အမျိုးအစား  |  odb

ချုပ်နှောင်မှုထဲမှ ခရစ်စမတ်

ဆရာတော် မာတင် နီးမောလယ်သည် ဟစ်တလာကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည့်အတွက် နာဇီအကျဉ်းစခန်း၌ ရှစ်နှစ်နီးပါး အကျဉ်းကျခဲ့သည့် ထင်ရှားသည့် ဂျာမန်သင်းအုပ်ဆရာတစ်ပါး ဖြစ်သည်။ ၁၉၄၄ ခုနှစ် ခရစ်စမတ် အကြိုညတွင် ဆရာ နီးမောလယ် က သူနှင့်အတူ  ဒါခရောင် ထောင်၌ အကျဉ်းကျသူများကို မျှော်လင့်ခြင်း  စကားလက်ဆောင်ပါးခဲ့သည်။ “ချစ်သော မိတ်ဆွေတို့၊ ဒီခရစ်စမတ်မှာ … ဗက်လင်မြို့ရဲ့ သူငယ်တော် ဆီက မျှော်လင့်ခြင်းကို ရှာကြရအောင်၊ ဒီသူငယ်ဟာ ကျွန်ုပ်တို့မှာရှိတဲ့ လေးသောဝန် မှန်သမျှကို ကျွန်ုပ်တို့ နဲ့အတူ ထမ်းရွက်ဖို့ ကျွန်ုပ်တို့ဆီကို ဆင်းကြွလာတဲ့သူ ဖြစ်တယ်။ …  သူနဲ့ကျွန်ုပ်တို့ကို ဆက်သွယ်ပေးမဲ့ တံတားကို ဘုရားသခင် ကိုယ်တော်တိုင် တည်ဆောက်ခဲ့တယ်။ အထက်အရပ်က အရုဏ်ဦးအလင်းက
ကျွန်ုပ်တို့ထံ ဆင်းကြွလာပြီ”။
ကျွန်ုပ်တို့ မည်သည့်အရပ်၌ ရှိပါလေစေ၊ ကိုယ်တော်နှင့် ကျွန်ုပ်တို့ကြား…

ကိုယ်တော့်အား ကျွန်ုပ်ဘာပေးနိုင်မည်နည်း

တစ်နှစ်တွင် ခရစ်စမတ်အချိန် ဘုရားကျောင်း အလှဆင်ရန် တာဝန်ယူသူများက `ခရစ်စမတ် ပစ္စည်းစာရင်း´ ဟူသော အဓိကခေါင်းစဉ်ကို ရွေးချယ်ခဲ့သည်။ ခါတိုင်းကဲ့သို့ ရွှေရောင် ငွေရောင် စသော တောက်ပသည့် အဆင်တန်ဆာများနှင့် အလှမဆင်ဘဲ လူတိုင်းအား အနီရောင်၊ အစိမ်းရောင် စာရွက်လေးများ ဝေပေးသည်။ စာရွက်၏တစ်ဘက်၌ ၎င်းတို့ ယေရှုရှင်ထံမှ ရလိုသည့် လက်ဆောင်ကို ရေးချရမည်ဖြစ်ပြီး ကျန်တစ်ဘက်တွင် သူတို့ဆင်နွှဲကြသည့် မွေးနေ့ရှင်ပုဂ္ဂိုလ်အား ပေးလိုသည့် လက်ဆောင်ကို ရေးရမည်ဖြစ်သည်။
သင်ဤသို့ ပြုလုပ်ရပါက မည်သည့် လက်ဆောင်ကို ရလိုပြီး မည်သည်ကို ပေးမည်နည်း။ ကျမ်းစာ၌ အကြံ ကောင်းများစွာ ပေးထားပါသည်။ ကျွန်ုပ်တို့၏ လိုအပ်မှု အားလုံးကို ပြင်ဆင်ပေးရန် ဘုရားသခင် ကတိပေးထား ခြင်းကြောင့် အလုပ်အကိုင်သစ်ရရန်၊ ငွေရေးကြေးရေး ပြဿနာ၌ ကူညီပေးရန်၊ မိမိနှင့်အခြားသူများအတွက် ကိုယ်ကျန်းမာခြင်းဆု၊ မိတ်ဆွေများနှင့် ပြန်လည်သင့်မြတ်…

