နှောင့်နှေးမှု၏ ပြောင်းပြန်ကောင်းကျိုး
အမေရိကန် ရေကူးမယ် ဒါရာ တော်ရီစ်သည် ၁၉၈၄ မှ ၂၀၀၈ အထိ အိုလံပစ်ပြိုင်ပွဲ ငါးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အားကစားဖြင့် အသက်မွေးမှုက အသိအမှတ်ပြုလောက်သည်။ သူ့ဘ၀၏နောက်ပိုင်းကာလတွင် သူမကိုယ်တိုင် တင်ထားခဲ့သည့် မီတာ ၅၀ အလွတ်ကူး စံချိန်ကို ၂၅ နှစ် အကြာတွင် ချိုးနိုင်ခဲ့သည်။ ရွှေတံဆိပ် ရယူခြင်း၊ စံချိန်သစ်တင်ခြင်းများ သာမက အားကစားသမားဘ၀အတွက် အဟန့်အတား ဖြစ်သည့် ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူရခြင်းများကို အခြား ပြိုင်ဘက် အားကစားသမားများ နည်းတူ ၂ ကြိမ် တွေ့ကြုံခဲ့ရသည်။ ‘‘ကျွန်မ ကလေးဘ၀ကတည်းက အရာရာတိုင်းကို နေ့တိုင်း အနိုင်ရချင်ခဲ့တယ်။ ... နှောင့်နှေးမှု တွေဟာ အိမ်မက်အသစ်တွေကို တွန်းအားပေးလို့ အကျိုး ရှိတယ်ဆိုတာကို ကျွန်မ သတိထားမိတယ်’’ ဟု သူမက ပြောသည်။…
မဆန်းပါ
‘‘သူက ပြောစရာမရှိပါဘူး။ မင်းနဲ့သင့်တော်ပါတယ်’’ ဟု ကျွန်မသူငယ်ချင်းက ကျွန်မကို
ပြောသည်။ ယခုလေးတင် ဆုံတွေ့ခဲ့သည့် အမျိုးသားတစ်ဦးအကြောင်းကို သူပြောနေ ခြင်းပါ။ သူ၏ ကြင်နာသောမျက်လုံးများ၊ ကြင်နာသောအပြုံးနှင့် ကြင်နာသော နှလုံးသား အကြောင်းကို ကျွန်မအား ပြောပြသည်။ ကျွန်မ ထိုအမျိုးသားကို တွေ့သောအခါ သူငယ်ချင်းပြောသည့်အတိုင်း သဘောကျပါသည်။ ထိုသူ သည် ယခုတွင် ကျွန်မ၏ခင်ပွန်းဖြစ်နေပြီး ကျွန်မသူ့ကို ချစ်သည်မှာလည်း မဆန်းပါ။
ရှောလမုန်သီချင်း၌ သတို့သမီးက သူမ၏ချစ်သူ အကြောင်း ဖော်ပြထားသည်။ သူ့မေတ္တာသည် စပျစ်ရည် ထက်သာ၍ ကောင်းပြီး နံ့သာဆီထက်ပို၍ မွေးကြိုင်ကြောင်း၊ သူ့နာမည်သည် ကမ္ဘာပေါ်ရှိ အခြားအရာများထက် ချိုမြိန်ကြောင်း ပြောထားသည်။ ထို့ကြောင့် သူ့ကို ချစ်သည်မှာ အံ့ဩစရာမဟုတ်ပါဟု နိဂုံးချုပ်ထားသည်။
သို့သော် ကမ္ဘာပေါ်ရှိ ချစ်စရာကောင်းသူ အားလုံးထက် ပို၍ ကြီးမြတ်သူ၊ သူ၏ချစ်ခြင်းသည်လည်း…
ငါးမျှားခြင်းမှ ရသော သင်ခန်းစာ
