အမျိုးအစား  |  odb

ဘုရား၏မေတ္တာဖြင့် အခြားသူတို့အား ချစ်ခြင်း

နာဇီတို့သိမ်းပိုက်အုပ်ချုပ်ခဲ့သည့် အချိန်ကာလ၌ ပြင်သစ်နိုင်ငံ လယ်ရှမ်ဘွန် (Le Chambon) ကျေးရွာမှ ရွာသူရွာသားများသည် ဂျူးလူမျိုးကလေးသူငယ်များစွာအပါအဝင် လူပေါင်း ၅၀၀၀ ကျော်၏ အသက်ကို ကယ်တင်နိုင်ရန် မိမိတို့၏အသက်အိုးအိမ်စည်းစိမ် အားလုံးကို ရင်းကာ စွန့်စားခဲ့ကြသည်။ နေရပ်စွန့်ခွာပြေးလာကြသည့် ဒုက္ခသည်များကို အိမ်များနှင့် မွေးမြူရေးခြံများ၌ ဝှက်ထားပေးခဲ့ကြသည်။ “ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ”(တရား ၁၀:၂၉) ဟူသည့်ကျမ်းကို ကိုးကား၍ ကူညီမစကြရန် အသင်းသားများကို တိုက်တွန်းခဲ့သည့် သင်းအုပ်ဆရာ အန်ဒရေထရွတ်ခ်မဲ (André Trocmé) အားဖြင့် ရွာသူရွာသား များသည် နှိုးဆော်မှုခံစားခဲ့ကြရသည်။

“တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ်သောဘုရား” (:၁၇)သည် မြေကြီးတန်ဆာရှိသမျှကို ပိုင်တော်မူကြောင်း သတိပေးချက်ဖြင့် အစပြုထားသည့်ကျမ်းပိုဒ် ၌ ထိုပညတ်ကို ဣသရေလလူမျိုးတို့အား ပေးခဲ့ပြီး၊ သူတို့ကို ချစ်ရန် ဘုရားရှင်ရွေးချယ်ခဲ့သည် (:၁၅)။ ဣသရေလလူမျိုးမဟုတ်သည့် ဧည့်သည်အာဂန္တုများအပါအဝင်…

အတွင်းကျကျ ဆေးကြောသန့်ရှင်းခြင်း

အလွန်ချမ်းအေးသော နိုဝင်ဘာနေ့တစ်နေ့ဖြစ်သည်။ အိမ်ယာမဲ့များအတွက် လှူဒါန်းထားသည့် ပစ္စည်းများကို ကျောပိုးအိတ်အလုံးနှစ်ရာ၌ ထည့်နိုင်ရန် အသင်းတော်မှ မျှော်မှန်းထားခဲ့သည်။ အိတ်ထဲသို့ ပစ္စည်းများထည့်ရန် ကူညီပြင်ဆင်လျက် အလှူပစ္စည်းများကို အမျိုးအစားအလိုက် ရွေးပေးရင်း လက်အိတ်၊ ဦးထုပ်၊ ခြေအိတ်နှင့် စောင်အသစ်များပါပါစေဟု ကျွန်မ ဆုတောင်းနေခဲ့သည်။ ငရုတ်သီးဟင်းလျာခွက်နှင့် အသားညှပ်ပေါင်မုန့်များကိုလည်း ပေးဝေဦးမည်။ ထို့နောက် ကိုယ်တိုက် အဝတ်စငယ်များကို ကျွန်မ တအံ့တဩ သတိထားမိသည်။ ထိုသူတို့ နွေးနွေးထွေးထွေးနေနိုင်ရေး၊ အစာကျွေးမွေးရေးအတွက်သာ ကျွန်မအာရုံထားခဲ့သော်လည်း အကူအညီကို လက်ခံရယူမည့်သူများ မိမိတို့ကိုယ်မိမိ သန့်သန့်ရှင်းရှင်းဖြစ်နေသည်ဟု ခံစားရအောင် ကူညီပေးရန် တစ်စုံတစ်ဦးက သတိရခဲ့သည်။

