အမျိုးအစား  |  odb

စိုးရိမ်ကြောက်ရွံ့မှုများနှင့် ရင်ဆိုင်ရခြင်း

ဝါးရင်း သည် အသင်းတော်တစ်ခုတွင် သင်းအုပ်အဖြစ်အစေခံရန်အတွက် မြို့ ငယ်လေးတစ်မြို့သို့ ပြောင်းရွှေ့သွားသည်။ သူ၏သာသနာလုပ်ငန်းအောင်မြင်စအချိန်တွင် နယ်ခံတစ်ဉီးက သူ့ကို အတိုက်အခံပြုခဲ့သည်။ ဝါးရင်း၏ အလွန် ဆိုးဝါးသောအပြုအမူများဟု လုပ်ကြံဇာတ်ခင်းစွပ်စွဲပြီး၊ ဒေသထုတ်သတင်းတိုက်သို့ ထိုအကြောင်းကို သတင်းသွားပေးသည်။ သူ၏စွပ်စွဲပြောဆိုမှုများကို ဒေသခံများထံဖြန့်ဝေရန် လက်ကမ်းစာစောင်များထုတ်ခဲ့သည်။ ဝါးရင်းနှင့် ဇနီးသည်တို့သည် အပြင်းအထန် စတင်ဆုတောင်းကြတော့သည်။ ထိုလိမ်လည်မှုကို လူတို့ ယုံကြည်သွားမည်ဆိုပါက သူတို့၏ဘဝများ ဇောက်ထိုးမိုးမျှော်ဖြစ်သွားလိမ့်မည်။

‌ဒါဝိဒ်မင်းသည်လည်း အလားတူအဖြစ်အပျက်မျိုးနှင့် တွေ့ကြုံခဲ့ရသည်။ ရန်သူတို့၏အသရေဖျက်လုပ်ကြံမှုနှင့် ရင်ဆိုင်ခဲ့ရပြီး “သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏။ ငါ၌ မကောင်းသောအကြံကိုသာ ကြံစည်ကြ၏”(ဆာ ၅၆:၅) ဟု ဆိုခဲ့သည်။ ပြင်းထန်စွာ တိုက်ခိုက်ပြောဆိုမှုများကြောင့် သူ ကြောက်ခဲ့သည်။ မျက်ရည်ကျခဲ့သည်(:၈)။ သို့သော် တိုက်ပွဲများအလယ်တွင် “အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်။ ... လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း”(:၃-၄)ဟု…

လူသားဆန်ပါ

​လက်သမားဆရာကြီး စင်းဂါးမင်း တစ်ယောက် ပျဉ်ချပ်များရိုက်နေသည်ကိုကြည့်ရင်း “ဆရာ ဘာလို့ငိုနေတာလဲဗျာ” ဟု ၁၂ နှစ်အရွယ် အဲလ်ဘတ်လေး မေးလိုက် သည်။ “ငါငိုတယ်။ ဘာလို့လဲဆိုတော့ ငါ့အဖေလည်း ငိုတယ်။ ပြီးတော့ ငါ့အဖိုးလည်း ငိုတယ်”ဟု လက်သမားဆရာက သူ့အလုပ်သင် လူငယ်လေး၏ အမေးကို ဖြေလိုက်သည်။ ၎င်းသည် Little House on the Prairie ရုပ်သံ ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်းဖြစ်သည်။ ပြီးမှ “ခေါင်းတလား ရိုက်နေတာမို့ မျက်ရည်ကျတာပေါ့ကွယ်”ဟု ရှင်းပြလိုက်သည်။

“ငိုတယ်ဆိုတာ အားနည်းချက်လက္ခဏာလို့အထင်ခံရမှာစိုးလို့ ယောက်ျား တစ်ချို့က မငိုကြဘူး။ ငါကတော့ ယောက်ျားဆိုတာ လူပဲမို့လို့ ငိုလို့ရတယ်လို့ သိခဲ့သင်ယူခဲ့ရတယ်” ဟု ဆက်ပြောခဲ့သည်။

ကြက်မကြီးက ကြက်ကလေးများကို စောင့်ထိန်းပုံနှင့် ယေရုရှလင်မြို့အတွက် သူ၏ဝန်တာထားသည့်စိတ်ကို နှိုင်းယှဉ်ခဲ့စဉ် စိတ်ခံစားချက်ကြောင့် သခင်ယေရှုမျက်ရည်ဝဲခဲ့ပေမည်(မ ၂၃:၃၇)။ တပည့်တော်များက…

