အလျင် မလိုပါနှင့်
Dallas Willard ဆိုသူပညာရှိ၏ ‘‘ အလျင်လိုသည့်စိတ်ကို မညှာမတာ ဖယ်ရှားပစ်ပါ’’ ဟူသော ဆိုရိုးစကားကို သူငယ်ချင်းနှစ်ယောက်က ကျွန်မကို ထပ်ခါတလဲလဲ ရွတ်ပြ ခြင်းကြောင့် ကျွန်မ ‘‘ဘယ်သွားအချိန်ဖြုန်းနေလဲ၊ ဘယ်မှာခွန်အားတွေ ဖြုန်းနေလဲ’’ ဟု ပြန်လည်ဆင်ခြင်တွေးရမည်ဟု ကျွန်မသိလိုက်သည်။ ပို၍အရေးကြီးသည်မှာ‘‘ ဘုရားလမ်းပြမှုနှင့်အကူအညီကို မယူဘဲ ဘယ်အရာကို အလျင်စလို လုပ်နေသလဲ’’ ဟု ဆင်ခြင်ရန်ဖြစ်သည်။ နောက်ပိုင်း ရက်သတ္တပတ်နှင့်လများအတွင်း ထိုအချက်ကို ဆက်လက် ဆင်ခြင်မိကာ ဘုရားရှင်နှင့် ကိုယ်တော့်ထံမှ လာသော ဉာဏ်ပညာကို ပြန်လည် ရယူလျက် မိမိကိုယ်ကို ကိုးစားမည့်အစား ကိုယ်တော့်ကိုသာ ယုံကြည်ကိုးစားရန် မိမိကိုယ်ကို သတိပေးနေခဲ့သည်။
ဤသို့ အလျင်တဆော ပျာယာခပ်ပြီး အလျင်လို နေခြင်းသည် ပရောဖက်ဟေရှာယ မိန့်ကြားသော ‘‘ငြိမ်သက်ခြင်း သက်သက်’’ ‘‘စုံလင်သော ငြိမ်သက်ခြင်း’’ ဆိုသောစကားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ‘‘စိတ်နှလုံး…
စီရင်ခြင်း၏ အရင်းအမြစ်များ
သူစိမ်းတစ်ဦးနှင့် ပိုရင်းနှီးလာအောင် ‘‘ဘယ်ကလာသလဲ’’ ဆိုသည့်မေးခွန်းကို ကျွန်ုပ်တို့ မေးတတ်သည်။ သို့သော် လူအများစုအတွက် အဖြေက စိတ်ရှုပ်စရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ကိုယ့်အကြောင်းကို တိတိကျကျ မပြောပြချင် သောကြောင့်ပါ။
တရားသူကြီးမှတ်စာတွင် ယေဖသသည် ထိုမေးခွန်း ကို လုံးဝမဖြေချင်ခဲ့ပါ။ အဖေတူအမေကွဲ အစ်ကိုများက မသေချာသည့်ကိစ္စကြောင့် သူ့ကို သူ့မွေးရပ်မြေ ဂိလဒ်ပြည်မှ မောင်းထုတ်ခဲ့သည်။ ‘‘သင်သည် အခြားတစ်ပါးသော မိန်းမ၏ သားဖြစ်’’သည် ဟု အစ်ကိုများက ကြေညာခဲ့သည်(သူကြီး ၁၁း၂)။ ကျမ်းစာမှလည်း ‘‘အမိကား ပြည့်တန်ဆာဖြစ်၏’’ (း၁) ဟု ပြင်းထန်စွာ ဆိုထားသည်။
သို့သော် ယေဖသသည် ခေါင်းဆောင်အရည်အချင်းနှင့်ပြည့်ဝသူ ဖြစ်သော ကြောင့် ကြမ်းတမ်းသောလူမျိုးစုများ ဂိလဒ်ပြည်ကို လာတိုက်သောအခါ သူ့ကို မောင်းထုတ်ခဲ့သူများက သူ့ကို ပြန်လာ စေချင်ကြသည်။ ‘‘လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်း လုပ်ပါ’’…
ဘုရားရှင်ကိုသိကျွမ်းရန် သင်ယူရခြင်း
