အမျိုးအစား  |  odb

ကြီးမြတ်သောစာပေ

မကြာမီက ကြီးမြတ်သောစာပေဟူသည် မည်သည့်အင်္ဂါရပ်များနှင့်ပြည့်စုံကြောင်း ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ခဲ့ရသည်။ စာရေးသူက ကြီးမြတ်သော စာများသည် “သင့်ကို ပြောင်းလဲစေသည်။ ထိုစာပေကို သင်ဖတ်ပြီး သောအခါ သင်သည် တစ်မူထူးခြားသော သူတစ်ယောက်ဖြစ်သွားသည်” ဟု မှတ်ချက် ပေးထားသည်။
ထိုဖော်ပြချက်အရ ဘုရား၏နှုတ်ကပတ်တော်သည် ကြီးမြတ်သောစာပေအဖြစ် အစဉ် ဖော်ပြခြင်းခံရမည်။ သမ္မာ ကျမ်းစာဖတ်ရှုခြင်းသည် ကျွန်ုပ်တို့အား ပိုမို ကောင်းမွန်သူများ ဖြစ်လာအောင် စိန်ခေါ်သည်။ ကျမ်းစာပါ သူရဲကောင်းများ
အကြောင်းက ကျွန်ုပ်တို့ကို ရဲရင့်ခြင်းနှင့် ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရန် လှုံ့ဆော်သည်။ ပညာကျမ်းနှင့် ပရောဖက်ကျမ်း
များက ယိုယွင်းပျက်စီးသောစိတ်ဓာတ်ဖြင့် ဘ၀ရှင်သန်ခြင်း ၏ အန္တရာယ်ကို သတိပေးသည်။ ဘုရားသခင်သည် အမျိုးမျိုးသော လူပုဂ္ဂိုလ်များအားဖြင့် စကားပြောလျက်  ကျွန်ုပ်တို့၏ အကျိုးအလို့ငှာ အသက်တာကို ပြောင်းလဲစေသည့် ဆာလံကျမ်းများ ရေးသားစေသည်။…

ဆာငတ်မှုကို ပြေစေသောမုန့်

မူလတန်းကျောင်းသားအရွယ်က ခရစ်တော်၏ပတ္တနာကို ကျွန်တော်အလွတ်ကျက်မှတ် သင်ယူခဲ့ရသည်။ “အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက်အစဉ် အတိုင်း ပေးသနားတော်မူပါ” (မ ၆း၁၁) ဟူသောစာကြောင်းကို ကျွန်တော် ရွတ်ဆိုတိုင်း ရံဖန်ရံခါမှသာ စားရသောပေါင်မုန့်အကြောင်း မစဉ်းစားဘဲ မနေနိုင်။ အဖေ ခရီးသွားရာမှ ပြန်ရောက်သောအခါမှသာ ကျွန်တော်တို့ ပေါင်မုန့်စားရသည်။ ထို့ကြောင့် နေ့စဉ် အသက်မွေးလောက်သောအစာကို ဘုရားသခင်အား တောင်းလျှောက်ခြင်းက ကျွန်တော့် ဆုတောင်းချက်နှင့် ကိုက်ညီသော ဆုတောင်းချက် ဖြစ်သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် “Our Daily Bread”
စာအုပ်ငယ်ကို တွေ့ခဲ့သောအခါ ၎င်းသည်  ခရစ်တော်၏ ပတ္တနာတော်မှ ဖြစ်ကြောင်းသိသော်လည်း မုန့်ဆိုင်မှပေါင်မုန့် အကြောင်းကို ပြောနေခြင်းမဟုတ်တန်ရာဟု သိလျက် ဘာပါလိမ့်ဟု ကျွန်တော် အလွန်သိချင်စိတ် ဖြစ်ခဲ့သည်။  စာအုပ်ငယ်ကို ပုံမှန်ဖတ်ရှုစဉ် ၎င်းသည် ကျမ်းပိုဒ်များ၊ အထောက်အကူပြုမှတ်စုများပါရှိသည့်   စိတ်နှလုံးအတွက် ၀ိညာဉ်ရေးအစာဖြစ်မှန်း သိခဲ့ရသည်။
၎င်းသည်…