သမ္မာကျမ်းစာ၌ စိတ်နှလုံးနှင့် ဝိညာဥ်သန့်ရှင်း စင်ကြယ်ခြင်း ဟူသည့် အခြား “သန့်ရှင်းစင်ကြယ်ခြင်း”တစ်မျိုးကို ပြောထားသည်။ ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့၏ ဟန်ဆောင်လျှို့ဝှက်မှုကို ဝေဖန်ရာ၌ ဤသန့်ရှင်းစင်ကြယ်ခြင်းကို သခင်ယေရှု ရည်ညွှန်းပြောဆိုခဲ့သည်။ သူတို့သည် အသေးငယ်ဆုံးသော ပညတ်တရား၏…

အကောင်းဆုံး သက်သေ

လီသည် ဘုရားသခင်ကို မယုံကြည်ပါ။ ထို့ပြင် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကိုလည်း မယုံခဲ့ပေ။ သို့သော် လီသည် ခွဲခြမ်းစိတ်ဖြာတတ်သည့်စိတ်ထားရှိသော သတင်းထောက်တစ်ဦးဖြစ်သည်။ သူ့ဇနီးသည် သခင်ယေရှုကို ယုံကြည်သောအခါ သူကိုယ်တိုင် သူမ၏ယုံကြည်ခြင်းအသစ်ကို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ နှစ်နှစ်ကြာ စူးစမ်းလေ့လာမှုပြုပြီးနောက် ဘုရားသခင်၊ ရှင်ပြန်ထမြောက်ခြင်း၊ ခရစ်တော်ကို ယုံကြည်ခြင်းကို သူလက်ခံခဲ့သည်။

သူ၏ ပြောင်းလဲမှုမှာ သိသာထင်ရှားသည်။ လအနည်းငယ်ကြာပြီးနောက်၊ သူ၏ငါးနှစ်အရွယ်သမီးက “မေမေ၊ ဘုရားသခင် ဖေဖေအတွက် လုပ်ပေးခဲ့တာ တွေကို မီးမီးအတွက်လည်း လုပ်ပေးစေချင်တယ်”ဟု သူ့မိခင်ကို ပြောပါတယ်။ သို့နှင့် လီစထရိုဘယ်လ်၏သမီးလည်း သခင်ယေရှုကို ယုံကြည်ခဲ့သည်။

ရှင်ပြန်ထမြောက်ခြင်းကို လူအများက ယုံကြည်ရန် ငြင်းဆိုကြသည်။ သို့သော် ထင်ရှားကျော်ကြားသော မျက်မြင်သက်သေများသည် ရှင်ပြန်ထမြောက်သော သခင်ယေရှုကို မြင်ခဲ့ကြသည်။ ထိုမျက်မြင်သက်သေတစ်ဦးဖြစ်သည့် တပည့်တော်ပေတရုက ဒါဝိဒ်မင်းသည် ဧကန်မုချသေဆုံးခဲ့ပြီး သူ့အား သင်္ဂြိုဟ်ခဲ့ပြီဖြစ်ကြောင်း လူပရိသတ်ကို…

