အမျိုးအစား  |  odb

အကျဉ်းသားများကို လွှတ်ပေးခြင်း

ဂျော်ဂျီယာ ပြည်နယ် ဆာဗားနား မြို့အနီးရှိ Mighty Eighth လေတပ် အမျိုးသားပြတိုက်သို့
ကျွန်တော်တို့ဇနီးမောင်နှံ သွားရောက်လည်ပတ်ခဲ့စဉ်က ဂျာမန်စစ်အကျဉ်းစခန်းကို ပြန်လည်ဆန်းသစ်ပြီး  ခင်းကျင်းပြသထားသည့်မြင်ကွင်းကြောင့် အလွန်စိတ်ထိခိုက်ခဲ့ ရသည်။
ကျွန်တော့်ဇနီး မာလင်း၏ဖခင် ဂျင်းမ် သည် ဒုတိယ ကမ္ဘာစစ်တွင်း ‘‘Mighty Eighth’’ လေတပ်၌ အမှုထမ်းခဲ့ပြီး ဥရောပနယ်တခွင် ပျံသန်းခဲ့ရသည်။ စစ်တွင်း၌ ‘‘The Eighth’’ လေတပ်တွင် ဒဏ်ရာရသူ ၄၇,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၆,၀၀၀ အထက် ရှိခဲ့သည်။ အဖေလည်း လေယာဉ် ပစ်ချခံရပြီး
စစ်အကျဉ်းသားအဖြစ် အဖမ်းခံခဲ့ရသည်။ ပြခန်းအတွင်း လျှောက်ကြည့်ရင်း အဖေနှင့်အခြားအကျဉ်းသားများ စစ်အကျဉ်းစခန်းမှ လွတ်မြောက်ခဲ့သည့်နေ့တွင် သူတို့အဘယ်မျှလောက် ၀မ်းမြောက် ခဲ့ကြောင်း ပြောပြပုံကို အတွေး၌ တစ်ရိပ်ရိပ် ပြန်မြင်ယောင်မိသည်။
အဖိနှိပ်ခံရသူများနှင့် ချုပ်ထားခြင်းကိုခံရသူများအတွက် လွတ်မြောက်ခြင်းကို      ဘုရားရှင်ဂရုပြုကြောင်း ဆာလံ…

အပြင်လူဟူ၍မရှိ

ကျွန်တော်ကလေးဘ၀က  ဂါနာ နိုင်ငံ၏ ဝေးလံခေါင်သီသောအရပ်တွင် နေထိုင်ခဲ့စဉ်က ‘‘ထမင်းစားချိန်၌    မိတ်ဆွေမဟုတ်’ ဆိုသော စကားပုံမှာ သုံးနေကျဖြစ်သည်။ ဒေသခံများက ထမင်းစားချိန်၌ အလည်လာခြင်းသည် မယဉ်ကျေးရာရောက်ကြောင်း သတ်မှတ်သည်။ အကြောင်းမှာ အစာရေစာရှားပါးခြင်းကြောင့်ဖြစ်သည်။ ထိုဆိုရိုးစကားသည်
အိမ်နီးချင်း နှင့် ဧည့်သည်များအတွက်ပါ အကျုံးဝင်သည်။
သို့သော် ဖိလစ်ပိုင်နိုင်ငံတွင်မူ ထမင်းစားချိန်၌       မဖိတ်ခေါ်ထားပဲ ဧည့်သည်ရောက်လာသော် အိမ်ရှင်သည် သူ၌ စားစရာ လုံလုံလောက်လောက် ရှိရှိ၊ မရှိရှိ ဝေမျှကာ စားသောက်ကြသည်။ ယဉ်ကျေးမှုဓလေ့များ ကွဲပြားခြားနား သော်လည်း သူ့ဟာနှင့်သူ ကောင်းပါသည်။
ဣသရေလလူမျိုးများ အီဂျစ်ပြည်မှ ထွက်ခွာခဲ့စဉ်က သူတို့ယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းရမည့်အကြောင်း ဘုရားရှင် လမ်းညွှန်မှုပေးခဲ့သည်။ သို့ငြား ဘုရားရှင်၏ စည်းမျဉ်း
စည်းကမ်းများပင်လျှင် လူ့စိတ်နှလုံးကို မပြောင်းလဲနိုင်ပါ။ ထို့ကြောင့် မောရှေက ‘‘သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တစ်ဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်’’…