ကြီးထွားတိုးတက်ရန်အချိန်

ဒယ်ဘီ သည် သူ့အိမ်သစ်တွင် မှောင်ရိပ်ကျသော မီးဖိုချောင်ထောင့်၌ စွန့်ပစ်ထားသည့် အပင်တစ်ပင်ကို တွေ့ခဲ့သည်။ စုတ်ပြတ်သတ်ပြီး ဖုန်တက်နေသော အရွက်များက
သစ်ခွရွက်များနှင့်တူသည်။ ထိုအပင်လေးသည်   အကိုင်းခက်အသစ်များ ထွက်လာလျှင် မည်မျှလှပမည်ကို သူမစိတ်ကူးကြည့်မိသည်။ သို့နှင့် အပင်ကို ပြူတင်းပေါက်နား ရွှေ့ပြီး၊ အရွက်ခြောက်များကို ဖြတ်တောက်ကာ ဂရုတစိုက် ရေလောင်းပေးခဲ့သည်။ အပင်အားတိုးဆေးဝယ်ပြီး၊ အမြစ်ကို မြေသြဇာကျွေးသည်။ သူမသည် တစ်ပတ်ပြီးတစ်ပတ် အပင်ကို စစ်ဆေးခဲ့သော်လည်း၊ အညှောင့်သစ်များ ထွက် မလာ။ သို့နှင့် “နောက်ထပ် တစ်လလောက် စောင့်ကြည့်မယ်။ တကယ်လို့ ဘာမှမထူးခြားရင်တော့ အပင်ကို လွှင့်ပစ်တော့ မယ်” ဟု သူမ၏ခင်ပွန်းကို ပြောလိုက်သည်။
ထိုနေ့သို့ ရောက်လာသောအခါ သူ့မျက်လုံးကိုပင် သူမယုံနိုင်ဖြစ်သွားသည်။ အရွက်များကြား အခက်လေးနှစ်ခု ထွက်နေသည်။ သူမလက်လျှော့တော့မည့်အပင်သည် ရှင်သန်နေဆဲ မဟုတ်ပါလား။
သင်၌် ၀ိညာဉ်ရေးတိုးတက်မှု လုံးဝမတွေ့ရသောကြောင့်…

ကိုယ်တော် ကောင်းမြတ်ပါသလား

“ဘုရားသခင် ကောင်းတယ်လို့ ငါတော့မထင်ဘူး” ဟု ကျွန်မသူငယ်ချင်းက ပြောသည်။
အခက်အခဲအချို့အတွက် သူမနှစ်နဲ့ချီကာ ဆုတောင်းခဲ့သော်လည်း ဘာမှမထူးခြား။ ဘုရားသခင် ဆိတ်ဆိတ်နေခြင်းအတွက် သူမ ဒေါသထွက်ကာ တဖြည်းဖြည်း ခါးသည်း လာသည်။  ဘုရားသခင် ကောင်းမြတ်ကြောင်းကို သူအကြွင်းမဲ့ ယုံကြည်ကြောင်း ကျွန်မ
ကောင်းကောင်း သိသည်။ သို့သော် စိတ်နာကျင်မှုကို အဆက်မပြတ် ခံစားရပြီး ဘုရားသခင်သည် သူအား စိတ်ဝင်စားပုံ မပေါ်ခြင်းကြောင့် သူမ သံသယ၀င်လာခဲ့သည်။ ထိုအချက်က သူမအား ၀မ်းနည်းခံစားရခြင်းထက် ဒေါသ ပိုထွက်စေသည်။
အာဒံနှင့်ဧ၀တို့နည်းတူ  ဘုရားသခင်၏ ကောင်းမြတ် ခြင်းအပေါ် သံသယဖြစ်ခြင်းက အထူးအဆန်း မဟုတ်ပြီ (က ၃)။ “ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိ ပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော်မူခြင်းကြောင့်” (က ၃း၅) ထိုအသီးကိုမစားရန်…

