အမျိုးအစား  |  odb

ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်း

ကျွန်မသူငယ်ချင်း၏မွေးနေ့တွင် သူမအား အဖော်ပြုလျက် အလှပြင်ဆိုင်သို့ သွားခဲ့စဉ်က ဆိုင်၏ဝန်ဆောင်မှုအပေါ် ကျွန်မတို့ နှစ်ဦးစလုံးကျေနပ်ခဲ့ကြသည်။ ငြိမ့်ညောင်းသောတေးဂီတသံတိုးတိုး ဖွင့်ထားပြီး၊ ဝန်ထမ်းတစ်ဦးစီက ကျွန်မတို့ကို ကြိုဆိုကာ ဆိတ်ငြိမ်သော မီးရောင်မှိန်မှိန်ထွန်းထားသောအခန်းသို့ ခေါ်သွားသည်။ ငြိမ်သက်အေးချမ်းမှု၊ တိတ်ဆိတ်မှုနှင့် ကောင်းစွာအနားယူရသောအခွင့်ကို ကျွန်မတို့ခံစားရသည်။ သို့ငြားလည်း စားပွဲပေါ်၌ “ဤသဘာဝဆံကေသာထိန်းသိမ်းမှုနည်းလမ်းသည် သင့်အား လှပသောဆံကေသာကိုပေးခြင်းထက်ပို၍ သင့်အား စိတ်ငြိမ်သက်မှုကို ခံစားရစေမည်”ဟူသော ကြော်ငြာကို ကျွန်မတွေ့လိုက်ရသောအခါ ခိုးပြီးရယ်ချင်စိတ်ကို မနည်းချုပ်တည်းခဲ့ရသည်။

ဆံကေသာဆိုင်ရာထုတ်ကုန်များသည် တည်မြဲသောငြိမ်သက်ခြင်းကို မပေးစွမ်းနိုင်ကြောင်း ကျွန်မတို့အားလုံးသိသော်လည်း၊ ဘဝ၌ စိတ်ဖိစီးမှုများရှိလာသောအခါ ခဏတာသက်သာမှုရရန် ထိုကုထုံးကို ခံယူကြသည်။ စင်စစ် စစ်မှန်သောငြိမ်သက်ခြင်းကို တစ်စုံတစ်ခုမှ ရရှိခြင်းမဟုတ်ဘဲ၊ တစ်စုံတစ်ဦးထံမှ ရရှိခြင်းဖြစ်သည်။ ပေါလုက ရောမမြို့ရှိ ယုံကြည်သူများအား တိုက်တွန်းခွန်အားပေးရာတွင် “ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏”(ရော…

သမ္မာကျမ်းစာ၏ ချိုမြိန်မှု

၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့စဥ်ခွန်အား(Our Daily Bread)စာစောင်တွင် ဒေါက်တာ အမ်အာရ်ဒီဟန်း ရေးသားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူ တစ်ပုဒ်ကိုဖော်ပြခဲ့သည်။ သူက ခရက်ကာဂျက်တံဆိပ် ပြောင်းဖူး‌ပေါက်ပေါက်သကြားလုံး ဘူးကြီးတစ်ဘူးကို မည်မျှလိုချင်ကြောင်း ရေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ၎င်းကို သမ္မာကျမ်းစာအား ဆာငတ်တောင့်တမှုနှင့် ဆက်စပ်ပြရန်ဖြစ်သည်။ သို့သော် ရက်သတ္တပတ်အနည်းငယ်အကြာ၌ သူ၏ရုံးခန်းသို့ ခရက်ကာဂျက် ပြောင်းဖူးပေါက်ပေါက်ဘူးများစွာ စတင်ရောက်လာသဖြင့် သူအံ့သြခဲ့ရသည်။ သစ္စာရှိသော ဝိညာဉ်ရေးရာခွန်အားပေးစာကို ဖတ်ရှုသူများ အားဖြင့် ခရက်ကာဂျက်ကို တောင့်တသည့် သူ၏ဆန္ဒပြည့်ဝခဲ့သည်။

