အမျိုးအစား  |  odb

ဆုတောင်းပေးခြင်းအားဖြင့် တစ်ပါးသူကို ချစ်ခြင်း

“အမေသာ ကျွန်တော့်အတွက် ဆုတောင်းမပေးခဲ့ရင် ဒီကနေ့ ကျွန်တော်ဘယ်မှာ ရှိနေမလဲ ဆိုတာ ကျွန်တော်ကိုယ်တိုင် မသိဘူး။ သေသွားကောင်းလည်း သေသွား နိုင်တယ်”ဟု ကျွန်တော့်သူငယ်ချင်း ရာဟင်းမ်(Rahim)က ပြန်ပြောင်းပြောပြသည်။ သူသည် ယခင်က မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ထောင်ကျခဲ့ဖူးသည့် ဆေးသမား ဖြစ်သည်။ ကျွန်တော်တို့ ကော်ဖီဆိုင်၌ ထိုင်ရင်း သူက သူ့မိခင်၏ ဆုတောင်းချက်က သူ့အသက်တာကို မည်သို့ ထူးခြားပြောင်းလဲစေခဲ့သည်ကို ပြောပြသည်။ “အမေ့ကို ကျွန်တော်ဘယ်လောက်ပဲ စိတ်ပျက်ခဲ့ပျက်ခဲ့၊ သူက ကျွန်တော့်ကို ချစ်မြဲချစ်ပြီး ကျွန်တော့်အတွက် အမြဲ ဆုတောင်းပေးခဲ့တယ်။ ကျွန်တော်အတော့်ကို ဒုက္ခရောက်ခဲ့ပြီး၊ အမေသာ ဆုမတောင်းပေးခဲ့ရင် ကျွန်တော့်ဘဝက ပိုဆိုးမယ်ဆိုတာ ကျွန်တော်သိတယ်”ဟု သူက ဆိုသည်။

ဓမ္မရာဇဝင်ပထမစောင်၌ တစ်ပါးသူနှင့် ဘုရားသခင်အပေါ်ဆုတောင်းခြင်း အားဖြင့် သစ္စာရှိခဲ့သူ ပရောဖက်ရှမွေလအကြောင်း ပြောထားသည်။ ဣသရေလ လူမျိုးတို့သည် ၎င်းတို့၏အနာဂတ်အတွက် ဘုရားသခင်ထက်…

အိပ်မပျော်ဘူးလား

ကျွန်တော့်သူငယ်ချင်းက သူကောင်းကောင်းအိပ်မပျော်ဟု ရင်ဖွင့်သည်။ သူအိပ်မပျော်ခြင်းသည် ခက်ခဲသော မိသားစုအခြေအနေနှင့် ဆက်စပ်နေသည်။ ဖြစ်ချင်‌တော့ သူပြောသည့်နေ့သည် လူကြီးဆန်းဒေးစကူးအတန်းတွင် ဆာလံ ၃ ကို ဆွေးနွေးရန် ကျွန်တော် ပြင်ဆင်လာသည့်နေ့ဖြစ်နေသည်။

ဆာလံ ၃ တွင် ဒါဝိဒ်မင်း၌လည်း ကျွန်ုပ်တို့အများစုကဲ့သို့ အိပ်မပျော်ခြင်းကို ဖြစ်စေမည့် မိသားစုပြဿနာတစ်ခုရှိခဲ့သည်။ သူ၏သားတော် အဗရှလုံသည် သူ့ကိုဖြုတ်ချပြီး ထီးနန်းလုယူရန် သူ၏အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဒါဝိဒ်၏ဣသရေလနိုင်ငံအုပ်ချုပ်မှုကို အနှောင့်အယှက်ပေးနေသည်။

