အမျိုးအစား  |  odb

အားတင်းထားပါ

ကျွန်တော့်ယောက္ခမသည် မကြာမီကမှ အသက် (၇၈)နှစ် ပြည့်သွားခဲ့ပြီး သူ့ကို ဂုဏ်ပြုရန် မိသားစုများစုရုံးသည့်ပွဲတွင် တစ်စုံတစ်ယောက်က သူ့ကို “အသက်တာထဲမှာ အဖေ သင်ယူရရှိခဲ့တဲ့ အရေးကြီးဆုံးအရာက ဘာများလဲ” ဟုမေးရာ “အားတင်းထားပါ” ဟူ၍ ဖြေခဲ့သည်။

‘‘အားတင်းထားပါ။’’ ရိုးရှင်းသလောက် အလွယ်တကူ မေ့ပျောက်သွားနိုင်သော စကားလေးဖြစ်ပါသည်။ သို့သော် ကျွန်တော့်ယောက္ခမသည် မျက်စိစုံမှိတ်ကာ အကောင်းမြင် ပေးခြင်း၊ အပြုသဘောတွေးခြင်း မဟုတ်ပါ။ သူ့ဘ၀တွင် နှစ်ပေါင်း ၇၀ ကျော်တိုင် ခက်ခဲကြမ်းတမ်းမှုများကို ခံရပ် ရင်ဆိုင်ခဲ့သည်။ မလျော့သော ဇွဲလုံ့လနှင့် သူရှေ့ဆက် နေခြင်းသည် အခြေအနေ ကောင်းလာမှာပဲဆိုသည့် မပီပြင် ဝေဝါးသောမျှော်လင့်ချက်၌ အခြေခံခြင်း မဟုတ်ဘဲ သူ့အသက်တာ၌ ခရစ်တော် အလုပ်လုပ်နေသည် ဟူသည့် စိတ်ချမှု၌ အခြေခံသည်။

သမ္မာကျမ်းစာ၌ အားတင်းထားခြင်းကို သည်းခံခြင်းဟု သုံးနှုန်းထားပြီး လူ့အစွမ်းအစဖြင့်တော့ မဖြစ်နိုင်ပါ။…

မုန်တိုင်းကြားမှ အကွယ်အကာ

ဇာတ်လမ်းအရ ၁၇၆၃ ခန့်က ငယ်ရွယ်သော တရားဟောဆရာလေးတစ်ဦးသည် အင်္ဂလန်ပြည် စိုးမားဆက် ရှိ တောင်ကမ်းပါးတစ်လျှောက်တွင် ခရီးသွားစဉ် မိုးသည်းထန်စွာ ရွာပြီး လျှပ်စီးပြက်သဖြင့် ဂူတစ်ခုအတွင်း၌ ပုန်းခိုခဲ့ရသည်။ သူသည် ချယ်တာဂေါ့ဂ်ျ ကျောက်ဆောင်များကို ကြည့်ရင်း ဘုရားရှင်၌ ရရှိသော အကာအကွယ်နှင့် ငြိမ်သက်ခြင်း ဆုကျေးဇူးအကြောင်းကို ဆင်ခြင်မိခဲ့သည်။ ထိုသို့ မိုးခိုရင်း “မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ ကိုယ်တော်အထဲ” ဟု အစချီသည့် “မြဲတည်ကျောက်ကျူး” ဓမ္မသီချင်းကို သူရေးစပ်ခဲ့သည်။

ဆရာ သြဂတ်စတပ် တော့လေဒီ သည် ဂူထဲ မိုးခိုရင်းမှ သီချင်းရေးစပ်စဉ် ကျောက်ကြား၌ ပုန်းအောင်းသည့် မောရှေအကြောင်းကိုများ စဉ်စားခဲ့လေသလားဟု ကျွန်မတို့ မပြောနိုင်ပါ (ထွက် ၃၃း၂၂)။ သို့မဟုတ် သူစဉ်းစားကောင်း စဉ်းစားခဲ့ပါလိမ့်မည်။ ထွက်မြောက်ရာကျမ်းတွင် မောရှေက ဘုရားရှင်ထံမှ သေချာသောအာမခံမှုနှင့် တုံ့ပြန်မှုကို ရှာဖွေခဲ့ကြောင်း…