အကောင်းတကာ့အကောင်းဆုံး လက်ဆောင်

နယူးအင်္ဂလန်မြောက်ပိုင်း ဆောင်းရာသီအားသစ်လောင်းအစီအစဉ်၌ လူတစ်ဦးက ‘‘သင် အကြိုက်ဆုံးခရစ်စမတ်လက်ဆောင်က ဘာလဲ’’ ဟု မေးခဲ့သည်။
အားကစားသမားတစ်ဦးက ဖြေရန် စိတ်ထက်သန်နေသည်။ သူ့ဘေးမှ မိတ်ဆွေကို ကြည့်ရင်း  ‘‘အဲဒါက လွယ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် ကောလိပ်ကျောင်းပြီးသွားတော့ ကြေးစားဘောလုံး ကစား မယ်လို့ အပိုင်တွက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာတော့ ကျွန်တော် ဒေါသထွက်ခဲ့တယ်။ ခါးသီးမှုက ကျွန်တော့်ကို ၀ါးမြိုသွားပြီး ကျွန်တော့်ကို ကူညီဖို့ ကြိုးစားတဲ့ လူတိုင်းကို အဲဒီ ခါးသီးမှုအကြောင်းပဲ ပြောဖြစ်ခဲ့တယ်။’’
ဒီလိုနဲ့ နောက်ခရစ်စမတ်ရာသီတစ်ကြော့ပြန် ရောက်လာ
တယ်။ ဘောလုံးလည်း မကစားရသေးဘူး၊ အဲဒီအချိန်မှာ ဒီမိတ်ဆွေရဲ့ အသင်းတော်မှာ ခရစ်စမတ်ပြဇာတ် သွားကြည့် ခဲ့တယ်။ ‘‘ခရစ်တော်ယေရှုကို လိုအပ်လို့ မဟုတ်ပါဘူး။ ကျွန်တော့် တူမလေးက ခရစ်စမတ် သရုပ်ဖော်မှာပါမှာမို့လို့ သွားကြည့် ဖြစ်တာ၊…

ကိုယ်တွေ့ အဖြစ်အပျက်

နယူးယောက်မြို့ ဘုရားကျောင်းတစ်ခု၏အပြင်ဘက်၌ ခင်းကျင်းထားသည့် ခရစ်တော် ဖွားမြင်တော်မူခန်းရှိ နွားစာခွက်၌ မွေးကင်းစကလေးငယ်လေးကို ငယ်ရွယ်ပြီး ခိုကိုးရာမဲ့ မိခင်ဖြစ်သူက စွန့်ပစ်ထားခဲ့သည်။ ကလေးကို နွေးနွေးထွေးထွေး ထုပ်ပိုးထားပြီး ထင်သာမြင်သာရှိသည့်နေရာ၌ ထားရစ်ခဲ့သည်။   ဝေဖန်ရမည်ဆိုလျှင် ကလေးငယ်
အသက်ရှင်ခွင့်ရအောင် ပြုလုပ်ခဲ့သည့်အတွက် ကျေးဇူးပင် တင်ရဦးမည်။
၎င်းသည် ကျွန်ုပ်တစ်ဦးတည်း၏ကိုယ်ပိုင် ခံစားချက် ဖြစ်ပါ သည်။ ကျွန်ုပ်ကိုယ်၌က မွေးစားခံရသောကလေးဖြစ်ပြီး ကျွန်ုပ်မွေးဖွားစဉ်က အခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး ဘာမျှ မသိရပါ။ သို့သော် စွန့်ပစ်ခံရသည်ဟု စိုးစင်းမျှ ကျွန်ုပ် မခံစားခဲ့ရပါ။ ကျွန်ုပ်အတွက် သေချာသည့်အရာကတော့ ကျွန်ုပ်ကို အသက်ရှင်စေလိုသည့် အမေနှစ်ဦးရှိပါသည်။ တစ်ဦးက ကျွန်ုပ်ကို အသက်ပေးခဲ့သူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ သူ့အသက်တာကို ကျွန်ုပ်၌ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
မျှော်လင့်ချက်မဲ့နေသော အခြေအနေ၌ ချစ်ခင်ကြင်နာသည့် မိခင်တစ်ဦး အကြောင်းကို ထွက်မြောက်ရာကျမ်း၌ ဖတ်ရှုရသည်။ ဂျူးလူမျိုးမှ…

