အရှုံးမပေးလိုက်ပါနှင့်
၁၉၈၆ ခုနှစ်တွင် ဆရာ John Piper သည် အသင်းတော်ကြီးတစ်ခု၏ သင်းအုပ်အဖြစ်မှ နှုတ်ထွက်ခါနီးအထိဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူသည် မှတ်စုစာအုပ်ထဲတွင် ‘‘ငါအရမ်း စိတ်ဓာတ်ကျနေပြီ၊ ငါ့မှာ ကွက်လပ်တွေများနေပြီး အရာရာတိုင်းမှာ ပြိုင်ဘက်တွေ ရှိနေ သလို ခံစားနေတယ်’’ ဟူ၍ ရေးသားခဲ့သည်။ သို့သော် ဆရာ Piper အရှုံးမပေးခဲ့ပါ။ သို့နှင့် သီးပွင့်ဝေဆာသည့် အမှုတော်ကို ဦးဆောင်လျက် အသင်းတော်၌သာမက ပြင်ပသို့ သာသနာပြုနိုင်အောင် ဘုရားသခင်သူ့ကို အသုံးပြုခဲ့သည်။
အောင်မြင်မှုဆိုသော အရာကို နားလည်မှုလွဲရန် လွယ်ကူသည်။ ဆရာ John Piper ကို အောင်မြင်ခဲ့သည် ဟု ဆိုရမည်။ အကယ်၍ သူ့အမှုတော်လုပ်ငန်း၌ အသီးအပွင့်မရှိခဲ့လျှင် မည်သို့ ဆိုမည် နည်း။
ဘုရားသခင်သည် ပရောဖက် ယေရမိကို တိုက်ရိုက်စကားပြောခဲ့သည်။ ‘‘သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ…
ဉာဏ်ပညာနှင့် ကျေးဇူးတော်
၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် အမေရိကန် လူ့အခွင့်အရေး ခေါင်းဆောင် ဒေါက်တာ မာတင်လူသာ ကင်း ဂျူနီယာ လုပ်ကြံခံခဲ့ရပြီး လူသန်းပေါင်းများစွာမှာ ဒေါသစိတ်နှင့် စိတ်ပျက်ခံစားခဲ့ရသည်။ အင်ဒီယားနားပိုလစ် ဒေသတွင် အာဖရိကန်-အမေရိကန် လူထုကြီးက ရောဘတ် အက်ဖ် ကနေဒီ ၏မိန့်ခွန်းကို နားထောင်ရန် စုရုံးရောက်ရှိ ခဲ့ကြသည်။ ဒေါက်တာကင်း သေဆုံးကြောင်းကို လူများ သိပ်မသိသေးသောကြောင့် ထိုဝမ်းနည်းစရာသတင်းကို သူပြောရတော့သည်။ သူတို့ ခံစားနေရသော နာကျင်မှုကို သာမက သူ့အစ်ကို သမ္မတ ဂျွန် အက်ဖ် ကနေဒီ အသတ် ခံရခြင်းအတွက် ကိုယ်တိုင်လည်း ၀မ်းနည်းရပါကြောင်း ဖွင့်ဟပြောဆိုပြီး ငြိမ်သက်စွာနေရန် ပန်ကြားခဲ့သည်။
ထို့နောက် ကနေဒီ သည် Aeschylus (526-456 Bc)
ရေးခဲ့သောရှေးဟောင်းကဗျာတစ်ပုဒ်ကို ကိုးကားခဲ့သည်။
‘‘အိပ်စက်ချိန်မှာပင် မေ့မရနိုင်သော နာကျင်စရာများ…
ပန်းတိမ်သမားနှင့် ဘုရင်မင်း
