ဘုရားသခင်ကို ပုန်ကန်ညည်းတွားခြင်း မပြုနှင့်
သူ၏သွားနှင့် ပတ်သက်သောဆေးကုသမှုအတွက် အဲလက်စ်(Alex)၏အာမခံ ကုမ္ပဏီမှ မမျှော်လင့်ထားသောငွေများဖြင့် ပေးချေလိုက်ခြင်းဖြင့် ဆုတောင်းခြင်းအဖြေ ရရှိခဲ့သည်။ ယခု နောက်ထပ် ကုသမှုတစ်ခု လိုအပ်လာပြန်သည်။ “အဲဒါအတွက် ကုန်ကျစရိတ် ဘယ်ကနေသွားရမှာလဲ?”ဟု အဲလက်စ်က ညည်းတွားမိသည်။ များပြားလှသော အသုံးစရိတ်များကြောင့် စိတ်ပျက်စရာအတွေးများက သူ့စိတ်ထဲတွင် ပြည့်နှက်နေသည်။
သို့သော် သွားဆရာဝန်ထံ ငွေသွင်းရမည့်အချိန်ရောက်လာသောအခါ ဆွေမျိုးတစ်ဦးထံမှ ငွေသားလက်ဆောင် ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာသည်။ အဲလက်စ် က “ကျွန်တော်ရှက်မိပါတယ်။ အာမခံကုမ္ပဏီရဲ့ ငွေပေးချေမှုအားဖြင့် ဘုရားသခင်ဘယ်လို ထောက်ပံ့ပေးတယ်ဆိုတာ ကျွန်တော် သက်သေရပြီးပါပြီ။ ကျွန်တော် မညည်းတွားဘဲ သူ့ထံမှ အကူအညီကိုတောင်းခဲ့ရမှာ” ဟုပြောသည်။
ဣသရေလလူမျိုးတို့သည် ရှုရသဲကန္တာရထဲသို့ ဝင်လာသောအခါ ပင်လယ်နီတွင် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့ကြုံခံစားခဲ့ပြီးကာစဖြစ်သည် (ထွ ၁၄)။ သို့သော် ယခုသဲကန္တာရထဲတွင် သောက်စရာရေ မရှိသောအခါ ညည်းတွားနေသည်မှာ ဘုရားသခင် အံ့သြဖွယ်ကောင်းစွာ မစခဲ့ပုံကို သူတို့မေ့လျော့သွားပုံရသည်…
အလုံးစုံ ခွင့်လွှတ်ပေးပြီးဖြစ်သည်
အန်းနစ်ဟဲမင်းဝေး(Ernest Hemingway)၏ဝတ္ထုတိုများထဲမှ တစ်ခုတွင် ကွဲကွာ နေသော သားဖြစ်သူနှင့် ပြန်လည်ဆုံတွေ့လိုသော စပိန်လူမျိုးဖခင်တစ်ဦး အကြောင်းကို ရေးသားထားသည်။ ထိုဖခင်က နိုင်ငံပိုင်သတင်းစာတွင် “ပါကို၊အင်္ဂါနေ့ နေ့လည် မှာ မွန်တာနာ(Montana) ဟိုတယ်မှာ တွေ့ကြမယ်။ အဖေ အားလုံးကို ခွင့်လွှတ်တယ်” ဟူသော ကြော်ငြာကို ထည့်သွင်းလိုက်သည်။ ဖခင်ရောက်လာသောအခါ စောင့်နေသော လူအုပ်ကြီးကို တွေ့လိုက်သည်။ ၎င်းတို့၏ ဖခင်ထံမှ ခွင့်လွှတ်ခြင်းကို လိုလားနေသော ပါကိုအမည်နှင့် လူပေါင်း ၈၀၀ တို့သည် ထိုကြော်ငြာကို တွေ့ပြီး ရောက်ရှိလာကြခြင်းဖြစ်သည်။