စိမ်းလန်းပြီး ရေမှော်ပေါင်းပင်များ အရိပ်ထင်လျက်ရှိသည့် ကြည်လင်ငြိမ်သက်သော ပိုင်အက် ရေကန်၌ ကျွန်ုပ် ငြိမ်သက်စွာ ငါးမျှားစဉ် ကကတစ်ငါးကြီးတစ်ကောင်က ထူထပ်သော ရေမှော်ပင်များကြားမှ စူးစမ်းရန် တိတ်တဆိတ် ထွက်လာသည်ကို ကျွန်ုပ် ကြည့်နေခဲ့သည်။ ၎င်းသည် ငါးမျှားကြိုးရှိ ဖြားယောင်းထားသည့် အစာဆီသို့ တစ်ဖြည်းဖြည်း ချဉ်းကပ်လာပြီး စိုက်ကြည့်သည်။ ထို့နောက်
ရေမှော်ပင်များကြား ပြန်ဝင်သွားသည်။ ဤကဲ့သို့ အကြိမ်ကြိမ်
လုပ်နေပြီး နောက်ဆုံး ငါးမျှားချိတ်ကို မြင်သွားသည်။ ထို့နောက် အမြီးခပ်လျက် ၎င်းပုန်းအောင်းရာနေရာသို့ ၀င်ရောက် ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ဖန် ထွက်မလာတော့ပေ။
ငါးမျှားချိတ် ချထားသကဲ့သို့ပင် စာတန်သည် စုံစမ်း သွေးဆောင်ခြင်းကို ကျွန်ုပ်တို့ရှေ့တွင် တွဲလောင်းချထားသည်။ ၎င်းက ဆွဲဆောင်မှု ရှိသည်။ ကျေနပ် နှစ်သိမ့်စေရမည်ဟု လှည့်စားသည်။ သို့သော် စာတန်၏တန်ခိုးက ဤမျှသာဖြစ်သည်။ ကျွန်ုပ်တို့ ငါးမျှားချိတ်ကို ဟပ်အောင် အတင်းအကြပ်…
ယင်ကောင်တစ်ကောင်၏ သတိပေးမှု
ကျွန်မ ယခုငှားထားသော ရုံးခန်းငယ်တွင် စတင်အလုပ်လုပ်စဉ်က သက်ရှိဟူ၍ ယင်ကောင်များသာရှိသည်။ ယင်ကောင်များသည် သက်ရှိတို့၏ သွားရာလမ်းအတိုင်း သေဆုံးကုန်ကြပြီး ကြမ်းပြင်နှင့်ပြူတင်းပေါက်ဘောင်ပေါ်တွင် ပြန့်ကြဲနေသည်။ ၎င်းတို့ကို ရှင်းလင်းပစ်ပြီး တစ်ကောင်ကိုတော့ ထင်သာမြင်သာသည့်နေရာတွင် ချထား လိုက်သည်။
ထိုယင်ကောင် အသေကောင်က နေ့ရက်တိုင်းတွင် ကောင်းမွန်စွာ အသက်ရှင်ရန် ကျွန်ုပ်ကို သတိပေးနေသည်။ သေခြင်းသည် အသက်ရှင်ခြင်းအတွက် အကောင်းဆုံး သတိပေးမှုတစ်ခုဖြစ်ပြီး အသက်ရှင်ခြင်းသည် ဆုလာဘ် တစ်ခုဖြစ်သည်။ ရှောလမုန်မင်းကြီးက “အသက်ရှင်သော လူစုအပေါင်းနှင့်ဆိုင်သေးသောသူသည် မျှော်လင့်စရာရှိ၏’’ (ဒေ ၉း၎) ဟု ပြောထားသည်။ မြေကြီးပေါ်တွင် အသက်ရှင် ရခြင်းက ကျွန်ုပ်တို့ လောက ၀န်းကျင်ကို လွှမ်းမိုးရန်နှင့် ပျော်မွေ့ခံစားရန် အခွင့်အရေး ပေးသည်။ ကျွန်ုပ်တို့ ပျော်ရွှင်စွာ စားသောက်နေနိုင်ပြီး ပေါင်းသင်းဆက်ဆံရေးများကို ပျော်မွေ့ကျေနပ်နိုင်သည် (း၇၊၉)။
