ဟောင်းသော်လည်း သစ်လွင်ကောင်းသော
၂၀၁၄ ခုနှစ်၌ ကင်တာကီ ပြည်နယ် အမျိုးသားကောဗက်ကားပြတိုက်နေရာ၌ မြေကျွံသွားသည့်အတွက် ပြန်အစားထိုး၍မရအောင် အဖိုးတန်သည့် ရှယ်ဗရိုလေး ကောဗက် ပြိုင်ကား ၈ စီး မြေအောက်သို့ ရောက်သွားသည်။ ကားများသည် အကြီးအကျယ် ပျက်စီးသွားပြီး အချို့ဆိုလျှင် ပြုပြင်၍ပင် မရနိုင်တော့ပါ။
ကားများအနက် ၁၉၉၂ ခုနှစ်၌ ကားတပ်ဆင်ရုံမှ ထုတ်လာသည့် အစီးရေ တစ်သန်းမြောက် ကောဗက်ကား မှာ အထူးဂရုပြုအာရုံစိုက်ခံခဲ့ရပြီး ၎င်းသည် တန်ဖိုးအမြင့်ဆုံး
စုဆောင်းမှုတစ်ခုဖြစ်သည်။ ယင်းကို မြေကြီးထဲမှပြန်ထုတ် ပြီးနောက် စိတ်ဝင်စားစရာအဖြစ်မှာ ကျွမ်းကျင်သူများက ကား၏မူလအစိတ်အပိုင်းများကို အဓိကထားပြန်သုံးပြီး အသစ်အနေအထားအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင် ခဲ့သည်။ ဤကားအလှပဂေးလေးမှာ ပုံပျက်ပန်းပျက် ဖြစ်သွား
သော်လည်း ယခုအချိန်တွင် ၎င်းကို ထုတ်လုပ်သည့်နေ့က ကဲ့သို့ပင် အကောင်းပကတိအတိုင်း တွေ့ရသည်။
ကားက အိုဟောင်းပြီး ပျက်စီးသွားသော်လည်း အသစ်ပြန်ဖြစ်သွားသည်။
ဤအရာက ယုံကြည်သူများအတွက်…
သင့်ဝန်ထုပ်ကို ချလိုက်ပါ
တောလမ်းလေးအတိုင်း ပစ်ကပ်ထရပ်ကားလေး မောင်းလာသူတစ်ဦးက လေးလံသော အထုပ် သယ်လာသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၍ ကားရပ်ပြီး ကားကြုံတင်ခေါ်ခဲ့ သည်။ အမျိုးသမီးက ကျေးဇူးတင်ကြောင်းပြသပြီး ကားနောက်ခန်းမှလိုက်ပါခဲ့သည်။
ခဏကြာသော် ထိုလူက ထူးဆန်းနေသည်ဟု ခံစားမိသည်။ ထိုအမျိုးသမီးသည် ကားထဲထိုင်နေသော်လည်း သူ့အထုပ်ကြီးကို သယ်ထားဆဲ ဖြစ်သည်။ အံ့အားသင့်လျက် သူက “အစ်မကြီးရယ်၊ ကျေးဇူးပြုပြီး အထုပ်ကိုချပြီး သက်သက်သာသာနေပါ။ ကျွန်တော့်ကားက အစ်မကိုရော အထုပ်ကိုရော သယ်ပေးနိုင် ပါတယ်။ သက်သောင့်သက်သာနေပါ” ဟု ပြောလိုက်သည်။
စိုးကြောက်စရာများ၊ ပူပန်စရာများ၊ စိုးရိမ်စရာများ စသောဝန်ထုပ်များကို ကျွန်ုပ်တို့ မည်သို့ကိုင်တွယ်ဖြေရှင်း ကြသနည်း။ ဘဝ၏အခက်အခဲများစွာကို ဖြတ်ကျော် ရုန်းကန်ရင်း ၎င်းတို့ကို သယ်ဆောင်သွားနေသလား။ သခင့်အထံတော်၌ သက်သောင့် သက်သာ အပန်းဖြေမည့်အစား အဆိုပါအမျိုးသမီးကဲ့သို့ ကျွန်ုပ်လည်း တစ်ခါတစ်ရံ ပြုမူတတ်ပါသည်။ သခင်ယေရှုက “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊…