အစဉ်စောင့်ထိန်းမှုအောက်၌

စစ်ပြန်သတင်းထောက် စကော့ပယ်လီ သည် ရေဒီယို၊ ကင်မရာ၊ လက်ဆွဲသေတ္တာ၊ အိပ်ဆောင်ကွန်ပြူတာ၊ ဟန်းဖုန်း နှင့် အသုံးတည့်လှသည့် အရေးပေါ် တည်နေရာ အချက်ပြစက် စသည့်တို့ မပါဘဲနှင့် ခရီးသွားကာ တာဝန်ထမ်းဆောင်လေ့မရှိပါ။ “အချက်ပြစက်ကိုဖွင့်ပြီး ခလုပ်နှိပ်လိုက်ရင် စက်က အမျိုးသား သမုဒ္ဒရာနှင့်ကမ္ဘာ့လေထု စီမံကွပ်ကဲရေးဌာနနဲ့ ချိတ်ဆက်ထားတဲ့ ဂြိုလ်တုဆ်ီကို အချက်ပြ သတင်းပို့လိမ့်မယ်။ အဲ့ဒီအခါမှာ ကျွန်တော် ဘယ်သူဖြစ်ကြောင်း၊ ဘယ်နေရာမှာ ရောက်နေကြောင်း ညွှန်ပြ ပေးပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာဒေသပေါ် မူတည်ပြီး၊ သူတို့က ကယ်ဆယ်ရေး အဖွဲ့ ပို့ဖို့၊ မပို့ဖို့ ဆုံးဖြတ် ပါလိမ့်မယ်” ဟုသူက AARP မဂ္ဂဇင်းသို့ ပြောပြသည်။ ပယ်လီ သည် အချက်ပြစက် အသုံးပြုရန် လိုအပ်သည့် အခြေအနေနှင့် တစ်ခါမျှ မကြုံဘူးခဲ့သော်လည်း ထိုစက်မပါ
ဘဲနှင့် ခရီးသွားလေ့မရှိပါ။…

အနားယူလျှက် စောင့်ဆိုင်းခြင်း

အပူပြင်းဆုံး နေမွန်းတည့်ချိန်ဖြစ်သည်။ ယေရှုသည်  ခရီးရှည်နှင်ခဲ့ခြင်းကြောင့် မောပန်းလျှက် ယာကုပ်ရေတွင်းအနီးတွင် ခေတ္တနားနေသည်။  တပည့်တော်များသည် စားစရာဝယ်ရန် ရှုခါမြို့သို့ ထွက်သွားကြသည်။ ရေခပ်ရန် မြို့ထဲမှ အမျိုးသမီးတစ်ဦး ထွက်လာပြီး၊ မေရှိယနှင့်ဆုံခဲ့သည်။ သူသည် မြို့ထဲသို့ အလျင်အမြန်သွား၍၊ “အကျွန်ုပ် ပြုဘူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူ” ၏ စကားကို လာ၍ နားထောင်ကြရန် အခြားသူများအား ဖိတ် ခေါ်ခဲ့သည် (ယော ၄း၂၉)။
တပည့်တော်များက အစားအစာများ ယူဆောင်လျက် ပြန်လာသော် အစာစားရန် ယေရှုအား တိုက်တွန်းရာ၊ ကိုယ်တော်က သူတို့အား “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏” (း၃၄)ဟု မိန့်တော်မူခဲ့သည်။
ယခု မေးခွန်းမေးပါမည်။ ထိုအချိန်တွင် ယေရှု  ဘာလုပ်နေပါသနည်း။ ကိုယ်တော်သည် ရေတွင်းအနီးတွင် အနားယူလျက် စောင့်ဆိုင်းနေခဲ့သည်။
ကျွန်တော်သည်…

