ကျိုးပဲ့လွယ်သောလက်ဆောင်များ
ကျိုးပဲ့လွယ်သော လက်ဆောင်များပေးသောအခါ အထုပ်ပေါ်တွင် ကျွန်ုပ်တို့ အမှတ်အသား ပြထားသည်။ ‘‘ကွဲတတ်သည်’’ ဟူ၍ စာလုံးအကြီးကြီး ရေးကြသည်။ အကြောင်းမှာ အထဲတွင်ပါသော ပစ္စည်းကို မပျက်စီးစေချင်သောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ လက်ဆောင်သည် နုနယ်ပြီး ပျက်စီးလွယ်သော
သူငယ်အဖြစ်နှင့် ထုပ်ပိုးထားသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ခရစ်စမတ်နေ့ရက်ကာလများကို ပို့စကတ် ပေါ်မှ လှပသောမြင်ကွင်းများအဖြစ် စိတ်ကူးယဉ်မြင်ယောင်
ကြသည်။ သို့သော် ထိုကဲ့သို့မဟုတ်ကြောင်း မည်သည့် မိခင်မဆို တပ်အပ်ပြောနိုင်သည်။ မာရိမှာ ပင်ပန်းနေပြီး မလုံခြုံမှုကို ခံစားရနေနိုင်သည်။ ကလေးငယ်မှာ သူမ၏ သားဦးဖြစ်ပြီး သန့်ရှင်းသပ်ရပ်မှုမရှိသော အခြေအနေတွင် မွေးဖွားခဲ့ရသည်။ သူမသည် ‘‘သားဦးကို ဖွားမြင်ရန် အ၀တ်နှင့်
ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာ မရှိ သောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားပေး၏’’ (လု၂း၇)။
ကလေးငယ်တစ်ဦးကို အမြဲဂရုစိုက်ရန်လိုအပ်သည်။ သူတို့ကို…
ခရစ်စမတ်၏ ဆန်းကြယ်မှု
ချားဒစ်ဆင်၏ ခရစ်စမတ်ကယ်ရယ် ၀တ္တုအစ၌ ဧဗာနေဇာ စခရုဂ်ျ ၏ ဘ၀က ပဟေဠိ ဆန်လှသည်။ အဘယ်ကြောင့် သူ့စိတ်ထားသေးသိမ်သနည်း။ အဘယ်ကြောင့် သူ တစ်ကိုယ်ကောင်းဆန်သနည်း။ တဖြည်းဖြည်းနှင့် ခရစ်စမတ်ရာသီဝင်လာသောအခါ အရာရာ ထင်ရှားပြတ်သားလာသည်။ သူ့ကို ပျော်ရွှင်တတ်သော လူငယ်တစ်ဦးအဖြစ်မှ တစ်ကိုယ်ကောင်းဆန် တွန့်တို့သူတစ်ဦး ဖြစ်သွားစေသည့် လွှမ်းမိုးမှုများကို တွေ့ရသည်။ သူ၏အထီးကျန်မှု၊ ကြေကွဲ ခံစားရမှုများကို တွေ့ရသည်။ နောက်ဆုံးတွင် ပဟေဠိ ဆန်ဆန် ပြဿနာများကို ဖြေရှင်းပြီး သူ့ဘ၀ကို ပြန်လည်ငြိမ်ဝပ် တည်ဆောက်ခဲ့ကြောင်း တွေ့ရသည်။ အခြားသူများကို ဦးစားပေးခြင်းက စခရုဂ်ျအား အတ္တဆန် သည့် အမှောင်ထုမှ ပျော်ရွှင်ခြင်းအသစ်သို့ ရောက်ရှိစေသည်။
၁ တိ ၃း၁၆ တွင် ရှင်ပေါလုက ပို၍ အရေးကြီးသော၊ ပဟေဠိဆန်ပြီး နက်နဲခက်ခဲသော အရာတစ်ခုကို ရေးသား ထားသည်။ ‘‘မှန်သောကိုးကွယ်ခြင်း၏…
အရွယ်စုံ ၀တ်နိုင်သည်
