အမျိုးအစား  |  odb

ဘုရားရှင်၏ လမ်းညွှန်မှု

လွန်ခဲ့သောရာစုနှစ်က အသက် ၄၁နှစ်အရွယ် အော့ဝဲလ် ချိန်းဘား သည် ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှဓနသဟာယ နိုင်ငံပေါင်းစုံတပ်တွင် ၀ိုင်အမ်စီအေ တရားဟောဆရာအဖြစ် အမှုထမ်းရန် အီဂျစ်သို့ ဆိုက်ရောက်လာသည်။ ကိုင်ရိုမြို့ မြောက်ဘက် ခြောက်မိုင်အကွာရှိ zeitoun စခန်းတွင် တာဝန်ချခံရသည်။ ထိုနေရာသို့ရောက်သည့် ပထမဦးဆုံးည၊ ၁၉၁၅ ခုနှစ်
အောက်တိုဘာလ ၂၇ ရက် တွင် ချိန်းဘား က အောက်ပါ အတိုင်း နေ့စဉ်မှတ်တမ်း ရေးသားခဲ့သည်။ “ဤ (နယ်မြေ)သည် စစ်တပ်များ၏အလယ်ဗဟိုချက်၌ရှိသော တကယ့် သဲကန္တာရဖြစ်ပြီး လူသားများအတွက် ဂုဏ်အသရေရှိစေ မည့် အခွင့်အရေးပင်ဖြစ်သည်။ ကျွန်ုပ် အကျွမ်းဝင်ရင်းနှီး ခဲ့သော အခြားအရာများနှင့်မျှ လုံးလုံးမတူ၊ ဘုရားသခင် လုပ်ဆောင်မည့်၊ စီစဉ်ညွှန်ကြားမည့်အမှုသစ်ကို ကျွန်ုပ် စိတ်ဝင်တစား စောင့်ကြည့်နေရသည်။”
ချိန်းဘား သည် သုတ္တံ ၃း၅-၆ပါ နှုတ်ကပတ်တော်ကို ယုံကြည်ပြီး…

အားလုံးဘေးကင်းသည်၊ အားလုံးအဆင်ပြေသည်။

၁၉၁၅ခု ဇန်န၀ါရီလတွင် “Endurance” အမည်ရှိသင်္ဘောသည် အန္တာတိက ကမ်းလွန်
ရေခဲပြင်တွင် ပိတ်မိကာ ပြန်မထွက်နိုင်ခဲ့ပါ။ အန်းနက် ရှကယ်တန် ဦးဆောင်သည့် ၀င်ရိုးစွန်း စူးစမ်းလေ့လာသူအဖွဲ့မှာ အသက်ကယ်လှေ သုံးစင်းဖြင့် ဆင်ကျွန်း သို့ ရောက်ရှိ အသက်ရှင်ခဲ့သည်။ ဤကျွန်းတွင် လူမနေ၊ ပုံမှန်သင်္ဘောသွားသည့် ရေကြောင်းနှင့်လည်း ဝေးသဖြင့် သူတို့၌ မျှော်လင့်စရာ တစ်ခုတည်းသာ ရှိသည်။ သို့နှင့် ၁၉၁၆၊ ဧပြီလ ၂၄ ရက် တွင် ရှကယ်တန် နှင့် ရဲဘော်ရဲဖက် ၅ဦးတို့ သည် မိုင် ၈၀၀ အကွာရှိ တောင်ဂျော်ဂျီယာကျွန်းသို့ အသက်ကယ်လှေ သေးသေးလေးနှင့် ထွက်ခွါသွားသည်ကို လူ ၂၂ ဦး တို့က စောင့်ကြည့်ခဲ့သည်။ ဤလုပ်ရပ်က မဖြစ်နိုင်ဟု ထင်ရပြီး၊ ထိုခရီးမအောင်မြင်ပါက သူတို့အားလုံး အသက်ရှင်ရန် လမ်းမမြင်။ နောက်…