ကျွန်ုပ်တို့၏ အထောက်အပံ့ အရင်းအမြစ်
၂၀၁၀ ခုနှစ် ဩဂုတ်လတွင် ချီလီနိုင်ငံ ကိုပီယာပိုဒေသအနီးရှိ မိုင်းတွင်းအရေးကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့သည်။ မိုင်းတွင်းလုပ်သား ၃၃ ဦးမှာ မြေအောက် ပေ ၂၃၀၀ ၌
ပိတ်မိနေပြီး အမှောင်ထုထဲ၌ စုနေကြရသည်။ အကူအညီ ရောက်မည် မရောက်မည်ကို မည်သူမျှ မသိကြပါ။ ၁၇ ရက်ကြာ စောင့်ဆိုင်းပြီးနောက် လွန်ပူတူးသံကို ကြားခဲ့ရ
သည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မိုင်းတွင်း၏ မျက်နှာကျက်၌ အပေါက်လေးတစ်ပေါက် ဖောက်နိုင်ခဲ့ပြီး နောက်ထပ် အပေါက် ၃ ပေါက်ကို ထပ်ဖောက်ကြသည်။ ထိုအပေါက်များမှ အစားအစာ၊ ရေနှင့် ဆေးဝါးများကို ချပေးနိုင်ခဲ့သည်။ မိုင်းတွင်းလုပ်သားများသည် ထိုအပေါက် များကို အမှီပြုပြီး သူတို့အသက်ဆက်ရန် မြေပြင်ပေါ်ရှိ ကယ်ဆယ်ရေးများ၏အထောက်အပံ့ကို ရယူရသည်။ ၆၉ ရက် မြောက်နေ့တွင် ကယ်ဆယ်ရေးများက နောက်ဆုံးသော လုပ်သားကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။…
ဂုဏ်ပြုချီးမွမ်းရမည့်သူ
နွားစာခွက်တွင် သခင်ယေရှု ဖွားမြင်တော်မူခြင်း မြင်ကွင်းအများစု၌ ဗက်လင်မြို့ သူငယ်တော် ယေရှုထံ လာရောက်ကြသော မာဂု ပညာရှိသုံးပါးနှင့် သိုးထိန်းများကို တစ်ပါတည်း ဖော်ပြတတ်ကြသည်။ သို့သော် ဤအကြောင်းကို ရှင်မဿဲခရစ်ဝင်ကျမ်း တစ်ခုတည်း၌ ဖော်ပြထားပြီး ကျမ်းစာအရ မာဂုပညာရှိများသည်
နောက်ပိုင်းမှ ရောက်ရှိလာကြသည်။ ၎င်းတို့ရောက်လာချိန်၌ သူငယ်တော် ယေရှုသည် နွားတင်းကုပ်ရှိ နွားစာခွက်တွင် ရှိမနေ တော့ပါ။ အိမ်ထဲမှာ ရှိနေပါသည်။ “အိမ်သို့ဝင်လေသော် မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍ မိမိတို့ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသော နံ့သာမျိုးကို လည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ် ပူဇော်ကြ၏” ဟု မ ၂း၁၁ က ပြောထားပါသည်။
နှစ်သစ်ကို ကျွန်ုပ်တို့အစပြုသည်တွင် မာဂု ပညာရှိများ
နောက်ပိုင်းမှ ရောက်လာကြသည့် အကြောင်းကို သိရှိ ရခြင်းက ကျွန်ုပ်တို့အမှတ်ရရမည့်…
ဘုရားသခင်၏အသံ နားထောင်ခြင်း