ကလေးအများစုကဲ့သို့ ခရစ်စမတ်ကို ကျွန်ုပ်နှစ်သက်သည်။ မျှော်လင့်ချက်ကြီးစွာဖြင့် ခရစ်မတ်သစ်ပင်အောက်ဝင်၍ မည်သည့်ကစားစရာများနှင့်အရုပ်များက ကျွန်ုပ်ကို စောင့်ကြိုနေမည်နည်းဟု တွေးခဲ့ဖူးသည်။ ထို့ကြောင့် တီရှပ်နှင့် ဘောင်းဘီတိုစသည် တို့ကို ရရှိသောအခါ ကျွန်ုပ်စိတ်ပျက်မိသည်။ အရွယ်ရောက်သူများအတွက် ပေးသော လက်ဆောင်များက ပျော်စရာ မကောင်းပါ။ လွန်ခဲ့သော ခရစ်စမတ်က ကျွန်ုပ်၏ သားသမီးများက ဒီဇိုင်းလှလှ အရောင် တောက်တောက် ခြေစွပ်တစ်စုံပေးရာ၊ အသက် ပြန်ငယ်သွား သည်ဟု ခံစားရသည်။ ‘‘အရွယ်စုံ ၀တ်နိုင်သည်’’ဟု တံဆိပ် ကပ်ထားခြင်းကြောင့် အရွယ်ရောက်သူ လူကြီးများလည်း ထိုခြေစွပ်ကို ၀တ်နိုင်သည်။
အရွယ်စုံဝတ်နိုင်ကြောင်း စာသားက ခရစ်စမတ်၏ အကောင်းဆုံး လက်ဆောင်ဖြစ်သည့် သခင်ယေရှုသည် အရွယ်စုံ လူတိုင်းအတွက်ဖြစ်သည် ဟူသော သတင်းကောင်း ကို သတိပေးသည်။ လူမှုအသိုင်းအ၀ိုင်း၌ အောက်ဆုံးအလွှာရှိ သိုးကျောင်းသားများအား
ကောင်းကင်သံစုံအဖွဲ့က ပထမဦးဆုံး ခေါ်ဖိတ်ခဲ့ခြင်းဖြင့် ထိုအချက်ကိုသက်သေထူသည်။ တစ်ဖန်…
ဗုံတီးလုလင်
ထင်ရှားလှသည့် ‘‘The Little Drummer Boy’’ (ဗုံတီးလုလင်) အမည်ရှိ ခရစ်စမတ်သီချင်းကို ၁၉၄၁ ခုနှစ်က ရေးသားခဲ့သည်။ ၎င်းသည် မူလက ‘‘Carol of the
Drum’’ အဖြစ်ထင်ရှားပြီး ချက်(Czech)လူမျိုးတို့၏ ကယ်ရယ်သီချင်း၌ အခြေခံထား သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၊၂ နှင့် ရှင်လုကာခရစ်ဝင်ကျမ်း ၂ တို့တွင် ဗုံတီးသော လူငယ်လေးအကြောင်း မပါသော်လည်း ကယ်ရယ်ဆိုခြင်းက ၀တ်ပြုကိုးကွယ်ခြင်း၏အနှစ်သာရနှင့် အဓိပ္ပာယ်ကို ဖော်ပြ သည်။ ထိုကယ်ရယ်သီချင်းက ခရစ်တော်မွေးဖွားရာနေရာသို့ မာကုပညာရှိများ၏ ဖိတ်ကြားခြင်းခံရသော လူငယ်လေး အကြောင်းကို ဇာတ်လမ်းဖွဲ့ထားသည်။ ပညာရှိများကဲ့သို့ မဟုတ်ဘဲ သူ၌ ပေးစရာလက်ဆောင် မရှိပေ။ ထို့ကြောင့် သူ၌ရှိသော အရာကိုသာ သူပေးခဲ့သည်။ သူ့ဗုံကို တီးလျက်
‘‘ကျွန်တော် ကိုယ်တော်အတွက် အကောင်းဆုံးတီးခတ် တယ်’’ ဟုပြောသည်။
မုဆိုးမနှင့်…
အံ့ဩဖွယ် ချစ်မေတ္တာ