ဒါဝိဒ်သည် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည်။ “ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ပါသွားပါပြီ” ဟု သတင်းကြားရပြီးနောက် သူသည် ယေရုရှလင်မြို့မှ ထွက်ပြေးခဲ့သည် (၂ ရာ ၁၅:၁၃)။ ဆာလံ ၃:၁ တွင် “အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည် မည်မျှရှိတော်မူသနည်း” ဟု ဒါဝိဒ်က သူ၏အခြေအနေကို ဖော်ပြသည်။

သို့သော် ငြိမ်သက်ခြင်းကို ဒါဝိဒ် မည်သို့တွေ့ရှိခဲ့သည်ကို သတိပြုပါ။…

အဘွား၏ဆုတောင်းချက်များ

လွန်ခဲ့သောနှစ်ပေါင်းများစွာက မိသားစုပြန်လည်ဆုံဆည်းမှုတစ်ခုတွင် ကျွန်မအမေက သူမရေးခဲ့သောစကားအချို့ကို ဝေမျှခဲ့သည်။ ကျွန်မ တစ်ခါမျှမတွေ့ဖူး ခဲ့သော်လည်း မကြာခဏ အမေ့ပြောသံကို ကြားရလေ့ရှိသည့် သူမ၏အဖွားအကြောင်းကို အမေက ဂုဏ်ပြုပြောဆိုခဲ့သည်။ မာမာဆူဇန်သည် “အရုဏ်မတက်မီ” အိပ်ယာထကာ အိမ်သူအိမ်သားများအတွက် ဆုတောင်းပေးသည်ကို သတိရကြောင်းကို အမေရေးခဲ့သည်။ ၎င်းသည် အမေ့ဘဝ၌ ထူးခြားစွာ သက်ရောက်မှုရှိ စေခဲ့သော အမှတ်တရတစ်ခုပင်။ ဘွားဘွားကြီးကို ကျွန်မ မတွေ့ဖူးခဲ့သော်လည်း ယနေ့အထိ ထိုအရာကို ကျွန်မစွဲမြဲမှတ်မိနေဆဲဖြစ်သည်။

ဤဖော်ပြချက်သည် သုတ္တံကျမ်း ၃၁ မှ အမျိုးသမီးကို အမှတ်ရစေသည်။ သူမသည် “မိုးမလင်းမီ” ထလျက်(: ၁၅) မြင်သာသောနည်းများဖြင့် သူမ၏မိသားစုကို ပြုစုစောင့်ရှောက်ခဲ့သည်။ သူမချစ်သောသူများကို စောင်မရန် ဟူသည့် အချက်တစ်ခုတည်းဖြင့် မိသားစုအတွက် အစားအစာ ပြင်ဆင်ခြင်း၊ မြေဝယ်ခြင်း၊ စပျစ်ခြံစိုက်ခြင်း၊ အမြတ်အစွန်းရအောင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ အချုပ်အလုပ်နှင့် အခြားသောလုပ်စရာများစွာကို ပြီးစီးလုပ်ဆောင်ရန်ရှိသည်။…

မထင်မှတ်ထားသော အနှောင့်အယှက်

မာနူဝဲလ်(Manuel)သည် ဘုရားကျောင်းတက်ရန်နောက်ကျနေပြီး၊ မီးနီတွင် ပိတ်မိနေခဲ့သည်။ စိတ်မရှည်စွာ စောင့်ဆိုင်းနေစဉ်တွင် အကူအညီမဲ့နေသော ယာဥ်မောင်းအမျိုးသမီးတစ်ဦးမှာ ကားဘီးလဲရန် ကြိုးစားနေသည်ကို သူ့သမီးက သတိပြုမိပြီး၊ “ဒယ်ဒီက ကားဘီးလဲတာကျွမ်းတယ်။ သူမကို ကူညီသင့်တယ်”ဟု ပြောလိုက်သည်။ ပိုနောက်ကျတော့မည် ဖြစ်သော်လည်း၊ ဤအရာသည် အံ့ဖွယ်ဘုရားသခင် ချိန်းချက်ပေးမှုဖြစ်ကြောင်း မာနူဝဲလ် သိသည်။ သို့နှင့် သူသည် ထိုအမျိုးသမီးကို အကူအညီပေးခဲ့ပြီး၊ ဘုရားကျောင်းသို့ပင် ဖိတ်ခေါ်ခဲ့သည်။