ဝမ်းမြောက်ခြင်းကို ပျံ့နှံ့စေခြင်း

နိုင်ငံခြားရှိကျောင်းတစ်ခုတွင် အင်္ဂလိပ်စာသင်ပေးရန် ဂျဲနက် သွားရောက်ခဲ့ရာ၊ ဝန်းကျင် အနေအထားမှာ မှိုင်တွေစိတ်ဓာတ်ကျစရာ ကောင်းသည်။ လူများမှာ ကိုယ့်အလုပ် ကိုယ် လုပ်နေကြပြီး မည်သူမျှ ပျော်ရွှင်ပုံ မရ။ တစ်ဦးနှင့်တစ်ဦး မစကူညီအားပေးခြင်း လည်းမရှိပါ။ သို့သော် ဘုရားသခင်ပြင်ဆင်ပေးသောအရာကို ဂျဲနက် ကျေးဇူးတင်ပြီး ပြုလေရာရာတွင် ကျေးဇူးတင်ကြောင်းကို ဖော်ပြသည်။ အပြုံးကိုဆောင်လျက်   မိတ်ဆွေဖွဲ့သည်။  အခြားသူများကို ဦးစားပေးကူညီသည်။ ဓမ္မတေးနှင့် ဘုရားသီချင်းများကို သီဆိုချီးမွမ်းသည်။
သူ၏ပျော်ရွှင်မှုကို ဂျဲနက် မျှဝေသဖြင့် တစ်ဖြည်းဖြည်းနှင့် ကျောင်း၏အနေအထား ပြောင်းလဲလာ သည်။ တစ်ယောက်ပြီး တစ်ယောက်ပြုံးလာပြီး တစ်ယောက်နှင့်တစ်ယောက် ကူညီလာကြသည်။ အာဏာပိုင်
တစ်ဦးမှ ကျောင်းကို လာရောက်စစ်ဆေးသောအခါ အဘယ်ကြောင့် ကျောင်းမှာ ထူးခြားနေသနည်းဟု ကျောင်းအုပ်ကို မေးမြန်းခဲ့သည်။ ယုံကြည်သူမဟုတ်သော ကျောင်းအုပ်က ‘‘ ပျော်ရွှင်ခြင်းတွေကို သခင်ယေရှု ယူဆောင် လာတယ်” ဟု…

ရန်သူကို ချစ်ခြင်း

၁၉၅၀ ခုနှစ်တွင် ကိုရီးယား စစ်ပွဲဖြစ်ပွားသောအခါ ၁၅ နှစ်သားလေး ကင်ချင်ကျန်သည် တိုင်းပြည်ကို ကာကွယ်ရန် တောင်ကိုရီးယားတပ်မတော်သို့ ၀င်ရောက်ခဲ့သည်။ သို့သော်လည်း စစ်ပွဲ၏အနိဌာရုံများကို သူခံနိုင်ရည်မရှိကြောင်း မကြာမီ သိလိုက်ရ သည်။ သူ့ပတ်လည်၌ သေဆုံးသွားသည့် ငယ်ရွယ်သော သူငယ်ချင်းများကို ကြည့်လျက် အသက်ဆက်ရှင်ခွင့်ပေးပါက ရန်သူကို ချစ်ပါမည်ဟု ဘုရားသခင်အား ဆုတောင်းကတိပြုခဲ့သည်။
နှစ်ပေါင်း ၆၅ နှစ်ကြာပြီးနောက်တွင် အဖြေရခဲ့သော
ထိုဆုတောင်းချက်ကို ဒေါက်တာကင် ပြန်ပြောင်း ဆင်ခြင် မိသည်။ မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ခြင်းနှင့် မြောက်ကိုးရီးယားနှင့် တရုတ်လူငယ်များ၏ပညာရေး အတွက် ဆယ်စုနှစ်တစ်လျှောက်လုံး ကူညီပေးခြင်းဖြင့် တစ်ချိန်က ရန်သူဟု သူသတ်မှတ်ထားသူများကြားတွင် မိတ်ဆွေ မြောက်မြားစွာ ရရှိနေပြီဖြစ်သည်။ ယနေ့တွင် သူသည် နိုင်ငံရေးရန်လိုမှုများ ရှောင်ရှားပြီး သူ့ကိုယ်သူ  သခင်ယေရှု၌ ယုံကြည်ခြင်းကို ဖော်ပြသည့် အချစ်ဝါဒီသမားဟု အမည်ပေးထားသည်။
ပရောဖက်ယောနကလည်း…

