အမျိုးအစား  |  odb

ဘုရားရှင်အတွက် ကောင်းမှုပြုရန် ဖန်ဆင်းခံရသည်

တစ်ဖျတ်ဖျတ်နှင့် မြေပေါ်သို့ ကတ်ပြားတစ်ခုကျသွားသည်ကို တွေ့သော်လည်း ပထမတွင် ကျွန်တော် မသိကျိုးကျွန်ပြုခဲ့သည်။ ထိုကတ်ကျကျန်ခဲ့သူ ဖခင်နှင့်သမီးငယ်မှာ ကျွန်တော်နှင့် ပေ၂၀ ခန့် အကွာတွင်ရှိပြီး၊ ကျွန်တော်လည်း အလုပ်နောက်ကျနေသည်။ ကျွန်တော် အနောက်၌ ရှိနေသည်ကို သူတို့သတိထားမိမှာ သေချာတယ်ဟု မိမိဘာသာ ပြောမိသည်။ သို့သော် သူတို့ဆက်လျှောက်သွားသည်။ ငါ ကောင်းတာလုပ်ရမှာပဲဟု အသိစိတ်ဝင်လာ၍ ထိုကတ်ကို သွားကောက်ရာ၊ ဘတ်စကားစီးရန် ကြိုတင်ငွေဖြည့်ကတ်ဖြစ်နေသည်။ သူတို့ကို သွားပေးသည့်အခါ ၎င်းတို့ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သဖြင့် မမျှော်လင့်ဘဲ ကျွန်တော် အကျေနပ်ကြီး ကျေနပ်မိသည်။ ကောင်းမှုအနည်းငယ်ပြုခြင်းအပေါ် ဘာကြောင့် စိတ်ကျေနပ်မှုကို ခံစားရသနည်းဟု ကျွန်တော်အံ့သြမိသည်။

အခြားသူတစ်ဦးဦးအပေါ် ကြင်နာမှုဖြင့် ဆက်ဆံပါက ကျွန်ုပ်တို့၏ ခန္ဓာ ကိုယ်မှ မိမိ၏ခံစားချက်ကို ပိုမိုကောင်းမွန်စေသော ဓာတုအရည်တစ်မျိုး ထုတ်ပေးပြီး၊ ကောင်းသောအမှုကိုပြုလျှင် ကောင်းသောခံစားချက်ကို ခံစားရစေသည်။ ၎င်းသည် အံ့သြစရာမဟုတ်ပါ။ အကြောင်းမှာ…

သခင်ခရစ်တော်၌ နှလုံးသားအသစ်

ဘရော့ခ်(Brock)နှင့် ဒဲနစ်(Dennis)တို့သည် ငယ်သူငယ်ချင်းများဖြစ်ပြီး၊ သူတို့ ကြီးပြင်းလာသောအခါ ဘရော့ခ်သည် ဒဲနစ်၏ခရစ်တော်၌ယုံကြည်ခြင်းကို လုံးဝစိတ်ဝင်စားမှု မရှိတော့ပါ။ သူငယ်ချင်းများကို ချစ်တတ်သောဒဲနစ်က ဘရော့ခ် လျှောက်နေသောလမ်းသည် မှောင်မိုက်ကာ စိတ်ဓာတ်ကျနေသည်ကို သိသဖြင့် သူ့အတွက် ဆုတောင်းပေးသည်။ ဘရော့ခ်အတွက် ဆုတောင်းရာတွင် ဒဲနစ်က “အဘဘုရား၊ ကျေးဇူးပြု၍ ဘရော့ခ်ရဲ့ကိုယ်ထဲက ကျောက်နှလုံးသားကို နုတ်၍ အသားနှလုံးကို ပေးပါ”ဟု (ယေဇ ၁၁:၁၉) ပရောဖက်ယေဇကျေလ၏ စကားလုံးများဖြင့် ဆုတောင်းခဲ့သည်။ ဘရော့ခ်သည် သခင်ဘုရား နှစ်သက်သောလမ်း၌ လျှောက်လှမ်းပြီး ကြွယ်ဝသောအသက်တာ ရရှိရန် သူမျှော်လင့်စောင့်စားခဲ့သည်။

