အမျိုးအစား  |  odb

ဘဲလ်၏ယုံကြည်ခြင်း

မိဘများ၏ ယေရှုရှင်ကို ယုံကြည်ခြင်းနှင့်စပ်လျဥ်း၍ ဘဲလ် မပတ်သက်လို။ ကောလိပ်၌ သူမကိုယ်သူမ ဘုရားကို မယုံကြည်သူတစ်ဦးအဖြစ် ကြွေးကြော်ခဲ့ပြီး၊ ဘုရားမပါသော အသက်တာဖြင့် ဘဝရှင်သန်ရန် ကြိုးစားခဲ့သည်။ သို့သော် သူမ၏ ချစ်သူနှင့် လမ်းခွဲခြင်းကြောင့် သိမ်ငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများကို ဆိုးရွားစွာ ခံစားရပြီး၊ စိတ်ရောကိုယ်ပါ အဘက်ဘက်မှ ဆုတ်ယုတ်ကျဆင်းလျက် သူမ၏ဘဝကို အဆုံးသတ်ရန် တွေးမိခဲ့သည်။

နက်ရှိုင်းစွာ မျှော်လင့်ချက်မဲ့နေချိန်၌ ခရစ်တော်၌ သူမမိဘများ၏ ဝမ်းမြောက်ခြင်းကို ဘဲလ်ဆင်ခြင်မိပြီး၊ ဆက်လက်ရုန်းကန်နေရသော်လည်း၊ အဆုံး၌ ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့သည်။ သည့်နောက်၊ တရုတ်ပြည်၌ သတင်းကောင်းကို တစ်ခါမျှ မကြားဖူးသော လူမျိုးစုရှိကြောင်း လူတစ်ဦး၏ဝေမျှချက်ကို ကြားခဲ့ရသည်။ သူတို့ထံသို့ သွား၍ ပြောပြချင်ခဲ့သော်လည်း၊ လူအချို့က သူမ စိတ်ပျက်အောင် အန္တရာယ်ရှိသည်ဟု တားခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဘဲလ် သည် ကောလိပ်၌ သူမတွေ့ဆုံခဲ့သော…

‌နှိမ့်ချခြင်း လိုအပ်သည်

ကျွန်မတို့ ငယ်စဥ်က ကျွန်မတို့နှင့် နှစ်မိုင်ခန့်သာ ဝေးသောနေရာတွင်နေထိုင်ခဲ့သော တစ်ဝမ်းကွဲများသည် ကျွန်မ၏မိသားစုနှင့် အဆက်အသွယ်မလုပ်ရန် တားမြစ်ခံခဲ့ရသည်။ မိသားစုများ ပြန်လည်တွေ့ဆုံပွဲများသို့ သူတို့တစ်ခါမျှ မလာရောက်သလို၊ ရပ်ကွက်ရှိ စျေးဆိုင်များ၌ ဆုံလျှင်လည်း ကျွန်မတို့နှင့် တစ်ခါမျှ စကားမပြောကြပါ။ ထိုစဥ်က ကျွန်မတို့မိသားစုသည် ဘုရားကျောင်း မတက်သောကြောင့်၊ ကျွန်မတို့၏ မကောင်းသောသက်ရောက်မှုများ သူတို့အပေါ် လွှမ်းမိုးမည်စိုးသောကြောင့်ဟူ၍ သူတို့၏မိဘများက ဆိုသည်။ နှစ်များစွာကြာပြီးနောက်၊ ကျွန်မအစ်ကို အကြီးဆုံးနာရေးသို့ တစ်ဝမ်းကွဲတစ်ယောက် ရောက်လာခြင်းက အံ့ဩစရာဖြစ်သည်။ သူသည် သူတို့၏သဘောထားအတွက် ကျွန်မတို့ တစ်ယောက်ချင်းစီအား နှိမ့်ချစွာတောင်းပန်ခဲ့သည်။ သူနှင့် ကျွန်မတို့၏ဆက်ဆံရေးကို တစ်ဖန်ပြန်၍ တည်ဆောက်နိုင်ခဲ့သည်။

ယာကုပ်သည် သူ၏အမြွှာအစ်ကို ဧသောနှင့် ဆက်ဆံရေးကို ပြန်တည်ဆောက်ရန် နှိမ့်ချသောနှလုံးသားကို လိုအပ်ခဲ့သည်။ ဒုတိယသား ယာကုပ်သည် ဧသောအား သိမ်းသွင်း၍ အစ်ကို၏သားဦးအရာကို ခိုးယူခဲ့ပြီး၊ သက်ကြီးရွယ်အိုဖခင်အား လှည့်စား၍၊ သားဦးနှင့်ဆိုင်သော…