ဘုရားရှင်၏ သတိပေးမှုများ

ကျွန်ုပ်၏မိတ်ဆွေ ဘော့ဟိုမား က သခင်ယေရှုအား ‘‘သတိပေးနှိုးဆော်ခြင်းအမှုတွင် ဆရာကြီး’’ ဟု၍ဖော်ညွှန်းထားသည်။ ကျွန်ုပ်တို့သည် သံသယ၀င်လွယ်ပြီး အမေ့လွယ် သူများ ဖြစ်သောကြောင့် ဤကဲ့သို့ ဖော်ညွှန်းခြင်းက ကောင်းပေသည်။ ဤလောကမြေတွင် သခင်ယေရှု ကျင်လည်ခဲ့စဉ်က သူ့ထံရောက်လာသူများ၏လိုအင်များကို သခင် ဖြည့်ဆည်း ပြည့်ဝစေခဲ့သော်လည်း တပည့်တော်များက မပြည့်စုံမှု  လိုအပ်မှု
များနှင့် ၎င်းတို့ကျန်ခဲ့မည်ကို စိုးရိမ်နေခဲ့သည်။ နိမိတ် လက္ခဏာများကို ၎င်းတို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသော်လည်းသခင်ဘုရား သူတို့ကို သတိရ၊ အမှတ်ရစေလိုသောအရာ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပါ။
ဂါလိလဲပင်လယ်ကို ဖြတ်သန်းသွားသည့် ခရီးစဉ်တွင်
တပည့်တော်များသည် မုန့်ယူလာရန် မေ့ပြီး ထိုအကြောင်းကို ပြောနေကြစဉ် သခင်က ‘‘ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည် ကြသလော့။ သင်တို့စိတ်နှလုံး မိုက်သေးသလော။ မျက်စိရှိလျက်ပင် မမြင်၊၊  နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော’’ (မာ ၈း၁၇-၁၈)…

သခင်၌တည်လျက် စွဲကိုင်ထား

တရုတ်ပြည် Zhangjiajie ဒေသရှိ Tianmen တောင်သည် ကမ္ဘာ့အလှဆုံးတောင် တစ်ခုဖြစ်သည်။ ခန့်ငြားထည်ဝါလှသော တောင်စွယ်တောင်တန်း၏အလှကို ရှုမြင်နိုင်ရန် အဝေးပြေး မိုးပျံကား Tianmen Shan ကို စီးပြီး ၇၄၅၅ မီတာ (၄.၅ မိုင်)ခရီးကို သွားရမည်။ ထိုမိုးပျံကားလေးတွင် မည်သည့်မော်တာမှမပါဘဲ မြင့်မားလှသော တောင်တန်းများ ပေါ်တွင် စနစ်တကျနှင့် ခရီးဝေးနှင်နိုင်ခြင်းက အံ့သြဖွယ်ကောင်းလှ သည်။ ထိုအမြင့်တွင် မိုးပျံကားလေးသည် အားကောင်းသည့် စက်ယန္တရားများဖြင့် ရွေ့လျားနေသောကြိုးပေါ်တွင် မြဲမြံစွာ ချိတ်ဆက်လျက်  ဘေးကင်းလုံခြုံစွာဖြင့်   ရွေ့လျားနေပါသည်။
ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာ ခရီးလမ်းတွင် ပန်းတုံးတိုင်သို့ အောင်မြင်စွာ မည်သို့ပြေးမည်နည်း။ အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှာ မည်သို့ ဇွဲနဲ့ဆက်ပြေးကြမည်နည်း (ဖိ ၂း၁၄)။  ‘‘ဘုရားသခင်၌ တည်နေကြလော့ (၄း၁)’’ဟု ရှင်ပေါလုရည်ညွှန်းသည့်အတိုင်း ကျွန်ုပ်တို့သည် အထက်ပါ မိုးပျံကားကဲ့သို့ပင် သခင်ခရစ်တော်၌…