၁၀ နှစ် ကြာသည့်တိုင်အောင် ဒဲနစ်သည် ယုံကြည်ခြင်းအပြည့်ဖြင့် ဆက်လက် ဆုတောင်းဆဲပါ။ ထို့နောက် ဘရော့ခ်က ဖုန်းဆက်လာပြီး “ငါ့အသက်တာကို သခင်ယေရှုထံ အပ်နှံလိုက်ပြီ” ဟု သူ့ကို ပြောရာ၊ သူ့သူငယ်ချင်းသည် နောက်ဆုံးတွင် သူ၏အသက်တာကို ဘုရားသခင်ထံအပ်နှံကာ ယုံကြည်ကိုးစားခဲ့ပြီ…

ဆင်ကို ကူညီသူများ

တစ်ညသောအခါတွင် ဆင်သားငယ်လေးတစ်ကောင် ရေတွင်းထဲသို့ ပြုတ်ကျနေကြောင်း ကင်ညာနိုင်ငံ ဆင်ဘေးမဲ့တောစခန်းသို့ ဖုန်းဝင်လာသည်။ စိတ်ပျက်ဖွယ် အော်သံများ ဖုံးလွှမ်းနေသည့် ညအမှောင်ထုထဲသို့ ကယ်ဆယ်ရေးအဖွဲ့တို့ ချဥ်းနင်းဝင်ရောက်ချိန်တွင် ခွေးအ(hyenas)များ၏ကိုက်ဖြတ်မှုကြောင့် နှာမောင်းသုံးပုံနှစ်ပုံ ပြတ်သွားသည့် ဆင်ကလေးကို သူတို့တွေ့ရှိခဲ့သည်။ ထိုဆင်သားငယ်လေးကို လုံခြုံသော စခန်းသို့သယ်ဆောင်လာပြီး ၎င်းအား “တစ်ခုခုပြတ်တောက်နေသော’’ ဟု အဓိပ္ပာယ်ရသည့် လောင်းအူရို(Long’uro) ဟူသောအမည်ဖြင့် မှည့်ခေါ်လိုက်သည်။ သူသည် နှာမောင်း သုံးပုံတစ်ပုံကိုသာပိုင်ဆိုင်သော်လည်း ကုသမှုကို ခံယူပြီးနောက် ကျန်းမာလာသောအခါ ထိုစခန်းတွင်းရှိ အခြားသောဆင်များ၏နွေးထွေးကြည်ဖြူ မှုကို ရရှိခဲ့သည်။ ဆင်များသည် မွေးရာပါပင်ကိုယ်ဗီဇအရ အချင်းချင်းကို လိုအပ်ကြသည့်အတွက် သူတို့သည် တစ်ကောင်နှင့်တစ်ကောင် ကူညီဖေးမကြပါသည်။

ခရစ်တော်၏ကိုယ်ခန္ဓာတွင် ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး အချင်းချင်းကို ကူညီမစရန် လိုအပ်ကြောင်း ရှင်ပေါလုက ၁ ကော ၁၂ တွင် မီးမောင်းထိုးပြထား သည်။ ကိုယ်ခန္ဓာတစ်ခု ကောင်းစွာ…

