အမျိုးအစား  |  odb

သစ္စာ ရှိသော အစေခံ

မဲန်ဒဲလ်နိုသည် အုတ်စီလုပ်သားတစ်ဦးဖြစ်သည်။ တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ နံရံဆောက်၊ အမိုးပြင်စသည်ဖြင့် အလုပ်လုပ်သည်။ သူက အေးအေးဆေးဆေး သမားဖြစ်ပြီး စိတ်ချရသည်။ အလုပ်ကြိုးစားသည်။ ထို့နောက် သောကြာနေ့မှ တနင်္ဂနွေနေ့
သုံးရက်တွင် တောင်ပေါ်သွားပြီး နှုတ်ကပတ်တော် သင်ပေးသည်။ သူကမက္ကစီကို လူမျိုးစု Nahuatt ဘာသာစကား ပြောတတ်သဖြင့် ထိုဒေသတွင် သခင်ယေရှု၏ သတင်းကောင်းကို အလွယ်တကူ ဆက်သွယ်
ပြောကြားနိုင်သည်။ အသက် ၇၀ ရှိသည့်တိုင် လက်သမား အလုပ်ကို လုပ်နေဆဲ၊ အိမ်ဆောက်လုပ်ဆဲ၊ ထိုမျှမက ဘုရား သခင်၏မိသားစုကို တည်ဆောက်ရန် လုပ်ဆောင်နေဆဲပင်။
မဲန်ဒဲလ်နိုသည် အသက်ဘေး အန္တရာယ်နှင့်လည်း အကြိမ်ကြိမ် ကြုံဖူးသည်။ လမ်းဘေး၌လည်း အိပ်စက်ခဲ့ဖူး သည်။ ကားမတော်မဆမှုလည်း ကြုံဖူးသည်။ တောင်ပေါ်မှ လည်း ပြုတ်ကျဖူးသည်။ မြို့ထဲမှလည်း မောင်းထုတ်ခံရ သည်။ သို့သော်…

ခရစ်စမတ် မွေးဖွားလာခြင်း

ကောင်းကင်တမန်မင်း ဂါဗြေလသည် လောကအတွက် သတင်းကောင်းဆောင်ယူလျက် မာရိ၊ ထို့နောက် သိုးထိန်းများအား ကိုယ်ထင်ရှားပြသောအခါ (လု ၁း၂၆-၂၇၊ ၂း၁၀)၊
ဆယ်ကျော်သက် မိန်းမပျိုလေးအတွက် ၎င်းသည် သတင်းကောင်းဖြစ်ပါမည်လား။  ‘‘ငါ့ကိုယ်ဝန်အကြောင်း မိသားစုတွေကို ဘယ်လိုပြောပြရမလဲ၊ ငါ့ခင်ပွန်းလောင်း ယောသပ်ရော စေ့စပ်ထားတာကို ဖျက်ပစ်မှာလား၊ မြို့ထဲမှာ လူတွေဘာပြောမလဲ၊ ကျောက်ခဲနဲ့ပစ်သတ်မခံရရင်တောင် ရပ်တည်ရမယ့် မိခင်ဘ၀ကို ဘယ်လိုရှင်သန်ရမလဲ’’ စသည့်ဖြင့် သူတွေးကောင်းတွေးလိမ့်မည်။
ယောသပ်သည် မာရိ၏ကိုယ်ဝန်သတင်းကို ကြားသောအခါ အခက်တွေ့ပြီ။ သူ၌ ရွေးစရာလမ်း ၃ ခု ရှိသည်။ စီစဉ်ထားသည့်အတိုင်း လက်ထပ်မလား၊ တရားဝင် ကွာရှင်းကာ လူရှေ့ကဲ့ရဲ့စရာဖြစ်အောင် လုပ်နိုင်မလား၊ စေ့စပ်ကြောင်လမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းမလား။ ယောသပ်က တတိယအချက်ကို ရွေးချယ်လိုက်သည်။ သို့သော် ဘုရားသခင် ၀င်ရောက်ကာ အိမ်မက်၌ သူ့အား ‘‘ဒါဝိဒ်အမျိုး ယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်း ရမည့်အခွင့်ကို…

