အမျိုးအစား  |  odb

ယံုၾကည္ကိုးစားရမည့္သူူ

“ငါဘယ်သူ့ကိုမှ ယုံလို့မရဘူး။ ငါယုံမိတဲ့အခါတိုင်း သူတို့က ငါ့ကို နာကျင်စေတယ်” ဟူ၍ ကျွန်မသူငယ်ချင်းက မျက်ရည်ကျလျက် ပြောပြသည်။ သူယုံကြည်ရသူဟု အမှန်တကယ်တွေးထင်ထားသည့် သူ့ရည်းစားဟောင်းက သူတို့နှစ်ဦး ဇာတ်လမ်းပြတ်ပြီးပြီးချင်း၌ပင်
သူ့အကြောင်း မဟုတ်မမှန် ကောလာဟာလ စဖြန့်သည်။ ကျွန်မစိတ်မဆိုးဘဲ မနေနိုင်။ သူက ကလေးဘ၀ကို နာကျင်မှုအပြည့် ဖြတ်သန်းခဲ့ပြီးနောက် တစ်စုံတစ်ယောက်ကို ယုံကြည်ရန် မနည်းကြိုးစား ရုန်းကန် နေရချိန်တွင် ဤသို့ သစ္စာဖောက်ခံရခြင်းက လူများကို ယုံ၍ မရကြောင်း ထပ်မံအတည်ပြု သေချာစေတော့သည်။

သူ့ကို နှစ်သိမ့်ပေးနိုင်မည့် စကားလုံးများကို ကျွန်မ ကြိုးစားရှာဖွေခဲ့သည်။ ‘‘အပြည့်အ၀ ယုံကြည်ကိုးစားနိုင်သူကို ရှာတွေ့ရန် ခက်သည်ဟူသည့် သူ၏အဆို မှားယွင်းကြောင်း၊ လူအများစုမှာ အပြည့်အ၀ သနားကြင်နာတတ်ပြီး ယုံကြည်  ထိုက်သူ ဖြစ်ကြောင်း’’ကို ကျွန်မ မပြောပြနိုင်ခဲ့ပါ။ နာကျင်ခံစား ရသည့် သူ့အဖြစ်ကို ကျွန်မသိသည်၊…

Table Rock

ကျွန်ုပ်၏ဇာတိမြို့လေးအား အပေါ်စီးမှ လွှမ်းမိုးထားသော Table Rock ဟု ခေါ်သော ကျောက်တုံးကျောက်ခဲ ပေါများလှသည့် ကုန်းပြင်မြင့်အပေါ်၌ မီးထွန်းထားသော ကားတိုင် တစ်ခုကို မားမားမတ်မတ် စိုက်ထူထားသည်။ အနီးဝန်းကျင်ရှိ မြေယာပေါ်၌ အိမ်အချို့ ရှိခဲ့သော်လည်း အသက်အိုးအိမ် လုံခြုံရေးအတွက် စိုးရိမ်ရ၍ အိမ်ပိုင်ရှင်များအား မကြာမီက အတင်းအကြပ် ပြောင်းရွှေ့စေခဲ့သည်။ Table Rock ကုန်းပြင်မြင့်၏ မာကျောခိုင်ခံသော အခြေခံ ကျောက်လွှာများနှင့် ကပ်လျက် ရှိနေသော်လည်း ဤအိမ်များသည် လုံခြုံမှု မရှိပါ။ အခြေခံကျောက်လွှာမှာ နေ့စဉ်နေ့တိုင်း ၃ လက်မ နီးပါး ရွှေ့လျားနေခြင်းကြောင့် ရေပိုက်များ ကျိုးပျက်ကာ မြေပြိုမည့် အန္တရာယ် မြင့်တက်လာစေခြင်းကြောင့်ဖြစ်သည်။
သခင်ယေရှုက သူ့စကားတော်ကို ကြားနာပြီး နာခံ လိုက်လျှောက်သူတို့အား ကျောက်ပေါ်မှာ အိမ်ဆောက်သူများ နှင့် ခိုင်းနှိုင်းထားသည် (လု ၆း၄၇-၄၈)။ ဤအိမ်အမျိုးအစား…