သားငယ်လေး၏ အမည်ကို အသံကျယ်ကျယ်၊ အသံမာမာနှင့် အော်ခေါ်ရင်း နောက်ဆက်တွဲ မေးခွန်း “မင်း ဘယ်မှာလဲ” ဟူသောအသံမှလွဲ၍ ကျန်အချိန်များ၌ ကျွန်မ၏အသံကို သားငယ်က နားထောင်ချင်ပါသည်။ သားငယ်လေးက မကောင်းသည့် အရာကိုလုပ်ပြီး ကျွန်မ မသိအောင် လျှို့ဝှက်ထားခြင်းကြောင့် ကျွန်မက ဤသို့ မကြာခဏ အော်ခေါ်ရခြင်းဖြစ်သည်။ သားငယ်လေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကောင်းစားပြီး ထိခိုက်ဒဏ်ရာ မရစေလိုသောကြောင့် ကျွန်မခေါ်သံကို သားငယ်လေးအား ကြားစေလိုသည်။ နားထောင်စေလိုသည်။
ဥယျာဉ်တော်ထဲ၌ ဘုရားသခင်၏အသံတော်ကို အာဒံနှင့်ဧဝတို့ ကြားနေကျဖြစ်မည်။ သို့သော် တားမြစ်ထား သော အသီးကိုစားပြီး ဘုရားသခင်အား နာခံမှုမရှိတော့ သည့် အချိန်တွင် “သင်သည် အဘယ်မှာ ရှိသနည်း” ဟူသော ဘုရားသခင်၏ ခေါ်သံကို ကြားသော်လည်း (က ၃း၉) ဘုရားသခင့်အထံတော်မှ သူတို့ပုန်းရှောင်နေကြသည်။ ဘုရားသခင် တားမြစ်ထားသည့်အရာကို ကျူးလွန်လုပ်မိပြီဟု သူတို့…
ဆပွားဆင့်ပွားသော ချစ်မေတ္တာ
ကာရင်၏ အသင်းတော်မှ အမျိုးသမီးတစ်ဦးသည် ကြွက်သားများ အားနည်းချိနဲ့ကာ အလုပ်မလုပ်တော့သည့် ရောဂါဖြစ်နေကြောင်း တွေ့ရှိလိုက်ရသောအခါ အခြေအနေက ဆိုးရွားအကျည်းတန်လှသည်။ ဤရက်စက်လှသည့် ရောဂါဆိုးက အာရုံကြောများ ကြွက်သားများကို ထိခိုက်ဖျက်ဆီးပြီး နောက်ဆုံးတွင် ကိုယ်လက်ခြေသေသည့်အဖြစ်သို့ ရောက်သွားနိုင်သည်။ မိသားစုများ၏အာမခံငွေက လူနာကို အိမ်၌ ထားပြီး ဆရာဝန်ခေါ် ပြုစုကုသရန်လည်း မလောက်ငှ၊ စိတ်ထိခိုက်ခံစားရသော လူနာ၏ခင်ပွန်းသည်ကလည်း ဇနီးသည်ကို ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ပို့ရမည် ဟူသော အတွေးဖြင့် မခံစားနိုင်ဖြစ်နေသည်။
သူနာပြုတစ်ဦးအနေဖြင့် ကာရင် ၌ လူနာကို ကူညီ နိုင်သည့် အတတ်ပညာရှိပြီး ထိုအမျိုးသမီးအိမ်သို့ စတင် သွားရောက်ပြီး ပြုစုစောင့်ရှောက်မှုပေးခဲ့သည်။ သို့သော် မိတ်ဆွေ လူနာအမျိုးသမီး၏လိုအပ်ချက်များကို ကူညီပေး နေလျှင် ကာရင် အနေဖြင့် မိမိ၏မိသားစုဝတ္တရားများ လစ်ဟင်း ကုန်ကြောင်း တွေ့လာသည်။ သို့ဖြစ်၍ အသင်းတော်ရှိ အခြားသူများလည်း ၀င်ရောက်ကူညီနိုင်အောင် ၎င်းတို့ကို…
ထင်သလို ဖြစ်မလာ...