ခရစ်စမတ်ဆိုသည်မှာ

လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က အမေရိကန်နိုင်ငံ ရုပ်သံဌာနမှ ‘‘ချာလီဘရောင်း၏ ခရစ်စမတ်’’ ဇာတ်လမ်းကို ထုတ်လွှင့်ခဲ့သည်။ ပူးပေါင်းတင်ဆက်သည့်ချိတ်ဆက်ဌာနများမှ တာဝန်ရှိသူအချို့က ၎င်းကို လူတို့လျစ်လျူရှုမည်၊ ဂရုစိုက်မည်မဟုတ်ဟုထင်သည်။ အချို့ကလည်း ကျမ်းချက်များပါဝင်ခြင်းကြောင့် ကြည့်ရှုသူများ စိတ်အနှောင့်အယှက်ဖြစ်မည်ဟု ပူပန်သည်။ အချို့ကမူ ထိုဇာတ်လမ်းကို ဖန်တီးသူ ချားစ်စခရုဇ်အား ခရစ်စမတ် အကြောင်းအရာကို ချန်လှပ်စေလိုသည်။ သို့သော် စခရုဇ်က ခရစ်စမတ် အကြောင်းကို မချန်လှပ်ပါ။ ထိုအစီအစဉ် အောင်မြင်ကာ ၁၉၆၅ ခုနှစ်မှစ၍ နှစ်စဉ် ပြန်လည် ထုတ်လွှင့်ပြသခဲ့ရသည်။

ကလေးခရစ်စမတ်ပြဇာတ် အစီအစဉ်တွင် ဒါရိုက်တာဖြစ်သူ ချာလီဘရောင်းသည် စိတ်ရှုတ်ထွေးလျက် အားလပ်ရက် ကာလအတွင်း စီးပွားရေးဆန်သည့် စိတ်ထားများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရသည်။ ထို့ကြောင့် ခရစ်စမတ်၏အဓိပ္ပာယ် အစစ်အမှန်ကို မည်သူပြောပြနိုင်မည်နည်းဟုမေးရာ လင်းနပ်စ်က ‘‘ယနေ့တွင် ဒါဝိဒ်၏မြို့ ၌ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဖို့ အလို့ငှာ…

သောကကင်းဝေးနေနိုင်ရေး

လတ်တလော အဖြစ်အပျက် အကြောင်းအရာများကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၏ ဆိုးကျိုးမှာ သတင်းကောင်းထက် သတင်းဆိုးက ပို၍အရောင်းသွက်ခြင်းတည်း။ လူတစ်ဦးချင်းဖြစ်စေ၊ လူအုပ်စုဖြစ်စေ၊ အုပ်ချုပ်မှု အာဏာပိုင်များ ဖြစ်စေ ၎င်းတို့ပြုသော မတရားမှု၊ ဒုစရိုက်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ မထိန်းချုပ်နိုင်၊ ဘာမှမလုပ်နိုင်သောကြောင့် ကျွန်ုပ်တို့ အလွန်အကျွံ သောက ရောက်ရသည်။
ဆာလံ ၃၇ မှ နေ့စဉ် ကြားရမြင်ရသည့် သတင်း များကို မှန်ကန်စွာ ပိုင်းခြားရှုမြင်နိုင်အောင် မစသည်။ ‘‘လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်” (း၁) ဟူ၍ ဒါဝိဒ်မင်းက အစချီလျက် အလွန်အကျွံ သောကရောက်သည့် အဖြစ်နှင့် ဆန့်ကျင်ဘက်အမြင်များကို ချပြသည်။ စင်စစ် ဒါဝိဒ်မင်းသည် ကျွန်ုပ်တို့လောကကမ္ဘာရှိ အနုတ်လက္ခဏာ ဆောင်သည့် သတင်းများနှင့် စပ်လျဉ်း၍ ပိုကောင်းသောနည်းလမ်းဖြင့် ရှုမြင်နိုင်အောင် အဆိုပြုလမ်းညွှန်ထားသည်။
မိမိ မထိန်းချုပ်နိုင်သည့် အမှုကိစ္စများအပေါ် သောကရောက်နေခြင်းထက် ထာဝရဘုရားကို ကိုးစားလျှင်…

