ခရစ်တော်ကဲ့သို့ သဏ္ဌာန်တူခြင်း
၁၉၅၀ နှင့် ၆၀ ခုနှစ်ဖွား ကလေးတစ်ဦးအနေနှင့်၊ ကျွန်တော်သည် “အမေရိကန်၏ ဝါသနာ” ဟုခေါ်သော ဘေ့စ်ဘောခေတ်တွင် ကြီးပြင်းခဲ့သည်။ ပန်းခြံသို့သွားပြီး ဘေ့စ်ဘော ကစားရန်အရေး ကျွန်တော် စောင့်မနေနိုင်။ ကျွန်တော်တို့အသင်း၏ အမည် “GIANTS”ကို ရေးထိုးထားသည့် ဘေ့စ်ဘောဂျာစီအင်္ကျီကို ရရှိခဲ့ခြင်းက ကျွန်တော် အလွန်စိတ်လှုပ်ရှားပြီးပီတိဖြစ်ရသည့်အရာဖြစ်သည်။ ကျောနံပါတ် ၉ က ကျွန်တော့်ကို အခြားသူနှင့် ကွဲပြားစေသော်လည်း၊ တူညီသောအသင်းဝင်တစ်ဦးဖြစ်ကြောင်းပြနေသည့် ယူနီဖောင်းက ကျွန်တော်တို့ကို စည်းလုံးစေပါသည်။
မဿဲ ၅:၃-၁၀ မှ မင်္ဂလာတရားတော်တွင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သောသူများကို “ခရစ်တော်၏လက္ခဏာကို ဝတ်ဆင်သူများ” အဖြစ် ဖော်ပြထားသည်။ ကောင်းကင်နိုင်ငံတော်သည် ၎င်းတို့၏ဘုရင်နှင့်တူသည့် လက္ခဏာနှင့် သဘောထားကို ဆောင်ယူသူများဖြင့် ဖွဲ့စည်းထားသည်။ သခင်ယေရှု၏အဆိုအရ၊ “မင်္ဂလာရှိသော”သူများကို အပြင်ပန်း ပုံသဏ္ဌာန်၊ ကျန်းမာရေး၊ သို့မဟုတ် ဥစ္စာဓနတို့ဖြင့် မသတ်မှတ်ပါ။ ထိုအရာများထက် လူတစ်ဦး၏…
သန်းခေါင်ယံအချိန်၌ မိတ်ဆွေ
“အရာရာ မှားယွင်းလျက် စိတ်ပျက်ဖွယ်များကြုံရသည့်အခါ ညဥ့်သန်းခေါင်၌ သင်မည်သူ့ကို ဖုန်းခေါ်နိုင်မည်နည်း”။ လွန်ခဲ့သောနှစ်များစွာက ဤမေးခွန်းကို ပထမဆုံးကြားခဲ့စဥ် ကျွန်တော်တုန်လှုပ်ခဲ့သည်။ မိမိဒုက္ခရောက်ချိန်တွင် မိတ်ဆွေတို့ကို အားကိုး၍ရသည်အထိ မိတ်ဆွေများနှင့်ကျွန်တော့်ကြားတွင်ဆက်ဆံရေး ခိုင်မာမှု မည်မျှရှိပါသနည်း။ ကျွန်တော် အသေအချာ မသိခဲ့ပါ။
ကျမ်းစာတွင် မိတ်ဆွေဖွဲ့ခြင်းအကြောင်း များစွာပြောထားပြီး၊ မိတ်ဆွေတစ်ဦးကို နှုတ်လုံသူ (သု ၁၁:၁၃၊ ၁၆:၂၈)၊ အကြံဉာဏ်များပေးသူ (၂၇:၉) နှင့် စည်းစောင့်သူ (၂၅:၁၇) အဖြစ် ဖော်ပြထားသည်။ သို့သော် ဆက်ဆံရင်းနှီးမှု၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ သခင်ယေရှုလောက် အနက်ဖွင့်ကောင်းသူ မရှိပါ။ ကြော်ငြာလုပ်ငန်းအတွက် ကျွန်ုပ်တို့သည် ဈေးကွက်၊ အလုပ်ရှင်အတွက် ကျွန်ုပ်တို့သည် ဝန်ထမ်းများ ဖြစ်သော်လည်း၊ အရာခပ်သိမ်းကို အုပ်စိုးရှင်အတွက်မူ ကျွန်ုပ်တို့သည် “မိတ်ဆွေများ”ဖြစ်သည်(ယော ၁၅:၁၅)။ သူ၏ဆက်ဆံရေးကို ဘုရားသခင်ကို ချစ်ခြင်းနှင့် သူ၏စွန့်လွှတ်အနစ်နာခံခြင်း၌ တည်ဆောက်သည်ဟု သခင်ယေရှုဖော်ပြခဲ့သည် (:၁၃၊၁၅)။…