သမ္မာကျမ်းစာ၌ ပုံမှန်အချိန်ပေးမြှုပ်နှံမှု အလေ့အကျင့်ကို လျစ်လျူရှုရန် အမြဲ လွယ်ကူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ပျားရည်ထက်ချိုသော” (ဆာ ၁၉:၁၀) အရာတစ်ခုကို တောင့်တရန် လိုအပ်သည်။ ဆာလံဆရာ ဒါဝိဒ်က ဘုရားသခင်၏ စကားများသည် “စုံလင်ဖြောင့်မတ်ပြီး စိတ်ဝိညာဉ်ကို လန်းဆန်းစေ”ကြောင်း၊ “ယုံကြည်စိတ်ချထိုက်ပြီး”…

ခရစ်တော်‌ ဖော်ဆောင်‌ပေးသော ပြောင်းလဲမှု

ကျွန်မ၏ဘယ်ဘက်မျက်လုံးအနီးတွင် ယားယံသောအရေပြားအကွက်တစ်ကွက် ပေါ်လာသောအခါ မိတ်ကပ်လိမ်း၍ ဖုံးကွယ်ခဲ့သည်။ ဤအရာက ကျွန်မ၏ ပြဿနာကို ယာယီဖုံးကွယ်ပေးခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရောင်ရမ်း နီရဲသောအစက်သည် မပျောက်ကင်းဘဲ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း ကျွန်မသိလိုက်သည်။ ဆရာဝန်နှင့်ချိန်းဆိုထားသောမနက်တွင် ပုံမှန်အတိုင်း မိတ်ကပ် လိမ်းရန် ကျွန်မသွေးဆောင်ခံရသော်လည်း မလိမ်းခဲ့ပါ။ ဆရာဝန်သည် ပြဿနာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ကာ ရောဂါကိုကုသပျောက်ကင်းရန် ကျွန်မအလိုရှိသောကြောင့် ဖြစ်သည်။

သင်သည် အပြစ်ပြဿနာတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားဖူးပါသလား။ အချို့သောလုပ်ရပ် (သို့) အတွေးများက သင့်ကို ထိန်းချုပ်နေကြောင်း သင်သိသော်လည်း ၎င်းအတွက် ဆုတောင်းခြင်း (သို့) မိသားစုနှင့် သူငယ်ချင်းများအား ပြောပြခြင်းကို မပြုလုပ်ဘဲ ရှောင်ရှားခဲ့ဖူးပါသလား။ အခြားသူများစွာလည်း အလားတူပြဿနာ များကို ရင်ဆိုင်နေရသောကြောင့် ၎င်းသည် ကြီးကြီးမားမားကိစ္စမဟုတ်ဟု သင်ထင်ကောင်းထင်နိုင်သည်။ သို့သော် အပြစ်သည် ကျွန်ုပ်တို့၏ဘဝကို လျှို့ဝှက်စွာ ညစ်ညမ်းစေသောအခါ ဝိညာဉ်ရေးရာတွင်…

မက်ဂလိုဒွန်ငါးမန်းနှင့် လဝိသန်

လွန်လေသောနှစ်များက ကျွန်ုပ်၏စာတိုက်ပုံး၌ ထူထဲသော အထုပ်တစ်ထုပ်ရောက်လာသည်။ အထုပ်ပေါ်ရှိ ပေးပို့သူလိပ်စာ၌ ကျွန်ုပ်အခင်ဆုံးသူငယ်ချင်း၏ လိပ်စာကို သတိပြုမိပြီးနောက် ကျွန်ုပ်ပြုံးလိုက်မိသည်။ ဂျိုးသည် ရံဖန်ရံခါ ကျွန်ုပ်ထံသို့ မျှော်လင့်မထားသောအရာများကို ပေးပို့တတ်သည်။ အထုပ်ကို သေသပ်စွာ ထုတ်ပိုးထားပြီး၊ အထုပ်ထဲ၌ ငါးလက်မအရှည်ရှိ အညိုရင့်ရောင် ငါးမန်းသွားတစ်ချောင်းပါရှိသည်။