ဒွန်သည် စကော့တလန်နိုင်ငံ လန်းနက်ရှိုင်း (Lanarkshire) တောင်ပိုင်း လယ်တော၌
နေထိုင်သည့် သိုးထိန်းခွေးတစ်ကောင်ဖြစ်သည်။ တစ်မနက်တွင် သခင်ဖြစ်သူတွမ်နှင့် တိရိစ္ဆာန်များ၏အခြေအနေကို စစ်ဆေးရန် လယ်တောသုံး ကုန်တင်ယာဉ်လေးစီးကာ ထွက်လာကြသည်။ လယ်တောသို့ရောက်သော် တွမ်က ကားဘရိတ် မနင်းထားဘဲ ကားထဲမှ ထွက်သွားမိသည်။ သို့နှင့် မောင်းသူနေရာရှိ ခွေးကြီးဒွန်မှာ တောင်ကုန်းပေါ်မှ လိမ့်ဆင်းသွားသော ကားနှင့်
ပါသွားပြီး ကားလမ်းနှစ်ခု ဆုံသည့် လမ်းဆုံတွင် ကားရပ်သွား သည်။ ယာဉ်ထိန်းရဲများအဖို့ ခွေးတစ်ကောင်က ကားမောင်း ထွက်လာသလားဟု ထင်ရသည်။ သို့သော် မိမိအထင် အတိုင်း ကိစ္စရပ်များက ထင်သလိုဖြစ်မနေပါ။
ဧလိရှဲနှင့် ကျွန်ဖြစ်သူတို့မှာ ၀န်းရံဖမ်းဆီးခံရပြီး ရှုရိရှင်ဘုရင်ထံ ခေါ်ဆောင်ခံရတော့မည်ဟု ထင်ရသည်။ ဘုရင့်တပ်မဟာက ဧလိရှဲနှင့် သူ၏ ကျွန်တို့နေထိုင်ရာမြို့ကို ၀န်းရံထားသည်။ ကျွန်ဖြစ်သူက သူတို့ သေကြေပျက်စီးရတော့မည်ဟု ယုံကြည်နေ သော်လည်း ဧလိရှဲက…
အကောင်းဆုံးလက်ဆောင်
ခရစ်စမတ်အပြီး ရက်သတ္တပတ်သည် အမေရိကန်နိုင်ငံ၏ နှစ်တစ်နှစ်တွင် အလုပ်အရှုပ်ဆုံး
အချိန်ဖြစ်သည်။ အကြောင်းမှာ လူတို့က သူတို့အလိုမရှိသည့် လက်ဆောင်များကို သူတို့ တကယ်လိုချင်သည့်ပစ္စည်းများနှင့် ပြန်လဲလှယ်ကြခြင်းကြောင့်ဖြစ်သည်။ အကောင်းဆုံး လက်ဆောင်ကို အမြဲပေးတတ်သည့် လူတစ်ဦးစ နှစ်ဦးစကို သင်သိကောင်းသိမည်။ ထိုသူတို့က အခြားသူများ ဘာကို မြတ်နိုးတန်ဖိုးထားသည်ကို သိသည်။ ဘယ်အချိန် ဘယ်ပွဲ၌ ပေးရမည်ကို သိသည်။ အကောင်းဆုံး လက်ဆောင်ပေးနိုင်ခြင်း၏ သော့ချက်မှာ ငွေကြေး
မဟုတ်ပါ။ တစ်ပါးသူကို နားထောင်ပေးခြင်း၊ သူတို့နှစ်ခြိုက် သဘောကျသည့်အရာ၊ သူတို့စိတ်ဝင်စားသည့်အရာကို ဂရုစိုက်ပေးခြင်းသာဖြစ်သည်။
ဤအချက်က မိသားစုနှင့် မိတ်ဆွေများအတွက် မှန်သည်။ သို့သော် ဘုရားသခင်အတွက်ဆိုလျှင် မည်သို့နည်း။ ဘုရားအတွက် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသောအရာ မည်သည့် အရာမျိုးကို ကျွန်ုပ်တို့ပေးနိုင်မည်နည်း။ ကိုယ်တော်၌ မရှိသည့် အရာတစ်ခုခုများ ရှိပါသလား။