မမြင်ဘူးသော်လည်း ချစ်ခဲ့သည်

အင်တာနက် လူမှုဆက်သွယ်ရေးအ၀န်းအ၀ိုင်း၌ အခြားသူများနည်းတူ ကျွန်တော်သည် ဘရုစ်စီ ဆိုသူကို သိခဲ့ရသော်လည်း တစ်ခါမျှ လူချင်းမတွေ့ဆုံဖူးပါ။ သို့သော် သူ့ဇနီးက သူမ၏ခင်ပွန်း ဆုံးသွားခဲ့ပြီဖြစ်ကြောင်း သတင်းတင်လိုက်ရာ၊ ရပ်ဝေးဒေသများမှ အဆက်မပြတ်ပေးပို့သော ၀မ်းနည်းကြောင်း မှတ်ချက်များကြောင့် ကျွန်တော်တို့ မိတ်ဆွေတစ်ဦး ဆုံးရှုံးသွားရပြီဟု နားလည်လိုက်သည်။
ဘရုစ်စီ သည် မကြာခဏ သူ့စိတ်နှလုံးကို ကျွန်တော်တို့အား ဖွင့်ပြခဲ့သည်။ အခြားသူများအတွက် သူ၏ပူပန်မှု၊ သူ့အတွက် အရေးပါသောအကြောင်းအရာများ ကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ ကျွန်တော်တို့ အများစု သည် သူနှင့်အမှန်သိကျွမ်းရင်းနှီးသကဲ့သို့ ခံစားခဲ့ရသည်။ ခရစ်တော်၌ သူ၏ယုံကြည်ခြင်း၊ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သည့်အသက်တာမှ ပေါ်ထွက်လာသည့် သိမ်မွေ့သော ပညာ ဉာဏ်ကို ကျွန်တော်တို့ လွမ်းဆွတ်သတိရနေမည်ဖြစ်သည်။
ဘရုစ်စီ နှင့်ကျွန်တော် အင်တာနက်ပေါ် အပြန်အလှန် စကားစမည် ပြောဆိုခြင်းကို ပြန်လည်အမှတ်ရမိစဉ် ပထမရာစုနှစ်က ယေရှုကို ကိုယ်တိုင်မြင်ခဲ့သည့်…

ချစ်မေတ္တာ၏သံတမန်

ခရစ်ယာန်ဘုန်းကြီးတစ်ဦးဖြစ်သည့် ကျွန်တော့်အား  လူအချို့က သူတို့အား နောက်ထပ် ၀ိညာဉ်ရေးရာ၌ မစကူညီလိုပါသလားဟု အခါအားလျော်စွာ မေးတတ်ကြသည်။ မစမှု တောင်းခံသူ မည်သူပင်ဖြစ်စေ သူတို့အား အချိန်ပေးရသည်ကို ကျွန်တော်ပျော်ရွှင်ပြီး၊ တချိန်တည်းမှာပင် သင်ပေးခြင်းထက် ပို၍သာ သင်ယူရရှိကြောင်း မကြာခဏ သိနားလည် ရသည်။ ရိုးသားသော ခရစ်ယာန်ဖြစ်ခါစတစ်ဦးက အလုပ် နုတ်ထွက်စာတင်ရင်း “ကျွန်တော့်အတွက် ကျမ်းစာဖတ်တာ ကောင်းတယ်လို့ ကျွန်တော်  မထင်ဘူး။ ကျွန်တော့်အပေါ် ဘုရားသခင်ထားရှိတဲ့ မျှော်လင့်ချက်ကို  ဖတ်မိလေလေ၊ နှုတ် ကပတ်တော်အတိုင်း မလိုက်လျှောက်တဲ့ အခြားသူတွေကို
ကျွန်တော်ပိုပြီး ထောက်လေလေ” ဟုနာကျင်စွာ ရင်ဖွင့်သည်။
သူ့အတွင်းရှိ တစ်ပါးသူအပေါ်  ဆုံးဖြတ်တတ်သော သူ့စိတ်သဘောအတွက်   တစိတ်တဒေသအားဖြင့် ကျွန်တော့်
တာဝန်မကင်းဟု သဘောပေါက်လိုက်သည်။ ထိုစဉ်က ကျွန်တော်၏ပထမဆုံးလုပ်ရပ်မှာ ခရစ်တော်၌ ယုံကြည်သူ အသစ်များအား သူတို့လုံးဝမလုပ်သင့်သည့်အရာကို ကျွန်တော် အစပျိုးပြောပြခဲ့ခြင်း ဖြစ်သည်။  …