ကျွန်မမှတ်မိသလောက်၊ ဟိုးအရင်ကတည်းက ကျွန်မကလေးအမေဖြစ်ချင်ခဲ့သည်။ ကျွန်မ တစ်နေ့ မင်္ဂလာဆောင်မည်၊ ကိုယ်ဝန်ဆောင်ပြီး ကျွန်မကလေး၏ လက်ကလေး များကို ပထမဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်ထားမည်ဟု စိတ်ကူးယဉ် အိမ်မက်မက်ခဲ့ဖူး သည်။ နောက်ပိုင်း ကျွန်မအိမ်ထောင်ကျချိန်တွင်လည်း အမျိုးသားရော ကျွန်မပါ မိသားစုဦးရေ တိုးပွားရန်ကိစ္စကို အချိန်ယူဦးမည်ဟု မတွေးခဲ့ပါ။ သို့သော် ကလေးမရ၊ ကျွန်မတို့ လင်မယား နှစ်ယောက်စလုံး သားသမီးမရနိုင်သော ပြဿနာနှင့် ရုန်းကန်ခဲ့ရသည်။ လနှင့်ချီပြီး ဆရာဝန်ထံသွား၊ စစ်ဆေးမှုများလုပ်နှင့် မျက်ရည်ကျခဲ့ရသည်။ လောကမုန်တိုင်းအလယ်တွင် ကျွန်မတို့ ရောက်ရှိနေခဲ့သည်။ ကလေးမရနိုင်ခြင်းဟူသည့် ဆေးခါးက မျိုချရခက်ခက်ဖြစ်ပြီး၊ ဘုရားရှင်၏ ကောင်းမြတ် တော်မူခြင်းနှင့် သစ္စာတရားအပေါ် သံသယ၀င်စေပါသည်။
ကျွန်မတို့ဖြတ်သန်းခဲ့ရသော ဘ၀ခရီးကို ပြန်လည်တွေးကြည့်ရင်း ရှင်ယောဟန် ခရစ်ဝင်ကျမ်းအခန်းကြီး ၆ မှ တပည့်တော်များ ပင်လယ်ထဲ၌ မုန်တိုင်းနှင့်ကြုံရသော အဖြစ်ကို တွေးမိသည်။ မှောင်မိုက်သောအချိန် လေမုန်တိုင်း…
တစ်စက္ကန့်မျှသာ
သိပ္ပံပညာရှင်များသည် အချိန်နှင့်ပတ်သက်၍ ဇီဇာကြောင်လွန်းလှသည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် မေရီလန်းပြည်နယ်ရှိ Goddard Space Flight Center မှ သိပ္ပံပညာရှင်တို့သည် နှစ်တစ်နှစ်တွင် စက္ကန့်အနည်းငယ်ထပ်ထည့်ခဲ့သည်။ ထို့ကြောင့် တစ်နှစ်တာသည် ပုံမှန်ထက် အနည်းငယ်ရှည်သည်ဟု သင်မြင်မိလျှင် သင်မှန်ပါသည်။
အဘယ်ကြောင့် ထိုသို့ပြုခဲ့သနည်း။ အကြောင်းမှာ ကမ္ဘာကြီး၏လှည့်ပတ်နှုန်းသည် ယခင်ကထက် ပိုနှေးလာ၍ နှစ်များသည် အနည်းငယ်ကြာညောင်းလာခြင်းကြောင့်
ဖြစ်သည်။ သိပ္ပံပညာရှင်များသည် အာကာသထဲ ပစ်လွှတ် ထားသော လူလုပ်ပစ္စည်းများကို အခြေခံပြီး တစ်စက္ကန့်၏ အစိတ်အပိုင်းတစ်ခုအထိ တိကျအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ သိပ္ပံပညာရှင်တစ်ဦးကမူ ‘‘ထိုသို့လုပ်ဆောင်ရခြင်းမှာ ဂြိုလ်အချင်းချင်း တိုက်မိခြင်းမှ ကာကွယ်ရန်၊ လုပ်ဆောင်ထားသောအစီအစဉ်များ တိကျမှန်ကန်ကြောင်း သိရှိရန် အတွက်ဖြစ်သည်’’ ဟုပြောပါသည်။
ကျွန်ုပ်တို့အများစုအတွက် တစ်စက္ကန့်လျော့ခြင်း၊ တစ်စက္ကန့်တိုးခြင်းသည် ထူးထူးခြားခြား မကွာခြားသွားပါ။ သို့သော် နှုတ်ကပတ်တော်အရ ကျွန်ုပ်တို့၏အချိန်ကို မည်သို့အသုံးပြုနေခြင်းက အရေးကြီးသည်။…