ကျွန်ုပ်တို့လိုအပ်သမျှ

တွေ့ကြုံရင်ဆိုင်ရသည့် အလုပ်များအတွက် အရည်အချင်းမပြည့်ဝဟု ကျွန်ုပ် ရံဖန်ရံခါ ခံစားရသည်။ ဥပုသ်စာဖြေကျောင်း၌ ကျမ်းစာသင်ကြားခြင်းဖြစ်စေ၊ မိတ်ဆွေ တစ်ဦးဦးကို အကြံပေးရခြင်းဖြစ်စေ၊ နေ့စဉ်ခွန်အား စာစောင်အတွက် စာမူရေးပေးရခြင်း ဖြစ်စေ၊ စိန်ခေါ်မှုအခက်အခဲများက ကျွန်ုပ်၏ အရည်အချင်းထက် ပို၍ ကြီးမားသည်ဟု တစ်ခါတစ်ရံ ထင်ရသည်။ ပေတရုနည်းတူ ကျွန်ုပ်လည်း သင်ယူစရာများစွာ ရှိပါသည်။
သခင်ယေရှုနောက်တော်သို့ ကြိုးစားလိုက်လျှောက် သည်တွင် ပေတရု၏အားနည်းချက်များကို ဓမ္မသစ်ကျမ်း၌ ဖော်ပြထားသည်။ သခင်ယေရှုထံသို့ ရေပေါ်၌ လမ်းလျှောက်သွားစဉ် ပေတရု နစ်မြှုပ်ခဲ့သည် (မ ၁၄း၂၅-၃၁)။ သခင်ယေရှု အဖမ်းခံရချိန်တွင် ကိုယ်တော့်အား သူမသိဟု ပေတရု ကျိန်ခဲ့သည် (မာ ၁၄း၆၆-၇၂)။ သို့သော် သေခြင်းမှရှင်ပြန် ထမြောက်သည့် ခရစ်တော်နှင့် ရင်ဆိုင်ရပြီးနောက် ၀ိညာဉ်တော်၏တန်ခိုးအားဖြင့် ပေတရု၏အသက်တာ ပြောင်းလဲခဲ့သည်။ “ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသောဉာဏ်အားဖြင့် ငါတို့အား…

ကျိုးပဲ့ကြေမွခြင်း၏အလှတရား

ကင်ဆုဂီ(Kintsugi)သည် ကျိုးပဲ့သွားသော မြေအိုးများကို ပြန်လည်ပြုပြင်သည့် ဂျပန်လူမျိုးတို့၏ ရာစုနှစ်ပေါင်းရာချီသောသက်တမ်းရှိသည့် လက်မှုအနုပညာဖြစ်သည်။ ရွှေမှုန့်နှင့်သစ်စေးတို့ ရောထားသောအရာများဖြင့် ကျိုးပဲ့သောအပိုင်းအစများကို ပြန်ဆက်ခြင်း (သို့) အက်ကြောင်းများအကြား ဖြည့်ပေးခြင်းဖြင့် သိသာ ခိုင်မာစွဲမြဲစေသည်။
ဤသို့ဖြင့် ပြန်ပြင်ထားသည့်နေရာကို ဖုံးကွယ်ခြင်းထက် ကျိုးပဲ့ကြေမွခြင်းမှ အလှတရားကို ထုတ်ဆောင်ပေးသည်။
ကျွန်ုပ်တို့ ပြုမိသောအပြစ်များအတွက် အမှန်ပင် နောင်တရကြေကွဲလျှင် ကျွန်ုပ်တို့၏ကျိုးပဲ့ကြေမွမှုများကို
ဘုရားသခင် တန်ဖိုးထားကြောင်း ကျမ်းစာက ဖော်ပြသည်။ ဒါဝိဒ်မင်းသည် ဗာသရှေဘအား ပြစ်မှားပြီး သူ၏ ခင်ပွန်းအား
သေစေရန် ကြံစည်ခဲ့ပြီးနောက် ပရောဖက် နာသန်က သူ့ကို ထိပ်တိုက်ဖြေရှင်းသဖြင့် ဒါဝိဒ် နောင်တရခဲ့သည်။ မိမိ၌ အပြစ်ရှိလျှင် မည်သည့်အရာကို ဘုရားရှင်လုပ်စေလိုသည်ကို ဒါဝိဒ်မင်း၏ ဆုတောင်းချက်က ကျွန်ုပ်တို့အတွက် အမြင်ဖွင့်ပေးသည်။ ‘‘ယဇ်ပူဇော်ခြင်း အလိုတော် မရှိ၊ သို့မဟုတ်လျှင်၊ ယဇ်ပူဇော်ပါမည်။ မီးရှို့သောယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော် မမူ။…

