မည်သည့်အရာဖြင့် သင့်ကို လူတို့သိကြမည်နည်း
တရုတ်နိုင်ငံတွင် ယခင်က ဂျပန်စစ်အကျဉ်းစခန်း ဖြစ်ခဲ့ဖူးသောဒေသ၌ ၁၉၄၅ ခုနှစ်က ကွယ်လွန်ခဲ့သူတစ်ဦး၏ အမှတ်တရကျောက်တိုင်ကို စိုက်ထူထားသည်။ “အဲရစ် လစ်ဒယ် အား စကော့လူမျိုး မိဘနှစ်ပါးမှ ၁၉၀၂ ခုနှစ်၌ တီယန်ကျင်းမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၂၄ အိုလံပစ်အားကစားပွဲတော်တွင် မီတာ ၄၀၀ အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး အားကစားသမားဘ၀၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ တီယန်ကျင်း၌ ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် သူသည် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။ ... လူသားဘ၀ ကြီးပွားတိုးတက်အောင် အကောင်းဆုံးပေးဆပ်ကြရန် လူငယ်များကို တိုက်တွန်း ခွန်အားပေးရင်း သူ့ဘ၀ တစ်ခုလုံးကို အသုံးပြုခဲ့သည်” ဟု ကျောက်တိုင်ပေါ်တွင် ရေးထွင်းထားသည်။
အဲရစ်၏ အကြီးမားဆုံး အောင်မြင်မှုမှာ အားကစား နယ်ပယ်၌ ဖြစ်သည်ဟု အများက ရှုမြင်ကြမည်။ သို့သော် သူမွေးဖွားသန့်စင်ရာဌာနီ သူချစ်သော တရုတ်နိုင်ငံမှ…
လန်းဆန်းစေသော နွေဦးမိုး
ခေတ္တခဏ အနားယူလိုသဖြင့် အနီးရှိ ပန်းခြံထဲ ကျွန်မလမ်းလျှောက်ထွက်ခဲ့သည်။ လမ်းလေးအတိုင်း ရှေ့ရှုလျှောက်သွားရာ စိမ်းစိမ်းစိုစိုနှင့် အပင်ပေါက်လေးက ကျွန်မ၏ အာရုံကို ဖမ်းစားသည်။ ရွှံ့တောထဲမှ အပင်အစို့အညှောင့်လေးများ ရှင်သန် ထွက်ပေါ်လာသည်။ နွေးထွေးသောရာသီ ရောက်လာတော့မည့်အကြောင်း နွေဦး၏ ရှေ့တော်ပြေး အ၀ါရောင်ပန်းလေးများက ရက်သတ္တပတ် အနည်းငယ်အတွင်း ဖူးပွင့်လာတော့မည်။ ဆောင်းတစ်ရာသီ ကို ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ။
ဟောရှေအနာဂတ္တိကျမ်းကို ဖတ်ရှုရသည့်အခါ မဆုံးနိုင်တော့သည့် အေးစက်သည့် ဆောင်းရာသီအလား ခံစားမိစေသည်။ ဖန်ဆင်းရှင်က သူ့လူမျိုးတော် ဣသရေလ လူတို့ကို ချစ်ကြောင်း ပုံနမူနာပြသည့်အနေနှင့် (၁း၂-၃) ဘုရားသခင်သည် ပရောဖက်ဟောရှေအား အားကျစရာ မကောင်းသည့် သစ္စာမဲ့အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်စေခိုင်းခဲ့သည်။ ဟောရှေ၏ဇနီးဂေါမာသည် သူတို့၏ထိမ်းမြားခြင်းဝန်ခံကတိကို ချိုးဖောက်ခဲ့သည်။ သို့သော်လည်း သူ့အပေါ် အကြွင်းမဲ့ချစ်တုံ့ပြန်လာမည်ဟူသည့် မျှော်လင့်ချက်ဖြင့် ဟောရှေက သူ့အား ပြန်လာရန် ကမ်းလင့်ကြိုဆိုခဲ့သည် (၃း၁-၃)။ ထိုနည်းတူ ဘုရားသခင်သည်လည်း…