ဘယ်သောအခါမှ တစ်ယောက်တည်း မဟုတ်ပါ

The Economist’s 1843 စီးပွားရေးမဂ္ဂဇင်းတွင် မဂ္ဂီဖာဂူဆန်က "အိမ်ခြေယာမဲ့ဖြစ်ခြင်း၊ဆာငတ်မွတ်သိပ်ခြင်း၊ ရောဂါဘယများထက် ပိုနာကျင်ရသည်၊ ပိုခံစားရသည်” ဟုရေးခဲ့သည်။ အထီးကျန်အဖော်မဲ့ခြင်းကို သူရည်ညွှန်းဆိုခြင်းဖြစ်သည်။ လူတစ်ဦး၏လူမှုအဆင့်အတန်းနှင့် စီးပွားရေးအခြေအနေပေါ် မူမတည်ဘဲ လူသားတို့၌ အထီးကျန်ဖြစ်မှုရာခိုင်နှုန်း မြင့်တက်လာခြင်းကို ကြေကွဲဝမ်းနည်းဖွယ် ဥပမာများဖြင့် အထီးကျန်ခံစားမှုကို ဖာဂူဆန် မှတ်တမ်းတင်ခဲ့သည်။

အထီးကျန်ခြင်းဝေဒနာသည် ယနေ့ခေတ်၌ အသစ်အဆန်းတစ်ခု မဟုတ်ပေ။ တစ်ကိုယ်တည်းဖြစ်ခြင်း၏ဝေဒနာကို ရှေးစာအုပ်ဖြစ်သော ဒေသနာကျမ်း၏ စာမျက်နှာများပေါ်တွင် ထပ်ဟပ်ရေးဖွဲ့ထားသည်။ ရှောလမုန်မင်းရေးသည်ဟုဆိုကြသည့် ထိုကျမ်းတွင် အဓိပ္ပာယ်ရှိသည့်ဆက်ဆံရေးမျိုးကို လိုအပ်နေသူများ၏ ဝမ်းနည်းခြင်းသောကအကြောင်းကို အမိအရဖော်ကျူးထားသည်(၄: ၇-၈)။ ဒေသနာဆရာက အံ့မခမ်းနိုင်သော စည်စိမ်းချမ်းသာကို ကြိုးစားအားထုတ်ပြီး ရှာဖွေနိုင်သော်လည်း ထိုစည်းစိမ်ကိုဝေမျှခံစားမည့်သူ မည်သူတစ်ဦး တစ်ယောက်မျှ မရှိပါက အနတ္တသာဖြစ်ကြောင်းဆိုထားသည့် ညည်းညူခြင်းဖြစ်ပါသည်။

စာဆိုသည် အဖော်အသင်းရှိခြင်း၏တင့်တယ်မှုအလှကို အသိအမှတ်ပြုလျက် မိမိဘာသာကြိုးစားပြီး စွမ်းဆောင်နိုင်သည်ထက် ပို၍အောင်မြင်မှုကို ပိုင်ဆိုင်ရရှိအောင် မိတ်ကောင်းဆွေကောင်းများက ကူညီဖေးမပေးသည်(:၉)၊ အဖော်ကောင်းသည်…