သနားခြင်းကရုဏာကို မျှော်လင့်ပြီး လက်ဆင့်ကမ်းခြင်း

ကျွန်မသူငယ်ချင်း၏ ရွေးချယ်မှုသည် သူ့ကို အပြစ်နွံတွင်းသို့ ပိုမိုနစ်မွန်းစေပြီး သူ၏ လုပ်ရပ်က ကျွန်မအပေါ်သက်ရောက်မှုရှိကြောင်း ကျွန်မညည်းတွားသောအခါ အပတ်စဉ် အတူတကွ ဆုတောင်းသည့် အမျိုးသမီးက သူ၏လက်ကို ကျွန်မလက်ပေါ်တင်ပြီး ‘‘အားလုံးအတွက် ဆုတောင်းကြစို့’’ ဟု ပြောပါသည်။ ‘‘အားလုံးအတွက် ဟုတ်လား’’ ဟု ကျွန်မက မျက်မှောင်ကြုတ်၍ ပြန်မေးမိသည်။
‘‘ဟုတ်တယ်လေ။ ခရစ်တော်က ကျွန်မတို့ရဲ့ သန့်ရှင်းမှုစံ အဆင့်ကို သတ်မှတ်ပေးတယ်။ ဒါကြောင့် ကိုယ့် အပြစ်ကို သူတစ်ပါးအပြစ်နှင့် မနှိုင်းယှဉ်ရဘူးလို့ ရှင်အမြဲ ပြောတယ်လေ’’ ဟု ဆက်ပြောသည်။
‘‘ ဒီအမှန်တရားက နည်းနည်းတော့ နာတယ်။ ဒါပေမဲ့ ရှင်ပြောတာမှန်တယ်။ ကျွန်မရဲ့ အခြားသူကို စီရင်တဲ့စိတ်နဲ့ ၀ိညာဉ်ရေး ဘ၀မြင့်မှုက သူ့ရဲ့အပြစ်ထက် ပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုပြီး မဖြစ်သင့်ပါဘူး’’ ဟုကျွန်မ ၀န်ခံလိုက်သည်။
‘‘နောက်ပြီး ရှင့်သူငယ်ချင်းအကြောင်းပြောနေတာဆိုတော့ ငါတို့အတင်းပြော…

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပါ

အာလင်တန် အမျိုးသားသုဿန်ရှိ အမည်မသိ အညတရ စစ်သည်တော်ဗိမာန်၌ ခံညားတည်ငြိမ်၍ခမ်းနားသော အစောင့်တာဝန်ကျသူတို့၏ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို ကျွန်တော် အမြဲ လေးစားနှစ်ခြိုက်သည်။  တာဝန်ရှိသူများက ဤအခမ်းအနားကို ဂရုတစိုက်စီစဉ်ကာ အမည်မသိစစ်သည်တို့အား ချီးကျူးဂုဏ်ပြုသည်။ စစ်သည်တို့၏အမည်နှင့် သူတို့၏ကိုယ်ကျိုးစွန့်မှုကို  မည်သူမျှ မသိ၊ ဘုရားသခင် တစ်ပါးတည်းသာ သိသည်။  အစောင့် တာဝန်ကျသူတို့မှာ အများပြည်သူတို့မရှိလည်း နာရီတိုင်း၊ နေ့စဉ်၊ ရာသီဥတု ဆိုးရွားဆုံးအချိန်တွင်ပင် ညီညာတူညီစွာ ရွေ့လျားလှုပ်ရှားလျက်  တာဝန်ကို မှန်မှန်ထမ်းရွက်သည်။
၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် မြို့တော် ၀ါရှင်တန် ဒီစီတွင် အစ္စဘဲလ်မုန်တိုင်း ဆိုးရွားစွာကျရောက်စဉ် အစောင့် စစ်သားများအား အကာအကွယ်တွင် ခိုလှုံရန် ပြောသည်။ အံ့ဩစရာပင်။ အစောင့်အားလုံးက ခိုလှုံရန် ငြင်းဆိုကြသည်။ မုန်တိုင်းနှင့် ရင်ဆိုင်ရသော်လည်း ကိုယ်ကျိုးမကြည့် အခွင့်အရေးမယူဘဲ ၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်လျက် ကျဆုံးလေပြီးသော…