အလွန်အရေးကြီးသောမေးခွန်းများ

အမေရိကန်ဒေသခံများ၏ ရှေးရိုးပုံပြင်တစ်ပုဒ်၌ လူငယ်လေးတစ်ဦးသည် သူ သတ္တိရှိ
ကြောင်း ပြသရန် ဆောင်းတစ်ညတွင် သူ့ကို တောထဲ၌ ညလုံးပေါက် တစ်ယောက်တည်း
နေခိုင်းသည်။ မကြာမီတွင် ကောင်းကင်ကြီး မဲမှောင်လာပြီး သစ်ပင်များ၏ ချွတ်ချွတ်
ချက်ချက် ပွတ်တိုက်မြည်သံများ၊ ဇီးကွက်အော်သံ၊ ၀ံပုလွေ အူသံ စသည့် ညအမှောင် ထု၏ အသံဗလံများက လွှမ်းမိုး လာသည်။ လူငယ်လေးက ကြောက်နေသော်လည်း သတ္တိ ရှိကြောင်းပြရန် တောထဲတွင်
တစ်ညလုံး ရှိနေသည်။ နောက်ဆုံး၌ မနက်မိုးသောက်
လင်းလေပြီ။ ထိုအခါ သူ့အနီးတွင် ထီးထီးတည်းထိုင်နေသူ တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူကား သူ့ကို တစ်ညလုံး စောင့်ကြည့်နေသည့် သူ့အဘိုးပင် ဖြစ်သည်။
မောရှေသည် သဲကန္တာရထဲတွင် မီးလောင်သော်လည်း ကျွမ်းမသွားသည့်ချုံကို တွေ့ခဲ့ရသည်။ ထို့နောက်တွင် ထိုမီးလောင်သောချုံမှ ဘုရားရှင်က သူ့အား အဲဂုတ္ထုပြည်သို့…

ငါ့အပူ မဟုတ်

လူတစ်ဦးသည် ကိစ္စအားလုံးအတွက် တစ်ချိန်လုံး စိုးရိမ်ပူပန်နေသည်။ တစ်နေ့တွင် သူ့မိတ်ဆွေတစ်ဦးက သူ့အား လေတချွန်ချွန်နှင့် စိတ်အေးလက်အေးရှိနေသည်ကို တွေ့၍ ``ဘာများဖြစ်တာလဲ´´ဟု သူ့ကို အံ့သြတကြီးနှင့် မေးလိုက်သည်။
``ငါ့အစားပူပန်ပေးဖို့ ငါလူတစ်ယောက်ကို ငှားထားတယ်´´
``မင်းသူ့ကိုဘယ်လောက်ပေးရလဲ´´ ``တစ်ပတ်ကို ဒေါ်လာနှစ်ထောင်နဲ့လေ´´
``မင်း ဘယ်က ပိုက်ဆံနဲ့ပေးတာလဲ´´ ``ငါ မပေးနိုင်ပါဘူး။ အဲဒါ သူပူရမယ့်ကိစ္စလေ´´
စိတ်ဖိစီးမှုများကို ဤသို့ ဟာသဆန်ဆန် ဖြေရှင်းရန်မှာ လက်တွေ့ဘ၀၌ မဖြစ်နိုင်သော်လည်း ဘုရား သားသမီးများအနေနှင့် အရာခပ်သိမ်းကို အပြည့်အ၀ ပိုင်သ ထိန်းချုပ်ထားသူထံ မိမိ၏စိုးရိမ်ပူပန်မှုများကို ပေးအပ်နိုင် သည်။ အထူးသဖြင့် ကိုယ်တော်ထိန်းချုပ်နေသည်ဟု မခံစားရသည့်တိုင် လက်တော်သို့ အပ်နှံနိုင်သည်။
ဘုရားသခင်သည် ကြယ်များကိုထုတ်ဆောင်ပြီး ၎င်းတို့ကို နာမနှင့်ခေါ်တော် မူကြောင်း ပရောဖက်ဟေရှာယက ကျွန်ုပ်တို့ကို သတိပေးထားသည် (၄၀း၂၅-၂၆)။ ကိုယ်တော်သည် ``ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူ´´သောကြောင့် ကြယ်…