ဟန်ဆောင်သူများအတွက် ဘုရားရှင်၏နှလုံးသား

၂၀၁၆ ခုနှစ် ခရစ်ကက်အားကစားပြိုင်ပွဲတွင် တောင်အာဖရိကမှ ကစားသမား တစ်ယောက်သည် ညစ်ခဲ့သောကြောင့် အခြားကစားသမားတစ်ဦးက “ကျွန်တော်တို့ အသင်းက လူတစ်ယောက်ယောက် အဲ့လိုလုပ်ရင် ကျွန်တော်အတော့်ကို စိတ်ပျက်မိမှာပဲ” ဟု ပြောခဲ့သည်။ သို့သော် နောက် ၂ နှစ်အကြာတွင် ထိုကစားသမားသည် အလားတူ အမှားမျိုး ကျူးလွန်ခဲ့သည်။

အချို့ကိစ္စများသည် ဟန်ဆောင်ဖုံးကွယ်လိုက်ခြင်း ထက် ပို၍နာကျင်မှုကို ဖြစ်စေသည်။ ကမ္ဘာဦးကျမ်း ၃၈ ၌ ဖော်ပြထားသည့် ယုဒအကြောင်းတွင် သူ၏ ပုန်းလျှိုးကွယ်လျှိုး လုပ်ရပ်၏ နောက်ဆက်တွဲရလဒ်သည် အလွန် အန္တရာယ်ကြီး သည်။ သူ့သားနှစ်ယောက်သည် တာမာကို လက်ထပ်ပြီး မကြာမီ သေဆုံးသွားသည့်နောက်တွင် ယုဒသည် သူမ၏လိုအပ်ချက်များကို ပံ့ပိုးရမည့်တာဝန်ကို မျက်ကွယ်ပြုကာ စွန့်ပစ်ခဲ့သည် (း၈-၁၁)။ တာမာသည် ကြံရာမရ စွန့်စားလျက် မကောင်းသောမိန်းမ ဟန်ဆောင်ပဝါခြုံကာ ယုဒလည်း သူနှင့်အိပ်ခဲ့သည်(း၁၅-၁၆)။

နောက်ပိုင်းတွင်…

ပြောသလို လိုက်လုပ်ပါ

ဘရိုင်ယန် သည် သူ့ညီမင်္ဂလာဆောင်တွင် ဧည့်ကြိုအဖြစ် တာဝန်ယူရမည် ဖြစ်သော်လည်း သူပေါ်မလာခဲ့ပါ။ မိသားစုများအပါအဝင် မင်္ဂလာပွဲ၌ ကျမ်းစာဖတ်ရမည့် သူ့ညီမ ဂျက်စမင် ကပါ သူ့ကို စိတ်ပျက်သွားသည်။ ဖြစ်သင့်ပါသည်။ မင်္ဂလာပွဲ၌ နာမည်ကြီး ကျမ်းပိုဒ်ဖြစ်သော ၁ကော ၁၃ ကို သူချောချောမောမော ဖတ်ပြနိုင်ခဲ့သည်။ မင်္ဂလာပွဲပြီးနောက် ဘရိုင်ယန် ၏မွေးနေ့ ရောက်လာသည်။ သူ့အား မွေးနေ့လက်ဆောင်ပေးရန် အဖေပြောသောအခါ သူမ ချီတုံချတုံဖြစ်ခဲ့သည်။ ချစ်ခြင်းမေတ္တာအကြောင်းကို ဖတ်ခြင်းထက် လက်တွေ့ကျင့်ဆောင်ခြင်းအရာက ပိုခက်ကြောင်း သူသိလိုက်ရသည်။ ထိုညနေမလွန်မီတွင် သူ့စိတ်ကို ပြင်လိုက်ပြီး “ချစ်ခြင်းမေတ္တာအကြောင်းကို ဖတ်ပြီး လက်တွေ့ မလိုက်လျှောက်နိုင်တဲ့အဖြစ်မျိုး အဖြစ်မခံနိုင်ကြောင်း’’ ဝန်ခံပြောဆိုခဲ့သည်။

နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး (သို့) နားထောင်ပြီး လက်တွေ့ကျင့်ဆောင်ရန် ခက်ခဲသည့်အဖြစ်မျိုး သင်ကြုံဖူးပါသလား။ သင် တစ်ဦးတည်း မဟုတ်ပါ။ ဘုရားစကားကို ဖတ်ရှုခြင်း၊ နားထောင်ခြင်းသည်…