စာငှက်တစ်ကောင်မျှ

ဘ၀တစ်လျှောက်လုံး သိက္ခာရှိရှိ စည်းစနစ်ကျကျ နေလာခဲ့သော အမေသည် ယခုတွင် နာတာရှည်ရောဂါသည်များထားရှိသည့် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေရပြီး ခွန်အားချည့်နဲ့မှုက သူ့ကို လွှမ်းမိုးနေသည်။ အသက်ရှုရန်ပင် ရုန်းကန်ရပြီး၊ သူ၏အင်အား ယုတ်လျော့သောအခြေအနေသည် ပြတင်းပေါက်၏ အခြားတစ်ဘက်တွင် တွေ့ရသည့်   သာယာလှပစွာ ရှင်သန်ယိမ်းနွဲ့နေသော နွေဦးရာသီနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း   မနှစ်မြို့ဖွယ်ရာ နှုတ်ဆက်ထွက်ခွာသွားခြင်းအမှုအတွက် ကျွန်ုပ်တို့ တောင့်ခံထားနိုင်ခြင်း မရှိပါ။ ‘‘သေခြင်းသည် သိက္ခာမဲ့ခြင်းပင် ဖြစ်သည်’’ ဟု ကျွန်တော်ယူဆသည်။
ကျွန်တော်သည် ပြတင်းပေါက်သို့ မျက်နှာလွှဲ၍ အပြင်ဘက်ရှိ ငှက်အစာခွက်ကို ကြည့်လိုက်သည်။ စာကလေး
များသည် လူးလာခတ်၍ ၎င်းတို့၏အစာအနီးသို့ ပျံသွားသည်။ ရုပ်ခြည်းဆိုသလို အကျွမ်းတ၀င်ရှိသည့် စကားစုတစ်ခု ကျွန်တော့်စိတ်ထဲတွင် ပေါ်လာသည်။ ‘‘သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက် တစ်ကောင်မျှ မြေသို့မကျရ’’ (မ ၁၀း၂၉)။ ၎င်းသည်…

အသုံးမရသော

‘‘ပုံမှန် အလုပ်မလုပ်ခြင်း” ဟူသည့်စကားလုံးကို တစ်ဦးချင်း၊ မိသားစုဆွေမျိုးသားချင်း၊ အဖွဲ့အစည်းနှင့် အစိုးရအဖွဲ့တို့အတွက် အသုံးပြုသည်။ ‘‘ပုံမှန်အလုပ်လုပ်ခြင်း’’ ဆိုသည့်စကားလုံး၏အဓိပ္ပာယ်မှာ စနစ်တကျ အမှန်တကယ် အလုပ်လုပ်ခြင်း ဖြစ်ပေရာ၊ ၎င်း၏ဆန့်ကျင်ဘက်‘‘ပုံမှန် အလုပ်မလုပ်ခြင်း’’ ဆိုလျှင် ကျိုးပဲ့ခြင်း၊ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း၊ စနစ်တကျ ပုံစံရေးဆွဲထားသည့်အတိုင်းအကောင်အထည်မဖော်နိုင်ခြင်းကို ဆိုလိုသည်။
ရှင်ပေါလုရေးသားသည့် ရောမဩ၀ါဒစာစောင်တွင် ၀ိညာဉ်ရေးရာ၌   ပုံမှန်မဟုတ်သည့်လူသားများနှင့် စပ်လျဉ်း၍ ဖော်ပြထားသည်။ ကျွန်ုပ်တို့ အားလုံးသည် ဘုရားကို ဖီဆန်အာခံသောအဖွဲ့တွင် ပါဝင်ပတ်သက်နေ ပါသည်။ ‘‘လူအပေါင်းတို့သည် လမ်းလွဲကြပြီး တစ်ညီ တစ်ညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှ မရှိ။ ... အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ’’ (ရော ၃း၁၂၊၂၃)။
သတင်းကောင်းမှာ ‘‘ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ…