ဘုရားသခင်၏ကယ်တင်ခြင်းအမွေခံများ

ဝမ်းနည်းဖွယ်ရာ ယာဉ်မတော်တဆမှုဖြင့် အဘီဂေးလ်(Abigail)၏ မိဘနှစ်ပါးကွယ်လွန်သွားချိန်တွင် အလွန်ကျယ်ဝန်းသည့် မြေကွက်တစ်ကွက် အမွေရရှိမည့် စာရွက်စာတမ်းကို သူမလက်ခံရရှိခဲ့ပြီး၊ သူမ၏မိဘများက အမွေခံစာရွက်စာတမ်းကို အာမခံလုပ်ငန်းတွင် အပ်နှံခဲ့ကြောင်း သူမသိခဲ့ရသည်။ လတ်တလောတွင် သူ၏ ကောလိပ်ကျောင်းစရိတ်အတွက် အသုံးပြုရန် လုံလောက်ရုံမျှသာ ထုတ်ယူသုံးစွဲခွင့် ရှိသည်။ ကျန်သောအရာများကို သူမအရွယ်ရောက်မှသာ ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ အဘီဂေးလ်သည် စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း မိဘများ၏ အမြော်အမြင်နှင့် ပညာသားပါပါ စီမံဆောင်ရွက်ခဲ့ခြင်းကို သူမနားလည်ခဲ့သည်။

ဂလာတိ ၄ တွင် ဘုရားရှင်နှင့်အာဗြဟံတို့ပြုထားသော ပဋိညာဉ်အားဖြင့် ဣသရေလတို့ရရှိမည့်ကတိတော်အမွေကို ထိုနည်းတူသောဥပမာဖြင့် ရှင်ပေါလု က ဖော်ပြထားသည်။ အာဗြဟံကို ကောင်းချီးပေးရန် ဘုရားရှင်သည် အာဗြဟံနှင့် ပဋိညာဉ်ပြုပြီး၊ အရေပြားလှီးခြင်းသည် ထိုကတိတော်၏သင်္ကေတပင်ဖြစ်သည် (က ၁၇:၁-၁၄)။ သို့ရာတွင် ထိုသင်္ကေတသည် ကတိတော် မဟုတ်ခဲ့ပါ။ အာဗြဟံမှ ဆင်းသက်သောမျိုးဆက်သည် ထိုကတိတော်ပြည့်စုံစေမည့် နောက်လာမည့်မျိုးဆက်ကို စောင့်မျှော်ကြရမည်။ ဣဇာက်မွေးဖွားလာပြီး၊…

သခင်ယေရှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း

ဘရာဇီးနိုင်ငံသို့ ရက်တိုသာသနာပြုအဖွဲ့နှင့် ခရီးသွားခဲ့စဥ်အတွင်း ကျွန်မတို့သည် အမေဇုန်တောကြီးအတွင်း ဘုရားကျောင်းဆောက်လုပ်ရေး၌ ကူညီခဲ့ကြသည်။ ဘုရားကျောင်း၏အုတ်မြစ်ကို ချပြီးသားဖြစ်ပြီး၊ ထောက်တိုင်များ၊ ကွန်ကရစ်နံရံများ၊ ပြတင်းပေါက်များ၊ သံမဏိခေါင်မိုးယက်မများ၊ ခေါင်မိုးမျက်နှာကြက်ကြွေပြားများ စသည့် အစိတ်အပိုင်းအမျိုးမျိုးကို နာမည်ကျော် လေဂို(LEGO)ဧရာမကစားစရာ အစုံလိုက်ပမာ တပ်ဆင်ခဲ့ကြသည်။ ထို့နောက် နံရံများကို ဆေးသုတ်ခဲ့ကြသည်။

မုတ်သုံရာသီဖြစ်၍ ဘုရားကျောင်း အချိန်မီ ပြီးပါ့မလားဟု တွေးမိသောကြောင့် အချို့က စိတ်ပူကြသည်။ သို့သော် ဘုရားရှင်၏ကျေးဇူးတော်ကြောင့် မိုးကြီးခြင်း မဖြစ်ပေါ်ခဲ့ပါ။ ‌အမျိုးမျိုးသော အခက်အခဲများရှိသော်လည်း ဒေသခံအချို့တို့၏ အကူအညီဖြင့် သတ်မှတ်ချိန်တွင် အလုပ်ပြီးမြောက်ခဲ့သည်။