မီးအိမ်ကို ဖွင့်လိုက်ပါ

ကျွန်မတို့ဇနီးမောင်နှံသည် နိုင်ငံခြားသို့ပြောင်းရွှေ့နေထိုင်ရန်ပြင်ဆင်ရင်း အရွယ်ရောက်ပြီးသောသားများနှင့် အဆက်အသွယ်အမြဲရှိရေးကို သေချာအောင် လုပ်ချင်ခဲ့သည်။ သို့နှင့် ထူးခြားသောလက်ဆောင်အဖြစ် ကြိုးမဲ့ အင်တာနက်ဖြင့် ချိတ်ဆက်ထားသော အဝေးမှအဖွင့်အပိတ်လုပ်နိုင်သော ခင်မင်မှုမီးအိမ်ကို တွေ့ခဲ့သည်။ သားတို့အား ထိုမီးအိမ်ကိုပေးရင်း မီးအိမ်ကို ကျွန်မဖွင့်လိုက်သည်နှင့် သူတို့မီးအိမ်ပါပွင့်သွားကာ ကျွန်မ၏မေတ္တာနှင့် အစဉ်ဆုတောင်းပေးမှုကို သတိရစေရန် ရည်ရွယ်ကြောင်းကို ရှင်းပြသည်။ ကျွန်မတို့ မည်မျှဝေးကွာနေပါစေ သူတို့ မီးအိမ်၏ခလုတ်တစ်ချက်သည် ကျွန်မတို့တွင်ရှိသောမီးအိမ်လေးကို လင်းစေပါသည်။ လူကိုယ်တိုင် ဆက်သွယ်မှုကို မည်သည့်အရာကမှ အစားထိုးနိုင်မည် မဟုတ်သော်လည်း မီးအိမ်လေးကို ဖွင့်လိုက်တိုင်း မိမိကိုချစ်သူ၊ ဆုတောင်းပေးနေသူရှိကြောင်းကို သိရခြင်းက အားတက်စရာပင်ဖြစ်သည်။

ဘုရားရှင်၏သားသမီးအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် အလင်းကိုဝေမျှနိုင်သောအခွင့်အရေး ရရှိကြသည်။ ကျွန်မတို့သည် ဘုရားရှင်၏ ထာဝရမျှော်လင့်ခြင်းနှင့် အကြွင်းမဲ့မေတ္တာတော်ကို ထွန်းလင်းပြသော မီးပြတိုက်ပမာ အသက်ရှင်ရန် ဖန်ဆင်းခြင်းခံကြရသည်။ ဧဝံဂလိတရားကိုဝေမျှလျက် ယေရှုနာမအားဖြင့် အခြားသူများကို အစေခံသောအခါ ကျွန်မတို့သည် တောက်ပလင်းလက်နေသောမီးမောင်း၊ အသက်ရှင်သောပုံသက်သေ…

သခင်ယေရှုနှင့်တူခြင်း

ကျမ်းတတ်ဓမ္မပညာရှင် ဘရုစ်ဝဲသည် သူငယ်စဥ်က ၁ ပေ ၂:၂၁-၂၃ ၌ သခင် ယေရှုနှင့်တူရန် မိန့်မှာချက်နှင့်ပတ်သက်ပြီး စိတ်ကသိကအောက်ဖြစ်ခဲ့ပြီး ထိုအကြောင်းကို The Man Christ Jesus (လူသားခရစ်တော်ယေရှု) ဟူသည့် စာအုပ်၌ “ဒါကို မတရားဘူးလို့ ကျွန်တော်သတ်မှတ်တယ်။ အထူးသဖြင့် ‘ဒုစရိုက်ကို မပြု’သူတစ်ဉီးရဲ့ ခြေတော်ရာအတိုင်း လိုက်လျှောက်ဖို့ ပြောထားလို့လေ။ ဒါဟာ လုံးဝကို လက်တွေ့မဆန်ဘူး။ ဒါကို လေးလေးနက်နက်ခံယူဖို့ ဘုရားသခင်က တကယ်ပဲရည်ရွယ်တာကို ဘယ်လို့မှစဉ်းစားလို့မရဘူး” ရေးသားခဲ့သည်။

ဆရာကြီး ဘရုစ်ဝဲ သည် ဤနှုတ်ကပတ်တော်၏စိန်ခေါ်မှုကို လန့်စရာအဖြစ် မြင်ခြင်းကို ကျွန်တော်နားလည်ပါသည်။ “... ယေရှုနှင့်တူရန်၊ သူနှင့်တူရန် အလို့ငှာ ကျွန်ုပ်တောင့်တပါ၏”ဟု သီချင်းတစ်ပုဒ်တွင် ပြောထားသည်။ ဆရာကြီး မှန်ကန်စွာဖြင့် သတိပြုမိသကဲ့သို့ သခင်ယေရှုနှင့်တူအောင် ကျွန်ုပ်တို့ လုပ်နိုင်စွမ်းမရှိ။ မိမိဘာသာ ကြိုးစားလုပ်လည်း သခင်ယေရှုကဲ့သို့…