ဂရုတစိုက် ကိုင်တွယ်ပါ

Stradivarius (စထယ်ဒစ်ဗဲရီးယက်စ်)မိသားစုမှထုတ်လုပ်သည့် တယော၊ ချယ်လိုတယောကြီးနှင့် ဂစ်တာများသည် ကမ္ဘာ့အဖိုးတန်ဆုံး ကြိုးတပ်တူရိယာများတွင် ပါဝင်သည်။ ၁၇ ရာစုနှင့် ၁၈ ရာစုများအတွင်း ပြုလုပ်ခဲ့သော တူရိယာများသည် ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ပါ။ အလွန်အဖိုးတန်သောအရာသည် အထူးဂရုစိုက်မှု နှင့် ထိုက်တန်သည်။ ထို့ကြောင့် ဓာတ်ပုံရိုက်နေစဉ် ဒေါ်လာ သန်း ၂၀ ကျော်တန်သော ချယ်လိုတယောကြီး စားပွဲပေါ်မှပြုတ်ကျသွားသောအခါ အမှန်တကယ်ပင် တုန်လှုပ်စရာဖြစ်ခဲ့သည်။

စထယ်ဒစ်ဗဲရီးယက်စ်တူရိယာများကို ဂရုတစိုက် ကိုင်တွယ်ရသကဲ့သို့ ဆက်ဆံရေးများကိုလည်း ဂရုစိုက်ရပါမည်။ ခရစ်တော်သည် ကျွန်ုပ်တို့အပေါ် သူ၏ချစ်ခြင်းမေတ္တာကို ပြခဲ့သောကြောင့် ကျွန်ုပ်တို့သည် အခြားသူများကို ချစ်ရမည်။ (ယော ၁၃:၃၄)တွင်၊ ယေရှုက တပည့်တော်များအား “သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏”ဟူ၍ ဂရုစိုက်အလေးထားရန်လိုသည့်ပညတ်ကို ပေးခဲ့သည်။ ၎င်းကို အဘယ်ကြောင့်…

ဘုရားသခင်၏ ထာဝရချစ်သူ

စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်သော မေတ္တာဖွဲ့စာများအနက် စာတစ်စောင်ကို တေးရေးဆရာ လူဗစ်ဗန်ဘီသိုဗင် (Ludwig van Beethoven)က ရေးသားခဲ့ပြီး သူသေဆုံးပြီးနောက် ၁၈၂၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရေးဖြင့် အသော့ရေးထားသောစာ၌ “ထာဝရချစ်သူ... မင်းနဲ့မဟုတ်ရင် ဘဝဟာ မပြည့်စုံဘူး”စသဖြင့် ချစ်မြတ်နိုးစိတ် ထက်သန်သော စာကြောင်းများဖြင့် ပြည့်နှက်နေသည်။ ဝမ်းနည်းစရာမှာ ထိုစာကို မပို့ဖြစ်ခဲ့ဘဲ၊ သူမည်သူ့ကို ရည်ရွယ်သည်ကိုလည်း မသိခဲ့ရပေ။

ချစ်မေတ္တာကို သူအလွန်အမင်းတောင့်တနေမှုအား စာနာခံစားနိုင်သော စာဖတ်သူများက ဘီသိုဗင်၏စာကို မြတ်နိုးတန်ဖိုးထားကြသည်။ အပြည့်အဝ မကျေနပ်နိုင်သော လူများစွာ၊ အရာများစွာနှင့် အတွေ့အကြုံများတွင် မေတ္တာနှင့်ပြည့်စုံမှုကို ကျွန်ုပ်တို့ရှာဖွေကြသည်။ သို့သော် လူသားအားလုံးအဖို့အလိုငှာ သူပဋိညာဉ်ပြုထားသည့်လူများအပေါ် ဖော်ပြခဲ့သည့် ဘုရားသခင်၏ကြီးမားသော မေတ္တာမှာ ပျောက်ပျက်လွယ်သော အချစ်ဇာတ်လမ်းထက် အဆပေါင်းများစွာ သာ၍ကြီးမားသည်။ ပရောဖက်ယေရမိအားဖြင့် “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌…