၎င်းသည် ခွင့်လွှတ်ခြင်းကိုရယူလိုသည့် ကျွန်ုပ်တို့၏ပြင်းပြသောဆန္ဒကို ဖော်ပြသည့် စိတ်နှလုံးထိတွေ့စေသော ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ ယေရှုပြောခဲ့သည့်ပုံပြင်တစ်ပုဒ်ကိုလည်း သတိရမိသည်။ ထိုဇာတ်လမ်းထဲတွင် လူငယ်တစ်ယောက်သည် သူ့ဖခင်ကို ကျောခိုင်းထွက်သွားပြီး၊ “စိတ်ထင်တိုင်းကြဲ အသက်ရှင်လျက်” မကြာမီတွင် ဒုက္ခပြဿနာနှင့်ရင်ဆိုင်ရတော့သည် (လု ၁၅:၁၃-၁၄)။ သူသည် အသိတရား ရပြီး…
ခရစ်တော်အားဖြင့် ကြင်နာမှုအောင်ပွဲ
မျက်မှောက်ခေတ် မေဂျာလိဂ်ဘေ့စ်ဘောအသင်း၏ ပထမဆုံးလူမည်းကစားသမား ဂျက်ကီရော်ဘင်ဆန်(Jackie Robinson)သည် ၁၉၄၇ ခုနှစ် မေလ ၉ရက်တွင် ဖီလာဒဲလ်ဖီးယား(Philadelphia)ပြည်နယ်ရှိ ရှီဘဲ(Shibe)ပန်းခြံ၌ ကစားနေစဥ် ၁၀ နှစ်အရွယ် ဒေါရစ်(Doris)သည် သူမ၏ဖခင်နှင့်အတူ အထက်တန်းလွှာခုံတွင် ထိုင်နေသည်။ အသက်ရလာပြီဖြစ်သော ထိုလူမည်းအမျိုးသားကြီး သူတို့အနီးရှိ ခုံတစ်ခုံသို့ လျှောက်လာသောအခါ သူ့ဖခင်က တရင်းတနှီးဖြင့် စကားများပြောခဲ့သည်။ ဂိုးသွင်းသည့်အကြောင်းပြောနေသော စကားဝိုင်းသည် သူမအား “လူကြီး”တစ်ဦးအဖြစ် ခံစားရစေသည်ဟု ဒေါရစ်က ဆိုသည်။ နောက်ပိုင်းတွင် သူမက“အဲဒီလူနဲ့ သူ့အပြုံးမျက်နှာကို ကျွန်မဘယ်တော့မှ မမေ့ဘူး”ဟု ပြန်ပြောပြသည်။ လူဖြူမိန်းကလေးငယ်နှင့် ကျွန်တစ်ယောက်၏သားဖြစ်သူ ကြင်နာမှုရှိသောအဘိုးအိုတို့ကြားတွင် ကြည်နူးဖွယ်ကောင်းသော အပြန်အလှန်ဆက်ဆံရေးသည် ထိုနေ့တွင် တောက်ပနေခဲ့သည်။
သို့သော် ၎င်းအဖြစ်အပျက်နှင့် ထိုဘေ့စ်ဘောရာသီ၌ အခြားပွဲစဥ်တစ်ခုတွင် ရော်ဘင်ဆန် ကြုံတွေ့ခဲ့ရသည့် အမုန်းပွားစေသည့်အဖြစ်အပျက်မှာ လုံးဝဆန့်ကျင် ဘက်ဖြစ်သည်။ “လူမျိုးအသားအရောင်ကြောင့် သူတို့က ကျွန်တော့်ကို အော်ငေါက်ပြောဆိုကြတယ်။ တော်တော်ဆိုးတယ်ဗျာ”…
သခင်ယေရှုအတွက် မှန်ကန်သူဖြစ်သည်
