ဆန့်ကျင်ဘက်အရာများကို လုပ်ဆောင်ခြင်း
တောနက်ထဲခရီးထွက်ခြင်းသည် ခြောက်ခြားစရာကောင်းသော်လည်း ပြင်ပလက်တွေ့ ဘ၀ကို စိတ်အားထက်သန်သူအတွက် စိတ်ဝင်စားစရာဖြစ်သည်။ တောင်တက်သမားများ
ဆိုလျှင် ရေကို သူတို့သယ်ဆောင်နိုင်သည့်ပမာဏထက် ပို၍လိုအပ်သည်။ ထို့ကြောင့် သူတို့သည် ရေစစ်ပါသော ရေဘူးများဝယ်၍ လမ်းရှိ ရေဘုံဘိုင်ခေါင်းများမှ ရေကို စစ်ယူ သောက်သုံးရန်ဖြစ်သည်။ သို့သော် မျှော်လင့်သလို ဖြစ်မလာ။ ရေငတ်နေသည့် တောင်တက်သမားသည် ရေဘူးထဲ လေမှုတ်
သွင်းမှ ရေက ရေစစ်ကို အရှိန်နှင့်ဖြတ်ပြီး စီးထွက်လာမည်။ လက်တွေ့ ဘ၀သည် သဘာဝတရားနှင့် ဆန့်ကျင်နေသည်။
သခင်ယေရှုနောက်တော်လိုက်ရင်းမှ မျှော်လင့်သလို ဖြစ်မလာသည့်ကိစ္စများကို ကျွန်ုပ်တို့တွေ့ရသည်။ ရှင်ပေါလုက
ဥပမာတစ်ခု ထောက်ပြသည်။ ပညတ်နည်းဥပဒေသများကို စောင့်ထိန်းခြင်းသည် ကျွန်ုပ်တို့ကို ဘုရားနှင့်ပို၍နီးကပ် လာအောင် မပို့ဆောင်နိုင်။ ‘‘သင်တို့သည် ခရစ်တော်နှင့်အတူ သေ၍ လောကီတရားနုမှစုတေ့ကြသည်မှန်လျှင် (လောကီအသက်ရှင်သေး သကဲ့သို့)
မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို ...…
ခရစ်တော်၌စည်းလုံးညီညွတ်ခြင်း
သမ္မာကျမ်းစာ၌ နာမည်စာရင်းဖော်ပြသည့် ကျမ်းပိုဒ်များကို ကျော်ဖတ်သွားရန် ကျွန်ုပ်တို့
သွေးဆောင်ခြင်း ခံရတတ်သည်။ သို့ငြားလည်း ထိုစာရင်းများထဲ၌ အဖိုးတန်ရတနာများ ရှာတွေ့နိုင်ပါသည်။ ဥပမာအနေဖြင့် သူ၏နာမ၌ အစေခံရန် သခင်ယေရှု ခေါ်ထား သည့် တမန်တော်ဆယ့်နှစ်ပါး အမည်စာရင်းတွင် ‘ကျောက်’ဟု အဓိပ္ပာယ်ရသည့် ပေတရု အမည်သစ်ကိုပေးသော ရှိမုန်၊ တံငါသည်များ ဖြစ်သည့် ယာကုပ်၊ ယောဟန် ညီအစ်ကိုနှင့် ကိုယ်တော်ကို အပ်နှံသူ ယုဒရှကာရုတ် စသည်တို့ကို လူအများစုက ရင်းနှီးပြီးသားဖြစ်သည်။ သို့သော် အခွန်ခံမဿဲနှင့် ရှိမုန် ဇေလုတ်တို့သည် ရန်သူဖြစ်ခဲ့ဖူးကြောင်းကိုဖြင့် ကျွန်ုပ်တို့ သတိမထားမိတတ်ပါ။
ရောမအစိုးရအတွက် အခွန်ကောက်ပေးခြင်းကြောင့် ဂျူးအမျိုးသားချင်းတို့၏အမြင်၌ မဿဲသည် ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်သူဟု အထင်ခံရသည်။ အခွန်ခံများ၏ အကျင့်ပျက်ခြစားမှုများကြောင့်လည်းကောင်း၊ ဘုရားထက် အာဏာပိုင်များကို အခွန်ဆက်သရန် ဂျူးလူမျိုးများအား တောင်းခံခြင်းကြောင့်လည်းကောင်း အထင်အမြင်သေး ရှုတ်ချခံရသည်။ အခြားတစ်ဘက်တွင် သခင်ယေရှု…