၁၈၇၈ ခုနှစ် စကော့လူမျိုး အလက်ဇန်းဒါး မက်ကေး သည် ယူဂန်ဒါ တွင် သာသနာပြုအဖြစ် အစေခံရန် ရောက်ရှိလာစဉ် သူ၏ပထမဦးဆုံး ခြေလှမ်းမှာ Mutesa ဘုရင် အုပ်ချုပ်သော လူမျိုးစုတစ်စုအကြား ပန်းဘဲဖိုတစ်ရုံကို စတင်တည်ဆောက်သည်။ ရွာသားများက သူ့အနားကပ်လာပြီး လက်ဖြင့် အလုပ်လုပ်နေသည့်သူကို တအံ့တသြ ကြည့် ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ လက်ဖြင့်လုပ်ရသည့်အလုပ် များမှာ အမျိုးသမီးများအတွက် ဖြစ်သည်ဟု လူတိုင်းက သတ်မှတ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုခေတ်အချိန်က ယူဂန်ဒါ ရှိ အမျိုးသားများသည် လက်ဖြင့်လုပ်ရသည့် အလုပ်ကို မလုပ်ကိုင်ကြပါ။ ၎င်းတို့မှာ အခြားရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျွန်များဖမ်းဆီးကာ ပြင်ပမှ လူများထံ
ရောင်းချကြသည်။ သို့သော် ဤနိုင်ငံခြားသားမှာ လယ်ယာသုံး
ပစ္စည်းများ ပြုလုပ်ရန် ပန်းပဲဖိုထိုးနေသည်။
မက်ကေး ၏ အလုပ်လုပ်ကိုင်ပုံ စိတ်နေစိတ်ထားနှင့် အသက်ရှင်မှုအားဖြင့် ရွာသားများနှင့်ရင်းနှီးကာ…
အလွန်နီးကပ်စွာ
နွေဦးအစနှင့် နွေရာသီအဆုံးပိုင်းအထိ ရာသီဥတု ဆိုးရွားပြင်းထန်သော အိုကလားဟိုးမား
ပြည်နယ်တွင် ကျွန်တော် ကြီးပြင်းခဲ့သည်။ တိမ်မဲများနှင့်ဆူပွက်နေသော ကောင်းကင်ယံ၊
TV မှ မိုးလေ၀သ သတင်းကြေညာသူက လေဆင်နှာမောင်း ချဉ်းကပ်လာနေကြောင်း သတိပေးမှု၊ လျှပ်စစ်မီး ပြတ်တောက်သွားသော ညနေခင်းအကြောင်း စသည်တို့ကို အမှတ်ရမိသည်။ ချက်ခြင်းပင် အဖေ၊ အမေ၊ ညီမလေးနှင့် ကျွန်တော်တို့ အိမ်နောက်ဖေးရှိ မုန်တိုင်းခိုသည့် မြေအောက်ခန်းသို့ သစ်သားလှေကားနှင့်ဆင်း၍ မုန်တိုင်း လွန်သွားသည့်အထိ ပုန်းအောင်းနေကြသည်။
ယနေ့တွင် မည်သည့်ဒဏ်ရာ အနာတရမရဘဲ လေဆင်နှာမောင်းနှင့် နီးနိုင်သမျှ နီးအောင်သွားသည့် ‘မုန်တိုင်းနောက်လိုက်ခြင်း’ ခရီးစဉ်သည် လူများစွာတို့၏ ၀ါသနာတစ်ခု ဖြစ်လာပြီး စီးပွားရေးအရ အကျိုးအမြတ် ရရှိသောလုပ်ငန်း ဖြစ်လာသည်။ မုန်တိုင်းနောက်လိုက် များစွာသည် မိုးလေ၀သအခြေအနေကို တိကျစွာ ကျွမ်းကျင်စွာ ခန့်မှန်းနိုင်ကြသည်။ သို့သော်လည်း လေဆင်နှာမောင်းခရီးစဉ်ကိုသွားရန် ကျွန်တော် မစဉ်းစားသေးပါ။
သို့ငြားလည်း…
ဘုရားရှင်၏ အနုပညာပြခန်း