၎င်းသည် သမိုင်းမတင်မီခေတ်မှ မက်ဂလိုဒွန် (Megalodon) ငါးမန်းတစ်ကောင်၏ကျောက်ဖြစ်ရုပ်ကြွင်းသွားဖြစ်ပြီး၊ ဧရာမငမန်းဖြူတစ်ကောင်ထက် အဆပေါင်းများစွာ ကြီးမားသောငါးမန်းဖြစ်ကြောင်း ဂျိုး၏စာ၌ ရှင်းပြထားသည်။ ထိုကဲ့သို့သောသွားများကို တန်းစီထားသော ငါး၏မေးရိုးသည် မည်မျှကြီးမားလိမ့်မည်ကို ကျွန်ုပ်တွေးကြည့်မိသည်။ အနံ ၉ ပေနှင့် အလျား ၁၁ ပေ ရှိမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းချက်ကြသည်။ ဤသတ္တဝါများသည် မည်မျှထူးခြားဆန်းကြယ်သော မြင်ကွင်းမျိုး ဖြစ်ခဲ့လိမ့်မည်နည်း။

သမ္မာကျမ်းစာက မက်ဂလိုဒွန်ငါးမန်းအကြောင်း မဖော်ပြထားပါ။ သို့သော် ယောဘဝတ္ထုတွင် ဘုရားသခင်သည် လဝိသန်ဟု ခေါ်သော ပင်လယ် သားရဲတစ်ကောင်ကို…

ဘုရားသခင်၏ခွန်အား

ခင်ပွန်းဖြစ်သူကွယ်လွန်သွားခြင်းက နိုရာအတွက် အပြောင်းအလဲကာလကို စတင်စေခဲ့သည်။ ခင်ပွန်း၏ကွန်ပြူတာပစ္စည်းလုပ်ငန်းကို ဆက်လက် ဦးစီးခဲ့ပြီး သူတို့၏ကလေးသုံးဦးကို သူမတစ်ဦးတည်း ပြုစုစောင့်ရှောက်ခဲ့သည်။ “အားယူ၍ ခိုင်ခံ့ပါ” ဟု မိတ်ဆွေများက သူမကို မကြာခဏ ပြောကြသည်။ သို့သော် ယင်းကဘာကိုဆိုလိုသနည်း။ မိမိ၏တာဝန်များကို ပျက်ကွက်ခြင်း မရှိဘဲ ထမ်းဆောင်ရမည်ဟုဆိုလိုပါသလားဟု သူမတွေးမိသည်။

ဣသရေလလူတို့၏ အပြောင်းအလဲကာလတွင် ဘုရားသခင်သည် ဩသံယေလအား ကြီးမားသောတာဝန်များကို အပ်နှင်းခဲ့သည်။ ရုပ်တုကိုးကွယ်မှု အတွက် ဒဏ်ခတ်ဆုံးမသည့်အနေဖြင့် ဘုရား သခင်သည် ဣသရေလပြည်အား မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၏လက်သို့ အပ်လိုက်ပြီး ဣသရေလ လူမျိုးတို့သည် ရှစ်နှစ်ကြာ သူ့လက်အောက်၌ ကျွန်ခံခဲ့ရသည် (သူကြီး ၃:၈)။ ထိုဘုရင်၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် ဣသရေလလူမျိုးတို့သည် “ထာဝရဘုရားထံသို့ အော်ဟစ်ခဲ့ကြပြီး”၊ “ဘုရားသခင်သည် သူတို့အတွက် ကယ်တင်သောသခင်အဖြစ် “ဘုရားသခင်၏ခွန်အား” ဟု အဓိပ္ပာယ်ရသောနာမည်ပိုင်ရှင် သြသံယေလကို ပေါ်ထွန်းစေတော်မူသည်…

ဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း

စိတ်ကူးယဉ်ဇာတ်လမ်းထဲမှ တိရစ္ဆာန်များနှင့် စကားပြောသူ ဒေါက်တာ ဒိုလီတဲလ်သည် စာအုပ်များ၊ ရုပ်ရှင်များနှင့် ပြဇာတ်များမှတစ်ဆင့် ပရိသတ်များကို ပျော်ရွှင်စေခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်အတွင်း ကြောက်မက်ဖွယ် ကတုတ်ကျင်းများကြားမှ သူ၏ကလေးများအတွက် ဒိုလီတဲလ်ပုံပြင်များကို စတင်ရေးသားခဲ့သူ စာရေးဆရာ ဟုဂျ်လော့ဖ်တင်အကြောင်းကို လူအနည်းငယ်သာ သိကြသည်။ စစ်အနိဌာရုံများကို ရေးသားရန်မှာ အလွန်ကြောက်မက်ဖွယ်ဖြစ်ခြင်းကြောင့် သူသည် ပုံပြင်များကိုသာ ရေးသားသရုပ်ဖော်ခဲ့သည်ဟု သူက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ စိတ်ကူးယဉ်ဆန်ပြီး နှစ်သက်ပျော်ရွှင်စရာများနှင့်ပြည့်သော ပုံပြင်များသည် စစ်၏ထိတ်လန့်ဖွယ်ရာများကို တွန်းလှန်ဖယ်ရှားသည့် လော့ဖ်တင်၏နည်းလမ်းပင်။

မတားဆီးနိုင်လောက်အောင် အားကြီးပြီး၊ ခြိမ်းခြောက်လျက် အရှက်ရ‌စေသော အင်အားစုများကို ဆန့်ကျင်ကာ လှုပ်ရှားနေသူတစ်ဦးကို မြင်တွေ့ရခြင်းက စိတ်ကို အားတက်ဖွယ်နှိုးဆော်သည်။ မတရားမှု၊ အကြမ်းဖက်မှုနှင့် လောဘတရားများ အောင်နိုင်သွားမည်ကို စိုးရိမ်သောကြောင့် ကြံ့ကြံ့ခံနိုင်ရည် သတ္တိကို ကျွန်ုပ်တို့အံ့သြလေးစားကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ မကောင်းမှုက ကမ္ဘာတစ်ခုလုံးကို အနိုင်ယူသွားမှာကို (ရော…

ခရစ်တော်အတွက် တပည့်တော်များဖြစ်စေခြင်း

ဘတ်စကတ်ဘော၏အစောပိုင်းရာသီတွင် ကျွန်မတို့ရပ်ကွက်ရှိ အလယ်တန်းကျောင်း၏ နည်းပြဆရာက သူ၏ကစားသမားများအား ဘောလုံးကို စွန့်စားပစ်သွင်းရန် အလွန်အမင်း ကြိုးစားစည်းရုံးနေခဲ့သည်။ “သွင်းလိုက်”ဟု ကွင်းဘေးမှ သူအော်ဟစ်ခဲ့သည်။ စိတ်အားထက်သန်နေသော သူ၏ကစားသမားများသည် ဘောလုံးကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဘောလုံးကို ရိုက်ပုတ်သယ်သွားခြင်းကိုလည်း သူတို့နှစ်သက်သည်။ သူတို့၏သံသယများ မရှင်းမီ ဘောလုံးပစ်ကာဂိုးသွင်းရန်ကြိုးစားရင်းနှင့်ပင် ရာသီတစ်ဝက်ကုန်သွားခဲ့သည်။ သို့သော် “ဂိုးသွင်းရန် ကြိုးစားခြင်း”က အနေအထားကို တစ်မူကွဲပြားစေခဲ့သည်။ သူတို့၏သံသယများကို စွန့်ပြီး သူတို့၏နည်းပြကို နာခံခြင်းဖြင့်၊ မကြာခဏ ပစ်မှတ်ကို လွှဲချော်ခဲ့သည့်တိုင် သူတို့အနိုင်ယူရန် သင်ယူခဲ့သည်။