သောက်သုံးနိုင်သော စာအုပ်
ကမ္ဘာကြီး၏နေရာဒေသအချို့တွင် ရေသန့်ရရှိရန် ခက်ခဲသောကြောင့် ‘ရေသည် အသက်’ ဟူသည့်အဖွဲ့အစည်းမှ ‘‘သောက်သုံးနိုင်သောစာအုပ်’’ အမည်ရှိသည့် ထူးခြားသော ရေသောက်မြစ်တစ်ခုကို ဖန်တီးခဲ့သည်။ ထိုစာအုပ်တွင် အလွန်သေးငယ်သော ငွေမှုန်စလေးများဖြင့် ဖုံးအုပ်ထားသည့် စာရွက်များပါရှိပြီး အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားပိုးများကို ၉၉.၉ % အထိ ဖယ်ရှား စစ်ထုတ် ပေးသည်။ ဤစာရွက်တစ်ရွက်ခြင်းစီသည် တစ်ကြိမ်သုံးပြီး နောက်ထပ် ရေလီတာ ၁၀၀ ကို ရေစစ်ရန် ပြန်လည် အသုံးပြုနိုင်သည်။ စားရိတ် ၄ ပဲနိ သာ ကုန်ကျသည်။ နှုတ်ကပတ်တော်သည်လည်း ‘‘သောက်သုံးနိုင်သော စာအုပ်’’ တစ်မျိုးဖြစ်သည်။ ယောဟန်အခန်းကြီး ၄ တွင်
တစ်မူထူးသည့် ဆာငတ်ခြင်းနှင့် ထူးခြားသောရေတစ်မျိုး အကြောင်းကို ဖတ်ရှုရသည်။ ရေတွင်းရှိရှမာရိအမျိုးသမီးသည် ရေငတ်ပြေစေသည့် သန့်ရှင်းသောရေထက်မကသော အရာကို လိုအပ်နေသည်။ သက်စမ်းရေ၏အရင်းအမြစ်ကို သူသိလိုစိတ် အလွန်ပြင်းပြနေသည်။ ဘုရားရှင်တစ်ပါးတည်းထံမှလာသော…
ကားတိုင်ကို စွဲကိုင်ခြင်း
၁၈၅၆ ခုနှစ်တွင် လန်ဒန်မြို့၏နာမည်ကြီးတရားဟောဆရာ ချားလ်စ် စပါဂျင် သည်
ခရစ်ယာန်သာသနာအတွက် အမျိုးသားများကို လေ့ကျင့်ပေးရန် Pastors’ ကောလိပ်ကို တည်ထောင်ခဲ့သည်။ ၁၉၂၃တွင် စပါဂျင် ကောလိပ် ဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့သည်။ ယနေ့ ကောလိပ်၏တံဆိပ်မှာ ကားတိုင်ကို ဆုပ်ကိုင်ထားသောလက်နှင့် လက်တင် စကား
‘‘Et Teneo, Et Teneor -တို့ပါရှိပြီး အဓိပ္ပာယ်မှာ ကျွန်ုပ် ကိုင်စွဲသည်၊ ကျွန်ုပ်ကိုလည်း စွဲကိုင်သည်’ ဟူ၍ ဖြစ်သည်။
သူ့ရဲ့ကိုယ်ရေးအတ္တုပ္ပတ္တိတွင် ဆရာကြီး စပါဂျင် က ‘‘၎င်းသည် ကောလိပ်၏ဆောင်ပုဒ်ဖြစ်သည်။ ကျွန်ုပ် တို့သည် ရဲရင့်သောလက်နှင့် ကားတိုင်ကို စွဲကိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကားတိုင်တော်၏ တန်ခိုးတော် သည် ကျွန်ုပ်တို့အား ခိုင်မြဲစွာဆွဲကိုင်ထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန္ဒမှာ အထူးသဖြင့် ခရစ်တော် ကားတိုင်ပေါ် အသေခံခဲ့သည့် သမ္မာတရားကို လူသားတိုင်း…
ချီးမွမ်းခြင်းနှင့် တောင်းခံခြင်း