နေဟမိနှင့် ဣသရေလလူမျိုးတို့သည် ယေရုရှလင်မြို့ရိုးကို ပြန်လည် တည်ဆောက်ရန် ကျွန်ခံရာတိုင်းတစ်ပါးမှ ပြန်လာကြသောအခါ သူတို့သည် များစွာသောအတားအဆီးများကို တွေ့ကြုံခဲ့ကြသည်။ မြို့ရိုးတည်ဆောက်နေသည်ကို ရန်သူများကတွေ့သောအခါ ဒေါသထွက်၍ သူတို့အား ကဲ့ရဲ့စော်ကားခဲ့ကြသည် (နေ ၄:၁-၃)။ သို့သော် နေဟမိသည် ဆုတောင်း၍…

ခရစ်တော်၌ ငြိမ်ဝပ်ခြင်း

လွန်ခဲ့သောနှစ်များက ဆယ်ကျော်သက်များ၏စိတ်ဓာတ်ကျခြင်းနှင့် ညစဥ် သူတို့၏ အိပ်စက်ချိန်တို့ကြားဆက်စပ်မှုကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ကြသည်။ ထိုလေ့လာမှုကို ဖတ်ပြီးနောက် ရလဒ်များနှင့်စပ်လျဥ်း၍ အမျိုးသမီးငယ်တစ်ဦးက “ဘယ်အချိန် ရပ်တန့်ရမယ်ဆိုတာ ကျွန်မလုံးဝမသိခဲ့ဘူး။ နောက်ဆုံးတော့ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုဒဏ်တွေကို အတော်ခံစားခဲ့ရပြီး၊ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ သည့်နောက် သူမက ဘုရားသခင်အား လေးမြတ်ချီးမြှောက်နိုင်အောင် အချိန်ကို စီမံခြင်း၏အဓိပ္ပာယ်ကို အမှန်သိချင်ကြောင်း ပြောခဲ့သည်။ အလုပ်များခြင်းနှင့် အကျိုးဖြစ်ထွန်းစေခြင်းတို့ကြား ခြားနားချက်က မည်သည့်အရာ ဖြစ်မည်နည်း။

အလုပ်ရှုပ်ခြင်းဖြင့် အကျိုးရှိသော၊ သစ္စာတည်သော၊ ကြွယ်ဝ အသီးသီးသော အသက်တာဖြစ်စေမည်ဟု အာမခံချက် မပေးပါ။ သို့သော် အလုပ်များခြင်းသည် ဘဝ၌ အရေးပါဆုံးသောအရာဖြစ်သည်ဟု ကျွန်ုပ်တို့ ထင်ကောင်းထင်မည်။ လု ၁၀:၄၁ တွင် သခင်ယေရှုက မာသအား သူမသည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံနေရပြီး၊သူမ၏ညီမမာရိသည် “ယေရှု၏ခြေတော်ရင်း၌” (:၃၉)…

ထိုစာရင်းသည် အသက်စာရင်းဖြစ်သည်

အစ်ဇက်စတန်း(Itzhak Stern)သည် တစ်ညလုံးလက်နှိပ်စက်ဖြင့် အလုပ်ရှုပ်နေခဲ့ပြီး၊ လက်နှိပ်စက်ဖြင့် သူရိုက်ခဲ့သည့်အမည်များမှာ စုစုပေါင်း လူ ၁,၀၉၈ ယောက် ရှိသည်။ ထိုအမည်များသည် နာဇီတို့လက်မှ စက်ရုံပိုင်ရှင် Oskar Schindler (အော့စ်ကာ ရှင်းဒဲ) ကယ်တင်ခဲ့သော ဂျူးလူမျိုးအလုပ်သမားများ၏အမည်စာရင်း ဖြစ်သည်။ စာရွက်ကို တင်းကြပ်စွာဆုပ်ကိုင်ရင်း “ဒီစာရင်းက လုံးဝပြီးပြည့်စုံတယ်။ ဒါက အသက်စာရင်းပဲ”ဟု သူပြောခဲ့သည်။ ထိုစာရွက်ပေါ်မှ အမည်များသည် နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုအန္တရာယ်မှ လွတ်မြောက်မည့်သူများပင်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ထိုလွတ်မြောက်လာသူများ၏ မျိုးဆက်များသည် အရေအတွက် အားဖြင့် ၈၅၀၀ ဦး ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