အသစ်ပြန်စပါ

ကျွန်မအရွယ်ရောက်လာချိန်တွင် ကျွန်မအနှစ်သက်ဆုံး စာအုပ်တစ်အုပ်မှာ Lucy Maud Montgomery ရေးသားသော Anne of Green Gables စာအုပ်ဖြစ်သည်။ ရယ်စရာကောင်းသော စာပိုဒ်တစ်ပိုဒ်မှာ မိန်းမငယ်လေး အဲန်း သည်  ကိတ်မုန့်ပြုလုပ် နေစဉ် ကိတ်မုန့်ထဲသို့ ဗယ်နီလာ အနှစ်ထည့်ရမည့်အစား အသားအရေလိမ်းဆေး ခရင်မ်ကို မတော်တဆ မှားထည့်မိလိုက်သည်။ သည့်နောက် တွင် သူမကို စောင့်ရှောက်သူ မျက်နှာထားတင်းတင်းနှင့် မာရီလာ အား “မနက်ဖြန်ဆိုတာက အမှားအယွင်းတွေ ဘာမှမရှိတဲ့ နေ့သစ်တစ်ရက်ပါလို့ တွေးထားရင် မကောင်း ဘူးလား” ဟုမျှော်လင့်ချက်ဖြင့် တအံ့တသြ ဆိုလိုက်သည်။
မနက်ဖြန်သည် နေ့သစ်တစ်နေ့ - အသစ်ပြန်လည် အစပြုနိုင်သည့်နေ့သစ် ဟူသော အတွေးကို ကျွန်မ သဘောကျ
မိသည်။ ကျွန်မတို့အားလုံး အမှားလုပ်မိသည်။ သို့သော် အပြစ်ပြုမိပြီဆိုလျှင် သန့်ရှင်းခြင်းဖြင့် မနက်တိုင်းကို ပြန်လည်…

အမြင့်ဆုံးသော ကွယ်ကာရာ

နေဟမိ၏ကြီးကြပ်မှုအောက်တွင် ဣသရေလအလုပ်သမားများသည် ယေရုရှလင်မြို့ မြို့ရိုး တံတိုင်းကြီးကို ပြန်လည်တည်ဆောက်နေကြသည်။ သို့သော် လုပ်ငန်းတစ်ဝက်ခန့် ပြီးစီးချိန်တွင် ရန်သူများ ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် ကြံစည်နေကြောင်း သိလိုက် ရသည်။ ထိုသတင်းသည် မောပန်းနွမ်းနယ်နေသော အလုပ်သမားများကို စိတ်ဓာတ်ကျ အားလျော့စေခဲ့သည်။
နေဟမိအနေဖြင့် စီစဉ်စရာများ စီစဉ်ရတော့သည်။ ရှေ့ဦးစွာ ဆုတောင်း၍ မဟာဗျူဟာဆွဲလျက်  အစောင့်များကို နေရာချသည်။ ထို့နောက် အလုပ်လုပ်နေသူများကို လက်နက် တပ်ဆင်ပေးသည်။ "မြို့ရိုးတည်သောသူ၊ ၀န်ထမ်းသောသူ၊
ဝန်ကိုတင်သောသူအပေါင်းတို့သည် လက်တစ်ဘက်နှင့် လုပ်ကြ၏။ လက်တစ်ဘက်နှင့် လက်နက်ကို ကိုင်ကြ၏။ တည်သောသူအပေါင်းတို့သည် ခါး၌ ဓားဆွဲလျက် တည်လုပ်
ကြ၏။" (နေဟမိ ၄း၁၇-၁၈)
ဘုရားရှင်၏နိုင်ငံတော် တည်ထောင်နေသူများသည်လည်း ၀ိညာဉ်ရေးရာရန်သူ ဖြစ်သော စာတန်ကို ဆန့်ကျင်တိုက်ခိုက်ရန် လက်နက်တန်ဆာများ တပ်ဆင်ရန် လိုအပ်သည်။ ၀ိညာဉ်တော်တည်းဟူသောဓား- တစ်နည်းအားဖြင့် ဘုရားရှင်၏ နှုတ်ကပတ်တော်သည်…