ကျွန်ုပ်၏သူငယ်ချင်း ဒေဗီဒင်းသည် သူမ၏ခင်ပွန်းသေဆုံးပြီးနောက် သူ့ခင်ပွန်း မရှိတော့သည့် ပထမဆုံး ခရစ်စမတ်အချိန် နီးလာစဉ် ကမ္ဘာမြေပေါ်တွင် သခင်ယေရှု မွေးဖွားစဉ်က ကောင်းကင်တွင် မည်ကဲ့သို့ဖြစ်နေမည်ကို ပုံဖော်ထားသော စာ တစ်စောင်ကို ရေးသားခဲ့သည်။ ‘‘ဖြစ်လာမည့်အရာများကို ဘုရားသခင်သိထားပြီး ဖြစ်သည်။ သုံးပါးတစ်ဆူဖြစ်ပြီး အဖိုးတန်သော တစ်လုံး တစ်ဝတည်း ဖြစ်တည်မှုကို ကျွန်ုပ်တို့အတွက်ကြောင့် ပြိုကွဲခွင့်ပြုရန် ကိုယ်တော် သဘောတူခဲ့သည်။ ကောင်းကင်၌
သားတော်ဘုရားမရှိဘဲ ကျန်ခဲ့သည်’’ ဟု သူရေးသားခဲ့သည်။
ကမ္ဘာမြေပေါ်တွင် သခင်ယေရှုသည် လူသားများကို သင်ကြား၊ ကုသပေးပြီး ‘‘ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော် မူသောသူ၏အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏... သားတော်ကို ကြည့်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော် ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်’’ ဟု မိန့်တော်မူ
ခဲ့သည်။
သခင်ယေရှု…
ရောမငြိမ်းချမ်းရေး (Pax Romana)
စစ်ပွဲ၏ရလဒ်ကို မည်သူမျှ မခံစားနိုင်ပါ။ နိုင်ငံပေါင်း ၆၄ နိုင်ငံသည် လက်နက်ပြဿနာ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရကြောင်း အင်တာနက်စာမျက်နှာ ၀က်ဆိုက်တစ်ခုမှ အစီရင်ခံထားသည်။ ထိုအရာများ မည်သည့်အချိန်တွင် မည်သို့ပြီးဆုံးမည်နည်း။ ငြိမ်းချမ်းရေးကိုသာ လိုလားသော်လည်း တရားမျှတမှု မရှိသည့်အဖြစ်ကိုဖြင့် မလိုချင်ပါ။
သခင်ယေရှုသည် ငြိမ်းချမ်းသည့်ကာလတွင် မွေးဖွား ခဲ့သည်။ သို့သော် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုဖြင့် ရယူထားသည့် ငြိမ်းချမ်းရေး ဖြစ်သည်။ Pax Romana ခေါ် ရောမငြိမ်းချမ်းရေးသည် သဘောထားကွဲလွဲမှုများကို ဖိနှိပ် ချေမှုန်းနိုင်ခဲ့ခြင်းကြောင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဤကဲ့သို့ ငြိမ်းချမ်းရေးကာလမတိုင်ခင် (၇)ရာစုခန့်က ရန်သူစစ်တပ်က ယေရုရှလင်သို့ ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။ စစ်၏လောင်းရိပ်အောက်တွင် ဘုရားသခင် သည် မှတ်သားဖွယ်ရာကြေငြာချက်ကို တုန့်ပြန်ခဲ့သည်။ မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသော
အလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၏အလင်း ပေါ်ထွန်းလျက်
ရှိ၏’’…
သတ္တမမြောက် ကဗျာစာပိုဒ်
၁၈၆၁ ခုနှစ် နွေရာသီ၌ Henry Wadsworth Longfellow ၏ဇနီး Frances မီးထဲ ပါသွားသည်။ သူမ မရှိသော ပထမဆုံးခရစ်စမတ်တွင် သူက ‘‘ပြောမပြတတ်အောင် လွမ်းဆွေးဖွယ်၊ ၀မ်းနည်းဖွယ်ကောင်းသော အားလပ်ရက်များ’’ဟု မှတ်စုစာအုပ်ထဲတွင် ရေးခဲ့သည်။ နောက်တစ်နှစ်အကြာတွင်လည်း ဘာမျှမထူး၊ သူက ‘‘ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်’’ ဟု ကလေးများက နှုတ်ခွန်းဆက်ရာ ‘‘ငါ့အတွက် တော့ မဟုတ်ပါလား’’ ဟုရေးပြန်သည်။
၁၈၆၃ ခုနှစ်တွင် ကြာရှည်စွာ အမေရိကန် ပြည်တွင်းစစ် ဆက်ဖြစ်နေချိန် သားဖြစ်က သူ့ဆန္ဒကို ဆန့်ကျင်၍ စစ်ထဲဝင်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုနှစ် ခရစ်စမတ်နေ့တွင် ‘‘ရင်ဆို့နှစ်ဖွယ်ရာ ခရစ်စမတ် ရောက်ပြီ’’ ဟု ဘုရားကျောင်းခေါင်းလောင်းသံက အသိပေး
လာသည်။ Longfellow သည် ဖောင်တိန်ကိုင်ပြီး ‘‘ခရစ်စမတ်
နေ့တွင် ခေါင်းလောင်းသံကိုကြားခဲ့ရပြီ’’ ဟုစရေးလိုက်သည်။…
အမှောင်ထဲတွင် အကူအညီရှာခြင်း
ကျွန်ုပ်တို့၏ အဖြူရောင် တယ်ရီယာ အမျိုးအစားခွေးလေးသည် ကျွန်ုပ်တို့ ခုတင်ခြေရင်း တွင် ကွေးကွေးလေး အိပ်စက်နေခဲ့သည်မှာ ၁၃ နှစ်တိုင် ရှိခဲ့ပါပြီ။
ပုံမှန်အားဖြင့် ၎င်းအိပ်စက်နေစဉ် မည်သည့်အသံမျှမပေး၊ လှုပ်ရှားမှု မရှိတတ်ပေ။ သို့သော် မကြာမီက ညလယ်ရောက်လာပြီဆိုလျှင် ဖြည်းဖြည်းလေး လာလာထိသည်။ ပထမတော့ ၎င်းအပြင်သွားချင်သောကြောင့် တို့သည်ဟုသာ ထင်မိ၍ ၎င်းအဆင်ပြေအောင် လုပ်ပေးခဲ့သည်။ သို့သော် ၎င်းသည် ကျွန်ုပ်တို့ သူ့နားတွင် ရှိမရှိ သိချင်သောကြောင့် လာထိခြင်းဟု နားလည်လိုက်သည်။ ယခုတွင် ခွေးမှာ နားထိုင်း လာပြီး အမြင်အာရုံလည်း မကောင်းတော့ပါ။ အမှောင်ထဲတွင်
သူဘာကိုမှ မမြင်။ ကျွန်ုပ်တို့၏ လှုပ်ရှားမှု၊ အသက်ရှူသံများ ကိုလည်း မကြားနိုင်တော့ပေ။ သဘာဝအရ သဲသဲကွဲကွဲ မသိနိုင်တော့သဖြင့် လုံခြုံစိတ်ချရအောင် လာတို့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ခေါင်းလေးကို ပုတ်၍ သူ့နားတွင်…