ဆိုးသောယုံကြည်ခြင်း၊ ကောင်းသောယုံကြည်ခြင်း

‘‘ယုံကြည်ခြင်း ရှိရမည်’’ ဟုလူတို့ပြောလေ့ရှိသည်။ သို့သော်   ဘာကိုဆိုလိုသနည်း။ မည်သည့် ယုံကြည်ခြင်းမျိုးမဆိုသည် ကောင်းသည့် ယုံကြည်ခြင်းဖြစ်မည်လား။
‘‘မိမိကိုယ်ကို မိမိရှိနေ ဖြစ်နေသည့်အတိုင်း ယုံပါ’’ ဟု လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က အကောင်းမြင် အတွေးအခေါ်ရှင်တစ်ဦးက ရေးခဲ့သည်။ ‘‘သင့်အထဲ၌   ရှိသောအရာက မည်သည့်အတားအဆီးထက်မဆို ပိုကြီးမား သည်ကို သိပါ’’ ဆိုသည့် စာသားက ကောင်းပါသည်။  လက်တွေ့တွင်မူ ၎င်းစာသားများက အရာမထင်။ ကျွန်ုပ်တို့ထက် ကြီးမားသော ယုံကြည်ခြင်းမျိုးကို တစ်ထောင့် တစ်နေရာတွင် ကျွန်ုပ်တို့ လိုအပ်နေသည်။
ဘုရားသခင်သည် အာဗြံကို မြောက်မြားစွာသော အမျိုးအနွယ်ပေးမည်ဟု ကတိပေးသောအခါ သူသည် အသက်အရွယ်ကြီးရင့်နေရုံမျှမက ကလေးလည်း မရှိသဖြင့်  ၎င်းသည် သူ့အတွက် ကြီးမားသောအတားအဆီး ဖြစ်သည် (က ၁၅း၎-၅)။ အာဗြံနှင့် စာရဲသည် ဘုရားသခင်၏ ကတိတော်ကို မစောင့်နိုင်သောအခါ ထိုအခက်အခဲကို…

ကျောက်ခဲတစ်ပစ်အကွာ

ဘာသာရေးခေါင်းဆောင်များက လော်လီဖောက်ပြားသော အမျိုးသမီးကို သခင်ယေရှု ထံသို့ ခေါ်ဆောင်ခဲ့စဉ်က သူတို့သည် သူမကို ကျောက်ခဲတစ်ပစ်အကွာရှိ ကျေးဇူးတော် ထံပါးသို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ မသိခဲ့ကြပါ။ ၎င်းတို့မျှော်လင့်သည်က သခင်ယေရှုကို အသရေဖျက် သိက္ခာချရန်ဖြစ်သည်။ အကယ်၍ သူမကို လွှတ်ပေးလိုက်က သခင့်အား မောရှေ၏ပညတ်တော်ကို ချိုးဖောက်သူအဖြစ် သူတို့ စွပ်စွဲမည်။ သူ့ကို အသေသတ်ရမည်ဟု အပြစ်တင် စီရင်ပါက သူ့နောက်လိုက်သည့်လူထုကြီးက သနား ညှာတာမှုနှင့် ကျေးဇူးတော်အကြောင်း သခင်ပြောခဲ့သည့် စကားများကို စွန့်ပစ်သွားမည် ဖြစ်သည်။
သို့သော် သခင်ယေရှုသည် သူ့ကိုစွပ်စွဲမည့်သူများထံ မျှားဦးပြန်လှည့်လိုက်သည်။ သူတို့ကို တိုက်ရိုက် အဖြေပေး ခြင်းထက် မြေကြီးပေါ်မှာ စာရေးပြခဲ့သည်ဟု ကျမ်းစာ၌ ဖော်ပြထားသည်။ ထိုခေါင်းဆောင်များ သူ့ကို ဆက်လက်မေးခွန်း ထုတ်နေစဉ်၊ သခင်က ‘‘သင်တို့တွင် အပြစ်နှင့်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေ’’ဟု မိန့်တော်မူ…