ဝမ်းမမြောက်ရသောအချိန်

ဂါနာနိုင်ငံ `အခန်´ လူမျိုးစု၏ ဆိုရိုးစကားပုံတစ်ခုမှာ `ပုတ်သင်ညိုသည် ၎င်းကို ကျောက်ခဲနှင့် ပစ်သူများထက်၊ ကျောက်ခဲနှင့်အပစ်ခံရသည့်၎င်းအဖြစ်ကို သဘောကျ ၀မ်းသာရယ်မောနေသူများအပေါ် ပို၍ အမျက်ထွက်သည်ဟုဆိုသည်။ လူတစ်စုံတစ်ဦး၏ ကျရှုံးမှုအတွက် ၀မ်းမြောက်ခြင်းသည် ထိုကျရှုံးမှုကို ဖန်တီးဖြစ်စေသည့်အမှု၌ ပါဝင်သူ ဖြစ်ပြီး၊ ထိုသူအပေါ် ပို၍ ဆိုးညစ်သော အမှုကျ ရောက်အောင် ဆန္ဒပြုသူဖြစ်သည်။
၎င်းသည် အမ္မုန်အမျိုးသားတို့၏စိတ်ထားဖြစ်သည်။ ယေရုရှလင်မြို့ရှိ သန့်ရှင်းရာဌာန ဗိမာန်တော်ကြီး ရှုံ့ချခံရပြီး၊ ဣသရေပြည် လူဆိတ်ညံခြင်း၊ ယုဒအမျိုး သိမ်းသွားခံရခြင်းများ ကြုံရသောအခါ အမ္မုန်အမျိုးသားတို့သည် အားရလျက် လက်ခုပ်တီး ခြေဆောင့်ကာ ၀မ်းမြောက်ခဲ့ကြသည် (ယေဇ ၂၅း၃၊၆)။ ဣသရေလလူတို့၏အဖြစ်ဆိုးကို မလိုမုန်းထားအာဃာတစိတ်ဖြင့် တမင်တကာ ၀မ်းမြောက်ခြင်းကြောင့် ဘုရားသခင်မနှစ်သက်၊ ထို့ကြောင့် ဆိုးရွားသောရလဒ်ကို ခံစားရစေတော့သည်(း၎-၇)။
မိမိနှင့်စပ်ဆိုင်သူအပေါ် မကောင်းမသင့်သော အမှုကျရောက်စဉ်၊ မိမိနှင့် စပ်ဆိုင်သူ
လူတစ်ဦးဦး ဒုက္ခအကြပ်အတည်းကြုံရစဉ် ကျွန်ုပ်တို့…

ဖန်ကမ်းခြေ

၂၀ ရာစု အစောပိုင်းကာလက ကယ်လီဖိုးနီးယားပြည်နည် ဖို့ဘရက် ဒေသခံများသည် ၎င်းတို့၏အမှိုက်သရိုက်များကို တောင်စွန်းတစ်ခုမှနေ၍ ပင်လယ်ကမ်းခြေသို့စွန့်ပစ်ကြသည်။ သို့နှင့် သံဗူး၊ ပုလင်း၊ စားပွဲ၊ ကုလားထိုင်၊ ပရိဘောဂအကျိုးအပဲ့စသည်ဖြင့် ရှိသမျှ အမှိုက်များ စုပုံကာ မနှစ်မြို့ဖွယ် အမှိုက်ပုံကြီးဖြစ်လာသည်။ ထို့ကြောင့် ဒေသခံများက အမှိုက်များ မစွန့်ပစ်ကြတော့ပါ။ သည့်တိုင် ၎င်းသည် ပြန်လည်ဆယ်ယူ ဖော်ထုတ်၍မရတော့သည့် အမှိုက်ပုံကြီးအဖြစ် အရှက်ရစရာ အဖြစ် ကျန်ရစ်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် လှိုင်းတိုက်စားကာ အမှိုက်သရိုက်များကို ပင်လယ်ကြမ်းပြင်သို့ ဆွဲချသွားသည်။ ထို့နောက် ကမ်းခတ်လှိုင်းများက ဖန်ပုလင်းကွဲစများကို တိုက်စားပြီး လုံးချောသည့် `ပင်လယ်ဖန်စများ´အဖြစ် ကမ်းခြေသို့ ပြန်လည်ပို့ဆောင်သည်။ ယခုတွင်  `ဖန်ကမ်းခြေ- Glass Beach´ အဖြစ်ထင်ရှားကာ အဆက်မပြတ် ပြောင်းလဲ နေသော လှပသည့် ကမ်းခြေ ရှုခင်းမြင်ကွင်းက ခရီးသွားများကို ဆွဲဆောင်နေတော့သည်။
သင့်အသက်တာကိုလည်း မျှော်လင့်စရာမရှိသည့်…