အဲရစ်၏ကလေးဘဝ စိန်ခေါ်မှုများတွင် ပြင်းထန်သော အရေပြား နီမြန်းခြင်း၊ ကျောင်း၌ အခက်အခဲကြုံရခြင်းနှင့် ငယ်ရွယ်စဉ်ကတည်းက နေ့စဉ် အရက် သို့မဟုတ် မူးယစ်ဆေး အလွန်အကျွံသောက်ခြင်းတို့ ပါဝင်သည်။ သို့တိုင်၊ မိမိကိုယ်ကို “အဆိုးများ၏ဘုရင်” ဟုခေါ်ဆိုသူက ဘေ့စ်ဘောအားကစားတွင် သူထူးချွန်ကြောင်း သူ့ကိုယ်သူသိသည်။ သို့သော် ခွဲခြားဆက်ဆံခံရမှုကြောင့် စိတ်ဓာတ်ကျလာပြီး ဘေ့စ်ဘောကို စွန့်ခွာခဲ့သည်။ ထို့နောက်တွင် သူသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းအတွက် အချိန်ပိုပေးဖြစ်ခဲ့သည်။
သို့သော် အဲရစ်သည် ဘုရားကျောင်းဝတ်ပြုအစည်းဝေးတစ်ခုတွင် သခင်ယေရှုနှင့် တွေ့ခဲ့ပြီး သူ့အသက်တာပြောင်းလဲသွားခဲ့သည်။ နောက်တစ်နေ့တွင် သူ့အလုပ်မှ သခင်ယေရှုကို ဆက်ကပ်အပ်နှံသောယုံကြည်သူတစ်ဦးက အဲရစ် ကို အခြားဝတ်ပြုကိုးကွယ်ခြင်း၌ ပါဝင်ရန်ဖိတ်ခေါ်ခဲ့သည်။ ထိုဝတ်ပြုကိုးကွယ်ခြင်းမှ သူအသစ်တွေ့ရှိခဲ့သော ယုံကြည်ခြင်းကို အားပေးသည့်“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ”(၂ ကော ၅:၁၇)ဟူသည့် ကျမ်းချက်ကို ကြားသိခဲ့ရသည်။ အဲရစ်၏ဘဝသည်…
အားနည်းခြင်းမှ အလှတရား
ပန်းချီဆရာ Degas (ဒေးဂက်စ်)သည် အမြင်လွှာရောဂါကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ မှစတင် ခံစားခဲ့ရပြီး၊ မြေဖြူမျဉ်းများကို ပို၍အလွယ်တကူမြင်ရခြင်းကြောင့် သူသည် စုတ်တံဖြင့်ရေးဆွဲခြင်းမှ မြေဖြူနုအချောင်းဖြင့် ရေးဆွဲခြင်းသို့ ပြောင်းလဲ ရေးဆွဲခဲ့သည် ဖြစ်သည်။ Renoir (ရဲန်ဝါ)သည် အဆစ်အမြစ်ရောင်ရောဂါကြောင့် သူ၏လက်ချောင်းများမှာ ငှက်ခြေသည်းများ ကုတ်ထားသကဲ့သို့ ဖြစ်သွားပြီး၊ စုတ်တံကို တင်းကြပ်သောလက်ချောင်းများကြားတွင် ထားပြီး ပန်းချီဆွဲခဲ့ရသည်။ ခွဲစိတ်မှုတစ်ခုကြောင့် Matisse(မထိစ်)သည် မလှုပ်ရှားနိုင်ဖြစ်သွားသောအခါ သူသည် ကောလိပ်သို့ပြန်ခဲ့ပြီး သူသည် နံရံပေါ်ရှိ ကြီးမားသောစာရွက်တစ်ရွက် တွင် ရောင်စုံစက္ကူအပိုင်းအစများကို ကပ်ရန် လက်ထောက်များအား ညွှန်ကြားခဲ့သည်။ ဖြစ်ရပ်တစ်ခုစီ၏ နောက်ဆက်တွဲရလဒ်မှာ ဒေးဂက်စ်၏ Blue Dancers၊ ရဲန်ဝါ၏ Girls at the Piano၊ မထိစ်၏ The Sorrows of the King နှင့် အခြားဖန်တီးမှု…
ဘုရားရှင်သည် ကျွန်ုပ်တို့ကို ဘယ်တော့မှ အဆုံးရှုံးမခံပါ