ဘုရားသခင်ထံမှ ထောက်ပံ့မှုရခြင်း
ကျွန်မတို့မိသားစုသည် အဖေ့ကို ဆေးရုံမှအိမ်သို့ပြန်ခေါ်လာခဲ့သည်။ သူ့ရောဂါက ဆေးမတိုးတော့ပါ။ ရုတ်တရက် အိပ်ရာထဲလဲပြီး အစာပိုက်တပ်ရခြင်းကြောင့် ၂၄ နာရီ ကုသစောင့်ရှောက်မှုအတွက် ကျွန်မတို့ ချိန်ညှိလုပ်ဆောင်နေရသည်။ ကျွန်မမိခင်၏အစာအိမ်ရောဂါအတွက်လည်း စီစဉ်နေရပြီး၊ အလုပ်၌ နားပူနားဆာလုပ်နေသည့် ဖောက်သည်များကိုလည်း ဖြေရှင်းနေရသည်။ စိတ်ပင်ပန်းလျက် တစ်နေ့တွင် ရေချိုးခန်း၌ တစ်ယောက်တည်း ရှိနေပြီး “အဘဘုရား၊ ကျွန်မကို ကူညီပါ။ ကျေးဇူးပြုပြီး ဒီနေ့ရက်တွေကို ကျော်ဖြတ်နိုင်ဖို့ ခွန်အားပေးပါ”ဟု ဘုရားသခင်ထံ အော်ဟစ်မိသည်။
ဒါဝိဒ်လည်း အခက်အခဲများကြောင့် စိတ်ပင်ပန်းခဲ့ရသည် (ဆာ ၅၅:၂-၅)။ သူ၏သား အဘရှလုံက ခမည်းတော်ကို ပုန်ကန်ခဲ့သည်။ အရင်းနှီးဆုံးမိတ်ဆွေက သူ့ကိုသစ္စာဖောက်ခဲ့သည်။ ယေရုရှလင်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုအတွက် အားကိုးရာမဲ့ကာ “ကြောက်ရွှံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန် ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိပါ၏” (:၅) ဒါဝိဒ်ပြောခဲ့သည်။
သို့သော် ဒါဝိဒ်သည် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည် (:၂၃)။…
မြင်တွေ့ရန်နှင့် အစေခံရန်
“တစ်ခါတစ်ရံ ဘဝမှာ ထိတ်လန့်တုန်လှုပ်စရာကို မြင်တွေ့ခဲ့ရပြီးရင် ကျွန်တော်တို့ဟာ အဲဒါကို လျစ်လျူရှုဖို့ မေ့ပျောက်ဖို့ ခက်တယ်” ဟု Alexander McLean(အလက်ဇဲန်ဒါး မက်လဲန်)က မိနစ် ၆၀ အင်တာဗျူးတစ်ခု၌ပြောခဲ့သည်။လန်ဒန်တောင်ပိုင်းသားမက်လဲန်သည် ယူဂန်ဒါနိုင်ငံ၌ ထောင်နှင့် နောက်ဆုံးအချိန် ရောက်နေသူများကို ထားသည့် ဆေးရုံများတွင် ကူညီလုပ်ကိုင်ရန် သွားရောက်ခဲ့စဥ်က အသက် ၁၈ နှစ်သာ ရှိသေးသည်။ ထိုနေရာတွင် သူမမေ့ပျောက်နိုင်သည့် မြင်ကွင်းတစ်ခုကို မြင်ခဲ့ရသည်။
အဘိုးအိုတစ်ယောက်သည် အိမ်သာဘေးတွင် အကူအညီမဲ့စွာဖြင့် လဲကျနေသည်။ မက်လဲန်က အဘိုးအိုကို ငါးရက်ကြာ ဂရုစိုက်ပေးခဲ့သော်လည်း သူသေဆုံးသွားသည်။
ဤအတွေ့အကြုံက မက်လဲန်၏ စိတ်စွမ်းအားကို မီးညှိပေးခဲ့သည်။ သူသည် ဥပဒေဘွဲ့ရယူပြီး အကူအညီလိုအပ်နေသူများကို ကူညီရန် အာဖရိကသို့ ပြန်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် အကျဉ်းသားများအတွက် ရပ်တည်ကူညီပေးသော Justice Defenders အဖွဲ့ကို တည်ထောင်ခဲ့သည်။
“လျစ်လျူရှု၍မရနိုင်သော”…
ကျွန်ုပ်တို့ယုံကြည်ခြင်းကို စစ်ဆေးခြင်း