ဆာလံ ၁၀၀ သည် မျက်မြင်မရသော ဘုရားသခင်ကို ချီးမွမ်းရန် ကူညီပေးသော ပန်းချီကားတစ်ချပ်နှင့်တူသည်။ အမြင်ကိုကျော်ပြီး မမြင်ရသောဘုရားထံ အာရုံပြု ချီးမွမ်း
ကိုးကွယ်သောအခါ ကိုယ်တော်၏လူများသည် ကိုယ်တော့်အား ထင်ရှားစေတော့သည်။
ပန်းချီဆရာသည် စုတ်တံ ဆေးခွက်တို့နှင့်အတူ အရောင်အသွေးစုံလင်သော ဤဆာလံသီချင်းကို ခြယ်မှုန်းရေးဆွဲနေပုံကို မြင်ယောင် ကြည့်ပါ။ အမြင်အာရုံ၌ ဦးဆုံးပေါ်လာသည်မှာ ထာဝရ ဘုရားအား ၀မ်းမြောက်စွာ ကြွေးကြော်ကြသော `မြေကြီးသား
အပေါင်းတို့´(း၁) ဖြစ်သည်။ ကျွန်ုပ်တို့အား သေခြင်းမှ ရွေးနုတ်ကယ်တင်ခြင်းအမှု၌ ထာဝရဘုရား ၀မ်းမြောက် သည်။ ထို့ကြောင့် ထိုဝမ်းမြောက်ခြင်းကို ကြွေးကြော်ရခြင်း
ဖြစ်သည်။ ‘‘ထိုသခင်သည် မိမိရှေ့၌ထားသော ၀မ်းမြောက် ခြင်း အကြောင်းကြောင့် ရှက်ကြောက်အပ်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံ’’တော်မူ၏ (ဟေဗြဲ၁၂း၂)။
ပန်းချီကားတစ်ခုလုံး၌ တစ်လောကလုံးရှိ မရေတွက် နိုင်သော ချီးမွမ်းခြင်း၊ ၀မ်းမြောက်ရွှင်လန်းသောသီချင်းများ အပြည့်တွေ့ရမည်။…
ငါ့နောက်သို့ လိုက်လော့
ကိုယ်အလေးချိန်ချချင်သူနှင့် ကျန်းမာစွာနေထိုင်လိုသူများအတွက် ကျန်းမာရေးကလပ် များက အစီအစဉ်အမျိုးမျိုး ကမ်းလှမ်းသည်။ ကိုယ်ကာယသင်တန်းတစ်ခုမှ အနည်းဆုံး ပေါင် ၅၀ ချချင်နေသူနှင့် ကျန်းမာသောလူနေမှုဘ၀ကို တိုးတက်ချင်သူများအတွက် သီးသန့် စီစဉ်ပေးသည်။ အဖွဲ့ဝင်တစ်ဦးက ‘‘အရင်သင်တန်းက ထွက်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်းမာသွယ်လျလှပနေသူတွေက ပုံပျက်ပန်းပျက် ကျွန်မရဲ့ခန္ဓာကိုယ်ကို ကြည့်ပြီး ကဲ့ရဲ့နေကြတယ်လို့ ခံစားရ လို့ပါ’’ ဟုဆိုသည်။ ယခုတွင် သူမသည် တစ်ပတ် ၅ ရက် လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်လည်းကျ၊ နွေးထွေး ပျူငှာသော ပတ်ဝန်းကျင်၌ ပျော်ရွှင်နေပြီဖြစ်သည်။
လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က ယေရှုသည်
ဝိညာဉ်ရေးရာ ချို့တဲ့ချူချာနေသူများကို သူ့နောက်သို့ လိုက်ရန် ခေါ်ခဲ့သည်။ အခွန်ခံရာတဲ၌ ထိုင်နေသော လေ၀ိကို ယေရှုက ‘‘ငါ့နောက်သို့ လိုက်လော့’’ ဟု ဆိုခဲ့သည် (မာ ၂း၁၄)။ သူ့စကားက…