ယနေ့ သင့်အတွက် ဆုတောင်းပေးနေသည်

စိတ်ရှုပ်စရာအခြေအနေ (သို့) အခက်အခဲပြဿနာများနှင့် ကျွန်ုပ်တို့ ရင်ဆိုင်ရသောအခါ ခရစ်တော်၌ ညီအစ်ကို မောင်နှမများအား ဆုတောင်းပေးရန် အကူအညီ တောင်းတတ် ကြသည်။ ကျွန်ုပ်တို့အတွက် ၎င်းတို့ဆုတောင်းပေးလျက် ဘုရားရှင်ထံပို့ဆောင်နေကြောင်း သိရခြင်းသည်   ခွန်အားပေးမှုကြီးတစ်ခုဖြစ်သည်။ အလွန်ရင်းနှီးသည့် ခရစ်ယာန် သူငယ်ချင်းများ မရှိလျှင်၊ သို့မဟုတ်   ဧ၀ံဂေလိတရားကို ဆန့်ကျင်တားဆီးသည့်နေရာဒေသတွင် သင်ရောက်နေလျှင်  သင့်အတွက် မည်သူ ဆုတောင်းပေးမည်နည်း။
သမ္မာကျမ်းမှ အကြီးမြတ်ဆုံးနှင့် အောင်မြင်ခြင်းနှင့် စပ်ဆိုင်သောကျမ်းပိုဒ်ဖြစ်သည့်   ရောမအခန်းကြီး ၈ တွင် ‘‘ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်း အမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ၀ိညာဉ်တော်သည် စောင့်မတော်မူ၏။ … ၀ိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏’’ (ရော ၈း၂၆-၂၇) ဟူ၍ ကြွေးကြော်ထားသည်။ ၀ိညာဉ်တော်သည် သင့်အဖို့…

စစ်မှန်သော ကြွယ်ဝခြင်း

ကျွန်မသူငယ်ချင်းအဖေ၏ အောက်မေ့ဘွယ် ၀တ်ပြုစည်းဝေးအခမ်းအနားတွင် လူတစ်ယောက်က   ‘‘သမီး အဖေနဲ့ မသိခင်အချိန်ထိ တစ်ပါးသူကို ကူညီရခြင်းက ၀မ်းမြောက်စရာကောင်းကြောင်း မသိခဲ့ရပါဘူး’’ ဟူ၍ သူ့ကို ပြောခဲ့သည်။ သူမ၏ ဖခင်သည် လူအများကို ကူညီပေးခြင်း၊ ပြုံးရွှင်စွာမေတ္တာပြခြင်း၊ သူစိမ်းများနှင့် မိတ်ဆွေ ဖြစ်လာလျှင် ၎င်းတို့နှင့်ပုံမှန်တွေ့ဆုံခြင်း စသည်ဖြင့် ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်ခြင်း လုပ်ငန်းတွင် ဆက်ကပ်ကာ အစေခံခဲ့သည်။ သူဆုံးသွားသောအခါ ချစ်မေတ္တာအမွေအနှစ်ကို ချန်ရစ်ခဲ့သည်။ ဆန့်ကျင်ဘက် အားဖြင့် သူငယ်ချင်း၏အဒေါ်၊ သူ့ဖခင်၏အစ်မကြီးကမူ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာများကိုသာ အမွေအနှစ်ဟုမြင်ပြီး သူ၏ စည်းစိမ်နှင့် ရှားပါးစာအုပ်များကို မည်သူထိန်းသိမ်းပေး မည်နည်းဟု ပူပင်သောကများနှင့် သူမ၏နောက်ဆုံး နေ့ရက် ကာလများကို ဖြတ်သန်းခဲ့သည်။
သခင်ယေရှု၏သွန်သင်ချက်နှင့် ရှင်သန်ပြခဲ့သော ပုံသက်သေများအားဖြင့် သူ့နောက်တော်လိုက်တို့အား စည်းစိမ်းချမ်းသာသိုမှီးခြင်းကို ရှောင်ကြဉ်ပြီး ဆင်းရဲသားများကို ဝေငှ၍ မပုပ်၊ မပျက်စီးနိုင်သောအရာကို တန်ဖိုးထားတတ်ရန်…