ပြေးခြင်းနှင့် အနားယူခြင်း
‘‘နားရမည့်နေ့ရက်များသည် အပြေးသမားများအတွက် အရေးကြီးသည်’’ ဆိုသော စာတန်းလေးကို ကျွန်မစိတ်ဝင်စားမိသည်။ U.S တောင်ပတ်ပြေးသောအဖွဲ့(Mountain Running Team)၏ အဖွဲ့ဝင်ဟောင်း Tommy Manning ၏ ဆောင်းပါးတွင် စိတ်နှစ်ပြီး ကစားသော အားကစားသမားများသည် တစ်ခါတစ်ရံတွင် လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ကို အားဖြည့်ရန်အတွက် နားရန်လိုသော်လည်း ထိုအချက်ကို လျစ်လျူရှုထားတတ်ကြကြောင်း ဖော်ပြထားသည်။ ဇီဝကမ္မဗေဒအရ လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်သော ဇီဝသပ္ပာယ (ခန္ဓာနရီ၏ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်ခြင်း)သည် နားနေသည့်အချိန်တွင်သာ ဖြစ်ပေါ်သည်။ ၎င်းသည် နားနေချိန်သည် လေ့ကျင့်မှုထက် အရေးကြီး သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း Manning က ရေးသား ခဲ့သည်။
ယုံကြည်ခြင်းခရီးနှင့် အစေခံခြင်းလမ်းကို လျှောက်လှမ်းရာ၌လည်း ထို့အတူပင်ဖြစ်သည်။ ပင်ပန်းအားကုန်လျက် စိတ်ဓာတ်ကျ သည့် အဖြစ်မျိုးကို ရှောင်ရှားရန် ပုံမှန်အနားယူခြင်းသည် မရှိမဖြစ် လိုအပ်သည်။ သခင်ယေရှု လောက၌ ကျင်လည်ခဲ့စဉ်…
သေးငယ်သော မီး
၁၆၆၆ ခုနှစ် စက်တင်ဘာလ တနင်္ဂနွေနေ့တစ်ညတွင် Pudding လမ်းရှိ Thomas Farriner ၏ မုန့်ဖုတ်ရုံမှစ၍ မီးလောင်ချိန်တွင် လူအများစုမှာ အိပ်မောကျနေကြသည်။ မကြာမီ တစ်အိမ်ပြီးတစ်အိမ် မီးကူးကား ကြီးမားလှသည့် မီးတောက်များအကြားတွင် လန်ဒန်မြို့ကြီး ၀ါးမြိုခံခဲ့ရသည်။ မြို့၏ ၅ ပုံ ၄ ပုံ ပျက်စီးပြီး လူဦးရေ ၇၀၀၀၀ ကျော် အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရသည်။ ဤသေးငယ်သောမီးက ကြီးမားသော ပျက်စီးမှုကို ဖြစ်စေခဲ့သည်။
သမ္မာကျမ်းစာထဲတွင် သေးငယ်သော်လည်း ပျက်စီးစေတတ်သော အခြားမီးတစ်မျိုးအကြောင်း သတိပေး ထားသည်။ ‘‘ထိုနည်းတူ လျှာသည် ငယ်သောအင်္ဂါ ဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင် သည်ကို ကြည့်ပါလော့’’ ဟု ရေးသားခဲ့စဉ်က (ယာ ၃း၅) ရှင်ယာကုပ်သည် အဆောက်အအုံထက် အသက်တာနှင့် ပေါင်းသင်းဆက်ဆံရေးများအပေါ်…