ကျေးဇူးတော်အားဖြင့် အံ့ဩရခြင်း
မီချီဂန်ပြည်နယ်၊ ဂရန်းရက်ပစ် ဒေသမှ အမျိုးသမီးတစ်ဦးသည် သူ့ခင်ပွန်း အိပ်ယာဝင်ပြီး နောက် ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။ သူခိုးသည် သူတို့မပိတ်မိသောတံခါး မှတစ်ဆင့်
အိမ်ထဲသို့ဝင်လာပြီး ယောက်ျားအိပ်နေသော အိပ်ခန်းထဲသို့ဝင်ကာ တီဗွီကို မလိုက်သည်။ အိပ်ပျော်နေသော အမျိုးသားမှာ နိုးလာပြီး လူရိပ်တွေ့သဖြင့် ‘‘မိန်းမရေ၊ ကုတင်ပေါ် လာအိပ်တော့လေ’’ဟူ၍ တိုးတိုးလေး ခေါ်လိုက်သည်။ သူခိုးလည်း လန့်ဖြန့်ပြီး တီဗွီကြီးကို ချကာ အလှပြင်ခုံရှိ အံဆွဲ ထဲမှပိုက်ဆံထုပ်ကို ယူကာထွက်ပြေးသွားတော့သည်။
သို့သော် ထိုပိုက်ဆံထုပ်မှာ တစ်ဖက်တွင် ဒေါ်လာ ၂၀ တန် နှင့်ဆင်တူသည့် အရုပ်ပါရှိပြီး ကျန်တစ်ဖက်တွင် လူသားတိုင်းအတွက် ဘုရားသခင်၏ခွင့်လွှတ်ခြင်း အကြောင်း
ကမ်းလှမ်းထားသော ခရစ်စမတ်ဝေစာများပါသော အထုပ် ဖြစ်နေသည်။ ထိုသူခိုးအံ့သြသွားလိမ့်မည်။ သူမျှော်လင့်ထား သော ပိုက်ဆံအစား၊ သူခိုးသည် သူ့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသော မေတ္တာတော်အကြောင်းကို ရရှိသွားသည်။…
ကျွန်ုပ်၏ခွန်အားဖြစ်သော ဘုရားရှင်
ဗာဗုလုန် စစ်သားများအား လူကြီးလူကောင်းများဟူ၍ မည်သူမျှ တလွဲ အမှတ်မှားမည် မဟုတ်ပါ။ ၎င်းတို့သည် အကြင်နာကင်းမဲ့သည်။ ဒူပေနာပေ ခံနိုင်သည်။ ကြောက်စရာ ကောင်းသည်။ သိန်းငှက်က သားကောင်ကို ထိုးသုတ်ယူသကဲ့သို့ အခြားတိုင်းနိုင်ငံများကို တိုက်ခိုက်ကြသည်။ တန်ခိုးအာဏာရှိရုံမက မာန်မာနလည်း ထောင်လွှားနေကြသေး သည်။ သူတို့၏တိုက်ရည်ခိုက်ရည်အစွမ်းကို သူတို့ကိုးစား သည်။ သမ္မာကျမ်းမှ ၎င်း၏ခွန်အားသည် ၎င်းတို့၏ဘုရား ဖြစ်ကြောင်း ပြောထားသည် (ဟဗ ၁း၁၁)။
ဣသရေလတပ်များသည် မိဒျန်လူတို့နှင့် တိုက်ပွဲဝင် ရန် ပြင်ဆင်နေချိန်တွင် ဘုရားသခင်သည် ၎င်းတို့အား ထိုကဲ့သို့ မိမိကိုယ်မိမိ အားကိုးခြင်းများ မရှိစေလိုပါ။ ထို့ကြောင့် ဣသရေလတပ်၏ ဗိုလ်ချုပ်ဖြစ်သော ဂိဒေါင်အား ‘‘သင်၌ပါသောလူတို့သည် အလွန်များ၍ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်မည်ဟု ငါ့တစ်ဘက်၌ ၀ါကြွားလိမ့်မည်’’ (သူကြီး ၇း၂)ဟု…