မိမိ၏အလုပ်အကိုင်၌လည်း ကျွန်ုပ်တို့ ပျော်မွေ့နိုင်သည်။ ရှောလမုန်မင်းကြီးက…
တစ်ရှူးဗူးများ
ခွဲစိတ်ဆောင် စောင့်ဆိုင်းခန်းတွင် ထိုင်ရင်း ကျွန်တော်စဉ်းစားခန်းဖွင့်မိသည်။ မကြာမီက ဤနေရာတွင် ကျွန်တော့်ထက် အသက်များစွာ ငယ်သည့် တစ်ဦးတည်းသော ညီလေး၏ ဦးနှောက်သေသွားပြီဟု သတင်းဆိုးကို ကြားခဲ့ရသည်။
ယနေ့တွင် ခွဲစိတ်ခန်းရှိ ဇနီးသည်ကို စောင့်ရင်း သူ့အတွက် စာရှည်တစ်စောင် ရေးဖြစ်သည်။ သားသမီးများက ရောက်တတ်ရာရာပြောရင်း ကျွန်တော့်ကို သတိမထားမိပါ။ ထိုစဉ် ဘုရား၏ဖြည်းညှင်း အသံတော်ကို ကျွန်တော် နားထောင်နေခဲ့သည်။
ထိုအခိုက် ဆရာဝန်က ကျွန်တော့်ကို တွေ့ချင်ကြောင်း ပြော၍ သွားတွေ့ရာ၊ တွေ့ဆုံခန်းစားပွဲပေါ်၌ တစ်ရှူးဗူး နှစ်ဗူး တွေ့ ရသည်။ ငိုယိုလျှင် နှပ်သုတ်ရန်အတွက် မဟုတ်ပါ။ `ဦးနှောက်သေသွားပြီ။ ဘာမှမတတ်နိုင်တော့ဘူး´ ဆိုသည့် ကျွန်တော့်ညီ ဆုံးသွားစဉ်က ကြားခဲ့ရသည့် အေးစက်မာကြော သည့် စကားအတွက်ဖြစ်သည်။
ဝမ်းနည်းပူဆွေးချိန်နှင့် မသေချာမရေရာချိန်များတွင် ပကတိ အရှိအတိုင်းဖော်ပြသည့် ဆာလံကျမ်းများကို ခံယူအပ် သည်။…
ဒုက္ခဆင်းရဲခြင်းမှ သင်ခန်းစာများ
ဧရာမပိတ်ကားကြီးပေါ်တွင် အနီးကပ် ဆွဲရိုက်ထားသောပုံက ကြီးမားစွာ ထင်ဟပ်သည်။ ထို့ကြောင့် ထိုလူ၏ခန္ဓာကိုယ်ပေါ်ရှိ ပြတ်ရှဒဏ်ရာများကို အထင်းသားမြင်နေရသည်။ ဒေါသူပုန်ထနေသော လူထုက လှောင်ပြောင်ရယ်မောနေစဉ် စစ်သားတစ်ယောက်၏ ရိုက်နှက်မှုကို ခံရသည့် လူ၏မျက်နှာပေါ်တွင် သွေးများ ပေကျံနေသည်။ တိတ်ဆိတ် ငြိမ်သက်နေသော သရီးဒီရုပ်ရှင်ရုံတွင် ထိုမြင်ကွင်းသည် အလွန်တရာမှ အသက်ဝင်လှသဖြင့် ကိုယ်တိုင် နာကျင်ရ သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်စွာ ကျွန်တော် မျက်နှာရှုံ့မဲ့သွား သည်။ သို့သော် ၎င်းသည် ကျွန်တော်တို့အတွက် ဝေဒနာ ခံခဲ့သော သခင်ယေရှုအကြောင်းကို ပြန်လည် သရုပ်ဆောင် ထားခြင်းသာ ဖြစ်သည်။