အမည်နာမတော်၏အဓိပ္ပာယ်

New Year Times သတင်းစာမှ ဆောင်းပါးတစ်ပုဒ်တွင် အာဖရိကနိုင်ငံများတွင် ထင်ရှားကျော်ကြားသူ၊ ထင်ရှားသော အဖြစ်အပျက်၊ အခြေအနေများအပေါ်လိုက်၍ မိဘများက အဓိပ္ပာယ်ကောက်ပြီး ကလေးများကို နာမည်မှည့်ခေါ်ကြကြောင်း ဖော်ပြ သည်။ ကလေးတစ်ဦးက မွေးရာပါ ကုမရသည့်ရောဂါဖြင့် မွေးလာပြီး ဘုရားကသာ ကုသပျောက်ကင်းစေနိုင်ကြောင်း ဆရာဝန်များကပြောလျှင်Godknows - ဘုရားသိသည် ဟူ၍ အမည်မှည့်သည်။ လူတစ်ဦးကလည်း သူ့နံမည်မှာ Enough - တော်ပြီ ဟု ခေါ်ဆိုခြင်းမှာ သူ့မိခင်မှာ ကလေး ၁၃ ယောက် မွေးခဲ့ပြီး၊ သူက အထွေးဆုံး ဖြစ်သည်ဟု ပြောပြသည်။  အမည်နာမတိုင်း၌ အကြောင်းရင်း ဇာတ်လမ်းများရှိပြီး၊ အချို့နာမည်များမှာမူ အထူးအဓိပ္ပာယ်ရှိကြသည်။

သူငယ်တော်ယေရှု မမွေးဖွားမီ ထာဝရဘုရား၏ကောင်းကင်တမန်က `(မာရိသည်) သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်´ (မ…

အံ့ဖွယ်ထူးမြတ်သောအမည်စာရင်း

ကင်ညာ လေဆိပ်၊ ခရီးသည် စာရင်းသွင်းကောင်တာတွင် ကျွန်တော့် နိုင်ငံကူး
လက်မှတ်ကို အတည်ပြုစစ်ဆေးရန် ပြလိုက်သည်။ တာဝန်ရှိသူက ခရီးသည်များ၏ နာမည်စာရင်းတွင် ကျွန်တော့်နာမည်ကိုရှာရာ ရှာမတွေ့၊ ကျွန်တော့်နာမည် မပါ။ ဘာဖြစ်လို့ပါလိမ့်။ ကြိုတင်စာရင်းပေးသူ များစွာရှိပြီး၊ ပြန်အတည်ပြုမှု မရှိခြင်းကြောင့် ဖြစ်သည်။ ထိုနေ့ အိမ်ပြန်ရောက်ရမည့် မျှော်လင့်ချက် ပျောက်လေပြီ။
ထိုအဖြစ်က အသက်စာစောင်မှ အမည်စာရင်း အကြောင်း ကျွန်တော့်ကို သတိပေးလာသည်။ လုကာ ၁၀ တွင်
သခင်ယေရှုသည့် တပည့်တော်တို့အား ဧ၀ံဂေလိ သာသနာ ခရီးစဉ်တစ်ခုသို့ စေလွှတ်ခဲ့သည်။ အပြန်ခရီးတွင် သူတို့၏ အောင်မြင်မှုများကို ၀မ်းသာအားရ ပြောပြကြသည်။ သို့သော် သခင်ယေရှုက ‘‘... နတ်ဆိုးကို နိုင်ရသောကြောင့်သာ ၀မ်းမြောက်ခြင်း မရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌၀င်သည်ကို ၀မ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏’’ (လု ၁၀း၂၀)။…