သင့်စိတ်ဝိညာဉ်ကို ငြိမ်သက်အေးဆေးစေခြင်း

ဖျော်ဖြေပွဲတစ်ခု တက်ရောက်စဉ်က ကျွန်ုပ်၏ စိတ်အာရုံကို လွဲစေသည့် ပြဿနာတစ်ခု အတွေးထဲ ၀င်ရောက်လာသည်။ ထိုအဖျက်အမှောင့်သည် သာယာလှပသော သံစုံသီချင်းကြောင့် ကြာကြာမခံခဲ့ပါ။ ကျေးဇူးတော်ပင်။  အမျိုးသားအဆိုရှင်အဖွဲ့မှ ‘‘ငြိမ်ဝပ်လျက်နေလော့၊ ငါ့ဝိညာဉ်’’ ဟူသည့်သီချင်းကို သီဆိုနေသည်။ သီချင်းစာသားကို နားထောင်ရင်း ကျွန်ုပ်မျက်ရည်စို့လာပြီး ဘုရားရှင်သာလျှင် ပေးနိုင်သော ငြိမ်သက်ခြင်းအကြောင်း ဆင်ခြင်နေမိသည်။
‘‘ငြိမ်ဝပ်လျက်နေလော့ အို ငါ့ဝိညာဉ်၊ ဘုရားရှင် ငါ့ဘက်၌ရှိလျက်၊ ပူဆွေးသောကနှင့် နာကျင်မှုကားတိုင်ကို သည်းခံ၍ ထမ်းပေ၊ ဘုရားရှင်၏အစီအမံနှင့်၊ ပြင်ဆင် မစမှုအပေါ် ပုံအပ်ထားပါ။ ပြောင်းလဲမှုတိုင်းတွင် သူ၏ သစ္စာတော်သည် မပြောင်းလဲ အစစ်ခံပေ။’’
နိမိတ်လက္ခဏာ အများစုပြခဲ့သော်လည်း နောင်တ မရသည့် မြို့ရွာတို့ကို လူသိရှင်ကြား သခင်ယေရှု ဝေဖန်ရှုတ်ချခဲ့စဉ်က (မဿဲ ၁၁း၂၀-၂၄) သူ့ထံပြန်လာမည့်သူများအတွက်  နှစ်သိမ့်ဖေးမမည့် စကားများ ရှိနှင့်နေခဲ့ပါသည်။ ယေရှုက ‘‘၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊…

အရေးပါသော စကားလုံးများ

နေ့စဉ်ခွန်အားလုပ်ငန်းတွင် အယ်ဒီတာအဖြစ် စတင်အမှုတော်ဆောင်စဉ်က ကျွန်တော့် တာဝန်မှာ လစဉ်ထုတ်စာအုပ်၏မျက်နှာဖုံးပေါ်မှကျမ်းပိုဒ်ကို ရွေးချယ်ရသည်။ မကြာမီ မှာပင် ထိုအလုပ်သည် မည်သို့သောထူးခြားမှုကို ဖြစ်စေသနည်းဟု အတွေးဝင်မိသည်။
ထိုသို့ စဉ်းစားမိပြီး မကြာပါ။ စာဖတ်သူတစ်ဦးထံမှ စာတစ်စောင်ရခဲ့ရှိသည်။ စာထဲတွင် သူမသည် သားဖြစ်သူအတွက် ဆုတောင်းခဲ့ သည်မှာ အနှစ်နှစ်ဆယ်ကျော်ကြာပြီး ဖြစ်သော်ငြားလည်း သူ့သားသည် ယေရှုခရစ်တော်နှင့်ပတ်သက်၍ ဘာမှ  စိတ်မ၀င်စားကြောင်း၊ သို့နှင့် တစ်ရက်တွင် သားက သူမထံ အလည်လာစဉ် စားပွဲပေါ်၌ တင်ထားသည့် စာအုပ်လေး၏ မျက်နှာဖုံးပေါ်မှ ကျမ်းပိုဒ်ကို သူဖတ်မိသွားသည်။ ၀ိညာဉ်တော်သည် ထိုကျမ်းပိုဒ် အသုံးပြု၍ ချက်ခြင်းပင် သခင်ယေရှုကို လိုအပ်ကြောင်း သူဝန်ခံ၍ သူ့အသက်တာကို သခင်ယေရှုထံ ပေးအပ် ခဲ့သည်ဟု ရေးသားထားသည်။
ထိုကျမ်းညွှန်းရော အမျိုးသမီး၏အမည်ကိုပါ ကျွန်တော် မမှတ်မိတော့ပါ။ သို့သော် ထိုနေ့က ဘုရားရှင် ဖော်ပြခဲ့သည့်…