ခရစ်တော်၌ လွှမ်းခြုံခြင်း

ဖက်ရှင်ဒီဇိုင်းဆိုင်ရာ လန်ဒန်ကောလိပ် မှ ဖက်ရှင်စိတ်ပညာရှင် ရို့စ်တာနာ (Rose Turner) က အဝတ်အစားသည် လူတို့၏တွေးခေါ်ပုံနှင့် အပြုအမူများအပေါ်၊ စိတ်ခံစားချက်အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို လေ့လာခဲ့သည်။ အဝတ် အစားသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့် အနီးဆုံးအရာအဖြစ်၊ “ဒုတိယအရေပြား” အမျိုး အစားဖြစ်ပြီး၊ တစ်နေ့တာဖြစ်ပျက်လာသမျှအမှုအရာအတွက် ကျွန်ုပ်တို့ကို အားဖြည့်ပေးသည်။ ဥပမာအားဖြင့်၊ ပရော်ဖက်ရှင်နယ်ဝတ်စုံကို ဝတ်ဆင်ခြင်းသည် လုပ်ငန်းခွင်တွင် “စိတ်ဓာတ်လှုံ့ဆော်မှုနှင့် အာရုံစူးစိုက်မှုအတွက် အထောက်အကူဖြစ်စေသည်”။ တစ်ဖန် မိမိစွဲလမ်းတန်ဖိုးထားသည့် တစ်ပတ်နွမ်း အဝတ်ဟောင်းများကို ဝတ်ဆင်ခြင်းက ဖိစီးမှုအခြေအနေများအတွင်း သက်သောင့်သက်သာဖြစ်စေသည်။

ဤစိတ်ပိုင်းဆိုင်ရာဖြစ်စဉ်သည် ယေရှု၏အသေခံခြင်းနှင့်ပတ်သက်သော ဟေရှာယ၏ပရောဖက်ပြုချက်များကို ထိုးထွင်းသိနားလည်စေသည်။ ဗာဗုလုန်သို့ ဖမ်းဆီးသိမ်းသွားခံရသော ယုဒလူမျိုးများ၏ အနာဂတ်လွတ်မြောက်ခြင်းအကြောင်းကို မှတ်တမ်းတင်ရာ၌၊ ပရောဖက်‌ဟေရှာယက တစ်နေ့တွင် “ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြလိမ့်မည်။ ဆိတ်ညံသောမြို့ရွာ၊ အစဥ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်” ဖြစ်ကြောင်း…

ဝမ်းနည်းပူဆွေးခြင်းမှ ချီးမွမ်းခြင်းသို့

လှပသော ပွင့်ချပ်ငါးရွက်ရှိသည့် forget-me-not ပန်းနာမည် ဖြစ်ပေါ်လာပုံ ဒဏ္ဍာရီပုံပြင်အမျိုးမျိုးရှိသည်။ ထိုပုံပြင်များအနက် ဂျာမန်ဒဏ္ဍာရီတစ်ပုဒ်အရ ဘုရားသခင်သည် သူဖန်ဆင်းမည့်အပင်များအားလုံးကို နာမည်ပေးသောအခါ ပန်းလေးတစ်ပွင့်က လျစ်လျူရှုခံရမည်ကို စိုးရိမ်နေခဲ့သည်။ သို့နှင့် ထိုပန်းက “Forget-me-not, O Lord”(ကျွန်ုပ်ကို မမေ့ပါနဲ့၊ သခင်)ဟူ၍ အော်ပြောခဲ့ရာ၊ ဘုရားသခင်က ထိုပန်းအား ထိုနာမည်ကိုပေးခဲ့သည်။

ဤအရာသည် ပုံပြင်တစ်ခုမျှသာဖြစ်သော်လည်း Forget-me-not သည် မမေ့လျော့ခြင်းနှင့်သတိရခြင်း၏သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် မေ့လျော့ခံရခြင်းသည် မည်သို့သောခံစားချက်ဖြစ်သည်ကို ကျွန်ုပ်တို့ အားလုံး တွေ့ကြုံဖူးပါသည်။ အထူးသဖြင့် ဘုရားသခင်၏သတိရမှုကို ခံစား ရယူလိုခြင်းသည် ကျွန်ုပ်တို့ နှလုံးသားထဲမှ စစ်မှန်သောဆန္ဒတစ်ခုဖြစ်သည်။ သခင် ယေရှုကားတိုင်ပေါ် အသေခံခြင်းအကြောင်းအရာတွင် ထိုကဲ့သို့သော ဇာတ်လမ်း ကို တွေ့ရသည်။ “ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏”(၂၃:၃၂)။ သူတို့သည် လက်ဝါးကပ်တိုင်၌ ဆွဲထားခံရစဥ်ခရစ်တော်၏ဘေးမှ ရာဇဝတ်သားတစ်ဦးက…