ဝိညာဉ်ရေးစစ်ဆေးမှု

ရောဂါ မပြင်းထန်မီ ကျန်းမာရေးပြဿနာကို ရှာဖွေသိရှိအောင် ဆရာဝန်များက ပုံမှန် ဆေးစစ်ရန် အကြံပြုသည်။ ရှင်ယေရှု ရည်ညွှန်းသည့် အကြီးမြတ်ဆုံးပညတ်တော်ကို အခြေပြုထားသော မေးခွန်းများကိုမေး၍ ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာ ကျန်းမာမှုကို စစ်ဆေး နိုင်ပါသည်။
ကျွန်ုပ်ကို ရှေ့ဦးစွာ ချစ်တော်မူသောကြောင့် ထာဝရဘုရားကို ကျွန်ုပ်တို့ စိတ်နှလုံး အကြွင်းမဲ့ချစ်ပါရဲ့လား။ လောကအရာများကို လိုချင်တောင့်တစိတ်နှင့် ခရစ်တော်၌ ရှိသော ကြွယ်ဝမှုကို စွဲလမ်းစိတ်တို့တွင် မည်သည့်စိတ်က ပို၍ ပြင်းထန်သနည်း (ကော ၃း၁)။ ကျွန်ုပ်တို့ စိတ်နှလုံးတွင် သူ၏ငြိမ်သက်ခြင်း စိုးမိုးရန် ဘုရားရှင် အလိုရှိသည်။
ဘုရားရှင်ကို စိတ်ဝိညာဉ်အလုံးစုံနှင့် ချစ်ပါရဲ့လား။ မိမိသည် မည်သူမည်ဝါ မည်သို့မည်ပုံ ဖြစ်ကြောင်း ဘုရားရှင်၏ ပြောကြားချက်ကို နားထောင်ပါသလား။ မိမိ၏ အတ္တဗဟိုပြု ဆန္ဒများနှင့် ဘ၀ရှင်သန်နေသလား(း၅)။ မိမိသည် ပိုပြီး မေတ္တာကရုဏာထားသူ၊ သနားကြင်နာတတ်သူ၊ နှိမ့်ချသူ၊…

ချစ်ခြင်းမေတ္တာ အရင်လာသည်

တစ်ခုသောညနေခင်းတွင် ကျွန်မသူငယ်ချင်းက သူမ၏ဧည်ခန်းနံရံကို အလှဆင်မည့် အလှဆင် သတ္တုပြားသုံးပြားကို ပြသည်။ ချစ်ခြင်းမေတ္တာ ဟု ရေးထားသည့် သတ္တုပြားကို ပြရင်း ‘‘ဒီမှာ တွေ့လား၊ ငါ့မှာ ချစ်ခြင်းမေတ္တာ ရှိပြီးသား’’ ‘‘ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းကတော့ မှာထားတုန်းပဲ’ ဟု ပြောသည်။
သို့နှင့် ကျွန်မက ‘‘ချစ်ခြင်းမေတ္တာ အရင်လာတယ်၊ ပြီးမှ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း လာမယ်’’ဟု တွေးမိသည်။ အမှန်စင်စစ် ချစ်ခြင်းမေတ္တာ အရင်လာပါသည်။ ၎င်းသည် ဘုရားသခင်နှင့်အတူ အရင်းခံ အစပြုခဲ့သည်။ ၁ ယော ၄း၁၉ တွင် ‘‘ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ ချစ်သော ကြောင့် ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏’’ ဟူ၍ သတိပေး ထားသည်။ ဘုရား၏မေတ္တာကို (မေတ္တာဘွဲ့ဟု သိကြသည့်) ၁ ကော ၁၃ တွင်လည်း…