ငါ အဘယ်သူဖြစ်သည် ဆိုကြမည်နည်း

၁၉၂၉ ခုနှစ်က ညနေခင်းသတင်းစာတစ်ခု၏ အင်တာဗျူး၌ အဲလ်ဘတ်အိုင်းစတိုင်း က ‘‘ကျွန်တော်ငယ်စဉ်က သမ္မာကျမ်းစာနှင့် ယုဒကျမ်းစာ နှစ်ခုစလုံးမှ သွန်သင်မှုတွေကို ခံယူခဲ့ရတယ်။ ကျွန်တော် ဂျူးတစ်ယောက်ပါ။ ဒါပေမဲ့ နာဇရက်မြို့သားတစ်ယောက်ရဲ့ ၀တ်ရုံဖြူနဲ့တောက်ပတဲ့ရုပ်ပုံလွှာကို ကျွန်တော်စိတ်ဝင်စားတယ်။ သခင်ယေရှုရဲ့ အမှန်တည်ရှိမှုကို မခံစားဘဲ ဘယ်သူမှ ခရစ်ဝင်ကျမ်းကို နားလည်နိုင်မှာ မဟုတ်ဘူး။ စကားလုံးတိုင်းမှာ သခင်ယေရှုရဲ့ အပြုအမူတွေက လှုပ်ရှားသက်ဝင်နေတယ်။ ဘယ်ဒဏ္ဍာရီ ကမှ ဒီလို သက်ဝင်လှုပ်ရှားမှုမျိုး မရှိဘူး” ဟု ပြောခဲ့သည်။
သခင်ယေရှု၏ထူးခြားမှုကို ခံစားမိသော တစ်နယ်တည်းသားချင်းများအကြောင်းကိုလည်း ဓမ္မသစ်ကျမ်းစာက ဖော်ပြထားသည်။ မိမိ၏နောက်တော်လိုက်များအား ‘‘လူများ တို့သည် လူသားဖြစ်သောငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟု သခင်ယေရှု
မေးခဲ့သည်။ သူတို့က ‘‘လူအချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန် ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည်ဟူ၍လည်းကောင်း၊ ယေရမိမှစ၍…

ကျွန်ုပ်တို့၏အကွယ်အကာ

သခင်ယေရှုကို ယုံကြည်ခြင်းအကြောင်း ပြောသောအခါ တစ်ခါတစ်ရံ စကားလုံးများကို နားမလည်၊ ရှင်းလင်းပြခြင်း မရှိဘဲ ကျွန်ုပ်တို့ အသုံးပြုကြသည်။ ထိုစကားလုံးများ အနက် ဖြောင့်မတ်ခြင်း (righteous) ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းတရား (righteousness) နှင့် ပြည့်စုံပြီး လူများကို ကိုယ်တော်ဖြောင့်မတ်ရာ၌ တည်စေသည် (righteous) ဟု ကျွန်ုပ်တို့ ပြောဆိုကြသော်လည်း ၎င်းသည် နားလည်ရန် ခက်ခဲသော အချက်ဖြစ်သည်။
ဖြောင့်မတ်ခြင်းတရား (righteousness) ကို တရုတ်
ဘာသာစကားတွင် ပုံဖော်ထားပုံက နားလည်နိုင်အောင် အထောက်အကူပြုမည်။ ၎င်းမှာ စာလုံးနှစ်လုံးကို ပေါင်းစပ် ထားခြင်းဖြစ်သည်။ အပေါ်စာလုံးမှာ သိုးသူငယ် (Lamb) ဖြစ်ပြီး အောက်စာလုံးမှာ ကျွန်ုပ် (me) ဖြစ်သည်။ သိုးသူငယ် သည် ကျွန်ုပ်တို့ကို ဖုံးအုပ်သည် (သို့) သိုးသူငယ်သည် ကျွန်ုပ်တို့ အထက်မှ ဖြစ်သည်ဟု…