ခရစ်တော်၌ အသက်ရှင်ခြင်းနှင့်သေခြင်း

ကွပ်မျက်ရေးသေနတ်တပ်ဖွဲ့နှင့် ရင်ဆိုင်ရသည့် ဖရောဒို ဒေါ့စ်တိုယက်စကီး (Fyodor Dostoevsky)သည် သူ့ဘဝ၏နောက်ဆုံးအချိန်ကို တိတ်တဆိတ် ရေတွက် ခဲ့သည်။ ဒေါ့စ်တိုယက်စကီး သည် သခင်ယေရှုကို ယုံကြည်သူတစ်ဦးဖြစ်ပြီး စာပေအမျိုးအစားအားလုံးတွင် အကောင်းဆုံးစာရေးဆရာများအနက် တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူ၏အထင်ကရဝတ္ထု The Brothers Karamazov (ခရမ်းမဇော့ဗ်ညီအစ်ကိုများ)တွင် ဘုရားသခင်၊ ဘဝအသက်တာ နှင့် သေခြင်း အကြောင်းကို လေ့လာဖော်ထုတ်ထားသည်။ ဒေါ့စ်တိုယက်စကီး သည် “ခရစ်တော်အကြောင်းကို တက်ကြွစွာ ပြောဆိုခဲ့သည်။” ရိုင်ဖယ်သေနတ်များ မြှောက်သွား ခဲ့ပြီး “အသင့်ပြင်....ချိန်...”။

သခင်ယေရှုသည် “အချိန်ရောက်ပြီ” (ယော ၁၂:၂၃) ဟု ဆိုလျက် သူ၏အသေခံခြင်းကို အရိပ်အမြွက်ပြောကြားကာ ထာဝရအသက်၏တန်ဖိုးနှင့် သေခြင်းအကြောင်း ကို သူ၏တပည့်တော်များနှင့် ကျွန်ုပ်တို့အား မိန့်ကြားခဲ့သည်။ ထိုပုံဆောင်ချက်မှာ မိမိ၏စွန့်လွှတ်အနစ်နာခံခြင်းဖြင့် ကြီးမားသောအကျိုးဆက်ကို ဖြစ်ထွန်းစေသော မျိုးစေ့ဥပမာ (ကျွန်ုပ်တို့အသက်တာ) ဖြစ်သည်(:၂၄)။ သခင်ယေရှုသည်…

“Pastry”မုန့် စစ်ပွဲ

တိုင်းနိုင်ငံများကို စစ်ဖြစ်စေသည့် မိုက်မဲသည့်အရာများအနက် မုန့်ကြောင့် စစ်ဖြစ်ခြင်းက အဆိုးဆုံးဖြစ်နိုင်ပါသလား။ ၁၈၃၂ ခုနှစ်တွင် ပြင်သစ်နှင့်မက်ဆီကိုတို့ တင်းမာမှုများကြားတွင် မက်စီကိုစစ်တပ်မှ အရာရှိတစ်ဖွဲ့သည် မက်ဆီကိုမြို့ရှိ ပြင်သစ်မုန့်ဆိုင်သို့ သွားရောက်ကာ မုန့်ဖုတ်သမား၏ ကုန်ပစ္စည်းအားလုံးကို ငွေမရှင်းဘဲ ယူခဲ့ကြသည်။ အသေးစိတ်အချက်အကြောင်းအရာများက ရှုပ်ထွေးသော်လည်း (အခြားရန်စမှုများက ပြဿနာများကို ပိုကြီးစေသည်)။ ရလဒ်မှာ ပထမဆုံးအကြိမ် ပြင်သစ်နှင့်မက်ဆီကိုတို့ စစ်ဖြစ်ပြီး(၁၈၃၈-၃၉)၊ “မုန်ညှက်ဖြင့် ပြုလုပ်သောမုန့် -Pastry”စစ်ပွဲဟု ထင်ရှားသည့် စစ်ပွဲတွင် စစ်သား သုံးရာကျော် သေဆုံးခဲ့သည်။ ဒေါသစိတ်၏လှုံ့ဆော်မှုကြောင့် စစ်ဖြစ်ခဲ့ခြင်းက ဝမ်းနည်းစရာ ဖြစ်သည်။