တမန်တော် ၁၆ တွင် ပေါလုနှင့် သိလတို့သည် ကြားဝင်နှောင့်ယှက်လာမှုတစ်ခုကို ရင်ဆိုင်ခဲ့ရပြီး၊ နတ်ဆိုးဝင်နေသည့် ကျွန်မိန်းကလေးတစ်ဦးက သူတို့အား အဆက်မပြတ် အော်ဟစ်နေသည် (:၁၇)။ ရှင်ပေါလုသည် ရက်အတန်ကြာ သည်းခံခဲ့ပါသည်။ နောက်ဆုံးတွင် သူသည် အလွန်စိတ်မသာလျက် “သင်သည် သူ၏အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ (:၁၈)”ဟု ထိုနတ်ဆိုးအား ဆိုလေ၏။

ရှင်ပေါလုသည် သူအဆင်မပြေသည့်တိုင်…

မြေခွေးလေးများကို ဖမ်းကြလော့

“ဒါက စပျစ်နွယ်ပင်ကို ဖျက်ဆီးတဲ့မြေခွေးလေးတွေလေ” ဟု အဖွားပြောလေ့ရှိသည်။ ကျွန်တော့်အမေလည်း ထိုနည်းနှင်နှင် ပြောခဲ့သည်။ ယခုတွင် ထိုစကားကို သားသမီးများအား ကျွန်တော်ပြောပြသည်။ သို့သော် “မြေခွေးလေးများ”ကို သတိပြုဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။

စပျစ်ပင်များကို စိုက်ပျိုးပြီးပါက အသီးသီးရန် နှစ်များစွာကြာနိုင်သည်။ စပျစ်နွယ်ပင်များကို စိတ်ရှည်ရှည်နှင့် ပြုစု၊ ရေလောင်း၊ ဖြတ်တောက်ပေးရပြီး၊ ၎င်းတို့အတွက် အကာအကွယ်များစွာ လိုအပ်သည်။ မြေခွေးများသည် သေးငယ်သော်လည်း အမြစ်များကို ဖျက်ဆီး၊ စပျစ်သီးများစားပစ်၊ သို့မဟုတ် အညှာကို ဝါးစားခြင်းဖြင့် ကြီးမားသောပျက်စီးမှုကို ဖြစ်စေနိုင်သည်။

ရှောလမုန်သီချင်းမှ ကဗျာဆန်သောအချစ်ဇာတ်လမ်းတွင် ရှောလမုန်က “စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ငါတို့ဖို့ ဖမ်းကြလော့”(၂:၁၅)ဟု သတိပေးသည်။ အချို့သောဓမ္မပညာရှင်များက ဤအရာသည် မစစ်ကြောမိပါက လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့၏ ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်သည့် သေးငယ်သည်ဟု ထင်ရသောပြဿနာများ (သို့) အပြုအမူများကို…