သင့် ချပ်ဝတ်တန်ဆာကို ယုံပါ

သက်နုစာရေးဆရာဖြစ်သည့်အလျောက် စာအရေးအသား သင်တန်းများတွင် တခါတရံ မိမိကိုယ်ကိုမိမိ မရေရာမသေချာသလို ခံစားရသည်။ သင်တန်းခန်းမကိုကြည့်ပြီး လူထွားကြီးများအပြည့် (စနစ်တကျလေ့ကျင့်ထားသော စာရေးဆရာ (သို့) ဝါရင့် စာရေးဆရာများ) ရှိသောအခန်းဟုသာ မြင်မိသည်။ ကျွန်တော်က စနစ်တကျ သင်တန်းတက် လေ့ကျင့်ထားခြင်းမရှိ၊ ဝါရင့်စာရေးဆရာ တစ်ယောက်လည်း မဟုတ်ပါ။ သို့သော် ကျွန်တော်၌ ဘာသာစကားအယူအဆ၊ အသံနေအထား၊ ကာရံများနှင့် ဖွဲ့စည်းထားသည့် ကင်းဂျိမ်းစ်ဗားရှင်း အင်္ဂလိပ် သမ္မာကျမ်းစာကို နားလည်နိုင်သော စွမ်းရည်ရှိသည်။ ပြောရလျှင် ၎င်းသည် ကျွန်တော့်တွင်ရှိသော ချပ်ဝတ်တန်ဆာ ဖြစ်ပြီး ကျွန်တော်နှင့် အကျွမ်းတ၀င်ရှိသည်။ ၎င်းသည် ကျွန်တော်၏ စာရေးဟန်နှင့် လေသံကို ပုံဖော်ပေးသဖြင့် ကျွန်တော်ဝမ်းမြောက်မိသည်။ အခြားသူများအတွက်လည်း ဝမ်းမြောက်ခြင်းကို ဖြစ်စေမည်ဟု ကျွန်တော်မျှော်လင့်မိပါသည်။

ဒါဝိဒ်သည် ဂေါလျက်ကိုတိုက်ရန် ရှောလု၏ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်သောအခါ သူသည် မသေချာမရေရာစွာ ခံစားရမည်ဟု ကျွန်တော်တို့ မထင်မိပါ…

မိုးသက်မုန်တိုင်းကို ငြိမ်ဝပ်စေသူ

ဂျင်းမ် သည် သူ့လုပ်ဖော်ဆောင်ဖက်များကြားတွင် ရင်ဆိုင်နေရသည့် သဘောထား ကွဲပြားမှု၊ အလျင်စလိုဆုံးဖြတ်ဝေဖန်သည့်သဘောထားများ၊ နားလည်မှု လွဲမှားနေမှု စသည့် ပြဿနာများကို စိတ်ရှုတ်ထွေးပူပန်မှုဖြင့် ပြောပြသည်။ သူပြဿနာများကို တစ်နာရီနီးပါး စိတ်ရှည်စွာဖြင့် နားထောင်ပေးပြီးနောက် ‘‘ဒီအခြေအနေမှာ သခင်ယေရှုက ကျွန်မတို့ကို ဘာလုပ်စေချင်လဲဆိုတာသိရအောင် ဆုတောင်း
ရအောင်’’ ဟု သူ့ကို အကြံပေးလိုက်သည်။ ငါးမိနစ်ခန့် ကျွန်မတို့တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ထို့နောက် အံ့သြဖွယ်ရာတစ်ခုဖြစ်ပျက်ခဲ့သည်။ ဘုရားရှင်၏ ငြိမ်သက်ခြင်းက ကျွန်မတို့ နှစ်ယောက်လုံးကို စောင်ဖြင့် ဖုံးလိုက်သကဲ့သို့ လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရသည်။ သခင်၏မျက်မှောက်တော်နှင့် လမ်းပြမှုကို ခံစားလိုက်ရ သဖြင့် စိတ်သက်သာရာရသွားပြီး အခက်အခဲပြဿနာကို ပြန်လည် ရင်ဆိုင်ရန် ယုံကြည်မှုရှိသွားသည်။

သခင်ယေရှု၏တပည့်တော် ပေတရုသည် သူ့အားနှစ်သိမ့်သက်သာစေသော ဘုရားရှင်၏မျက်မှောက်တော်ကို လိုအပ်ခဲ့သည်။ တစ်ညတွင် သူနှင့်အတူ အခြားသော တပည့်တော်များ ဂါလိလဲအိုင်ကို ကူးဖြတ်စဉ် မိုးသက်မုန်တိုင်း…