တွေးမိမထားသောကတိတော်များ

ကျွန်ုပ်တို့၏အကြီးမားဆုံးကျရှုံးမှုဖြစ်နေသောအခိုက်အတန့်များတွင် ကျွန်ုပ်တို့သည် အသက်တာ၏ရည်ရွယ်ချက်နှင့်တန်ဖိုးများအတွက် အခွင့်အရေးများကို ဆုံးရှုံးလိုက်ရပြီ၊ မိမိအတွက် သိပ်ကိုနောက်ကျသွားပြီဟု လွယ်လင့်တကူ လက်ခံမိတတ်ကြသည်။ လုံခြုံရေးအမြင့်ဆုံးထားရှိသော နယူးယော့အကျဉ်းထောင်၌ ကျခဲ့ဖူးသည့် အလိုင်းယက်စ် က “အလားအလာကောင်းတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် အနာဂတ်၊ တစ်စုံတစ်ဦးဖြစ်လာနိုင်တဲ့ ကိုယ့်အခြေအနေကို ကျွန်တော်ကိုယ်တိုင်ရိုက်ချိုးဖျက်ဆီးခဲ့မိတယ်”ဟု အကျဉ်းသားတစ်ဦး၏ ခံစားမှုကို ဖော်ပြခဲ့သည်။

ဘာ့ဒ်ကောလိပ်မှ “အကျဉ်းထောင် ပဏာမခြေလှမ်း” ဆိုသော ကောလိပ်ဒီဂရီ အစီအစဉ်သည် အလိုင်းယက်စ်၏အသက်တာကို စတင်ပြောင်းလဲပေးခဲ့သည်။ ထိုအစီအစဉ်ကို တက်ရောက်ခဲ့စဉ် သူသည် ၂၀၁၅ခုနှစ် စကားရည်လုပွဲတွင် ပါဝင်ခဲ့ပြီး သူတို့အဖွဲ့မှ ဟားဗတ် တက္ကသိုလ်အဖွဲ့ကို အနိုင်ရခဲ့သည်။ အလိုင်းယက်စ် အတွက် အသင်းအဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ရှိနေခြင်းက သူ့ဘဝ၏ အလားအလာကောင်းများ လုံးဝဆိတ်သုန်းပျောက်ကွယ်သွားပြီမဟုတ်ကြောင်းကို သက်သေပြနေသောနည်းလမ်းတစ်ခုပင်ဖြစ်သည်။

သခင်ယေရှု၌ရှိသော ဘုရားရှင်၏မေတ္တာတော်သတင်းကောင်းသည် မိမိအတွက်လည်း သတင်းကောင်းဖြစ်ကြောင်းကို စတင်နားလည်လာချိန်တွင် အလားတူ ပြောင်းလဲခြင်းမျိုးသည် ကျွန်ုပ်တို့၏နှလုံးသားတွင် ဖြစ်လာပါသည်။ အချိန်မနှောင်းသေး၊ ဘုရားရှင်ထံ၌…

ကျေးဇူးတော်ဖြင့် ခိုင်ခံခြင်း

အမေရိကန်ပြည်တွင်းစစ်ကာလက တပ်မှထွက်ပြေးလျှင် သေဒဏ်အပြစ်ပေးခံရသည်။ သို့သော် တပ်ပေါင်းစုက ဝရမ်းပြေးများကို သတ်ဖြတ်ခဲ့ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏စစ်သေနာပတိ အာဗြံဟံလင်ကွန်းက ထိုသူတို့ အားလုံးနီးပါးကို ခွင့်လွှတ်ခဲ့သောကြောင့်ဖြစ်သည်။ လင်ကွန်း၏သက်ညှာမှုသည် ဝရမ်းပြေးများကို သွေးဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်သည့် စစ်ဘက်ဆိုင်ရာ ဝန်ကြီး အက်ဒဝင် စတက်နန်က ထိုကိစ္စကြောင့် အမျက်ထွက်ခဲ့သည်။ သို့သော် တိုက်ပွဲပြင်းထန်ချိန်တွင် စိတ်ဓာတ်ပျက်စီးပြီး တုန်လှုပ်ခြောက်ခြားစွာခံစားရလျက်၊ ကြောက်ရွံ့မှု၌ကျရှုံးသွားသူ စစ်သည်များအပေါ် လင်ကွန်းက ထပ်တူခံစားပေးခဲ့သည်။ သူ၏စာနာမှုက စစ်သည်များနှင့်သူ့ကို ပို၍အစေးကပ်ချစ်ခင်စေသည်။ “အဘလင်ကွန်း”ကို စစ်သည်တို့ အလွန်ချစ်မြတ်နိုးပြီး ထိုချစ်စိတ်ကြောင့် လင်ကွန်း၏လက်အောက်၌ သူတို့တိုး၍တာဝန်ထမ်းဆောင်လိုစိတ် ဖြစ်ခဲ့သည်။