ကြမ်းတမ်းသော ရေပြင်အတွက် လမ်းညွှန်

ပထမဆုံးအကြိမ်အဖြစ် ရေစီးကြမ်းသော လှိုင်းဖြူစီးကြောင်းတွင် ရာဘာဖောင်စီးရာ၌ စိတ်လှုပ်ရှားလျက် ထိုအတွေ့အကြုံကို ကျွန်ုပ်အလွန်နှစ်သက်သည်။ သို့သော် အရှေ့မှရေလှိုင်းများ ပွက်ထမြည်ဟီးသံကို ကြားရသောအခါ တစ်ပြိုင်နက်ထဲတွင် မသေချာမှု၊ ကြောက်ရွံ့မှု၊ မလုံခြုံမှုတို့နှင့်အတူ စိတ်လှုပ်ရှားရသည်။ ရေလှိုင်းဖြူစီးခြင်းသည် အလွန်မှပင် ကောင်းသော၊ ကြောက်စရာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးသော ကစားနည်းတစ်ခုဖြစ်သည်။ ထို့နောက် အချိန်တိုတိုအတွင်း ပြီးဆုံးသွားသည်။ ဖောင်၏ အနောက်ဘက်တွင် လိုက်ပါလာသော လမ်းညွှန်သူက လမ်းကြောင်းတစ်လျှောက် ညွှန်ကြားမှု ပြုပေးသည်။
ကျွန်ုပ်တို့၏ဘ၀ အဖြစ်အပျက် တစ်ခုမှ နောက်တစ်ခု သို့ ကူးပြောင်းခြင်းသည်လည်း ရေလှိုင်းဖြူစီးခြင်း အတွေ့ အကြုံနှင့် အတူတူပင်ဖြစ်သည်။ မလွဲမသွေ တွေ့ကြုံရမည့် ဘ၀ရာသီခွင်တစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းခြင်း၊ ကောလိပ်ကျောင်းသားဘ၀မှ အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင် ၀င်ရောက်ခြင်း၊ အလုပ်တစ်ခုမှအခြားတစ်ခုသို့ ပြောင်းခြင်း၊ မိဘနှင့်အတူနေရာမှ မိမိတစ်ဦးတည်း (သို့)  အိမ်ထောင်ကျပြီး ဇနီးခင်ပွန်းနှင့်အတူနေခြင်း၊ ၀န်ထမ်းဘ၀မှ…

မနာလိုမှုအတွက်ကုထုံး

ညနေပိုင်းတွင် မိဘများက အပြင်ထွက်လိုသဖြင့် မြေးကလေးများကို ထိန်းပေးရန် ၀မ်းမြောက်စွာ ကျွန်မသဘောတူလိုက်သည်။ သူတို့ကို ဖက်ထားပြီး   ‘‘စနေတနင်္ဂနွေမှာ ဘာတွေလုပ်ကြသလဲ’’ ဟု မေးလိုက်သည်။ ဦးဦး၊ ဒေါ်ဒေါ်တို့ထံ ညအိပ်သွားခဲ့သည့် အသက်သုံးနှစ်အရွယ် ဘရစ်ဂျာက ရေခဲမုန့်စားရကြောင်း၊ ချားရဟတ်စီးရကြောင်း၊ ရုပ်ရှင်ကြည့်ရကြောင်းတို့ကို ပြောပြသည်။ ထို့နောက် အသက် ငါးနှစ်အရွယ် ဆင်မြူရယ် အလှည့် ဖြစ်သည်။ ဘာလုပ်ခဲ့သလဲဟု မေးသော် သူက ‘‘တောထဲမှာ စခန်းချပြီး လျှောက်လည်တယ်’’ ဟုဖြေသည်။ ‘‘ပျော်သလား’’ ဟု ကျွန်မမေးရာ၊ ‘‘ဒီလောက်ကြီးလည်း မဟုတ်ပါဘူး’’ ဟု အထီးကျန်စွာ ပြန်ဖြေသည်။
ဆင်မြူရယ်၌ မနာလိုစိတ်ဝင်နေသည်။ ညီငယ်၏ စိတ်လှုပ်ရှားစွာ ဖြတ်သန်းခဲ့ရသည့် သူ့အတွေ့အကြုံကို ကြားပြီးနောက် သူ့ဖခင်နှင့် ပျော်ရွှင်စွာ စခန်းချခဲ့သည့်ဖြစ်ရပ်များကို ဆင်မြူရယ် မေ့သွား တော့သည်။
ကျွန်မတို့အားလုံးသည်လည်း မနာလိုမှု ကျော့ကွင်းထဲသို့ ကျရောက်နိုင်သည်။…