သခင်ယေရှု၏ ဝေဒနာကို သတိပေးသောအားဖြင့် ပေတရုက ‘‘အကြောင်းမူကား၊ ထိုသို့အလိုငှာ သင်တို့ကို ခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည် ဖြစ်၍ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ’’ (၁ ပေ ၂း၂၁)…
မနက် ၂ နာရီ မိတ်ဆွေများ
ခရစ်တော်၌ ယုံကြည်ခြင်း အားကြီးသော အဖွဲ့တစ်ဖွဲ့အကြောင်းကို ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ပြောပြသည်။သူတို့ထဲမှ ၉၃ နှစ်အရွယ် အဖွားတစ်ယောက်က ‘‘ဒီလူတွေထဲမှာ ဘယ်သူ့ကိုမဆို မနက် ၂ နာရီ မှာ ကျွန်မ ဖုန်းဆက်ခေါ်နိုင်တယ်လို့ ခံစားရတယ်။ နောက်ပြီး ဘယ်လို အကူအညီမျိုးကိုမဆို လိုအပ်တယ်ဆိုရင် တောင်းပန် ဖို့တောင် မလိုဘူး’’ ဟုပြောပါသည်။ ထိုအကူအညီသည် ဆုတောင်းပေးရန်ဖြစ်စေ၊ လက်တွေ့ ကူညီရန်ဖြစ်စေ (သို့) လိုအပ်နေချိန်မှာ တစ်ယောက်ယောက်က ရှိနေပေးရန် ဖြစ်စေ၊ ထိုမိတ်ဆွေများက တစ်ယောက်နှင့် တစ်ယောက် အခြေအနေကို မကြည့်ဘဲ ကူညီပေးကြရန် စိတ်ပိုင်းဖြတ်ထား ကြသည်။
ကောလောသဲအသင်းတော်ရှိ ခရစ်တော် နောက်တော်လိုက် ယုံကြည်သူများထံ ရှင်ပေါလု ရေးသား သော စာတွင် အထက်ပါ ကူညီစောင်မမှုမျိုးကို တွေ့ရသည်။ ရှင်ပေါလုသည် ရောမထောင်ထဲမှနေ၍ တုခိတ်နှင့် ဩနေသိမ်ကို…
ဘုရားသခင် ဂရုမစိုက်လို့လား
အရက်မူးနေသည့် ယာဉ်မောင်းက မတော်တဆမှုတွင် မည်သည့်ထိခိုက်ဒဏ်ရာမှ မရဘဲ ဘာကြောင့် ခရီးသည်က အပြင်းအထန် ဒဏ်ရာရသနည်း။ သူတော်ကောင်းများ ဒုက္ခဆင်းရဲခံစားရချိန်တွင် လူယုတ်မာများက ဘာကြောင့် ကောင်းစားနေရသနည်း။ ဘ၀၌ ဖြစ်ပျက်နေသော အခြေအနေများကြောင့် “ဘုရားသခင် ဂရုမစိုက်ဘူးလား’’ ဟု သင်အော်ဟစ်မိလျက် အဘယ်မျှ စိတ်ရှုတ်ခဲ့ရသနည်း။
ဟဗက္ကုတ်သည်လည်း စက်ဆုပ်ဖွယ်ရာနှင့် မတရားမှုများ ၀န်းရံနေသည့် စိတ်ဓာတ်ကျဖွယ် အခြေအနေ များကို ယုဒပြည်တွင် မြင်ခဲ့ရသောအခါ အထက်ပါ မေးခွန်းကို မေးခဲ့သည် (ဟဗ ၁း၁-၄)။ နားမလည်နိုင်မှုကြောင့် ‘‘ဒီအခြေအနေတွေကို ဘုရား ဘယ်တော့ ပြုပြင်ပေးမှာလဲ’’ ဟု ဘုရားသခင်ကို မေးမိသည်။ ဘုရား၏အဖြေက ရှင်းပါ သည်။