ချီးမွမ်းရန် အကြောင်းအရင်း
ကျွန်မ အသက် ၁၃ နှစ်အရွယ်က ကျောင်း၌ အဓိက ဘာသာရပ် ၄ ခု အပြင် အခြေခံ အိမ်တွင်းမှု၊ စီးပွားရေး၊ အနုပညာ၊ သံစုံသီချင်းအဖွဲ့နှင့် လက်သမားအတတ်ပညာ (အိမ်ဆောက်ရန် သစ်သားများပုံဖော်ခြင်း-woodworking) စသည့် ဘာသာရပ်များကိုပါ သင်ယူရမည်ဖြစ်သည်။ သံစုံသီချင်းသင်တန်း၏ ပထမဆုံးရက်တွင် နည်းပြက ကျွန်မတို့ တစ်ယောက်ချင်းစီကို စန္ဒရားအနီးသို့ခေါ်၍ အသံစစ်ပြီး နေရာချသည်။ ကျွန်မအလှည့်၌ ဆရာတီးသော တီးလုံးကို အကြိမ်ကြိမ် ဆိုပြခဲ့သော်လည်း ကျွန်မကို နေရာမချဘဲ ကျွန်မကို တိုင်ပင်ဆွေးနွေးသည့်အခန်းသို့ ပို့ပြီး အခြား သင်တန်းတစ်ခုကို ရွေးချယ်ရန် တိုင်ပင်စေပါသည်။ ထိုအချိန်မှစ၍ ကျွန်မသိလိုက်သည်မှာ ကျွန်မအသံသည် သီချင်းသံကြား၌ မကြားသင့်သောအသံဖြစ်သောကြောင့် ဘယ်သောအခါမှ သီချင်းမဆိုသင့်ကြောင်းပေတည်း။
ထိုအတွေးက ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် စွဲနေခဲ့သည်။ ထို့နောက် လူလတ်ပိုင်းအရွယ်တွင် ဆာလံ ၉၈ ကို ဖတ်မိသည်။ ဆာလံဆရာက…
မိုးသက်မုန်တိုင်းကြား၌
လေက တစ်ဝုန်းဝုန်း၊ လျှပ်စီးများလည်း ဖျတ်ခနဲ ဖျတ်ခနဲ လက်ကာ၊ လှိုင်းတံပိုးများလည်း ရိုက်ခတ်နေကြသည်။ ငါသေရတော့မယ်ဟု ကျွန်တော်တွေးလိုက်မိသည်။ အဘိုးအဘွား
တို့နှင့်အတူ ရေအိုင်ကြီးထဲ ငါးမျှားထွက်ရင်း အချိန်နှောင်းသွားပြီး နေဝင်သွားချိန်၌ ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပါတော့သည်။ လှေမမှောက်အောင် အဘိုးက ကျွန်တော့်ကို လှေဦးပိုင်း၌ သွားထိုင်ခိုင်းသည်။ ကျွန်တော့် စိတ်ထဲ ကြောက်စိတ်များ စိုးမိုးသွားသည်။ သို့သော် ကျွန်တော် စတင်ဆုတောင်းလိုက်သည်။ ထိုစဉ်က ကျွန်တော်သည်
ဆယ့်လေးနှစ်သားအရွယ် ဖြစ်သည်။
ဘုရားရှင်ထံမှ စိတ်ချမှုနှင့် ကွယ်ကာမှုကို ကျွန်တော် တောင်းခံရင်း မုန်တိုင်းက အားလျော့မသွားသော်လည်း လှေကို ကမ်းသို့ကပ်နိုင်ခဲ့သည်။ ယနေ့ထိတိုင် ထိုမုန်တိုင်းနှင့် ရင်ဆိုင်ရသောညက ခံစားခဲ့ရသည့် ဘုရားသခင်၏ တည်ရှိ တော်မူခြင်း မျက်မှောက်တော်ထက် သာ၍လေးနက်သော အခြားအရာ ရှိမည်မဟုတ်ပါ။
သခင်ယေရှုသည်လည်း မုန်တိုင်းများနှင့် မစိမ်းပါ။ မာကု ၄း၃၅-၄၁ တွင်…