သတိရှိပါ

နှစ်ပေါင်းများစွာ ရုန်းကန်ဆုတောင်းအော်ဟစ်ပြီးနောက် ဖရန့်ခ် အရက်ဖြတ်ခဲ့သည်။ သူ့အသက်တာတွင် ဘုရားရှင်ပြုသည့်အမှုကြောင့် အရက်သေစာကို ဆက်လက်ရှောင်ပြီး တည်ကြည်ခဲ့သည်။ သို့သော် အရေးကြီးသော ပြောင်းလဲမှုအချို့ကိုလည်း သူလုပ်ခဲ့သည်။ အိမ်ထဲတွင် အရက်မထားတော့ဘဲ၊ သူ့အတွေးနှင့် စိတ်ခံစားချက်များ၌ သတိပေးသည့် အမှုအရာများကို စောင့်ကြည့်ပြီး၊ အချို့သောအခြေအနေများတွင် သတိရှိရှိ နေထိုင်သည်။ ဘုရားသခင်ကို အားကိုးပြီး သွေးဆောင်မှု သို့မဟုတ် အပြစ်ကို အခွင့်မပေးရန် သူသိသည်။ နားလည်သည်။

တမန်တော်ပေတရုက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” (၁ ပေ ၅:၈)ဟု သတိပေးခဲ့သည်။ မိမိအသက်တာသည် သည့်ထက်ပို၍မကောင်းနိုင်တော့ဟု ထင်ခြင်း၊ (သို့) ဘဝကဏ္ဍတစ်ခုခုတွင် ငါဘယ်တော့မှ စုံစမ်းခြင်း ခံရမှာမဟုတ်ဟုထင်ခြင်း စသည့်မမျှော်လင့်သော အမှတ်တမဲ့အရာများဖြင့် မာရ်နတ်က မကြာခဏ တိုက်ခိုက်တတ်ခြင်းကြောင့် ကျွန်ုပ်တို့သတိထားရန် လိုအပ်ကြောင်း ပေတရုသိသည်။…

စိုးရိမ်ပူပန်မှုကင်းသောစိတ်ရှိခြင်း

၁၉၈၅ ခုနှစ်ထုတ် Generation to Generation စာအုပ်တွင် မိသားစုကုထုံးပညာရှင်နှင့် Rabbi Edwin Friedman(ရဗ္ဗိအက်ဒ်ဝင်ဖရီးမင်းတို့က “စိတ်ပူပန်မှု ကင်းသော တည်ရှိမှု”ဟူသော စကားစုကို မိတ်ဆက်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဖရီးမင်း၏ A Failure of Nerve စာတမ်းတွင် “ခေတ်သစ် အမေရိက၏အခြေအနေသည် နာတာရှည်စိုးရိမ်ပူပန်မှုများ ဖြစ်လာပြီး၊ ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းသည် စိုးရိမ်ပူပန်မှု၌ တဝဲလယ်လယ် မအောင်နိုင်။ ထိုသို့ စိတ်ပိုင်းဆိုင်ရာဆုတ်ယုတ်မှုက ကောင်းမွန်‌သောခေါင်းဆောင်မှုအတွက် အဆိပ်အတောက်ဖြစ်စေသည်”ဟု ဖော်ပြ ထားသည်။ ဖရီးမင်းသည် — မိသားစု၊ အလုပ်ခွင်၊ အသင်းတော်စသည့် အစုအဖွဲ့အတွင်း နာတာရှည်စိုးရိမ်ပူပန်မှုမည်သို့ပျံ့နှံ့သည်ကို အာရုံစိုက်ခဲ့သည်။ ထိုသ‌ဘောအတိုင်းပင် ခေါင်းဆောင်တစ်ဦးသည် မုန်တိုင်းအလယ်တွင် စိုးရိမ်ပူပန်မှုကင်းပြီး ငြိမ်သက်နေနိုင်သူတစ်ဦးဖြစ်သောအခါ အစုအဖွဲ့တစ်ခုမှတစ်ဆင့် လူအသီးသီးတို့ထံ စိုးရိမ်ပူပန်မှုကင်းသောစိတ် ပျံ့နှံ့သွားအောင် မစနိုင်ပေသည်။