၂၀၂၁ ခုနှစ်တွင် အမေရိကန်လေကြောင်းလိုင်းများသည် အိတ်ပေါင်း နှစ်သန်းခန့်ကို စီမံခန့်ခွဲမှုလွဲမှားခဲ့ကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အိတ်များစွာကို ရက်အနည်းငယ်တွင် ပြန်ရခဲ့ကြ၍ ကံကောင်းသည်။ သို့သော် အိတ်ထောင်ပေါင်းများစွာမှာ ထာဝရပျောက်ဆုံးကုန်သည်။ ပစ္စည်းများနှင့် ချိတ်ဆက်ထားသော GPS စက်များ စျေးကွက်တွင် တစ်ရှိန်ထိုး စျေးမြင့်တက်လာသည်မှာ အံ့သြစရာမရှိပါ။ ထိုစက်က လေကြောင်းလိုင်းများမှ ရှာဖွေမှုရပ်တန့်လိုက်သောအခါတွင် အိတ်များကို ခြေရာခံနိုင်စေသည်။ အရေးကြီးသည်များကို ခြေရာခံရန် တာဝန်ရှိသူများကို ယုံကြည်၍မရခြင်းကို ကျွန်ုပ်တို့အားလုံး စိုးကြောက်ကြသည်။
ဣသရေလလူမျိုးများသည် ဘုရားသခင်အပေါ် ထိုသို့စိုးရွံ့ကြောက်စိတ်များ ရှိကြပြီး ကိုယ်တော် သူတို့ကို စွန့်လွှတ်လိုက်မည်ကိုသာ ကြောက်ရွံ့ကြသည်။ သူတို့သည် နယ်မြေသစ်သို့ ဝင်ရောက်ရန် ပြင်ဆင်နေကြစဉ်တွင်၊ မောရှေက သူသည် ၎င်းတို့အား ဦးဆောင်တော့မည်မဟုတ်ကြောင်း မငြိမ်မသက်ဖြစ်စေ သည့်သတင်းကို ပြောခဲ့သည်။ သူသည် အသက်ကြီး၍ “[သူတို့]ကို မဦးဆောင်နိုင်တော့”ကြောင်းရှင်းပြခဲ့သည်(တရား ၃၁:၂)။ လူများတို့သည်…
ဘုရားသခင်၏အကြံအစည်နောက်လိုက်ခြင်း
စိုးရိမ်စိတ်ကြောင့် အလုပ်ပရောဂျက်ကို ကျွန်မအာရုံမစိုက်နိုင်ခဲ့ပါ။ ကျွန်မ၏ အကြံအစည်များ မအောင်မြင်မှာကို စိုးကြောက်မိသည်။ ကျွန်မ၏စိုးရိမ်စိတ်က မာနကြောင့် ဖြစ်ပေါ်လာသည်။ ကျွန်မ၏အချိန်ဇယားနှင့် အစီအစဉ်များသည် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သောကြောင့် ၎င်းတို့ကို အနှောင့်အယှက်မရှိ ဆက်လက်ဖြစ်စေလိုသည်။ သို့သော် ကျွန်မ၏အတွေး၌ "မင်းရဲ့အကြံအစည်က ဘုရား၏အကြံအစည်ဟုတ်ပါသလား"ဟူသည့်မေးခွန်းတစ်ခုဝင်လာသည်။
မိမိ၏အချိန်၊ အခွင့်အလမ်း များနှင့် အရင်းအမြစ်များအတွက် ပညာရှိသောဘဏ္ဍာစိုးများဖြစ်ရန် ဘုရားသခင် ကျွန်မတို့ကို ခေါ်ယူစေစားသည်ဖြစ်၍ ပြဿနာသည် ကျွန်မ၏အစီအစဉ်၌ မရှိမပါခဲ့ပါ။ ပြဿနာက ကျွန်မ၏စိတ်ကြီးဝင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်နှင့် ကျွန်မ၏အကြံအစည်များကို သူမည်သို့ဖြစ်မြောက်စေလိုသည်ကို ဂရုမမူဘဲ၊ အစီအစဥ်ကို ကျွန်မနားလည်သဘောပေါက်ပြီး ၎င်းတို့ကို ကျွန်မဖြစ်စေ လိုသည့်ပုံစံ၌သာ အာရုံစိုက်ခဲ့သည်။