တစ်ယောက် နာကျင်လျှင် အားလုံးနာကျင်ရသည်။
လုပ်ဖော်ဆောင်ဖက်တစ်ဦးသည် အလွန်အမင်းနာကျင်သည့် ဝေဒနာခံစားရလျက် ဖုန်းဆက်လာသောအခါ ရုံးမှလူတစ်ယောက်စီတိုင်း စိုးရိမ်သွားကြသည်။ ဆေးရုံ တစ်ရက် တက်အနားယူပြီး ရုံးပြန်တက်သောအခါ နာကျင်မှုသည် ကျောက်ကပ်၌ ကျောက်တည်ခြင်းကြောင့်ဖြစ်ပြီး သူက ထိုကျောက်ကို အမှတ်တရအဖြစ် ဆရာဝန်ထံမှ တောင်းခဲ့ပြီး ရုံးသို့ယူလာပြသည်။ ကျောက်ကို ကြည့်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်မှ ကျွန်ုပ်၏သည်းခြေကျောက်ကို အမှတ်ရကာ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ထိုနာကျင်မှု ဝေဒနာကို မချိတင်ကဲခံစားခဲ့ရသည်။
တစ်ခါတစ်ရံ သေးငယ်သောအရာလေးက ခန္ဓာ တစ်ခုလုံးကို နာကျင်မှုဝေဒနာဖြစ်စေခြင်းက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ ၎င်းသည် ၁ ကော ၁၂း၂၆ တွင် တမန်တော် ရှင်ပေါလု သွယ်ဝိုက်၍ဖော်ပြထားသည့်အချက် ဖြစ်သည်။ ‘‘အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကိုခံရလျှင်၊ အင်္ဂါ အပေါင်းတို့သည် အတူခံရကြ၏”။ အခန်းကြီး ၁၂ တစ်ခန်းလုံးတွင် ကမ္ဘာတစ်ဝန်းလုံးမှ ခရစ်ယာန်များကို ခန္ဓာကိုယ်အဖြစ် ဥပမာပြုထားသည်။ ရှင်ပေါလုက ‘‘ဘုရားသခင်သည် ကိုယ်ခန္ဓာကို မျှစေ၍’’…
ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မျှော်လင့်ခြင်း
အန်တီကေသီသည် သူ့ဖခင် (ကျွန်မအဘိုး)ကို သူ့နေအိမ်တွင် ၁၀ နှစ်ကြာ ကြည့်ရှုပြုစု ခဲ့ပါသည်။ ဖခင်ကြီး အိုမင်းမစွမ်းချိန်တွင် အန်တီသည် ချက်ပြုတ်ကျွေးမွေး၊ သန့်ရှင်းရေး လုပ်ပေးပြီး ကျန်းမာရေးချို့တဲ့လာချိန်တွင်မူ သူနာပြုအဖြစ် ကြည့်ရှုစောင့်ရှောက်ခဲ့ သည်။
တမန်တော်ရှင်ပေါလုက သက်သာလောနိတ်မြို့သားများ၏ ‘‘ယုံကြည်သောစိတ် နှင့်အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ် ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်း’’ တို့အတွက် ဘုရားသခင်ထံ ကျေးဇူးတင် ခဲ့သည်။ အန်တီ၏အစေခံခြင်းသည် ခေတ်သစ်စံနမူနာ ဖြစ်သည်။
အန်တီသည် ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာတို့ဖြင့် အစေခံခဲ့သည်။ ဤသို့ နေ့စဉ်ရက်ဆက် ကြည့်ရှုပြုစုရသော အစေခံမှုသည် ဤအရေးကြီးသောအလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင် သူ့ကိုစေစားသည်ဟု သူယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် သူ့ဖခင်ကို ချစ်အားကြီးသော မေတ္တာစိတ်မှ သူ၏အစေခံ လုပ်ရပ်ထွက်ပေါ်လာခြင်းဖြစ်သည်။