အသက်တာ ကျဆင်းချိန်

စီအက်စ် လူးဝစ်နှင့် သူ့အစ်ကို ၀ါးရဲန် (၀ါးနီ) တို့သည် ‘‘၀င်းယာ့ဒ်’’ ဒေသရှိ ယောက်ျားလေး ဘော်ဒါဆောင်တွင် တင်းကြပ်သော စည်းကမ်းများစွာကို အောင့်အည်း သည်းခံလျက် နေခဲ့ရသည်။ ကျောင်းအုပ်ကြီးက ရက်စက်သော ပုဂ္ဂိုလ်ဖြစ်ပြီး ဘယ်သူမှ မခံနိုင်အောင် တင်းကြပ်ပြင်းထန်စွာ ကိုင်တွယ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ကုန်လွန်
ပြီးနောက် ၀ါးနီက ‘‘ကျွန်တော် အခု အသက် ၆၄ နှစ်ကျော်ပြီ။
ဘာပဲဖြစ်ဖြစ် ၀င်းယာ့ဒ် မှာ ရှိခဲ့တဲ့အချိန်တွေထက် အခု ကျွန်တော့် အခြေအနေက ပိုကောင်းတယ်လို့ တွေးလိုက်ရင် ဘာနှစ်သိမ့်မှုမှ မရခဲ့တဲ့ အခြေအနေမှာ ရှိမနေခဲ့ဘူး (တစ်ခုခု ရခဲ့ပါတယ်)’’ ဟု အရွှန်းဖောက်ကာ လျော့ပြောခဲ့သည်။ ကျွန်ုပ်တို့အများစုသည်လည်း ဘ၀အမှောင်ကျလျက် ခက်ခဲ ခဲ့ချိန် များကို ပြန်လည် အောက်မေ့လျက် ထိုအချိန် ကာလများ
ထက် ယခုတွင်…

မိမိကိုယ်မိမိ ရှုမြင်ခြင်း

မှန်(သို့) မျက်နှာပြင်ကို ပြောင်လက်အောင် တိုက်ချွတ်ထားသည့် အရာဝတ္တုများ မပေါ်မီ ရှေးကာလက လူတို့မှာ မိမိကိုယ်မိမိ မမြင်ရပါ။ ရေအိုင်၊ စမ်းချောင်း၊ မြစ်များ၌သာ အရိပ်ကို မြင်ရသည်။ သို့သော် ကြည့်မှန်များက ထိုအခြေအနေကို ပြောင်းလဲတိုးတက်စေခဲ့သည်။ တစ်ဖန် ကင်မရာကို တီထွင်လျက် ကျွန်မတို့၏ပုံရိပ်ကို ထုတ်ဖော်လျက် ဘ၀ကဏ္ဍသစ်ကို
ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုတွင် ကျွန်မတို့၏ ဘ၀တစ်ခုလုံးတွင် မည်သည့်အချိန်၌မဆို တာရှည်ခံသော ပုံရိပ်များကို ရရှိနိုင် ပါပြီ။ ဓါတ်ပုံစာအုပ်များထားရှိပြီး မိသားစု၏သမိုင်းကို ပြုစုခြင်းက ကောင်းသော်လည်း ၀ိညာဉ်ရေးရာ ကောင်းမွန် ကျမ်းမာရေးကို ထိခိုက်နစ်နာစေနိုင်ပါသည်။ ကင်မရာမှ ပုံရိပ်များကိုကြည့်ပြီး ပျော်ရွှင်ရသော်လည်း ၎င်းသည် အပြင်ပန်းသဏ္ဌာန်ကိုသာ အာရုံစိုက်မိစေပြီး အတွင်းသဏ္ဌာန် ကိုဖြင့် စိတ်မ၀င်စားအောင် ဟန့်တားသည်။
ကျန်းမာသော ၀ိညာဉ်ရေး အသက်တာရရှိအောင်
မိမိကိုယ်ကို စစ်ကြောစစ်ဆေးရန် အရေးကြီးသည်။
ကျွန်မတို့ ကိုယ်ကိုယ်ကိုယ်…