ဆာလံ ၄ သည် ဘဝမုန်တိုင်းများအလယ်တွင် ဒါဝိဒ်ရေးသားခဲ့သော ဆာလံဖြစ်သည်။…

သခင်ယေရှုကို ဂုဏ်ပြုခြင်း

“John Daniels, Sr Random Act of Kindness Day”(ဂျွန်ဒယ်နီယယ်စ်၊ အလျဥ်း သင့်သလို ကြင်နာမှုပြသောနေ့)ဟု ရေးထားသည့် စာအိတ်ထဲတွင် ဒေါ်လာ ၂၀ တန်တစ်ရွက်နှင့် ယေရှုအကြောင်း လက်ကမ်းစာစောင် ၂ စောင်ပါပြီး၊ ကောလိပ်ကျောင်းဝင်း၌ လမ်းလျှောက်သွားစဥ် ကျွန်တော့်ကို အမျိုးသမီးတစ်ဦးက ပေးခဲ့သည်။ အစောပိုင်း တစ်နှစ်က ဂျွန်သည် အိုးအိမ်မဲ့တစ်ဦးအား ကူညီရင်း ခရစ်တော်၏မေတ္တာအကြောင်း ဝေမျှပေးပြီးနောက် ကားတိုက်ခံရပြီး သေဆုံးသွားခဲ့သည်။ ထိုနေ့တွင် တွေ့ခဲ့သော အမျိုးသမီးနှင့်အတူ ဂျွန်၏ မိသားစုဝင်များ၌ ဂျွန်၏အပြောနှင့်အလုပ်ညီသည့် သက်သေခံခြင်း၏ အကျိုးက ဆက်လက်ရှင်သန်နေသည်။

မဿဲ ၂၆:၁၃ တွင်“ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့”ဟူသည့် သခင်ယေရှု၏စကားများက အမျိုးသမီး တစ်ဦးကို အောက်မေ့သတိရ‌စေသည်။ သခင်ခရစ်တော်အတွက် ထိုအမျိုးသမီး၏ နူးညံ့သောနှလုံးသားက…

အလဲအလှယ်

ဧလိယသည် သူ့သူငယ်ချင်းများနှင့်ကစားရင်း ဒေါ်လာတဆယ်တန်တစ်ရွက်ကို မတော်တဆ ဆုတ်ဖြဲမိရာ၊ သူ့အဖေက သားကို ဆိုဆုံးမမည့်အစား စုတ်ပြဲသွားသောငွေစက္ကူကို ပိုက်ဆံအိတ်မှ အသစ်တစ်ခုနှင့် လဲပေးမည်ဟု ပြောလိုက်သည်။

“ဘာလို့ဒီလိုလုပ်တာလဲ”ဟု ဧလိယက ဇဝေဇဝါဖြစ်ပြီး မေးလိုက်သည်။ “တစ်ချက်က မင်းဟာ ငါ့သားဖြစ်တယ်။ နောက်ပြီး ဒီအရာက ငါတို့အတွက် ယေရှုဘာလုပ်ပေးခဲ့တယ်ဆိုတာကို သတိရစေတယ်။ သူ့အသက်နဲ့ ငါတို့အသက်ကို လဲလှယ်ပေးဖို့ကြွလာလို့ အခုဆို ငါတို့ဟာ အသစ်သောအသက်နဲ့ အသက်ရှင်နိုင်ပြီဖြစ်တယ်”ဟု သူ၏အဖေက ရှင်းပြသည်။

ကျွန်ုပ်တို့တစ်ဦးစီတိုင်းကို ဘုရားသခင်ဖန်ဆင်းထားသောကြောင့် လူသားတိုင်း အဖိုးတန်သည်။ သို့သော် ကျွန်ုပ်တို့၏အပြစ်သဘော- “အပြစ်တရား၏ကိုယ်” (ရော ၆:၆) သည် ဘုရားသခင်၏မြင့်မြတ်သန့်ရှင်းခြင်းနှင့်ထိုက်တန်သောအသက်တာဖြင့် ကျွန်ုပ်တို့အသက်မရှင်အောင် တားဆီးသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်ထားသည့် ကြီးမားသောချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့၏ အပြစ်ကို ပေးဆပ်ရန် သူ၏သားတော်ကို လိုလိုလားလား ပေးခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏လူဟောင်းကို အသေသတ်ပြီး၊…