အိမ်ထောင်ရေးပြိုကွဲခြင်းနှင့် ခင်မင်ရင်းနှီးမှုဆက်ဆံရေးပျက်ခြင်း စသည့် လူသား၏ပြဿနာအများစုသည် ပုံစံအမျိုးမျိုးဖြင့် အမျက်ဒေါသကို မထိန်းနိုင်ခြင်းသဘော၌ အမြစ်တွယ်လာဖွယ်ရှိသည်။ တစ်ကိုယ်ကောင်းဆန်မှုနှင့် အာဏာပြမှု၊ နားလည်မှုလွဲမှားခြင်းကို မဖြေရှင်းခြင်း၊ အနည်းငယ်သော တန်ပြန်ရန်လိုမှု- ထိုအရာ အားလုံးသည် မိုက်မဲမှုဖြစ်သည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့၏မှားယွင်းသော ခံယူချက်…

ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း

ဖြစ်ရပ်မှန်များကို ပုံဖော်ထားသည့် The Courier ရုပ်ရှင်တွင် အဓိကဇာတ်ကောင် ဂရေးဗီးလ်(Greville)သည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုချရန်ကိစ္စနှင့် ရင်ဆိုင်ခဲ့ရသည်။ သူနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးမှာ အဖမ်းခံရမည်ဖြစ်ပြီး၊ အလွန်ကြမ်းတမ်းသော ထောင်ဒဏ်ကို ရင်ဆိုင်ရဖွယ်ရှိကြောင်းကို သူသိလိုက်ရသည်။ ဂရေးဗီးလ်သည် နိုင်ငံတွင်းမှ ချက်ချင်းထွက်ပြေးပြီး သူ့သူငယ်ချင်းနှင့် ပတ်သက်မှုမရှိကြောင်းကို ငြင်းဆိုပါက ထိုကံကြမ္မာမှ သူ့ကိုယ်သူ ကယ်တင်နိုင်မည်ဖြစ်သည်။ သို့သော် သနားကရုဏာစိတ်ဖြင့် ဂရေးဗီးလ်သည် သစ္စာရှိစွာဖြင့် နိုင်ငံမှ ထွက်ခွာရန် ငြင်းဆန်ပြီး သူ့သူငယ်ချင်းနှင့်ထပ်တူ ညှဥ်းဆဲခြင်းဝေဒနာကို ခံစားရလျက် ထောင်ကျခဲ့သည်။ သူတို့ တစ်ဦးနှင့်တစ်ဦးအပေါ် သစ္စာမဖောက်ကြပါ။ အဆုံး၌ ဂရေးဗီးလ်သည် ချည့်ချည့်နဲ့နဲ့နှင့် လွတ်မြောက်ခဲ့သော်လည်း၊ သစ္စာရှိပြီး စစ်မှန်သော အဖော်ဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။

နောမိသည် ထိုကဲ့သို့သော မိတ်ဆွေမျိုး လိုအပ်ခဲ့သည်။ သူမ၏ခင်ပွန်းနှင့် သားများ ကွယ်လွန်သောအခါ၊ သူသည် ခိုးကိုးရာမဲ့ဘဝသို့ ရောက်ရှိခဲ့ပြီး ရှည်လျားသော ဇာတိမြေသို့…