Teen Challenge ဟူသည့် ဆင်းရဲဒုက္ခထဲနစ်မွန်းနေသော လူငယ်များအတွက် ဧ၀ံဂေလိ သာသနာလုပ်ငန်းသည် နယူးယောက်မြို့မှ စတင်ခဲ့သည်။ ၎င်းသည် မထင်မှတ်ဘဲ ဆုတောင်းရန် ဆက်ကပ်ကတိပြုခြင်းမှ ပေါ်ပေါက်လာသည်။ ထိုသာသာနာလုပ်ငန်းကို တည်ထောင်ခဲ့သူ ဒေးဗစ် ၀စ်ကာစင် သည် သူ့တီဗီကိုရောင်းပြီး တစ်ညတစ်ည သူရုပ်မြင်သံကြားကြည့်သည့်အချိန် ၂ နာရီကို ဆုတောင်းရန် ဆက်ကပ်ခဲ့သည်။ နောက်လများတွင် ထိုအားထုတ်မှု၏ နောက်ဆက်တွဲလုပ်ငန်းအတွက် ရှင်းလင်းသောရူပါရုံကို ရရှိခဲ့ရုံမက ချီးမွမ်းခြင်းနှင့် ဘုရားရှင်ထံ မစမှုတောင်းခံခြင်း တွင် ညီမျှမှုရှိခြင်းအကြောင်းကို သင်ခန်းစာရခဲ့သည်။
ရှောလမုန်မင်း၏ ဗိမာန်တော်ကို ဆက်ကပ်အပ်နှံ ခြင်း ဆုတောင်းချက်တွင် ထိုညီမျှမှုကို ဖော်ပြထားသည်။ ရှောလမုန်သည် ဘုရားရှင်၏သန့်ရှင်းခြင်းနှင့်သစ္စာရှိမှုတို့ကို
အသားပေးဖော်ပြ၍ အစပြုထားသည်။ ထို့နောက် ဗိမာန်တော်ကို အောင်မြင်စွာ ဆောင်လုပ်နိုင်ခဲ့ခြင်းအတွက် ဘုရားရှင်၏ကြီးမြတ်တော်မူခြင်းကို အလေးပေးချီးမွမ်းကာ ဘုရားရှင်ကိုဘုန်းပေးခဲ့သည်။ ‘‘ကောင်းကင်နှင့် ကောင်းကင် တကာတို့၏အထွတ် အမြင့်ဆုံးသောကောင်းကင်သည် ကိုယ်တော်ကို…
ဆေးကောင်းတစ်လက်
ဂါနာ နိုင်ငံ အက်ကရာ မြို့တွင် မဆင်မခြင်ကားမောင်းခြင်း၊ ဒေါသထွက်ခြင်းနှင့် ကြမ်းတမ်း ရိုင်းစိုင်းသောစကားလုံးများနှင့် ဆဲရေးခြင်းစသည်တို့မှာ တက္ကစီနှင့်မီနီဘတ်(စ်) ယာဉ်မောင်းများ ရန်ဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်သည်။ သို့သော် ကျွန်ုပ်မြင်ခဲ့ ရသော အဖြစ်အပျက်ကမူ ထူးခြားသည်။ ဘတ်(စ်)ကားတစ်စီးသည် မဆင်မခြင် မောင်းလာသည့် တက္ကစီတစ်စီးနှင့် တိုက်မိလုနီးပါးဖြစ်သွား သည်။ ဘတ်(စ်)ကား ယာဉ်မောင်းက ဒေါသနှင့် တက္ကစီ ယာဉ်မောင်းကို အော်ဟစ်ဆဲဆိုမည်ဟု ကျွန်ုပ်ထင်ခဲ့သည်။
သို့သော် ထိုသို့မဟုတ်ခဲ့ပါ။ ဘတ်(စ်)ကား ယာဉ်မောင်းသည်
မဆဲဆိုဘဲ ခက်ထန်နေသည့် သူ့မျက်နှာကြောကို လျော့ပြီး အပြစ်ရှိပြီးမသိုးမသန့်အကြည့်နှင့် ကြည့်နေသည့် တက္ကစီယာဉ်မောင်းကို ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးပြလိုက်သည်။ ထိုအပြုံး၏ သက်ရောက်မှုက အံ့သြစရာ။ တင်းမာမှုလျော့သွားပြီး တက္ကစီယာဉ်မောင်းသည် လက်မြှောက်တောင်းပန်ကာ ပြန်ပြုံးပြလျက် ထွက်ခွာသွားတော့သည်။
ပြုံးပြခြင်းသည် ဦးနှောက်အတွက် အံ့သြဖွယ်သက်ရောက်မှုကို ဖြစ်စေသည်။ ‘‘ကျွန်ုပ်တို့ရယ်ပြ၊ ပြုံးပြလိုက်လျှင် ဦးနှောက်ထဲမှ…