ထောင်လွှားသူများ၏ကျဆုံးခန်း

ဂျွန်တေလာ (John Taylor) သည် ၁၇၀၀ ခုနှစ်များအတွင်း ဗြိတိသျှလူမျိုး မျက်စိ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး၊ မောက်မာမှု၏တွန်းအားကြောင့် လီဆယ်ကာ သူ၏ သိက္ခာနှင့် ဂုဏ်အသရေသတင်းကို လုပ်ကြံပြောဆိုခဲ့သည်။ သူသည် ကျော်ကြားမှု နောက်လိုက်ကာ ဒုတိယမြောက်ဂျော့ချ်ဘုရင် (King George II)၏ကိုယ်ပိုင် မျက်စိဆရာဝန် ဖြစ်လာခဲ့သည်။ တေလာသည် ကျေးလက်ဒေသသို့ခရီးထွက်ကာ အံ့ဖွယ်ကုသနည်းများပေးမည်ဟု ကတိပြုသည့် ဆေးဘက်ဆိုင်ရာပွဲများ ကျင်းပပြီး၊ ညရိပ်ခိုကာ ရွာသားများ၏ငွေအိတ်များကို သယ်လျက် မကြာခဏ ရှောင်တိမ်းထွက်သွားသည်။ သို့သော်လည်း မှတ်တမ်းများအရ တေလာသည် တတ်ယောင်ကား သမားတစ်ဦးဖြစ်ပြီး၊ ရာနှင့်ချီသည့်လူနာများစွာကို မျက်စိကွယ်စေခဲ့ဟန်ရှိကြောင်း ဖော်ပြထားသည်။ သမိုင်းက သူ့ကို ဆေးဘက်ဆိုင်ရာအထင်ကရတစ်ဦးအဖြစ်မဟုတ်ဘဲ၊ ရာစုနှစ်၏အကြီးကျယ်ဆုံး တေး‌ရေးဆရာနှစ်ဦးဖြစ်သော ဘတ်ခ် (Bach) နှင့်ဟန်ဒယ်လ်(Handel)တို့၏အမြင်အာရုံကို ဖျက်ဆီးခဲ့သူအဖြစ် သတ်မှတ်ခဲ့သည်။

တေလာသည် ဂုဏ်အသ‌ေရေနှင့်ချီးကျူးမှုကို တောင့်တခဲ့သော်လည်း သူ့သမိုင်း က သူ၏အလိမ်အညာများ၊ သူပြုခဲ့သည့်အရှက်တကွဲအကျိုးနည်းမှုနှင့်နာကျင်စေမှု များကို ဖော်ပြနေသည်။…

မေတ္တာပြမှု ပေါ်လွင်လာသောအခါ

ဟဲလင်းန် လေမုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသူများကို ကူညီပေးသည့် ခရစ်ယာန်ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက (အစောပိုင်းက ငိုယိုနေသည့်) အမျိုးသမီးတစ်ဦးအား “မင်းဘာလို့ငိုတာလဲ”ဟု မေးရာ၊ သူမက “အရာအားလုံး ဆုံးရှုံးသွားလို့ ကျွန်မငိုတာမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာကို မြင်လိုက်ရလို့ ကျွန်မ ငိုတာပါ” ဟု ပြန်ဖြေလေသည်။

လိုအပ်နေသူများအား ကျွန်ုပ်တို့ကူညီရန် ဘုရားရှင်အလိုရှိပြီး၊ သူ့နှလုံးသားက သူ့ဆန္ဒကို ဖော်ပြနေသည်။ ဘုရားသခင်ကတိပြုထားသော ပြည်သို့ ဣသရေလလူမျိုးတို့မဝင်မီ ဘုရားသခင်၏ညွှန်ကြားချက်များကို မောရှေ မိန့်ကြားရာ၌ “ဆင်းရဲသောညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။ သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှါးရမည်”(တရား ၁၅:၇-၈)ဟု ပြောခဲ့သည်။ ဆင်းရဲသားများအပေါ်ထားရှိသည့် သူတို့၏စိတ်ထားများသည် “သူတို့အား ပေးရမည်၊ ပေးသောအခါ နှမြောသောစိတ်မရှိရ”(၁၅:၁၀)ဟူသည့် ဘုရားသခင်၏စိတ်နှလုံးကို ထင်ဟပ်ပြရပါမည်။

ဆိုးရွားသောအခြေအနေများတွင်ဖြစ်စေ၊ နေ့စဉ်အသက်တာတွင်ဖြစ်စေ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ကြင်နာစွာ ပေးသနားသောကောင်းချီးများမှ လိုအပ်သူများကို…