ခရစ်စမတ် နားနေခြင်း
ငယ်စဉ်က ကျွန်တော် ၀င်ငွေရရှိရန် သတင်းစာလိုက်ပို့သည်။ မနက်ပိုင်း သတင်းစာ ဖြစ်သည့် အားလျော်စွာ မနက် ၃ နာရီထရပြီး တစ်ပတ်လုံးလိုက်ပို့ရသည်။ သတင်းစာ စောင်ရေ ၁၄၀ ကို အိမ်တိုင်ရာရောက် မနက် ၆ နာရီ အရောက် ပို့ပေးရသည်။
သို့သော် တစ်နှစ်အတွင်း ထူးခြားသော နေ့တစ်နေ့ရှိသည်။ ခရစ်စမတ်နေ့ အတွက် သတင်းစာကို ခရစ်စမတ်မတိုင်မီ ညနေပိုင်း ကတည်းက ပို့ရသည်။ ထို့ကြောင့် တစ်နှစ်အတွင်း ခရစ်စမတ် တစ်ရက်သာ သာမန်လူများကဲ့သို့ အိပ်စက်အနားယူခွင့်
ရသည်။
နှစ်ပေါင်းများစွာအတွင်း အကြောင်းအရင်းများစွာဖြင့် ခရစ်စမတ်ကို ကျွန်တော်နှစ်သက်ခဲ့သည်။ အထူးသဖြင့် ခရစ်စမတ်သည် အခြားနေ့များနှင့်မတူဘဲ အေးဆေးစွာ အနားယူရသည့်ရက် ဖြစ်သောကြောင့်တည်း။ ထိုစဉ်က ခရစ်စမတ်က ယူဆောင်လာ သည့်
စစ်မှန်သောငြိမ်သက်ချမ်းသာခြင်းကို နားမလည်ခဲ့ပါ။ သခင်ခရစ်တော် ကမ္ဘာမြေသို့ ကြွဆင်းလာသည့် အကြောင်းရင်းမှာ…
နာမတော်ကား သန့်ရှင်းခြင်း ဖြစ်သတည်း
နေ့လယ်ခင်းတစ်ခုတွင် ကျွန်တော်၏၀ိညာဉ်ရေးရာ လမ်းပြပေးသူအဖြစ် မှတ်ယူထား သောမိတ်ဆွေနှင့် ဘုရားသခင်၏နာမတော်ကို အလွဲသုံးစားအသုံးပြုခြင်း အကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထွက် ၂၀း၇ တွင် တတိယပညတ်တော်က ‘‘သင်၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်ဆိုနှင့်’’ဟူ၍ ပြောထားသည်။ ၎င်းသည် ဘုရားသခင်၏နာမတော်ကို ‘‘ကျိန်ဆိုသည့် စကားလုံးအဖြစ်သုံးခြင်း၊ ပေါ့ပျက်ပျက် (သို့) မလျော်ညီစွာ အသုံးပြုခြင်း’’ ဟု ကျွန်တော်တို့ ထင်မြင်မိ
တတ်သည်။ သို့သော် ဆရာက စစ်မှန်သော ယုံကြည်ခြင်းနှင့်
ပတ်သက်၍ ကျွန်တော့်ကို သွန်သင်ရန် မည်သည့်အခါမျှ ထိုအခွင့်အရေးကို အဆုံးရှုံးမခံပါ။ သူက ဘုရားသခင် နာမတော်ကို ကျွန်ုပ်တို့အခြားမည်သည့်နည်းများအားဖြင့် ပြစ်မှားနေကြသည်ကို စဉ်းစားခိုင်းပါသည်။
အခြားသူများ၏အကြံပေးမှုကို ငြင်းပယ်ပြီး ‘‘ဘုရားသခင်က ငါ့ကို ဒီလမ်း သွားခိုင်းတာ’’ ဟုဆိုကာ မိမိအလိုပြည့်စုံရန်အတွက်ပြောလျှင် ဘုရားနာမကို အလွဲသုံးစား ပြုခြင်းပင်။
ကျွန်ုပ်ပြောချင်နေသော…