ရှင်ပေါလုသည် တိမောသေအား သူနှင့်ပူးပေါင်းရန် “ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့ ဆင်းရဲဒုက္ခကို သည်းခံလော့” (၂ တိ ၂:၃) ဟုခေါ်သောအခါ ၎င်းအား အလွန်ခက်ခဲသောအမှုတော်အတွက် ခေါ်ခြင်းဖြစ်သည်။ စစ်သည်တစ်ဉီးသည် သူ့အသက်ကို အကြွင်းမဲ့စွန့်လွှတ်ရမည်။ ကြိုးစားရမည်၊ အတ္တကင်းရမည်။…

ကျွန်ုပ်တို့သည် ဘုရားမဟုတ်

ဆရာကြီးစီအက်စ်လူးဝစ်ရေးသားသည့် “Mere Christianity” (ခရစ်ယာန် ဘာသာမျှသာ) ဟူသည့် စာအုပ် ၌ မိမိသည် မာန်တက်သူဟုတ်မဟုတ် မေးခွန်းများမေး၍ မိမိကိုယ်ကိုစစ်ကြောရန် အကြံပြုသည်။ “အခြားသူက မိမိကို အဖက်မတန်သကဲ့သို့ဆက်ဆံလျှင်၊ မိမိကို သတိမပြုမိလျှင်၊ ကိုယ့်ထက်သာသည့်အချိုးဖြင့် ဆက်ဆံလျှင်၊ အမြင်ကပ်စရာပုံစံဖြင့် လာအစွမ်းပြကြွားဝါလျှင် ... မိမိသည် မည်မျှ မနှစ်မြို့သဘောမကျ ဖြစ်တတ်သနည်း။” ဆရာကြီး လူးဝစ်က မာန်မာနထောင်လွှားခြင်းသည် အဆိုးဆုံးသောမကောင်းဆိုးဝါးကို ဂျိုတပ်ပေးခြင်း၊ အိမ်ထောင်နှင့်နိုင်ငံကို ဆိုးရွားပျက်စီးစေသော အဓိကအကြောင်းအရင်းအဖြစ်ရှုမြင်သည်။ ၎င်းသည် မေတ္တာ၊ ရောင့်ရဲခြင်းနှင့် သာမန်အသိစိတ်တို့ကို လှိုက်စားပစ်သည့် ‘ဝိညာဉ်ရေးကင်ဆာ’ ဟု ဆရာကြီးက ကင်ပွန်းတပ်သည်။

ခေတ်အဆက်ဆက်တွင် မာနထောင်လွှားခြင်းသည် ပြဿနာဖြစ်သည်။ အင်အားကြီးသော တုရုမြို့၏ထောင်လွှားမှုကို ပရောဖက်ယေဇကျေလအားဖြင့် မြို့ခေါင်းဆောင်များအား ဘုရားရှင်သတိပေးခဲ့သည်။ တုရုမင်း၏ မာန်မာနသည် သူ့ကို ကျဆုံးစေမည်။ “သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သောကြောင့်…