သက်သာခြင်း၏အခြားတစ်ဘက်

ကျွန်ုပ်တို့ သက်ကြီးကျမ်းစာသင်တန်း၏ အဓိကအချက်မှာ ‘‘ငါ၏လူတို့ကို သက်သာ စေကြလော့” ဖြစ်သည်။ သင်တန်း၌ ပို့ချသူများက တစ်ဦးပြီးတစ်ဦး ထိုခေါင်းစဉ်နှင့် စပ်လျဉ်း၍ စိတ်ချမှုရှိရန် ဟောပြောကြသည်။ သို့သော် နောက်ဆုံးပို့ချသည့်ဆရာက လေသံကို သိသိသာသာ ပြောင်းလိုက်သည်။ သူက ယေ ၇း၁-၁၁ ကို ရွေးချယ်လိုက်ပြီး ခေါင်းစဉ်မှာ ‘‘အိပ်ပျော်ရာမှ နိုးထကြလော့” ဖြစ်သည်။ စကားကို နူးညံ့စွာ မပြောသော်လည်း နိုးထလျက် အပြစ်ကို ရှောင်ရှားကြရန် မေတ္တာနှင့် စိန်ခေါ်ခဲ့သည်။
‘‘ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အလွဲသုံးစားလုပ်ပြီး၊ လျှို့ဝှက်စွာ အပြစ်ပြုပြီး အသက်ရှင်တာမျိုး မလုပ်ပါနဲ့။
ကျွန်တော်က ခရစ်ယာန်၊ ဘုရားသခင် ကျွန်တော့်ကို ချစ်တယ်။ နတ်ဆိုးကို ကျွန်တော်မကြောက်ဘူးလို့ ကျွန်တော်တို့ ၀ါကြွားကြတယ်။ ပြီးတော့ ကျွန်တော်တို့ အပြစ်အမျိုးမျိုး ကျူးလွန်ကြ တယ်”ဟု ပရောဖက်ယေရမိကဲ့သို့ သူအလေးအနက် ဆုံးမသည်။
သူ…

ခဏတာ အိပ်စက်ခြင်း

စကော့လူမျိုးသင်းအုပ်ဆရာ ဟန်နရီ ဒါဘန်ဗီးလ် က စကော့တလန် နယ်မြို့လေး တစ်မြို့တွင် နေထိုင်သော သူ၏အသင်းတော်မှ အမျိုးသမီးကြီးတစ်ယောက်အကြောင်း ပြောပြသည်။ သူသည် အီဒင်ဘာရာ မြို့ကို   မြင်ဖူးရောက်ဖူးချင်သော်လည်း ခရီးစဉ်၌ ရှည်လျားမဲမှောင်သော ရထားလိုဏ်ခေါင်းကို ဖြတ်သန်းရမည့် အခိုက်အတန့်ကို ကြောက်ရွံ့လျက်ရှိသည်။
သို့သော်လည်း တစ်နေ့တွင် အီဒင်ဘာရာ မြို့သို့
မဖြစ်မနေသွားရန် အခြေအနေနှင့် ကြုံလာသဖြင့် ရထားစီးလျက် ထွက်လာခဲ့သည်။ မြို့နှင့်နီးလာလေ စိတ်လှုပ်ရှားလေ ဖြစ်သည်။ သို့သော် လိုဏ်ခေါင်းကို မဖြတ်မီလေးတွင် စိုးရိမ်မှုကြောင့် ပင်ပန်းလျက် မှေးခနဲ အိပ်ပျော်သွားသည်။ သူနိုးလာသောအခါ မြို့ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျွန်ုပ်တို့ထဲမှ အချို့တို့သည် သေခြင်းကို မကြုံတွေ့ရ
ဟူသည်မှာ ဖြစ်နိုင်ပါသည်။ သခင်ယေရှု ပြန်လာသည့် အချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်လျက်ရှိနေပါက “သခင်ဘုရားနှင့် အာကာသကောင်းကင်၌”  ဆုံတွေ့ကြရမည်ဖြစ်သည် (၁ သက်…