ကြီးမားကျယ်ပြန့်သော မေတ္တာ

အမေရိကန်နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းတွင် အရှည် ၁၆ပေနှင့် ပေါင် ၃၅၀၀ ရှိသော ဧရာမငမန်းဖြူကြီး မေရီလီကို သမုဒ္ဒရာအကြောင်း မှတ်တမ်းရိုက်ကူးရေးအဖွဲ့ ဓာတ်ပုံဆရာများက ၂၀၁၂ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ ၎င်းရေပေါ်ပေါ်လာလျှင် သူ့ကျောရိုး ဆူးတောင်တွင် တပ်ဆင်ထားသော ထရန်စမစ်တာစက်မှထုတ်လွှင့်သည့် လှုပ်ရှားမှု ပုံရိပ်ကို ဂြိုလ်တုဆက်သွယ်ရေးမှတစ်ဆင့် ဖမ်းယူသည်။

ကမ်းရိုးတန်း အထက်အောက်တစ်လျှောက် မေရီလီ၏လှုပ်ရှားမှုပုံရိပ်များကို သုတေသီများမှအစ လှိုင်းစီးသူများပါမကျန် လူတိုင်းကြည့်ရှုလေ့လာခဲ့ကြသည်။ ၎င်း၏လှုပ်ရှားမှုကို မိုင်ပေါင်း ၄၀,၀၀၀ နီးပါးထိ လိုက်နိုင်ခဲ့ပြီး တစ်နေ့တွင်မူ အချက်ပြမှု ရပ်ဆိုင်းသွားသည်။
ဖြစ်နိုင်သည်မှာ သူ့ကိုယ်ပေါ် တပ်ဆင်ထားသောစက်၏ ဘက်ထရီ ကုန်သွားခြင်းကြောင့် ဖြစ်မည်။

လူ့အသိဉာဏ်နှင့် နည်းပညာများက အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။ မေရီလီကို စောင့်ကြည့်လေ့လာသူများ အဆက်ပြတ်သွားသော်လည်း ကျွန်ုပ်တို့၏ အသက်တာအချိန်တိုင်းကို သတိနှင့်ကြည့်ရှုသည့် ဘုရားရှင်၏စောင့်ကြည့်မှုမှ သင်နှင့်ကျွန်ုပ်တို့ မည်သို့မျှ မလွတ်မြောက်၊ မရှောင်တိမ်းနိုင်ပေ။ ‘‘ဝိညာဉ်တော်နှင့်…

မြေခွေးများကို လိုက်ဖမ်းခြင်း

ပထမဆုံးအကြိမ် အိမ်ထဲသို့ လင်းနို့ဝင်လာစဉ် ကံကောင်းတယ်မှတ်ဟုဆိုကာ လွတ်ပေး လိုက်သည်။ သို့သော် ညဘက်တွင် နောက်တစ်ကြိမ် ဝင်လာပြန်သည်။ ထိုအချိန်တွင် လင်းနို့အကြောင်းကို ကျွန်တော်ဖတ်ရှုပြီးပြီဖြစ်၍ ၎င်းတို့အား အလည်လာရန် အထူး ဖိတ်ခေါ်နေစရာမလို။ ဒင်္ဂါးစေ့အရွယ် အပေါက်လေး ရှိရုံမျှဖြင့် သူတို့ဝင်လာနိုင်ကြောင်း သိရပါသည်။

သို့နှင့် ကျွန်တော်လည်း အပေါက်ဖာသည့် ကရိယာ ကိုင်ပြီး အိမ်ပတ်လည်တွင် တွေ့သမျှအပေါက် သေးသေး မှန်သမျှကို လိုက်ပိတ်ခဲ့သည်။

ရှောလမုန်သီချင်း ၂း၁၅ တွင်လည်း ပြဿနာရှာ တတ်သော သတ္တဝါအကြောင်းကို ရှောလမုန်မင်း ဖော်ပြကာ စပျစ်နွယ်ပင်တို့ကို ဖျက်ဆီးတတ်သော မြေခွေးလေးများ၏ အန္တရာယ်ကို ရေးထားသည်။ ၎င်းသည် ပေါင်းသင်း ဆက်ဆံရေးကို ဝင်ရောက်ဖျက်ဆီးတတ်သော ပြဿနာများ အကြောင်း တင်စားပြောခြင်းဖြစ်သည်။