ကျွန်ုပ်တို့၏ ဦးစားပေးရာ ခရစ်တော်

“ကျွန်တော်တို့၏နိုင်ငံလုံးဆိုင်ရာ အသင်းတော်ခေါင်းဆောင်မှုညီလာခံ၌ ဆရာ့အား အဓိကဟောပြောသူအဖြစ် ဖိတ်ခေါ်၍ ရပါမည်လား” ဟု နာမည်ကြီးအဖွဲ့အစည်းမှ ဖိတ်ခေါ်ချက်ကို ဟိုစေး(Jose) ဖတ်ပြီးနောက်၊ “ကျေးဇူးပြုပြီး အဲဒီကိစ္စအတွက် ကျွန်တော်အရင်ဆုတောင်းပါရစေ”ဟု ပြန်ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ ထိုကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက်၊ “ဘုရားသခင်က ကျွန်တော့်ကို သာသနာလုပ်ငန်းတစ်ခုမှာ စာတည်းအလုပ်လုပ်ဖို့ ခေါ်နေတယ်ဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ ဟောပြောတဲ့အလုပ်က အချိန်ယူပြင်ဆင်ရမယ်၊ အစွမ်းစိုက်ထုတ်ရမယ်လေ၊ ဘုရားသခင်လုပ်စေချင်တဲ့အရာကို လုပ်နိုင်ဖို့ ကျွန်တော်ငြင်းလိုက်တာ” ဟု မိတ်ဆွေတစ်ဦးကို ပြောပြခဲ့သည်။

‘ဘုရားသခင် ကျွန်တော့်ကို လုပ်စေချင်သည့်အရာ’ သည် ဟိုစေး၏ဦးစားပေးဖြစ်ပြီး၊ သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်။ သခင်ယေရှုလည်း ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ဦးစားပေးအဖြစ် ထားရှိခဲ့သည်။ ကပေရနောင်မြို့၌ မကျန်းမာသူနှင့် နတ်ဆိုးစွဲနေသူရှိသမျှတို့ကို သက်သာစေတော်မူပြီးနောက် “နံနက်အချိန်၊ မိုးမလင်းမီ ယေရှုသည် တောအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူ၏” (မာ ၁:၃၂-၃၅)။ တပည့်တော်များက ရောက်လာပြီး…

ချီးကျူးထိုက်သူအား ချီးကျူးပါ

အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု၏ ‌ရွှေရတုပွဲနှင့် ထိုသို့ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့သူများ၊ အထူးသဖြင့် ထိုအဖွဲ့၌ ဆယ်စုနှစ်များစွာပါဝင်ခဲ့သူ များကို ဂုဏ်ပြုရန် ရွှေရောင်ခန်းမကြီး၌ ဧည့်သည်များနှင့် ပြည့်နေသည်။ လုပ်အားပေးပါဝင်သူများ၏ အချိန်မြောက်များစွာ နှင့်ထောက်ပံ့ငွေဒေါ်လာသန်းပေါင်းများစွာကို သုံးခဲ့သော်လည်း ဘုရားရှင် မပါလျှင် သူတို့အောင်မြင်မှုရမည်မဟုတ်ဟု တည်ထောင်သူတစ်ဦးက ကျေးဇူးတင်စိတ်ဖြင့် ဝေမျှခဲ့သည်။ လူများစွာ၏ အားစိုက်ထုတ်မှုမှန်သော်လည်း လူ၏ကြိုးပမ်းမှုထက်၊ ဘုရား၏မစမှုဖြင့်သာ တိုးတက်လာသည်ဟု သူက ထပ်ခါထပ်ခါ ပြောကြားခဲ့သည်။

ကောင်းမြတ်သောဆုကျေးဇူးများသည် ဘုရားသခင်နှင့်ဆိုင်ကြောင်းကို သိမှတ်ရန် အရေးကြီးကြောင်း ဒံယေလနားလည်သည်။ နေဗုခဒ်နေဇာမင်းသည် အနာဂတ်နှင့်ဆိုင်သည့်အိပ်မက်ကို မြင်မက်ပြီး၊ အိပ်မက်နှင့် အိပ်မက် အနက်ကို ပြောပြဖွင့်ပြရန် ဗာဗုလုန်တစ်ပြည်လုံးရှိ ပညာရှိများကို ဆင့်ခေါ်ခဲ့သည်။ ပညာရှိများသည် စိတ်ပျက်လျက် မင်းကြီး၏အမှုအရာကို ဖြေနိုင်မည့်သူ မြေကြီးပေါ်မှာ တစ်ယောက်မျှ မရှိ။ သဘာဝလွန်တန်ခိုးရှိမှသာ ဖြေနိုင်မည်ဟု ဆန္ဒဖော်ထုတ်ကြသည်(ဒံ ၂:၁၀-၁၁)။ ဒံယေလကလည်း သူတို့နှင့် သဘောတူလျက် မင်းကြီးမေးမြန်းသောအရာကို…