တစ်ခုခု မှားနေတယ်
ကျွန်မသားလေး အယ်လင် မွေးပြီးသည့် မနက်တွင် ဆရာဝန်က ခုတင်ခြေရင်းနားရှိ ထိုင်ခုံတွင် ထိုင်ရင်း ‘‘ကလေးက တစ်ခုခု မှားနေတယ်’’ ဟုပြောပါသည်။ အပြင်ပန်း ကြည့်လျှင် သားလေးသည် ပြီးပြည့်စုံပါသော်လည်း အသက်အန္တရာယ်ရှိသည့် မွေးရာပါ ရောဂါ ပါလာ၍ ချက်ခြင်းခွဲစိတ်မှုခံယူရန်အတွက် မိုင် ၇၀၀ ခန့်ဝေးသော ဆေးရုံသို့ လေယာဉ်ဖြင့် ထွက်ခွာရမည်ဖြစ်သည်။
သင့်ကလေး၌ ရောဂါတစ်စုံတစ်ရာရှိနေပြီဟု ဆရာဝန်က ပြောသောအခါ သင့်ဘ၀ကြီးပါ ပြောင်းလဲသွား သည်။ ကြိုမမြင်ရသောအရာကို စိုးရိမ်ကြောက်ရွံ့နေခြင်းက စိတ်နှလုံးကို ကြေမွစေပြီး လူကို ပြိုလဲသွားစေသည်။ ထို့ပြင် ကလေးကို ပြုစုနိုင်အောင် မိမိကို ခွန်အားပေးမည့် ဘုရားသခင်ကို အသည်းအသန် ရှာပါတော့သည်။
ချစ်ခြင်းမေတ္တာရှင်ဘုရားက ဤအဖြစ်မျိုးကို ခွင့်ပြု သည်လား၊ ကျွန်မကလေးကိုရော ဂရုစိုက်ပါရဲ့လား၊ ကိုယ်တော် ရှိပါသလား စသည်ဖြင့် ဟိုရောက်ဒီရောက် အတွေးများက ထိုမနက်တွင်…
သင့်နောက်မှ
အချို့သော ယဉ်ကျေးမှုများတွင် လူငယ်က အသက်ကြီးသူကို အခန်းထဲသို့ အရင် ၀င်ခွင့်ပေးရသည်။ အချို့ယဉ်ကျေးမှုများတွင် အရေးကြီးဆုံးနှင့် ရာထူးရာခံကြီးသူများကို အရင်ဝင်စေသည်။ ယဉ်ကျေးမှုများ မည်သို့ပင်ရှိရှိ၊ အရေးကြီးသောကိစ္စများတွင် အထူးသဖြင့် မိမိနှင့် သက်ဆိုင်သော အခွင့်အရေးကို အခြားသူ တစ်စုံတစ်ယောက်အား ဦးစားပေးလိုက်ရန် ခက်ခဲသောအချိန်များ ရှိတတ်ပါသည်။
အာဗြံ (နောက်ပိုင်း အာဗြဟံဖြစ်လာသူ)နှင့် သူ့တူ လောတတို့တွင် သိုးနွားဥစ္စာများ များလွန်းလှသောကြောင့် သူတို့အတူတကွ နေထိုင်ရန် မြေမလောက်တော့ပါ။ အငြင်းပွားမှု မဖြစ်စေရန်အတွက် အာဗြံသည် လမ်းခွဲရန် ပြောပြီး လောတကို အရင်ဦးဆုံး မြေနေရာကို ရွေးချယ်စေ သည်။ သူ့တူတော်မောင်သည် မြေသြဇာ ကောင်းသော ယော်ဒန်မြစ်ဝှမ်းကို ရွေးချယ်ပြီး အာဗြံကို လိုချင်စရာ မကောင်းသည့်မြေတွင် ထားရစ်ခဲ့သည်။
ဤအခြေအနေတွင် အာဗြံသည် သူအရင် ရွေးပိုင်ခွင့် ရှိသော်ငြားလည်း စောဒကမတက်ဘဲ သူ့အနာဂတ်ကို ဘုရားသခင်လက်ထဲ…
လက်ချောင်းများကြားမှ ယိုဖိတ်သွားခြင်း