မျှော်လင့်ခြင်း၌လည်း သူသည်းခံခဲ့သည်။ အဘိုးသည် အလွန် သဘောကောင်း…
မည်မျှကြာမည်နည်း
Lewis Carroll ရေးသားသော Alice in Wonderland ဂန္တဝင်စာအုပ်ထဲတွင် Alice က ‘‘ထာဝရဆိုတာ ဘယ်လောက်ကြာသလဲ’’ ဟုမေးရာ ယုန်ဖြူလေးက ‘‘တစ်ခါတစ်လေ တစ်စက္ကန့်ပဲကြာတယ်’’ ဟုဖြေခဲ့သည်။
ကျွန်တော့်ညီ ဒေးဗစ် ရုတ်တရက်ကွယ်လွန်သွားချိန်တွင် ထိုအတိုင်းပင် အချိန် ဆိုတာ အရမ်းမြန်တာပဲဟု ခံစားမိသည်။ သူ့အောက်မေ့ဖွယ် နေ့ရက် နီးလာသည်နှင့်အမျှ ခံစားနေရသည့်ဆုံးရှုံးမှုဝေဒနာ ပို၍ပြင်းထန်လာသည်။ အချိန်စက္ကန့်တိုင်းသည် ထာဝရ ကာလလိုပင် ကြာမြင့်သည်။
ထိုနည်းတူခံစားနေရသည့် ဒါဝိဒ်မင်းကြီးသည်လည်း ‘‘အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း။ အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ်၏ရန်သူသည် အဘယ်မျှကာလပတ်လုံး အကျွန်ုပ် ကို အုပ်စိုးရပါမည်နည်း’’ (ဆာ ၁၃း၁-၂) ဟု စပ်ဆိုခဲ့သည်။ ထိုအခန်းငယ်…
ဆုတောင်းခြင်းအားဖြင့်သာ
ကျွန်မ၏မိတ်ဆွေသည် ကင်ဆာရောဂါကုသမှုခံယူနေစဉ်အတွင်း တစ်ညတွင် သန်းခေါင်ယံကြီး ဖုန်းဆက်လာသည်။ သူက မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးသဖြင့် ကျွန်မ စိတ်သောကရောက်ရပြီး မျက်ရည်များကျလျက် ‘‘သခင်ဘုရား၊ ကျွန်မ ဘယ်လို လုပ်ရမလဲ ’’ ဟု တိတ်တဆိတ်ဆုတောင်းခဲ့သည်။
သူ့ငိုကြွေးသံက ကျွန်မနှလုံးသားကို ညှစ်ထား သကဲ့သို့ ဖြစ်သည်။ နာကျင်မှုမရှိအောင်၊ အခြေအနေ ကောင်းလာအောင် ကျွန်မလုပ်မပေးနိုင်၊ အားပေးရမည့် စကားလုံးကို ရှာမတွေ့နိုင်ခဲ့ပါ။ သို့သော် ကူညီနိုင်သူကို ကျွန်မသိသည်။ ကျွန်မ၏မိတ်ဆွေနှင့်အတူ ငိုကြွေးရင်း အသံတုန်တုန်ရင်ရင်နှင့် ‘‘ယေရှု၊ ယေရှု၊ ယေရှု’’ ဟူ၍ ထပ်ခါထပ်ခါ တီးတိုးရေရွတ် ဆုတောင်းနေခဲ့သည်။
သူ့ငိုကြွေးသံက ရှိုက်သံ၊ ထိုမှတစ်ဆင့် အသံတိုးသွားပြီး သူ့အသက်ရှုသံ မှာလည်း တဖြည်းဖြည်းနှေးသွားသည်။ သူ့ခင်ပွန်း၏အသံကြောင့် ကျွန်မလန့်သွားသည်။ ‘‘သူအိပ်ပျော်သွားပြီ၊ မနက်ဖြန်မှ ထပ်ခေါ်လိုက်မယ်နော်’’ ဟူသူ့ခင်ပွန်းက ပြောသည်။ ကျွန်မလည်း ဖုန်းချလိုက်ပြီး…