ကယ်တင်တော်မူသောဘုရား

စကော့တလန်နိုင်ငံ၊ ဘရိုရာ(Brora)ရွာလေးရှိ ကြမ်းတမ်းသောချောက်ကမ်းပါး များအောက်၌ သိုးလေးတစ်ကောင်မှာ ကယ်သူမဲ့နေသည်။ မတ်စောက်သောကျောက်ဆောင်က တစ်ဘက်၊ အခြားတစ်ဘက်တွင် ကြီးမားသော သမုဒ္ဒရာတို့ ဝန်းရံထားသည့် ချောက်ကမ်းပါး၌ ထိုသိုးလေး ပိတ်မိနေခဲ့သည်မှာ ၂ နှစ်ရှိခဲ့ပြီ။ ၎င်းကို ကယ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ခိုင်မာသော လယ်သမားကြီး ကမ်မီဝီလ်ဆင် နှင့်သူငယ်ချင်းလေးဦးတို့သည် အန္တရာယ်များသည့်ကယ်ဆယ်ရေးမစ်ရှင်ကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။ သိုးလေးကိုကယ်ရန် ကယ်ဆယ်ရေး အဖွဲ့ဝင်သုံးဦးသည် သတ္တိများစွာမွေးပြီး၊ ချောက်ကမ်းပါးအောက်ဘက် ပေ ၈၂၀ နီးပါးအထိ ဝန်ချီစက်ကို သုံးကာ သတိကြီးစွာဖြင့် ဆင်းခဲ့ရသည်။

စိတ်ဓာတ်ခိုင်မာပြီး သနားတတ်သော လယ်သမားနှင့် သူ၏အဖွဲ့တို့သည် ယေရမိ ၂၃:၁-၃ မှ ကျွန်ုပ်တို့၏ချစ်သော အဘဘုရား၏သနားခြင်း ကရုဏာတော်ကို ထင်ဟပ်ပုံဖော်နေသည်။ ယုဒပြည်ရှိ ဆိုးညစ်သောခေါင်းဆောင်များအား “(ဘုရားသခင်၏)သိုးခြံထဲမှသိုးများကို ဖျက်ဆီးလျက် ကွဲလွင့်စေခဲ့သည့်” သိုးထိန်းများဟု ယေရမိ ပြစ်တင်ရှုတ်ချခဲ့သည်(:၁)။ ကယ်ရာမဲ့နေသည့်…

ရစ်ပတ်နှောင့်ယှက်လျက်ရှိသော

ကျွန်မ၏ခြံ၌ ဖရဲသီးနွယ်ပင်များ ဖုံးလွှမ်းနေသည်။ ကျောက်ခင်းလမ်းတစ်လျှောက် မြွေလိမ်မြွေကောက်ပေါက်ကာ ခြံစည်းရိုးပေါ်တွယ်တက်ပြီး ကျွန်မအနှစ်သက်ဆုံး ဟင်းသီးဟင်းရွက်ပင်များကို ရစ်ပတ်လွှမ်းမိုးရန်ကြိုးစားခြင်းက အဆိုးဆုံးဖြစ်သည်။ ခြံမရှင်းပါက စိုက်ပျိုးပင်များ ရှင်သန်ကြီးထွားနိုင်မည်မဟုတ်ဟု ကျွန်မသိသည်။ ထို့ကြောင့် တစ်ညနေခင်းတွင် သီးပင်စားပင်များ၌ ရစ်ပတ်ခွေနေသည့်နွယ်နှာမောင်းများကို ဖယ်ရှားပေးခဲ့သည်။ နွယ်ခွေများ ပြန်ခေါင်းထောင်လာတိုင်း သီးပင်စားပင်များ ကြီးရင့်ကာ ဖွံ့ထွားသည့်ခရမ်းချဥ်သီးနှင့် ဝင်းပြောင်သည့် ပန်းငရုတ်များသီးပွင့်လာချိန်အထိ ထိုနွယ်ခွေများကို ဖယ်ရှားရှင်းလင်းခဲ့သည်။