စားသောက်ဆိုင်၌ စားပွဲပေါ်မှ အအေးခွက်ကို မတော်မဆတိုက်မိပြီး ဖိတ်ကျသွားရာ စားပွဲစောင်းမှတစ်ဆင့် ကြမ်းခင်းအထိပါ အအေးများ စွန်းထင်းကုန်သည်။ ရှက်ရှက်ဖြင့် အအေးများကို လက်ခုပ်ဖြင့် လိုက်ခံနေသေးသည်။ ကျွန်မ၏ ကြိုးစားအားထုတ်မှုသည် အချည်းအနှီးပင်၊ အအေးများက လက်ချောင်းများကြားမှ ယိုဖိတ်ကုန်သည်။ အဆုံးတွင် ကျွန်မ၏လက်ခုပ်တွင် မဆိုစလောက် အအေးသာကျန်ပြီး ခြေထောက်မှာမူ အချိုရည်ထဲ နှစ်နေပါသည်။
ကျွန်မ၏ဘ၀နေ့ရက်များစွာတွင်လည်း ဤကဲ့သို့ ထူးမခြားနား ခံစားရသည်။ ကျွန်မသည် ပြဿနာများ ဖြေရှင်းရန်၊ တစ်ခုခုကို အသေးစိတ်စီမံကွပ်ကဲရန်၊ အခြေအနေ
များကို ချုပ်ကိုင်ရန် စသည့်အမှုကိစ္စများနှင့်သာ ပျားပန်းခတ် နေကြောင်း ကျွန်မကိုယ်ကျွန်မ မြင်မိပါသည်။ ကျွန်မ မည်မျှပင် ကြိုးစားနေပါစေ၊ အားနည်းသော လက်အစုံက ကိစ္စတိုင်းကို စီမံခန့်ခွဲရန် မစွမ်းဆောင်နိုင်ပါ။ ကျွန်မ လက်နှင့်လွတ်ပြီး ကျွန်မမလုပ်နိုင်သောကိစ္စများကြောင့် ကျွန်မ အစဉ် စိုးရိမ်ကြောင့်ကြ ခဲ့ရသည်။ လက်ချောင်းများကို မည်မျှပင်…
ကောင်းမြတ်သောအမွေဆက်ခံခြင်း
ဘိုးဘိုး ဟဲရစ် နှင့် ဘွားဘွား (ကျွန်ုပ်၏အဘိုးနှင့်အဘွား)တို့တွင် ပိုက်ဆံများများစားစား မရှိသော်ငြားလည်း မြေးများအတွက် အမှတ်ရစရာ ခရစ်စမတ်ဖြစ်အောင် နှစ်စဉ် ပြုလုပ် ပေးပါသည်။ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ပွဲက အစားအသောက်များ၊ ပျော်ရွှင်ဖွယ်ရာများ၊ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။ ထိုငယ်စဉ်ကလေးဘ၀မှာပင် ဤပျော်ပွဲရွှင်ပွဲကို ဖြစ်စေသူသည် ခရစ်တော်ဟု နားလည်ခဲ့ရသည်။
ကျွန်ုပ်တို့၏သားသမီးများထံသို့လည်း ယင်းဓလေ့ အမွေအနှစ်ကို လက်ဆင့်ကမ်း ပေးချင်ပါသည်။ ယမန်နှစ် ဒီဇင်ဘာက ခရစ်စမတ်ပွဲတော်ဆင်နွှဲရန် မိသားစုများ အတူတကွစုဝေးကြစဉ် ဤသို့ဝမ်းမြောက်ပျော်ရွှင်ဖွယ်
အလေ့အထလေးကို အဘိုးနှင့်အဘွားက အစပြုပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ်ရမိသည်။ အဘိုးနှင့်အဘွားသည် ငွေကြေးဥစ္စာအမွေများ မထားခဲ့သော်လည်း သူတို့သားသမီး များ၏ကလေးများဖြစ်သည့် မြေးများ သူတို့ကို စံထား အတုယူ ကြပါစေဟု ချစ်ခြင်း၊ လေးစားခြင်းနှင့် ယုံကြည်ခြင်း မျိုးစေ့များကို ဂရုတစိုက် စိုက်ပျိုးပေးခဲ့သည်။
သမ္မာကျမ်းစာတွင်လည်း အဘွားလောဣနှင့် အမိဥနိတ်တို့သည် တိမောသေအား…
ဖွင့်လှစ်ကမ်းကြိုနေသော လက်များ