တပည့်တော်ဖြစ်ရန် သခင်ယေရှု၏ခေါ်သံကို နာခံလိုက်လျှောက်နိုင်ရေး သံသယများကိုစွန့်ပစ်ရန် သခင် ကျွန်ုပ်တို့ကို သွန်သင်ခဲ့သည်။ “ယေရှုသည် အနီး အပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌…

ဘုရားသခင်၏နူးညံ့သောဂရုစိုက်မှု

မိခင်က သူမ၏မွေးကင်းစကလေးငယ်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး၊ သူမနှင့်အတူ ဆေးရုံသို့ ကျွန်မလိုက်သွားကာ မွေးကင်းစကလေးငယ် အထူးကြပ်မတ် ကုသဆောင်ဌာနတွင် ထိုင်စောင့်နေခဲ့သည်။ နည်းပညာအဆင့်မြင့် ဆေးဘက်ဆိုင်ရာဌာနတွင် ဆရာဝန်များက ကလေးငယ်၏ကျန်းမာရေးကို မြှင့်တင်ရန်နှင့် အားကောင်းစေရန် အလွန်ရိုးရှင်းသောညွှန်ကြားချက်ကို အကြံပြုထောက်ခံခဲ့သည်။ ထိုညွှန်ကြားချက်မှာ အသစ်စက်စက်မိခင်သည် သူမ၏သမီးငယ်ကို ရိုးရိုးလေး ပွေ့ချီသည့်အချိန်ကို တိုး၍ကြာကြာချီထားရန် ဖြစ်သည်။

ကလေးငယ်တစ်ဦးအား သက်သာစေသော နှစ်သိမ့်မှုမျိုးကိုပေးရန်မှာ မိဘ၏ ကြီးမားသောချစ်ခြင်းမေတ္တာနှင့် နူးညံ့သောကရုဏာမှတစ်ပါး အခြားမရှိပါ။ ဤသို့ အားကြီးသောပုံရိပ်မျိုးကို ဘုရားသခင်နှင့်သူ၏လူမျိုးများအား ပုံဖော်ထားသည့် ပရောဖက်ဟေရှာယ၏အနာဂတ္တိကျမ်းတွင် တွေ့နိုင်ပါသည်။

ဣသရေလလူမျိုးများသည် ဘုရားသခင်ကို ငြင်းပယ်သောကြောင့် ပြည်နှင်ဒဏ်ခံရမည်ဖြစ်ကြောင်း ပရောဖက်ပြုထားသည့်တိုင် (ဟေရှာယ၃၉:၅-၇) ဘုရားသခင်သည် သူတို့အား ချစ်သေးကြောင်းနှင့် အမြဲထောက်ပံ့မည်ဖြစ်ကြောင်း ဣသရေလလူမျိုးများအား ဟေရှာယပြောကြားခဲ့သည်။ ချစ်ခင်တတ်သောဖခင်ပမာ သူ၏ သိုးသူငယ်တို့ကို ချီ၍ ပွေ့ပိုက်တော်မူသည့် သိုးထိန်းအဖြစ် လှပစွာတင်စားသည့် ဥပမာတွင် ဘုရားသခင်၏သနားညှာတာမှုနှင့်…