ကျွန်မ၏ဥယျာဥ်ကို လွှမ်းမိုးရန်ကြိုးစားခဲ့ကြသည့် နွယ်ပင်များကဲ့သို့ပင် လောဘကြီးခြင်း၊ တပ်မက်စွဲလမ်းခြင်းနှင့် အမုန်းပွားခြင်းကဲ့သို့သော အပြစ်များသည် ကျွန်မတို့၏ဘဝများကို လွှမ်းမိုးထိန်းချုပ်နိုင်ပါသည်။ ဂရုမစိုက်ဘဲ ဤအတိုင်းပစ်ထားပါက မှားယွင်းသည့်အတွေးမျိုးစေ့သည် “အလွယ်တကူ နှောင့်ယှက်တတ်သော ဒုစရိုက်”ကဲ့သို့ (ဟေဗြဲ ၁၂:၁)၊ ကျွန်မတို့၏စိတ်ဆန္ဒများနှင့် အပြုအမူများကို ထိန်းချုပ်လွှမ်းမိုးကာ ကျွန်မတို့၏ဝိညာဥ်ရေးရာကြီးထွားမှုကို တားဆီးသည်အထိ ကြီးထွားလာနိုင်ပါသည်။

“မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးနိုင်ရန်”အတွက် “ခပ်သိမ်းသောဝန်တို့ကို ပယ်ရှားရန်” ဟေဗြဲသြဝါဒစာ ရေးသူက ကျွန်မတို့ကို…

ဘုရားသခင်ထံ အပ်နှံလိုက်ပါ

စာရာသည် တွယ်တက်နံရံပေါ်၌ တွဲလဲခိုရင်း လက်ကိုင်ဘုများကို ကိုင်ထားသည့် သူမ၏လက်ချောင်းများ အားလျော့လာသည့်အတွက် ကြောက်ရွံ့ထိတ်လန့်စိတ် တိုးလာသည်ကို ခံစားမိသည်။ “မြေကြီးပေါ်ကို ငါ ဘယ်လောက်များ ပြင်းပြင်း ထန်ထန် ကျသွားမှာလဲ”ဟု သူမ တွေးမိခဲ့သည်။
သို့ရာတွင် နည်းပြက အောက်မှနေ၍ စိတ်ချမှုရှိရန် သူ့ကို ဆက်တိုက်ပြောနေခဲ့သည်။ လုံခြုံရေးကြိုးကို ထိန်းချုပ်သူက စာရာ၏သိုင်းကြိုးကို စက်သီးမှတစ်ဆင့် ကြိုး၏အခြားထိပ်တစ်ဘက်၌ သူ့ကိုယ်ကိုချည်ထားသည့်အတွက် စာရာပြုတ်ကျခဲ့လျှင် သူ့ကိုယ်အလေးချိန်က သူမကို ထိန်းထားနိုင်မည်ဖြစ်သည်။ “ငါက မင်းထက် အလေးချိန်ပိုများတယ်။ လက်သာလွှတ်လိုက်”ဟု သူအော်ပြောလိုက်သည်။

သူ့ကိုပြောသည့်အတိုင်း စာရာလက်လွှတ်လိုက်ရာ နံရံမှကွာပြီး လေထဲ၌ ဘေးကင်းစွာ တွဲလဲဆွဲနေတော့သည်။ ထိုအဖြစ်အပျက်ကြောင့် ဆာလံ ၁၈:၂ မှ “ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သော သခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကို ကယ်တင်သောဦးချို၊…