ကျွန်ုပ်တို့၏ဘ၀သီချင်း

လူတိုင်းတွင် ၎င်းတို့ကြားရသော သီချင်းအပေါ် မတူညီသော ခံစားမှုရှိကြသည်။ တေးရေး ဆရာက သူ့သီချင်းကို သူ့စိတ်ကူးယဉ်ကမ္ဘာတွင် ကြားရသည်။ ပရိသတ်များကမူ အာရုံခံစားချက်ဖြင့် ခံစားကြားနာရသည်။ တီးဝိုင်းအဖွဲ့သူ အဖွဲ့သားများမှာမူ သူတို့နှင့် အနီးဆုံး တူရိယာများ၏အသံအားဖြင့် ရှင်းလင်းစွာ ကြားကြသည်။
ထိုနည်းတူ ကျွန်မတို့သည်လည်း ဘုရားသခင်၏ သံစုံတီးဝိုင်းအဖွဲ့တွင် ပါဝင်သော အဖွဲ့သားများဖြစ်ပြီး အများအားဖြင့် မိမိနှင့်နီးစပ်ရာ တူရိယာ၏အသံကိုသာ ကျွန်မတို့ ကြားလေ့ရှိသည်။ စည်းချက်ညီညီနှင့် တစ်ဖွဲ့လုံး၏ လုပ်ဆောင်မှုကို မမြင်နိုင်ခြင်းကြောင့် ကျွန်မတို့သည် ဒုက္ခဆင်းရဲခံစားရချိန်တွင် ‘‘ယခုမူကား ငါသည် သူတို့သီချင်း ဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ်ပါသည်တကား’’ (ယောဘ ၃၀း၉) ဟု အော်ဟစ်နေသည့် ယောဘနှင့် တူနေပါသည်။
မင်းညီမင်းသားများနှင့် အရာရှိများက သူ့ကို ရိုသေ လေးစားကြခြင်းကို ယောဘ ပြန်ပြောင်းသတိရသည်။ သူ့ဘ၀က ကောင်းစားသည်။ ‘‘ငါသွားသောလမ်း၌ နို့ရည်စီးလေ၏။…

မဆင်မခြင်ပြောသောစကားလုံးများ

ကျွန်မ ကားမောင်းလာသည်မှာ နာရီဝက်ခန့်ရှိချိန်တွင် ရုတ်တရက်ကြီး သမီးလေးက ကားနောက်ခန်းမှနေ၍ ငိုယိုနေသည်။ ‘‘ဘာဖြစ်လို့လဲ’’ ဟု ကျွန်မမေးရာ၊ `မောင်လေးက သမီးလက်မောင်းကို လှမ်းဆွဲလို့´ဟု ပြန်ဖြေသည်။ သူ့မောင်ကလည်း `သူလာဆိတ်လို့ ဆွဲလိုက်တာ´ဟုပြန်ပြောရာ၊ `သူက စကားရင့်ရင့်သီးသီးပြောလို့ ဆွဲဆိတ်တာ´ ဟု ပြောပါသည်။
ကလေးများတွင် ဖြစ်တတ်သည့်အရာလေးက လူကြီးများတွင်လည်း ဖြစ်တတ်ခြင်းက စိတ်မကောင်းစရာပါ။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို စိတ်အနှောင့် အယှက် ဖြစ်စေအောင် လုပ်သည်။ နာကျင်ရသူကလည်း နှုတ်သီးကောင်းလျှာပါး ပြန်လည်ချေပ ရန်တွေ့သည်။ ရန်တွေ့ခံရသူက သူ့အား စော်ကားသူကို ပြန်လည်လက်တုံ့ပြန်သည်။ မကြာပါ။ ဒေါသနှင့် ကြမ်းတမ်းယုတ်မာသော စကားလုံးများက ဆက်ဆံရေးကို ပျက်စီးစေတော့ သည်။
ကျမ်းစာ၌ ‘‘သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူအချို့ရှိ၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏’’ ၊ ဖြည်းညှင်းသော စကားသည် စိတ်ကို ဖြေတတ်၏’’…