အေဒီ ၃၀၄ တွင် ရောမဧကရာဇ် Maximian (မက်စီမီယန်)သည် Nicomedia (နစ်ကိုမေးဒီယာ)မြို့သို့ အောင်မြေ နင်းလျက် ဝင်ရောက်ခဲ့သည်။ အောင်ပွဲအတွက် နတ်ဘုရားများကို ကျေးဇူးတင်ရန် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်သည့် ခရစ်ယာန်ဘုရားကျောင်းမှ လူများမှလွဲ၍ လူတိုင်း မြို့တော်တွင် စီတန်းလှည့်လည်ကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မက်စီမီယန်သည် ဘုရားကျောင်းအတွင်းသို့ ဝင်လာပြီး ခရစ်တော်၌ ယုံကြည်ခြင်းကို စွန့်လွှတ်လျှင် အပြစ်ဒဏ်မှ လွတ်မြောက်မည်ဟု ရာဇသံပေးခဲ့သည်။ သူတို့အားလုံးက ရာဇသံကို ငြင်းပယ်ခဲ့၍ မက်စီမီယန်သည် ယုံကြည်သူများကို အထဲ၌ပိတ်လှောင်ပြီး ဘုရားကျောင်းကိုမီးရှို့ရန် အမိန့်ပေးခဲ့သောကြောင့် အားလုံးသေဆုံးခဲ့ကြသည်။
တမန်တော်ရှင်ပေါလုသည် ခရစ်တော်နောက်လိုက်လျှောက်ခြင်း၏ အဖိုး အခကို နားလည်သည်။ ၁ကော ၄ တွင် ဂရိနိုင်ငံ၊ ကောရိန္သုမြို့တွင် နေထိုင်သော ယုံကြည်သူများကို သူ၏သက်သေခံချက်ဖြင့် ရင်ဆိုင်ခဲ့သည်။ တမန်တော်များ သည် ယေရှုအတွက်နှင့် သူတို့အတွက် ဒုက္ခခံခဲ့ရကြောင်း၊…
ဘုရားသခင်သည် ကျွန်ုပ်တို့၏လုံခြုံသောနေရာ
ထိတ်လန့်ဖွယ် လေဆင်နှာမောင်းသတိပေးချက်ဝင်လာချိန်မှာ ကျွန်ုပ်တို့ ၁၅ နာရီကြာ ကားမောင်းလာစဥ် ညဥ့်နက်ချိန်ဖြစ်သည်။ ချက်ခြင်း အကာအကွယ်ယူသင့် သည်ဟု သတိပေးချက်နှင့် ချိန်ကိုက်ထားသကဲ့သို့ပင် ကောင်းကင်တွင် လျှပ်စီးပြက်ပြီး၊ လေကကားမှန်ကို တိုးဝှေ့ဖိတိုက်သွားသည်။ အဝေးပြေးလမ်းမကြီးမှ အမြန်မောင်း ထွက်ကာ ကွန်ကရစ်ဟိုတယ်အနီး၌ ကားရပ်လိုက်သည်။ အထဲသို့ ပြေးဝင်ရင်း ခိုလှုံရာနေရာကို ရှာတွေ့သောကြောင့် ကျေးဇူးတော်ချီးမွမ်းမိသည်။
ခိုလှုံစရာ လုံခြုံသောနေရာ လိုအပ်ကြောင်း အခက်အခဲများက ကျွန်ုပ်တို့အား သတိပေးသည်။ သုတ္တံ ၁၈:၁၀ တွင် “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏” ဟုပြောထားသည်။ “ထာဝရဘုရား၏နာမတော်”ဟူသောစကားစုသည် ဘုရားသခင် မည်သူဖြစ်သည်ကို အလုံးစုံဖော်ပြသည်ဟု ဓမ္မရေးရာပညာရှင်များကဆိုသည်။ ဘုရားသခင်ထံ ကျွန်ုပ်တို့ခိုလှုံသောအခါ ကိုယ်တော်၏ဖြစ်တည်မှုဂုဏ်တော်အားလုံးသည် လုံခြုံမှုကို ပေးပါသည်။ ဘုရားသခင်သည် သနားခြင်းကရုဏာရှိခြင်းကြောင့် ကျွန်ုပ်တို့ကို လှိုက်လှဲစွာကြိုဆိုသည်။ ကိုယ်တော်သည် ကောင်းမြတ်ခြင်းကြောင့် ကျွန်ုပ်တို့စကားကို နားထောင်သည်။ သူသည်…