သမ္မာကျမ်းစာ၌ အလားတူ စာရင်းများပါဝင်သည်။ အမည်များစွာနှင့် ထပ်တလဲလဲဖော်ပြထား၍ ထိုစာရင်းကို ကျွန်ုပ်တို့ကျော်ပစ်လိုကြသည်။ “ယုဒ၏ သားဟူမူကား ... ရှေလမှဆင်းသက်သော ‌ရှေလနိဆွေမျိုး၊ ဖာရဇ်မှ ဆင်းသက်သော ဖာရဇိအဆွေအမျိုး ... ”(တော ၂၆:၂၀)ဟူသည့်…

သင်၏စိုးရိမ်ပူပန်မှုကို သခင်ယေရှုအား ပေးပါ

နန်စီသည် ပြဿနာများကိုသာကြည့်ပြီး အနာဂတ်အတွက် ပူပင်ခဲ့သည်။ သူမ၏ခင်ပွန်းတွမ်သည် မိန်းကျေးလက်ဒေသ ခြေလျင်တောင်တက်ခရီးစဥ်တွင် သုံးကြိမ် သတိလစ် မေ့မြောခဲ့သည်။ သို့သော် အနီးအနားရှိဆေးရုံမှ ဆရာဝန်များက စစ်ဆေးရာ ဘာမျှရှာမတွေ့ခဲ့ပါ။ ကျန်းမာရေးစင်တာကြီးရှိ ဆရာဝန်များနှင့် နောက်ထပ် စစ်ဆေးမှုများ လုပ်ဆောင်ရာ၌လည်း ဘာမျှရှာမတွေ့ခဲ့ပါ။ “ကျွန်မအရမ်းကြောက်နေခဲ့တာ”ဟု နန်စီက ဆိုသည်။ သူမ၏ခင်ပွန်းပြန်လည်သက်သာလာစဥ် သူမသည် နှလုံးအထူးကုဆရာဝန်အား “ကျွန်မတို့အခု ဘာဆက်လုပ်ရမလဲ” ဟု နောက်ဆုံးအကြိမ် မေးခွန်းထုတ်ရာ၊ ဆရာဝန်က “ဘဝကို ပျော်ရွှင်စွာ ရှင်သန်ပါ” ဟု သူမ၏အမြင်ကို ထာဝရပြောင်းလဲစေခဲ့သော ပညာရှိသောအဖြေကို ပေးခဲ့သည်။ “သူရွဲ့ပြောတာမဟုတ်ဘူး။ သူ ကျွန်မတို့ကို အကြံပြုခဲ့တာပါ”ဟု နန်စီက ပြန်ပြောပြသည်။

ထိုလမ်းညွှန်ချက်သည် သခင်ယေရှု၏ တောင်ပေါ်ဒေသနာတော်မှ သွန်သင်မှုများကို ထင်ဟပ်စေသည်။ “အဘယ်သို့ စားသောက်ရမည်ဟု အသက် အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။…