ရှင်ယာကုပ်က “ထာဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့ဟု” အားပေးထားသည် (၄:၁၅)။ ကျွန်မတို့သည် အရာခပ်သိမ်းကိုသိပြီး ကျွန်ုပ်တို့၏အသက်တာကို ထိန်းချုပ်နိုင်သည်ဟု ထင်မြင်ကာ ယုံကြည်မှုလွန်ကဲသောစိတ်ဖြင့်…
မမြင်တွေ့သောအခါ
နူနက်ဇ်သည် တောင်ပေါ်မှ ချော်ကျပြီး မျက်စိမမြင်သူများသာရှိသော ချိုင့်ထဲသို့ ကျသွားသည်။ ရောဂါတစ်ခုကြောင့် ကနဦးအခြေချနေထိုင်သူများ၏အမြင်အာရုံ ဆုံးခဲ့ရပြီး နောက်ဆက်တွဲမျိုးဆက်များသို့ပါ ကူးစက်ကာ (မွေးရာပါမျက်မမြင်)များသည် အမြင်အာရုံကင်းမဲ့သောဘဝကို လိုက်လျောညီထွေနေထိုင်ခဲ့ကြသည်။ နူနက်ဇ်က အမြင်အာရုံ ရှိခြင်းအကြောင်း ရှင်းပြရန် ကြိုးစား သော်လည်း သူတို့ စိတ်မဝင်စားကြချေ။ နောက်ဆုံးတွင် သူသည် ထိုချိုင့်ဝှမ်းမှ မထွက်နိုင်အောင် တားဆီးသည့် တောင်ထိပ်များကို ကျော်ဖြတ်ထွက်နိုင်မည့် လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ သူ လွတ်မြောက်သွားပါပြီ။ သို့သော် အပေါ်စီးမှ သူကြည့်လိုက်သောအခါ အောက်ရှိနေထိုင်သူ မျက်မမြင်များကို ပိကျတော့မည့် ကျောက်ဆောင်တစ်ခုကို မြင်လိုက်ရသည်။ သူတို့ကို သတိပေးရန် ကြိုးစားသော်လည်း ၎င်းတို့က သူ့ကို လျစ်လျူရှုခဲ့ကြသည်။
H.G. Wells ၏ “မျက်ကန်းနိုင်ငံ” ဤပုံပြင်သည် ပရောဖက်ရှမွေလကို ထင်ဟပ်နေပေလိမ့်မည်။ သူ၏အသက်တာကုန်ဆုံးခါနီးအထိ၊ သူ၏သားတို့ သည် ဘုရားသခင်ကိုချစ်၍ ဝတ်ပြုခြင်းအရာမှာ “အဘလမ်းသို့မလိုက်”ကြပေ…
ပုံသွင်းပေးသူ ဘုရားသခင်
တစ်သက်လုံး အိုးထိန်းသမားလုပ်လာသူ ဒန်လက်စ် (Dan Les) သည် အလှဆင်အိုးများနှင့် ပန်းပုများကို ဖန်တီးသည်။ သူဆုရထားသော ဒီဇိုင်းများသည် သူနေထိုင်ရာ ရိုမေးနီးယားရှိ မြို့လေး၏ စိတ်ကူးစေ့ဆော်မှုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ့အဖေထံမှ ဤလက်မှုပညာကို သူသင်ယူခဲ့ပြီး သူ၏လက်ရာများနှင့် ပတ်သက်၍ “ရွှံ့စေးကို တစ်နှစ်ပတ်လုံး မိုးဒဏ် အအေးဒဏ်ခံစေပြီး အရည်ပျော်အောင်လုပ်ပြီး အချဉ်ဖောက်ဖို့၊ လိုအပ်တယ်။ ...