ရောမ ၁၁း၃၃-၃၆ သည် ဘုရားသခင်၏…
ကျေးဇူးတင်လျက် အသက်ရှင်ခြင်း
ဝိညာဉ်ရေးရာအသက်တာ၌ ကြီးထွားရင့်ကျက်ပြီး ပို၍ ကျေးဇူးတော်ချီးမွမ်းတတ်သူ ဖြစ်လိုခြင်းကြောင့် `ကျေးဇူးတင်သော အသက်တာ´ ဟု အမည်ပေးထားသော အိုးလေး တစ်လုံးကို စူး စတင်ထားရှိခဲ့သည်။ ညတိုင်းတွင် ဘုရားသခင်အား ကျေးဇူးတင်စရာ အကြောင်းကို စာရွက်ပိုင်းလေးပေါ်၌ရေးပြီး အိုးလေးထဲ သူထည့်သည်။ အချို့နေ့ရက် များတွင် ချီးမွမ်းစရာအကြောင်းများစွာ ရှိသော်လည်း ခက်ခဲသောနေ့များဆိုလျှင် ချီးမွမ်းစရာ တစ်ခုရဖို့ အနိုင်နိုင်
ရုန်းကန်ရသည်။ နှစ်ကုန်သော် သူက အိုးကို မှောက်ချ လိုက်ပြီး ရေးသားထားချက်လေးများကို ပြန်လှန် ဖတ်ကြည့် မိသည်။ ဘုရားသခင် လုပ်ဆောင်ပေးသည့် အရာတိုင်း အတွက် နောက်တစ်ဖန် ဘုရားရှင်အား ချီးမွမ်းမိသည်။ ပန်းခြံထဲ လမ်းလျှောက်ထွက်ခွင့်ရခဲ့သည့် လှပသော ညနေ ဆည်းဆာချိန် (သို့) အေးမြသော ညနေချမ်းအချိန်၊ ခက်ခဲ သည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဘုရားသခင် ကျေးဇူးပြုသည့်အချိန် (သို့)…
ယခုပင်နှစ်သက်ဖွယ်သော အချိန်
မူကြိုအရွယ် မြေးမလေး မဲဂ္ဂီနှင့် သူငယ်တန်းအရွယ် သူ့အစ်မ ကေတီတို့သည် ရွက်ဖျင်တဲ ဆောက်တမ်းကစားရန် ခြုံစောင်များကို အိမ်အနောက်ဘက်ခြံဝင်းသို့ ဆွဲယူ သွားကြသည်။ တစ်အောင့်အကြာတွင် အမေကို အော်ခေါ်လိုက်သည့် မဲဂ္ဂီ ၏အသံကို ကြားလိုက်ရသည်။
“မေမေရေ ဒီကို မြန်မြန်လာခဲ့၊ သမီးစိတ်နှလုံးထဲ သခင်ယေရှုကို ခေါ်ဖိတ်ချင်တယ်၊ အဲဒါကြောင့် မေမေ့ အကူအညီလိုတယ်” ဟု မဲဂ္ဂီက အော်ပြောသည်။ ကြည့်ရသည်မှာ ထိုအချိန်အခိုက်အတန့်လေး၌ သခင် ယေရှုကို လိုအပ်ကြောင်း သူရှင်းရှင်း သိလိုက်ပုံရပြီး ကိုယ်တော့်ထံ ယုံကြည် အပ်နှံရန် သူအသင့်ရှိနေသည်။
ယေရှုရှင်ကို ယုံကြည်အပ်နှံရန်အတွက် မဲဂ္ဂီ၏ အလောတကြီး အကူအညီ တောင်းလိုက်ခြင်းက ၂ ကော ၆
၌ ပြောထားသော ကယ်တင်ခြင်းအကြောင်း ပေါလု၏ စကားကို ပြန်အမှတ်ရစေသည်။ ထိုကျမ်းပိုဒ်၌ ကိုယ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်
ထမြောက်ခြင်းအကြောင်း…