အလွယ်တကူ အမျက်မထွက်ခြင်း

ကပ်ရောဂါကြောင့် လအတန်ကြာ သီးခြားခွဲနေခဲ့ရပြီးနောက် ဘုရားကျောင်း ပြန်တက်သောအခါ အတော်ကြာမျှ မမြင်ရသော အသင်းသားများကို ပြန်တွေ့ရ၍ စိတ်လှုပ်ရှားပျော်ရွှင်မိသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုအချို့တို့မှာ လုံခြုံအန္တရာယ်ကင်းရေး အကြောင်းပြချက်ကြောင့်လည်းကောင်း၊ အချို့မှာ ဤလောကမှ ထွက်ခွာသွားပြီဖြစ်၍ အသင်းတော်သို့ ပြန်မလာနိုင်သည်ကို ကျွန်မနားလည်သည်။ ထို့ကြောင့် သက်ကြွယ်စုံတွဲတစ်တွဲသည် ဘုရားကျောင်းသို့ ဝင်လာပြီး၊ ကျွန်မ၏အနောက်ခုံ သူတို့ထိုင်နေကျနေရာတွင် ထိုင်နေသည်ကို မြင်ရသည်မှာ စိတ်လှုပ်ရှားစရာပင်။ သူတို့ကို လက်ပြနှုတ်ဆက်လိုက်သောအခါ ခင်ပွန်းဖြစ်သူက ပြန်လည်နှုတ်ဆက်သော်လည်း ဇနီးဖြစ်သူက မပြုံးပြဘဲ ခပ်စိမ်းစိမ်းကြည့်နေခဲ့၍ ကျွန်မနာကျင်ခံစားရလျက် ဘာကြောင့်ပါလိမ့်ဟု တွေးမိခဲ့သည်။

ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် ကျွန်မကို စိမ်းကားသည့် ထိုအမျိုးသမီးမှာ အထိုင်အထ၌ သူမကို ကူညီဖေးမနေသည့် မိတ်ဆွေတစ်ဦး၏ပြုစုစောင့်ရှောက်မှုကို ခံယူနေရကြောင်း ကျွန်မသိခဲ့ရသည်။ ကျွန်မ၏အသင်းတော်မှ မိတ်ဆွေသည် အလွန်နာမကျန်းဖြစ်နေ၍ ကျွန်မကိုပင် မမှတ်မိတော့ပါ။ သူ့ထံ အတင်းမသွားခဲ့မိ၍၊ သူ့အား ဝမ်းသာအားရနှုတ်ဆက်ခြင်းကို သူမ မတုံ့ပြန်ခြင်းအတွက်…

စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံသောဘုရားရှင်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းသည် အံ့ဩဖွယ်ရှာဖွေ တွေ့ရှိမှုကြီး နောက်တစ်ခုကို ပြုခဲ့သည်။ လူသားမျိုးနွယ်များ အာကာသတွင်းသို့ ကြည့်နိုင်သည့် ယခင်က နေရာထက်ကျော်၍ ကြယ်စင်စုဝေး ၆ ခုကို ၎င်းကတွေ့ရှိ ခဲ့သည်။ဤသို့ရှာဖွေတွေ့ရှိမှုသည် အာကာသနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိထားသော အရာများကို လုံးဝပြောင်းလဲခဲ့သည်။ နက္ခတ်ဗေဒပညာရှင်တစ်ဦးက “ဖြစ်ချင်တော့ ကျွန်ုပ်တို့ရှာတွေ့ထားတာက လုံးဝထင်မထားတဲ့အရာဖြစ်နေတော့ သိပ္ပံပညာအတွက် ပြဿနာတွေဖြစ်လာတယ်”ဟု ဆိုသည်။ နက္ခတ္တရူပပညာရှင်တစ်ဦးက လည်း “မသိဘူးဆိုတာ ဘာမှမဖြစ်ပါဘူး”ဟု အားငယ်စွာ ပြောသည်။

ဘုရားသခင်က ကျွန်တော်တို့အားလုံး အံ့ဩအောင် ဆက်လက်၍ လုပ်ဆောင် နေဆဲဖြစ်သည်။ အာကာသကြည့်မှန်ပြောင်းများ မပေါ်မီကပင် ရှိခဲ့သောပရောဖက် ဟေရှာယက ယနေ့ခေတ်သိပ္ပံပညာရှင်များကို တိုက်ရိုက်စကား ပြောနေသကဲ့သို့ဖြစ်ပါသည်။ “မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို ...သင်သည် မသိမကြားဖူးသလော”(ဟေရှာ ၄၀:၂၈)။ ဘုရားသခင်သည် “စစ်၍ မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူ”သည်ဟုလည်း နက္ခတရူပဗေဒပညာရှင်ထက်…