ဧဝံဂေလိတရားအရင်းအမြစ်များကို မျှဝေခြင်း

ချီကာဂိုမြို့လယ်တွင် ကျင်းပခဲ့သော ခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာနေရာနှင့် နေရာထိုင်ခင်းတို့သည် ကျွန်တော်တို့ ထိုနေရာသို့သွားရာလမ်းတွင် ကြုံတွေ့ခဲ့ရသော ဆင်းရဲခြင်းကပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်း၌ အခြေခံလိုအပ်ချက်ဖြစ်သည့် စားနပ်ရိက္ခာနှင့် အမိုးအကာများပင်မရှိသည့်လူများပါဝင်သည်။ ထိုကွဲပြားမှုများက မြို့နှင့် အခြားနေရာများတွင် အမှုတော်ဆောင်ရန် ကျွန်တော်တို့၏ ရူပါရုံစီမံကိန်းရေးဆွဲရာတွင် - ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းသတင်းတရားကို ဖြန့်ဝေရာ၌ ဘုရားရှင်ပြင်ဆင်ပေးသည့် အထောက်အကူဖြစ်သည့် အရာမှန်သမျှ- ဧဝံဂေလိတရားအရင်းအမြစ်များကို ရယူကာ အလိုအပ်ဆုံးသော နေရာများဆီသို့ ရောက်ရှိ‌စေရေးဟူသည့် ပါဝင်သင့်သော လိုအပ်ချက်များကို ရှင်းလင်းစွာ ပြောဆိုနိုင်ရန် မစပေသည်။

ရှင်ပေါလုသည် သခင်ယေရှုကို ယုံကြည်သူရောမမြို့သားများထံ စာရေးသော အခါ ၎င်းတို့ထံ သူသွားချင်သောဆန္ဒရှိသော်လည်း မရောက်ဖူးသေးပါ။ “သင်တို့ သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့…

ကျောက်ခဲတို့၏ ကြွေးကြော်သံကို နားထောင်ပါ

ကျွန်မတို့မိသားစုသည် အဖေ့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို မြစ်ကမ်းဘေးနား၌ ကျင်းပပြီးနောက် သူ့ကို အမှတ်ရစေရန် ကျောက်ခဲတစ်ခဲစီ ကောက်ခဲ့ကြသည်။ သူ့ဘဝသည် စစ်တုရင်ထိုးသကဲ့သို့ အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများကို တွေ့ ကြုံခဲ့ရသော်လည်း သူ့နှလုံးသားသည် ကျွန်မတို့အတွက်ဖြစ်ကြောင်း ကျွန်မတို့ သိသည်။ ချောမွေ့သော ကျောက်ခဲ၏မျက်နှာပြင်ကို လက်ဖြင့် ပွတ်သတ်ရင်း အဖေ့ကို အနီးကပ်ဆုပ်ကိုင်ထားရန် လက်ချောင်းလေးများက သတိပေးနေသည်။

လု ၁၉ တွင်၊ ယေရုရှလင်မြို့သို့ သခင်ယေရှု ဝင်ရောက်စဉ် လူအုပ်က စွန်ပလွံခက်များ ဝှေ့ယမ်းကာ “ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ခဲ့သည်(:၃၈၊ ယော ၁၂:၁၂-၁၃ကို ရှု)။ သူ့ကိုယ်ကို ကယ်တင်ရှင်ဟုဆိုကာ ဘုရားသခင်ကို ပြစ်မှားသည်ဟု ဖာရိရှဲများမှတ်ယူသဖြင့်၊ သူတို့က တပည့်တော်များကို တိတ်ဆိတ်စွာနေဖို့ ပြောရန် သခင်ယေရှုအား အမိန့်ပေးရာ၊ ယေရှုက “ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည်…