အံ့ဩသွားလား
အီတာလျံအနုပညာရှင်ဖြစ်သော Michelangelo Merisi da Caravaggio သည် မြူးကြွသော ပင်ကိုစိတ်သဘောရှိပြီး သမားရိုးကျ မဟုတ်သော နည်းလမ်းဖြင့် ကြံဆ
လုပ်ဆောင်တတ်ခြင်းကြောင့် ထင်ရှားခဲ့သည်။ သူရေးဆွဲသည့် သူတော်စင်ပုံများတွင် သာမန်လုပ်သားများကို စံထားရေးဆွဲခဲ့ပြီး ကြည့်ရှုသူများအနေဖြင့် ထိုပန်းချီကား၌ မိမိပါရှိနေသည့်အလား ခံစားရသည်အထိ ပြောင်မြောက်လှ သည်။ Supper at Emmaus ပန်းချီကားတွင် သခင် ယေရှုအား ရှင်ပြန်ထမြောက်သောအရှင်ဖြစ်ကြောင်း မှတ်မိ သွားပုံကို သရုပ်ဖော်ထားသည်။ ပန်းချီကား၌ ယေရှုနှင့် တပည့်တော်နှစ်ဦးတို့ စားပွဲ၌ အတူတကွ လျောင်းနေစဉ် တည်းခိုခန်း ပိုင်ရှင်က မတ်တပ်ရပ်နေသည် (လု ၂၄း၃၀)။ တပည့်တော်တစ်ယောက် ရှေ့သို့တိုးကြည့်နေပြီး အခြား တစ်ယောက်က အံ့ဩမှုအပေါင်းနှင့် သူ့လက်နှစ်ဖက်ကို ဖွင့်ထားသည်။
ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဤအဖြစ်အပျက်ကို ထည့်သွင်း မှတ်တမ်းတင်ခြင်း သည် ။ ထိုလူနှစ်ယောက်သည် တပည့်တော်…
ဘယ်တော့မှ စွန့်ပစ်မထား
ရုရှားစာရေးဆရာ Fyodor Dostoyevsky က ‘‘လူအသိုင်းအ၀ိုင်းက တိုးတက် ပြောင်းလဲမှု အတိုင်းအတာကို သုံးသပ်ချင်ရင်တော့ သူ့(ဘောင်)အကျဉ်းထောင်ထဲ ၀င်ကြည့်မှ ဖြစ်မည်’’ ဟု ပြောခဲ့သည်။ ထိုအကြောင်းကို စဉ်းစားနေရင်း `ကမ္ဘာ့ကြောက်မက်ဖွယ်
အကောင်းဆုံး အကျဉ်းထောင် ၈ ခု အကြောင်း ဖော်ပြထားသော အင်တာနက် ဆောင်းပါး ကို ကျွန်တော် ဖတ်ကြည့်သည်။ ယင်းအကျဉ်းထောင် တစ်ခုစီ၌ အကျဉ်းသားတိုင်းကို သီးသန့်အခန်းထဲ၌ လှောင်ပိတ်ထားသည်။
လူဆိုသည်မှာ ၀န်းကျင်အသိုင်းအ၀ိုင်းနှင့် ဆက်ဆံ နေထိုင်သောလူမှုသတ္တ၀ါ ဖြစ်သည်။ တသီးတခြားနေထိုင် သက်ရှင်ရန် မဟုတ်ပါ။ ထို့ကြောင့် သီးသန့်အချုပ်ခန်းထဲ လှောင်ပိတ်ခံထားရခြင်းသည် အပြင်းအထန်ဆုံးသော အပြစ်ဒဏ်ဖြစ်သည်။
ကားတိုင်ပေါ်၌ ခရစ်တော်သည် ခမည်းတော်ဘုရား နှင့် ဆက်သွယ်မှု ပြတ်တောက်သွားချိန်တွင် ခရစ်တော် ခံရသော အပြင်းထန်ဆုံးဝေဒနာမှာ စွန့်ပစ်ခံရပြီး အထီးကျန်
သည့် ဝေဒနာဖြစ်သည်။ မဿဲ…