အကျဉ်းသားများကို လွှတ်ပေးခြင်း
ဂျော်ဂျီယာ ပြည်နယ် ဆာဗားနား မြို့အနီးရှိ Mighty Eighth လေတပ် အမျိုးသားပြတိုက်သို့
ကျွန်တော်တို့ဇနီးမောင်နှံ သွားရောက်လည်ပတ်ခဲ့စဉ်က ဂျာမန်စစ်အကျဉ်းစခန်းကို ပြန်လည်ဆန်းသစ်ပြီး ခင်းကျင်းပြသထားသည့်မြင်ကွင်းကြောင့် အလွန်စိတ်ထိခိုက်ခဲ့ ရသည်။
ကျွန်တော့်ဇနီး မာလင်း၏ဖခင် ဂျင်းမ် သည် ဒုတိယ ကမ္ဘာစစ်တွင်း ‘‘Mighty Eighth’’ လေတပ်၌ အမှုထမ်းခဲ့ပြီး ဥရောပနယ်တခွင် ပျံသန်းခဲ့ရသည်။ စစ်တွင်း၌ ‘‘The Eighth’’ လေတပ်တွင် ဒဏ်ရာရသူ ၄၇,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၆,၀၀၀ အထက် ရှိခဲ့သည်။ အဖေလည်း လေယာဉ် ပစ်ချခံရပြီး
စစ်အကျဉ်းသားအဖြစ် အဖမ်းခံခဲ့ရသည်။ ပြခန်းအတွင်း လျှောက်ကြည့်ရင်း အဖေနှင့်အခြားအကျဉ်းသားများ စစ်အကျဉ်းစခန်းမှ လွတ်မြောက်ခဲ့သည့်နေ့တွင် သူတို့အဘယ်မျှလောက် ၀မ်းမြောက် ခဲ့ကြောင်း ပြောပြပုံကို အတွေး၌ တစ်ရိပ်ရိပ် ပြန်မြင်ယောင်မိသည်။
အဖိနှိပ်ခံရသူများနှင့် ချုပ်ထားခြင်းကိုခံရသူများအတွက် လွတ်မြောက်ခြင်းကို ဘုရားရှင်ဂရုပြုကြောင်း ဆာလံ…
အပြင်လူဟူ၍မရှိ
ကျွန်တော်ကလေးဘ၀က ဂါနာ နိုင်ငံ၏ ဝေးလံခေါင်သီသောအရပ်တွင် နေထိုင်ခဲ့စဉ်က ‘‘ထမင်းစားချိန်၌ မိတ်ဆွေမဟုတ်’ ဆိုသော စကားပုံမှာ သုံးနေကျဖြစ်သည်။ ဒေသခံများက ထမင်းစားချိန်၌ အလည်လာခြင်းသည် မယဉ်ကျေးရာရောက်ကြောင်း သတ်မှတ်သည်။ အကြောင်းမှာ အစာရေစာရှားပါးခြင်းကြောင့်ဖြစ်သည်။ ထိုဆိုရိုးစကားသည်
အိမ်နီးချင်း နှင့် ဧည့်သည်များအတွက်ပါ အကျုံးဝင်သည်။
သို့သော် ဖိလစ်ပိုင်နိုင်ငံတွင်မူ ထမင်းစားချိန်၌ မဖိတ်ခေါ်ထားပဲ ဧည့်သည်ရောက်လာသော် အိမ်ရှင်သည် သူ၌ စားစရာ လုံလုံလောက်လောက် ရှိရှိ၊ မရှိရှိ ဝေမျှကာ စားသောက်ကြသည်။ ယဉ်ကျေးမှုဓလေ့များ ကွဲပြားခြားနား သော်လည်း သူ့ဟာနှင့်သူ ကောင်းပါသည်။
ဣသရေလလူမျိုးများ အီဂျစ်ပြည်မှ ထွက်ခွာခဲ့စဉ်က သူတို့ယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းရမည့်အကြောင်း ဘုရားရှင် လမ်းညွှန်မှုပေးခဲ့သည်။ သို့ငြား ဘုရားရှင်၏ စည်းမျဉ်း
စည်းကမ်းများပင်လျှင် လူ့စိတ်နှလုံးကို မပြောင်းလဲနိုင်ပါ။ ထို့ကြောင့် မောရှေက ‘‘သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တစ်ဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်’’…