ဘုရားသခင်ပေးအပ်သော ဆုကျေးဇူးများ
စိတ်ထိခိုက်ဆွတ်ပျံ့ဖွယ် Pilgrim: The Musical ဂီတပဒေသာတင်ဆက်မှုတွင် လီစာသည် သတ်မှတ်ထားသောနေရာတွင် ရပ်ကာ နားမကြားသူများအတွက် လက်သင်္ကေတ(Sign Language)ဖြင့် ဖျော်ဖြေမှုကို ခံစားမှုအပြည့်ဖြင့် ဘာသာပြန်ဆိုခဲ့သည်။ ယင်းဇာတ်လမ်းမှာJohn Bunyan ၏ The Pilgrim's Progress (ဓမ္မခရီးသည်)စာအုပ်မှ လူတစ်ဦး၏ယုံကြည်ခြင်းခရီးကို အခြေခံထားသဖြင့် လေးနက်လှပြီး လီစာ၏ဘာသာပြန်ခြင်းမှာလည်း ထိမိလှသည်။
သူမဘာသာပြန်ဆိုမှုနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ လီစာက “ဓမ္မခရီးသည်ကို တင်ဆက်ရခြင်းနဲ့ နားမကြားသူအတွက် ဘာသာပြန်ရတဲ့ အကြောင်းရင်းက လူတိုင်းဧဝံဂေလိတရားကို ကြားနိုင်ဖို့ဖြစ်တယ်။ နားမကြား သူတွေဟာ [အလွန်] လျစ်လျူရှုခံရတဲ့လူစုဖြစ်တယ်။ ပြီးတော့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ နားမကြားသူဦးရေရဲ့ ၂%အောက် လူနည်းစုကပဲ ယေရှုအကြောင်း ကြားသိရသေးလို့ နှလုံးကြေကွဲရပါတယ်”ဟု ပြောခဲ့သည်။ နားမကြားသူများ သခင်ယေရှုအကြောင်းသိနိုင်ရေးအတွက် သူမ၌ရှိသော ဆုကျေးဇူးကို လီစာ အသုံးပြုခဲ့သည်။
လီစာကဲ့သို့ပင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာကို သက်သေခံပြသရန်နှင့် အခြားသူများကို…
မှန်ကန်သောနေရာ၊ မှန်ကန်သောအချိန်
ဟိုတယ်တစ်ခုတွင် သူနာပြုညီလာခံကျင်းပနေစဉ် ဧည့်သည်တစ်ဦးမှာ ဧည့်ခန်း၌ နှလုံးရောဂါထဖောက်ခဲ့သည်။ ချက်ချင်းပင်၊ သူနာပြု ၂ ဒါဇင်ကျော်သည် ထိုသူ့အနားသို့ ရောက်လာပြီး အသက်ကယ်တင်ရန် လုပ်ဆောင်ခဲ့သည်။ ၎င်းဧည့်သည်သည် အချိန်မှန်၊ နေရာမှန်၌ရောက်နေသည့် သူနာပြုအားလုံးကို လွန်စွာမှကျေးဇူးတင်မိသည်။
ဧသတာသည် မှန်သောနေရာ၊ မှန်သောအချိန်တွင် ရှိနေခဲ့သည်။ သူမသည် ရှင်ဘုရင်ထံ၌ မျက်နှာသာရပြီး ဘုရင်၏ချစ်နှစ်သက်မှုကို ခံရကာ မိဖုရားအဖြစ် ရွေးချယ်ခံခဲ့ရသည် (ဧသ ၂:၁၇)။ သို့ရာတွင် ယုဒလူမျိုးများကို ခြိမ်းခြောက်သည့် အမိန့်တစ်ခုကြောင့် သူမ၏ဝမ်းကွဲအကိုမော်ဒကဲက ၎င်းတို့အား သေဘေးမှ ကယ်တင်ရန် သူမ၏ရာထူးကို အသုံးပြုပြီး ရှင်ဘုရင်ထံ အသနားခံရန် တိုက်တွန်းခဲ့သည်။ “ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကို ရသည်ဟု ထင်စရာ ရှိသည် မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏”(၄:၁၄)။ သူမ သည် ဤမကောင်းသောအကြံအစည်ကို ထုတ်ဖော်ရန် သူ့အသက်ကိုရင်းပြီး ဘုရင်ထံ…
သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှုဖြင့်
လမ်းပြအက်ပ်(App)မှ အမေရိကန်နိုင်ငံ Las Vegas(လပ်စ်ဗေးဂတ်စ်) မှ Los Angeles (လော့စ် အင်ဂျလိစ်) သို့ သွားရာ လမ်းခရီးကြာချိန်ကို ၁ နာရီ လျော့စေမည့်ဖြတ်လမ်းကိုပြသောအခါ Shelby Easler (ရှဲဘီ အက်စ်လာ)နှင့် သူ၏အစ်ကိုတို့သည် ထိုလမ်းညွှန်ချက်နောက် လိုက်ခဲ့သည်။ သို့သော် ထို“ဖြတ်လမ်း”မှာ ရွံ့ထဲတွင် နာရီပေါင်းများစွာ မောင်းနှင်ရပြီး၊ ကယ်လီဖိုးနီးယား ပြည်နယ် Mojave (မိုဂျေ့ဗ်)ကန္တာရ၏ သဲမုန်တိုင်း၌ သူတို့ နှစ်ဦးအချိန်အတော်ကြာ ပိတ်မိနေခဲ့သည်။ ထိုလမ်းမှ သူတို့လှည့်ပြန်နိုင်ခဲ့သော်လည်း ကြမ်းတမ်းသော လမ်းခရီးကြောင့် ကားပျက်စီးပြီး ကားဆွဲပြန်ခဲ့ရသည်။ ထိုလမ်းညွှန်ဆော့ဝဲ ဖန်တီးသူသည် မှားယွင်းသော လမ်းညွှန်ချက်များအတိုင်း သွားခဲ့သည့် ခရီးသွားများစွာတို့ကို တောင်းပန်ခဲ့သည်။
မည်သူထံမှ ကျွန်ုပ်တို့လမ်းညွှန်မှု ခံယူသည်က အရေးကြီးသည်။ ယေရှုကို ယုံကြည်သူများအနေနှင့်၊ သမ္မာတရားနှင့်စပ်လျဥ်း၍ ဦးဆောင်လမ်းညွှန်မှုအတွက် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးထားပါသည်။
ယေရှုသည်…
ဇွဲဖြင့် ဆုတောင်းခြင်း
Royston(ရွိုင်းစတန်)၏ သမီးဖြစ်သူ ဟန္နသည် ဦးနှောက်သွေးယိုခြင်းကြောင့် မေ့မြောသွားသောအခါ၊ သူနှင့် မိသားစုဝင်များသည် ဘုရားသခင်ထံ ကြိမ်ဖန်များစွာ ဆုတောင်းခဲ့သည်။ သူတို့သည် လအတန်ကြာ တိုင်အောင် စောင့်ဆိုင်းလျက်၊ တစ်ဦးနှင့်တစ်ဦးအပေါ်ဖေးမလျက်၊ ဘုရားသခင်အပေါ်လည်း ကိုးစားအမှီပြုခဲ့သည်။ ရွိုင်းစတန်က ပြန်ပြောင်းဆင်ခြင်ရင်း မိသားစုရဲ့ယုံကြည်ခြင်း နိုးကြားခဲ့ပြီး၊ “ဒီလို ဘုရားသခင်နဲ့ နီးစပ်တဲ့ ခံစားမှုကို ဘယ်တုန်းကမှ မခံစားဖူးဘူး”ဟုဆိုသည်။ ခက်ခဲသည့် စစ်ကြောမှုတစ်လျှောက် လုကာ ၁၈ မှ မုဆိုးမကဲ့သို့ သူတို့၏ မဆုတ်မနစ်ဆုတောင်းသော ယုံကြည်ခြင်းလည်း အသစ်ဖြစ်ခဲ့သည်။
“လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်း”ရန်(လု ၁၈:၁) တရားသူကြီးထံမှ တရားမျှတမှုကို အဆက်မပြတ်ရှာဖွေသော မုဆိုးမဥပမာကို ရွိုင်းစတန် ကိုးကားခဲ့သည်။ ထိုမုဆိုးမ၏ ထပ်တလဲတလဲ တောင်းဆိုမှုကြောင့် နောက်ဆုံးတွင် တရားသူကြီးမှာ စိတ်ပင်ပန်းလာကာ တရားစီရင်ပေးလိုက်ရတော့သည်။ ဘုရားသခင်သည် ဂရုမစိုက်တတ်သော တရားသူကြီးနှင့် မတူဘဲ “ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ်…