ကရုဏာတော်အား လိုက်လံရှာဖွေခြင်း

သူမ၏ပရိသတ်များက သူမကို နိုက်ဘာဒီ(Nightbirdie)အဖြစ်သိကြသည်။ တေးရေးတေးဆို ဂျိန်းခရစ္စတင်မာ့ဇူစကီး (Jane Kristen Marczewski)သည် ၂၀၂၁ ခုနှစ်၌ နာမည်ကြီး စွမ်းရည်ပြတီဗွီရှိုးတစ်ခုတွင် ပရိသတ်အများအပြား ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သူမသည် ရင်သားကင်ဆာအဆင့် ၃ ဖြစ်နေကြောင်း သိခဲ့ရပြီး၊ ၂၀၁၈ တွင် ပြန်လည်သက်သာခဲ့သည်။ နေရာအနှံ့ ခရီးသွားခဲ့သော်လည်း လများစွာကြာပြီးနောက် ကင်ဆာရောဂါပြန်ပေါ်လာခဲ့သည်။ သူမတွင် ရှင်သန်ရန် အခွင့်အရေးအနည်းငယ်သာ ကျန်ရှိတော့သည်။ အံ့ဩစရာကောင်းသည်မှာ သူမပြန်လည်သက်သာလာခဲ့ပြီး၊ ကင်ဆာအရှင်းပျောက်ကင်းပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုက်ဘာဒီ ကွယ်လွန်သွားခဲ့သည်။

သူမ၏ခက်ခဲသောဘဝခရီးလမ်းတွင် “ဣသရေလလူမျိုးများအား ဆယ်စုနှစ်ပေါင်းများစွာ လမ်းပျောက်စေခဲ့သည့်ဘုရားထံ ကျွန်မဆုတောင်းနေတယ်ဆိုတာ ကျွန်မကိုယ်ကျွန်မ သတိပေးနေခဲ့တယ်။ သူတို့က မြန်မြန်ရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဘုရားသခင်က သူတို့ကို တောမှာ လှည့်လည်စေခဲ့တယ်။ သူတို့ မတောင်းတဲ့ဆုကို…

ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ

Katie Ledecky(ကေတီလဒက်ကီ)သည် သူအကျွမ်းကျင်ဆုံးရေကူးအားကစားဖြင့် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၏ မီတာ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ယှဥ်ပြိုင်ရင်း တစ်ကြော့ပြီးတစ်ကြော့ ကူးခတ်ခဲ့သည်။ သူမသည် ၁၅ မိနစ်ခန့် စောပြီး အခြားရေကူးသမားများ၏ရှေ့မှပန်းဝင်ခဲ့ပြီး တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေသည်။ ထိုတာဝေးရေကူးပြိုင်ပွဲတွင် လဒက်ကီသည် မည်သည့် အရာများကို တွေးနေသနည်း။ သူမ အိုလံပစ်စံချိန်သစ် တင်နိုင်ခဲ့ပြီး ရွှေတံဆိပ်ရခဲ့သည့်ပြိုင်ပွဲအပြီး ချက်ချင်းပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် လဒက်ကီ သည် သူမ၏လေ့ကျင့်ဖော်များအကြောင်း စဉ်းစားနေပြီး၊ ၎င်းတို့၏အမည်များကို စိတ်ထဲ၌ ရေရွတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာဝေးရေကူးသမားများသာ မှန်ကန်သောအရာများအပေါ် အာရုံစိုက်ရန် လိုအပ်သူများ မဟုတ်ပါ။ သခင်ယေရှု၌ ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းခရီးတစ်လျှောက်တွင် မိမိ၏အတွေးများကို စောင့်ထိန်းရန်လိုသည်။

တမန်တော်ရှင်ပေါလုသည် ဖိလိပ္ပိအသင်းတော်အား “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ဆုတောင်းပတ္ထနာပြု”ကာ၊ “သခင်ဘုရား၌ ဝမ်းမြောက် ရန်” ခွန်အားပေးခဲ့သည်(ဖိ၄:၄-၆)။ ရလဒ်အနေဖြင့် “အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည်…