ကျွန်မခင်ပွန်း Dan နှင့်အတူ အသက်ကြီးသူ မိဘနှစ်ပါးကို ကြည့်ရှုပြုစုခဲ့စဉ်က တစ်ယောက်လက် တစ်ယောက်ကိုင်ကာ တောင်ကမ်းပါးမှ တွဲလွဲခိုနေရသလို ခံစားခဲ့ ရသည်။ ကြည့်ရှုပြုစုခြင်းအမှုတွင် ကျွန်မတို့၏စိတ်နှလုံးကို အစစ်ဆေးခံရန်၊ ပုံသွင်းခံရန်၊ အထူးသဖြင့် ယခုကဲ့သို့သောအချိန်တွင် အသစ်သော နည်းလမ်းများဖြင့် ဘုရားရှင်အသုံးပြုရန် အခွင့်ပေးခြင်း တို့သည် အခက်ခဲဆုံး သောအရာဖြစ်မည်ဟု ကျွန်မတို့ ထင်မထားခဲ့ပါ။
နေ့အချိန်တွင် ကျွန်မသည် မြေပြင်ပေါ်သို့ အဆီးအတားမရှိ ခေါင်းစိုက်ထိုးဆင်းကျသလို ခံစားရပြီး ဘုရားရှင်သည် ကျွန်မလုပ်ဆောင်ရမည့်တာဝန်များ၊ ကြိုတင် စီစဉ်ထားသောအရာများ၊ ကြောက်ရွံ့မှုများ၊ မာန်မာနနှင့် တကိုယ်ကောင်းဆန်မှုများကို ဖော်ပြပါသည်။ တစ်ဖန် ဘုရားရှင်သည် ကျွန်မ၏ ကျိုးပဲ့ကြေမွမှုများကို အသုံးပြုကာ သူ၏ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ပြသခဲ့သည်။
ကျွန်မ၏သင်းအုပ်က ‘‘ဘုရားမရှိဘဲ ကိုးယိုးကားယား ဖြစ်နေတဲ့ မင်းကိုယ်မင်း အရှိကို အရှိအတိုင်း မြင်တဲ့နေ့ဟာ အကောင်းဆုံး နေ့ပဲ။ ပြီးတော့မှ…
မျှော်လင့်မထားသော အင်တာဗျူး
လူကျပ်သိပ်နေသော လန်ဒန်မြို့၏ခရီးသည်တင်ရထားပေါ်တွင် နံနက်စောစော ရထားစီးသူတစ်ဦးက သူလမ်းကိုလာပိတ်သည့် အခြားခရီးသည်တစ်ဦးကို တိုးဝှေ့ကာ ကြိမ်းမောင်းပြောဆိုခဲ့သည်။ ၎င်းသည် အဓိပ္ပာယ်မရှိ၊ တစ်ဖက်သားက ဘာမျှ ပြန်မဖြေရှင်းရဘဲ ဤအတိုင်း မခံချိမခံသာဖြစ်ကျန်ခဲ့ရသည်။ နေ့လယ်ခင်းခန့်တွင် မထင်မှတ်သောအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင် မန်နေဂျာတစ်ဦးသည် သူ၏ လူမှုကွန်ယက်မှ သူငယ်ချင်းများထံ စာတစ်စောင် ရေးပို့ခဲ့သည်။ ‘‘ဘယ်သူ အလုပ်အင်တာဗျူး လာဖြေသလဲဆိုတာ ခန့်မှန်းကြည့်ကြ ပါလား’’။ သူ့အဖြေကို ပြောပြသောအခါ ကမ္ဘာတစ်ဝန်းမှ လူများက မဲ့ပြုံး ပြုံးမိကြသည်။ မနက်က သင်တိုးဝှေ့ပြီး ဆဲဆိုကြိမ်းမောင်းခဲ့သူက အလုပ်အင်တာဗျူးတွင် သင့်ကို ကြိုဆိုနှုတ်ဆက်သူ ဖြစ်နေသောအခါ မည်သို့ဖြစ်သွား မည်နည်း။ မြင်ကွင်းကို မြင်ယောင် ကြည့်လိုက်ပါ။
ရှောလုသည်လည်း သူမျှော်လင့်မထားသူနှင့် ပက်ပင်းတိုးခဲ့သည်။ ‘‘သခင်ဘုရား၏လမ်းစဉ်တော်ကို လိုက်လျှောက်သောသူ’’ များကို (တမန် ၉း ၁-၂ -ခေတ်သုံး) သတ်ဖြတ်ရန်ခြိမ်းခြောက်လျက်…