သီချင်းဆိုရန် သတိရပါ

အငြိမ်းစားအော်ပရာအဆိုတော် နန်စီဂတ်စတာဖ်ဆင်သည် သူ့မိခင်ထံသွားရောက်စဉ် မှတ်ဉာဏ်လျော့ပါးသွားသည့် မိခင်၏အခြေအနေကိုတွေ့လိုက်ရ၍ ယူကျုံးမရဖြစ်ခဲ့ရသည်။ သူ့ကိုလည်း မမှတ်မိ၊ စကားလည်း မပြောတော့ပါ။ လအတန်ကြာမျှ မိခင်အား ပုံမှန်သွားတွေ့ပြီးနောက် နန်စီအကြံတစ်ခုရခဲ့သည်။ တေးဂီတသံကြားလျှင် သူ့မိခင်၏မျက်လုံးများတောက်လာပြီး သီချင်းပါလိုက်ဆိုသည်။ မိနစ် ၂၀ ခန့်မျှပင် သီချင်းဆိုသည်။ ထို့နောက် ရယ်မောလျက် “တို့က ဂတ်စတာဖ်ဆင်မိသားစုအဆိုတော်တွေဟေ့” ဟု နောက်ပြောင်သည်။ ထိုအံ့သြဖွယ်ပြောင်းလဲမှုက တေးဂီတ၏အစွမ်းကိုဖော်ပြနေပြီး၊ ပျောက်ကွယ်သွားသည့် အမှတ်တရများကိုပင် ပြန်လည်နိုးဆွပေးသည်ဟု ကုထုံးပညာရှင်အချို့က သုံးသပ်ကြသည်။ ဓမ္မတေးဟောင်း”များကို သီဆိုခြင်းဖြင့် ခံစားချက်ကို မြှင့်တက်စေသည်။ မှတ်ဉာဏ်လျော့ပါးမှုကို ကျဆင်းစေသည်။ အရေးပေါ်ဌာနသို့သွားရသည့်အကြိမ်နှင့် စိတ်ငြိမ်ဆေးပေးရသည့်အကြိမ်တို့ နည်းသွားသည်။

တေးဂီတနှင့် မှတ်ဉာဏ်၏ဆက်စပ်မှုကို တိုး၍လေ့လာနေဆဲ ဖြစ်သော်လည်း၊ သမ္မာကျမ်းစာမှ ဖော်ပြချက်အရ သီချင်းဆိုခြင်းအားဖြင့် ဝမ်းမြောက်မှု ခံစားရခြင်းသည် ဘုရားသခင်ပေးသနားသော ဆုကျေးဇူးဖြစ်ပြီး၊ ၎င်းသည် အမှန်ပင် ဖြစ်သည်။ “ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍ ချီးမွမ်းကြလော့။…

ကူရာကယ်ရာမဲ့နည်းလမ်း

၁၇ နှစ်ရာစုနှောင်းပိုင်းက William of Orange (ဥရောပ ဘုရင်တစ်ပါး)သည် နိုင်ငံပိုင်မြေများကို တမင်ရေလွှမ်းမိုးပစ်ခဲ့သည်။ စပိန်တို့၏ကျူးကျော်မှုကို တွန်းလှန်ရန် ကြိုးစားသည့်အနေဖြင့် ဒတ်ချ်ဧကရာဇ်သည် မတတ်နိုင်သည့်အဆုံး အလွန်များပြားသည့် မြေဧရိယာကို ထိုသို့နှစ်မြှုပ်ပစ်ခြင်းဖြစ်သည်။ သို့သော် မအောင်မြင်ဘဲ အကောင်းဆုံးသော လယ်ယာမြေများ ပင်လယ်ထဲနစ်မြှုပ်ကုန်သည်။ “အန္တရာယ်ရှိတဲ့အချိန်မှာ ဒီနည်းလမ်းက အကောင်းဆုံးပဲပေါ့ ”ဟု ၎င်းတို့ပြောခဲ့သည်။

ပရောဖက်ဟေရှာယ၏ခေတ်ကလည်း အာရှုရိတပ်များက ခြိမ်းခြောက်လာသည့်အခါ ယေရုရှလင်မြို့သည် ကယ်ရာမဲ့အခြေအနေသို့ ရောက်ခဲ့သည်။ ရန်သူအဝိုင်းခံရချိန်၌ ခံရပ်နိုင်ရန် ရေသိုလှောင်သည့်စနစ်ကို တီထွင်လျက် အိမ်များကိုဖြိုဖျက်ပြီး မြို့ရိုးတစ်ထပ်ဆောက်ကြသည်။ ထိုဗျူဟာက လိမ္မာသော အကြံဖြစ်ကောင်းဖြစ်မည်။ သို့သော် အရေးကြီးဆုံးသောအဆင့်ကို သူတို့ လျစ်လျူရှုခဲ့သည်။ “ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာကိုလည်း မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင် ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ”(ဟေရှာ ၂၂:၁၁)ဟု ထာဝရဘုရားမိန့်တော်မူသည်။…