ေ၀၀ါးနေသော အမြင်များ

ကျွန်မ သူငယ်ချင်း Meaghanသည် မြင်းစီးအတတ်ကို ကျွမ်းကျင်သူဖြစ်သည့် အလျောက် သူ့ထံမှ စိတ်ဝင်စားဖွယ် မြင်းအကြောင်းများကို ကျွန်မ လေ့လာခဲ့ရသည်။ ဥပမာ - မြင်းသည် ကုန်းနေနို့တိုက်သတ္တ၀ါများတွင် အကြီးဆုံးသတ္တ၀ါ ဖြစ်လင့်ကစား အမြင်အာရုံအားနည်း၍ လူသားလောက်ပင် အရောင်များကို မမြင်ရပါ။ ထိုအကြောင်း ကြောင့် မြေကြီးပေါ်ရှိ အရာဝတ္တုများကို မပိုင်းခြား မသိရှိ နိုင်ကြပါ။ ထုပ်တန်းတစ်ချောင်းကို တွေ့သောအခါ ထိုအရာသည် ၎င်းတို့အလွယ်လေး ကျော်လွှားနိုင်သည့် တန်းလား၊ ၎င်းကို အန္တရာယ်ပေးနိုင်သော မြွေကြီးလား စသည်ဖြင့် ခွဲခြားသိနိုင်စွမ်း မရှိကြပါ။ ထိုအချက်ကြောင့် သေချာစည်းစနစ်တကျ လေ့ကျင့်မပြီးသရွေ့ မြင်းများသည် အကြောက်သန်ပြီး ထွက်ပြေးတတ်ကြသည်။
ကျွန်မတို့သည်လည်း ထိတ်လန့်ဖွယ်ရာ အခြေအနေ
များတွင် ထွက်ပြေးတတ်ကြသည်။ ယောဘကဲ့သို့ သူ၏ ဒုက္ခဆင်းရဲခြင်းများကို နားလည်မှုလွဲပြီး မွေးဖွားမလာခဲ့လျှင် ကောင်းမည် ဆိုသည့် အတွေးများ တွေးမိတတ်ကြသည်။…

မီးနှင့် ကစားခြင်း

ကျွန်တော်ငယ်စဉ်က `မီးနဲ့ ဘယ်တော့မှ မဆော့ရဘူးနော်´ဟု အမေက သတိပေးသည်။ သို့သော်လည်း တစ်နေ့တွင် `ဆော့လိုက်ရင် ဘာဖြစ်မလဲ´ဟု သိချင်စိတ်နှင့် စမ်းကြည့် ခဲ့သည်။ မီးခြစ်ဆံတစ်ဗူးနှင့် စာရွက်အနည်းငယ်ယူ၍ အိမ်နောက်ဖေးသို့ သွားကာ ရင်တမမနှင့် မြေကြီးပေါ် ဒူးထောက်လိုက်ပြီး မီးခြစ်ဆံကို ခြစ်၍ မီးမွေးလိုက်သည်။
ရုတ်တရက် အမေက ကျွန်တော့်အနားသို့ ရောက်လာ၍ အမေကျွန်တော့်ကို မမိအောင် မီးတောက် ပေါ်တွင် ခြေထောက်နှင့် ကာလိုက်သည်။ သို့သော် အမေက ‘‘ဒဲနီ ခြေထောက်ကို ရွှေ့လိုက်၊ အောက်မှာ မီးတွေ’’ ဟု အော်လိုက်သည်။ ခြေထောက် အရွှေ့မြန်သောကြောင့် မီးမလောင်ခဲ့ပါ။ မီးနှင့် မကစားရဟု ပြောထားသည့် အမေ့ စည်းကမ်းက ကျွန်တော့် ပျော်ရွှင်မှုကို ဖျက်ဆီးရန်အတွက် မဟုတ်ဘဲ၊ ကျွန်တော့်ကို ဘေးကင်း လုံခြုံစေရန် ဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်ပါသည်။…