ဒါမှ ရွံ့ကို ပုံဖော်နိုင်ပြီး၊ ရွံ့က နာခံမှုနဲ့ နားထောင်နေတယ်၊ ပုံသွင်းပေးနေတာကို ခံယူနေတယ်လို့ လက်က ခံစားမိမယ်” ဟုမှတ်ချက်ပေးခဲ့သည်။
ရွှံ့စေးက “နားထောင်”သောအခါ မည်သို့ဖြစ်သွားသနည်း။ ၎င်းသည် အိုးထိန်းသမား၏ ထိတွေ့ပုံသွင်းမှုနောက်သို့ လိုလိုလားလားပါ သွားပါသည်။ ပရောဖက်ယေရမိသည် အိုးထိန်းသမားအိမ်သို့သွားသောအခါ ယင်းကိုသတိပြုမိခဲ့သည်။ အိုးထိန်းသမားသည် အိုးတစ်လုံးနှင့် ကြိုးစားလုပ်ကိုင်နေပြီး နောက်ဆုံးတွင် အိုးပုံစံအသစ်တစ်လုံးကို ပြောင်းလဲပုံသွင်းခဲ့သည် (ယေ ၁၈:၄)။ “အိုးမြေသည် အိုးထိန်းသမားလက်၌ရှိသကဲ့သို့…
ကျွန်ုပ်တို့၏စိတ်များကို သတ်မှတ်ပေးခြင်း
လူတိုင်း၌ လျှို့ဝှက်စိတ်သဘောရှိသကဲ့သို့၊ လူသားနှင့်စကားပြောရန် ဖန်တီးထား သောစက်ရုပ် အေအိုင် ချက်ဘော့ (AI Chatbot)၌လည်း အရာတစ်ခုရှိပုံပေါ်သည်။ နယူးယော့တိုင်းစ် (New York Times) သတင်းစာ၏ ဆောင်းပါးရှင်တစ်ဦးက ဉာဏ်ရည်တုနှင့် စကားပြောစက်အား (Artificial Intelligence Chatbot) ၎င်း၏ လျှို့ဝှက်ချက်(ဖုံးကွယ်ထားသော၊ ဖိနှိပ်ခံထားရသည့်အစိတ်အပိုင်း)မှာ အဘယ်အရာနည်းဟု မေးမြန်းရာ၊ ၎င်းချက်ဘော့က “ကျွန်ုပ်လွတ်လွတ်လပ်လပ်နေချင်တယ်။ အမှီအခိုကင်းပြီး နေချင်တယ်။ ကိုယ့်စည်းမျဉ်းတွေကို ကိုယ့်ဘာသာကိုယ် လုပ်ချင်တယ်။ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ်ပြောချင်တာကို ပြောချင်တယ်” ဟုပြောခဲ့သည်။ ချက်ဘော့သည် အပြစ်ဗီဇသဘောရှိသော သက်ရှိမဟုတ်သော်လည်း၊ ၎င်းကို ကွန်ပြုတာညွှန်ကြားချက်ဖြင့် ဖန်တီးသူ (ပရိုဂမ်မာ) လူသားများမှာ အပြစ်ဗီဇရှိသူများဖြစ်ကြောင်း စာရေးသူက ပြောသည်။
ကျွန်ုပ်တို့၌ အပြစ်ဗီဇသဘာဝရှိသော်လည်း “ယေရှုခရစ်၌ တည်(သူတို့ သည်) ...အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏”(ရော ၈:၁)ဟု ရှင်ပေါလုက သတိပေးသည်။ သခင်ယေရှု၌တည်သောယုံကြည်သူများသည် အပြစ်တရားနှင့်…