လင်းနို့ချစ်သူနှင့် မြေခွေးချစ်သူများကို အပြစ် မပြောလိုပါ။ သို့သော် လင်းနို့ကို အိမ်အပြင်သို့ မောင်းထုတ်ခြင်းနှင့်…

စားပြီးရင် စားပါ

ကာရီ နှင့် ပေါလ် တို့လက်ထပ်ခါစက သူတို့တစ်ယောက်မျှ မချက်တတ် မပြုတ်တတ် ကြပါ။ တစ်ညတွင် ကာရီ သည် စပါကတီ စမ်းချက်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး အများကြီးချက်မိသဖြင့် လင်မယားနှစ်ယောက်လုံး နောက်နေ့ညစာအထိ စားလိုက် ရသည်။ တတိယမြောက်နေ့တွင် ပေါလ် က သူချက်ပေးမည်ဟုပြောပြီး ပါစတာနှင့် ဟင်းအနှစ်ကိုပါ နှစ်ဆတိုးချက်လိုက်သည်။ ထိုအိုးကြီးသည် စနေတနင်္ဂင်္နွေထိပါ ခံမည်ဟု မျှော်လင့်ထားကြသည်။ လင်မယားနှစ်ယောက်လုံး ထိုနေ့ညစာစားချိန်တွင် ကာရီ က “ငါ စပါကတီ စားရတာ ငြီးငွေ့လာပြီ”ဟု ပြောပါသည်။

ဣသရေလလူတို့လည်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်တစ်မျိုးတည်းကို မည်သို့စားခဲ့ကြမည်ကို စဉ်းစား ကြည့်ပါ။ နံနက်တိုင်း ဘုရားရှင်ပြင်ဆင်ပေးသော “အကောင်းစားအစာ”ကို လိုက်လံကောက်သိမ်း ကြရသည် (မနက်ဖြန်နေ့သည် ဥပုသ်နေ့ မဟုတ်ပါက အပိုကောက်၍ မရပါ၊ ထွက် ၁၆း၂၃-၂၆)။ သူတို့သည် မုန့်ကို ပေါင်းချင်ပေါင်း၊…

အသင့်ရှိနေသော ဖြေဆေး

ဘာအာမီယံ ရှေးဟောင်းသစ်တောကြိုးဝိုင်း၌ လမ်းပြနောက်လိုက်ရင်း သူပြောပြသည့် အပင်များအကြောင်းကို ကျွန်မမှတ်စုလိုက်မှတ်သည်။ ရှောင်ရမည့်အပင်အကြောင်း ပြောပြရာ၌ အဆိပ်သစ်ပင်၌ အမဲရောင်အစေးများရှိပြီး ၎င်းကို ထိမိပါက နာကျင်မှုနှင့် အနီကွက်ထကာ ယားယံမှုကို ဖြစ်စေနိုင်ကြောင်း၊ သို့သော် ပူစရာမရှိပါ။ အဆိပ်ဖြေသည့် အပင်ကို အဆိပ်ပင်၏အနီးတွင် စိုက်ပျိုးထားသည်။ ထိုအပင်၏ အခေါက်နီနီကို ခွာလိုက်ပြီး ထွက်လာသည့် အစေးဖြင့် အနီကွက်ထသည့် နေရာကို ပွတ်လိမ်းပေးခြင်းဖြင့် ချက်ခြင်းသက်သာလိမ့်မည်ဟု ပြောပြသည်။

ကျွန်မ၏ခဲတံလွတ်ကျသွားမတတ် ကျွန်မအလွန် အံ့သြခဲ့ရသည်။ ဤသစ်တောထဲ၌ ကယ်တင်ခြင်းကို ပုံဆောင်သည့်အရာ တွေ့ရလိမ့်မည်ဟု မထင်ခဲ့ပါ။ သစ်ခေါက်နီအပင်၌ သခင်ယေရှုကို ကျွန်မမြင်ခဲ့သည်။ အပြစ်အဆိပ်သင့်သည့်နေရာ၌ ကိုယ်တော်သည် အသင့် ရှိနေသော ဖြေဆေးဖြစ်သည်။ သစ်ခေါက်နီနီကဲ့သို့ပင် သခင် ယေရှု၏ အသွေးတော်သည် အနာငြိမ်းစေပါသည်။

လူသားတစ်မျိုးနွယ်လုံးသည် အနာငြိမ်းခြင်းကို လိုအပ်နေကြောင်း ပရောဖက် ဟေရှာယ သိနားလည်သည်။ ယားယံသောအပြစ်…