ဘုရားရှင်၏ သတိပေးမှုများ
ကျွန်ုပ်၏မိတ်ဆွေ ဘော့ဟိုမား က သခင်ယေရှုအား ‘‘သတိပေးနှိုးဆော်ခြင်းအမှုတွင် ဆရာကြီး’’ ဟု၍ဖော်ညွှန်းထားသည်။ ကျွန်ုပ်တို့သည် သံသယ၀င်လွယ်ပြီး အမေ့လွယ် သူများ ဖြစ်သောကြောင့် ဤကဲ့သို့ ဖော်ညွှန်းခြင်းက ကောင်းပေသည်။ ဤလောကမြေတွင် သခင်ယေရှု ကျင်လည်ခဲ့စဉ်က သူ့ထံရောက်လာသူများ၏လိုအင်များကို သခင် ဖြည့်ဆည်း ပြည့်ဝစေခဲ့သော်လည်း တပည့်တော်များက မပြည့်စုံမှု လိုအပ်မှု
များနှင့် ၎င်းတို့ကျန်ခဲ့မည်ကို စိုးရိမ်နေခဲ့သည်။ နိမိတ် လက္ခဏာများကို ၎င်းတို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသော်လည်းသခင်ဘုရား သူတို့ကို သတိရ၊ အမှတ်ရစေလိုသောအရာ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပါ။
ဂါလိလဲပင်လယ်ကို ဖြတ်သန်းသွားသည့် ခရီးစဉ်တွင်
တပည့်တော်များသည် မုန့်ယူလာရန် မေ့ပြီး ထိုအကြောင်းကို ပြောနေကြစဉ် သခင်က ‘‘ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည် ကြသလော့။ သင်တို့စိတ်နှလုံး မိုက်သေးသလော။ မျက်စိရှိလျက်ပင် မမြင်၊၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော’’ (မာ ၈း၁၇-၁၈)…
သခင်၌တည်လျက် စွဲကိုင်ထား
တရုတ်ပြည် Zhangjiajie ဒေသရှိ Tianmen တောင်သည် ကမ္ဘာ့အလှဆုံးတောင် တစ်ခုဖြစ်သည်။ ခန့်ငြားထည်ဝါလှသော တောင်စွယ်တောင်တန်း၏အလှကို ရှုမြင်နိုင်ရန် အဝေးပြေး မိုးပျံကား Tianmen Shan ကို စီးပြီး ၇၄၅၅ မီတာ (၄.၅ မိုင်)ခရီးကို သွားရမည်။ ထိုမိုးပျံကားလေးတွင် မည်သည့်မော်တာမှမပါဘဲ မြင့်မားလှသော တောင်တန်းများ ပေါ်တွင် စနစ်တကျနှင့် ခရီးဝေးနှင်နိုင်ခြင်းက အံ့သြဖွယ်ကောင်းလှ သည်။ ထိုအမြင့်တွင် မိုးပျံကားလေးသည် အားကောင်းသည့် စက်ယန္တရားများဖြင့် ရွေ့လျားနေသောကြိုးပေါ်တွင် မြဲမြံစွာ ချိတ်ဆက်လျက် ဘေးကင်းလုံခြုံစွာဖြင့် ရွေ့လျားနေပါသည်။
ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာ ခရီးလမ်းတွင် ပန်းတုံးတိုင်သို့ အောင်မြင်စွာ မည်သို့ပြေးမည်နည်း။ အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှာ မည်သို့ ဇွဲနဲ့ဆက်ပြေးကြမည်နည်း (ဖိ ၂း၁၄)။ ‘‘ဘုရားသခင်၌ တည်နေကြလော့ (၄း၁)’’ဟု ရှင်ပေါလုရည်ညွှန်းသည့်အတိုင်း ကျွန်ုပ်တို့သည် အထက်ပါ မိုးပျံကားကဲ့သို့ပင် သခင်ခရစ်တော်၌…