အသက်ရှင်ပုံနှင့် မေတ္တာပြပုံတို့သည် သခင်ယေရှုနောက်တော်လိုက်တို့၏ စစ်မှန်သောဖြစ်တည်မှု ပြယုဂ်ဖြစ်ကြောင်း သမ္မာကျမ်းစာမှ သွန်သင်ထားသည်။ တမန်တော်ရှင်ပေါလုနှင့် ကောရိန္သုမြို့ရှိအခြားသောယုံကြည်သူတို့မှာ အခြားသူများအား ဘုရားသခင်အကြောင်း ဝေငှစဥ် ထာဝရအမြင်ဖြင့် အသက်ရှင်ခြင်းဖြင့် ကိုယ်တော်အား…
ဘုရားသခင်၌ သွန်သင်မှုကို ခံယူနိုင်စွမ်းရှိနေဆဲ
ကက်(Kat)သည် သူမ၌ကိုယ်ဝန်ရှိနေသည်ကိုသိရှိပြီးနောက် သူမ၏သမီးလေးကို ကြည့်ရှုပြုစုရန် ကျောင်းတစ်ဝက်တစ်ပျက်နှင့် အထက်တန်းကျောင်းမှနှုတ်ထွက်လိုက်သည်။ ၁၅ နှစ်ကြာပြီးနောက် ကက်သည် လိုင်စင်ရအလှပြင်ဆရာမတစ်ဦးဖြစ်လာရန် အိမ်မက်မက်နေသည့် အလုပ်လက်ရှိ ကလေးသုံးယောက်မိခင် ဖြစ်လာသည်။ နှိမ့်ချခြင်းနှင့်ဇွဲကြီးသော သူမသည် အခမဲ့ GED ပညာရေးထောက်ပံ့မှု အစီအစဉ်တွင် သင်တန်း တက်ခွင့်ရခဲ့သည်။ အချိန်ကြာမြင့်စွာ ကျောင်းထွက်ထားပြီးမှ ယခုတစ်ဖန် ကျောင်းပြန်တက်ရခြင်းက သိမ်ငယ်နှိမ့်ကျလှသည်။ “ဒီအစီအစဥ်က ကျွန်မရဲ့ဘဝကို ပြောင်းလဲစေခဲ့တယ်။ ကျွန်မရဲ့ဆရာမက အရမ်းအံ့သြပြီး၊ ကျွန်မကို အမြဲတိုက်တွန်းအားပေးခဲ့တယ်”ဟု ကက်က ပြောခဲ့သည်။
သင်ကြားမှုကို ခံယူနိုင်စွမ်းရှိဆဲဖြစ်ခြင်းက ကျွန်မတို့လုပ်နိုင်သည့်အခက်ဆုံးအရာများအနက်တစ်ခု အပါအဝင်ဖြစ်သည်။ ဘုရား၏ဉာဏ်ပညာကို လက်ခံရန် သင်ကြားမှုကို ခံယူနိုင်သည့် နှလုံးသားရှိခြင်းကို သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ သုတ္တံကျမ်းတွင် ပညာရှိမှုနှင့်မိုက်မဲမှုကို လမ်းသွားလမ်းလာများအား ဖိတ်ခေါ်သောအမျိုးသမီးနှစ်ဦးနှင့် သရုပ်ဖော်ထားသည် (သု ၉:၁-၆၊ ၁၃-၁၈)။ ပညာဉာဏ်ကို နာယူသောသူသည် ကျေးဇူးတော်အားဖြင့် ပြုပြင်ခြင်းကို ခံရလိမ့်မည်။…