ယုဒလူတို့ လမ်းမှန်သို့ ပြန်ရောက်စေရန် အလို့ငှာ
ခါလဒဲလူတို့ကို အသုံးပြုမည်ဖြစ်ကြောင်း ဘုရားသခင် မိန့်ကြား ခဲ့သည်။ ခါလဒဲလူတို့သည် ရက်စက် ကြမ်းကြုတ်မှု…
စွန့်ပစ်ခံရသည် ဟု ခံစားရခြင်း
The Screwtape Letters စာအုပ်တွင် မကောင်းဆိုးဝါးအကြီးနှင့်အငယ် နှစ်ကောင်တို့သည် ခရစ်ယာန်တစ်ဦးအား မည်ကဲ့သို့ စနစ်တကျသွေးဆောင်ရမည်နည်းဟု တိုင်ပင် နေကြပုံကို ဆရာကြီး စီ အက်စ် လူးဝစ်က စိတ်ကူးယဉ်ရေးဖွဲ့ထားသည်။ ၎င်းတို့မှာ ယုံကြည်သူတစ်ဦး၏ ဘုရားအပေါ်ယုံကြည်ခြင်းစိတ်ကို ဖျက်ဆီးလိုကြသည်။ ‘‘မင်း အလှည့်စား မခံရစေနဲ့ကွ၊ လူသားတစ်ယောက်က ဘုရားရဲ့ အရိပ်အယောင် ပျောက်ကွယ်နေပုံပေါ်တဲ့ စကြ၀ဠာကြီးကို ကြည့်ပြီး သူ့ကို ဘာကြောင့် စွန့်ပစ်တာလဲလို့ ဘုရားသခင်ကို မေးပေမဲ့ ဆက်ပြီး နာခံခြင်းရှိနေတယ်။ ငါတို့အတွက် ဒီထက်ဆိုးတဲ့ကိစ္စ မရှိဘူး’’ ဟု မာရ်နတ်အကြီးကောင်က အငယ်ကောင်ကို ပြောပြသည်။
စွန့်ပစ်ခံရသကဲ့သို့ ခံစားနေရသော်လည်း ယုံကြည်
ခြင်းဖြင့် ဘ၀ရှင်သန်လှုပ်ရှားကြသူများအကြောင်း ဥပမာ
များစွာကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ သူ့စည်းစိမ်
ကို အမွေခံမည့်သူကို ပေးမည်ဟူသည့် ကတိတော်ကို ဘုရားက အလေးမထားဟု အာဗြံဟံ…
ဘုရားသခင်၏ သံလိုက်အိမ်မြှောင်
ဒုတိယ ကမ္ဘာစစ်အတွင်းက မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှ မိုင် ၃၀၀ အကွာရှိ ပင်လယ်ပြင်တွင် သင်္ဘောသား ၂၇ ယောက်၏အသက်ကို သံလိုက်အိမ်မြှောင် သေးသေးလေးများက ကယ်တင်ပေးခဲ့သည်။ Waldemar Semenov သည် ကုန်သည် ဘ၀မှ အငြိမ်းစားယူပြီး အငယ်တန်း အင်ဂျင်နီယာအဖြစ် SS Alcoa Guide အမည်ရှိ သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်နေစဉ် ဂျာမန် ရေငုပ် သင်္ဘော တစ်စီးပေါ်လာပြီး သင်္ဘောကို ပစ်ခတ်တိုက်ခိုက် သည်။ သင်္ဘော ဗုံးမှန်ပြီး မီးစွဲကာ စတင်နှစ်မြှုပ်စဉ် Semenov နှင့် သင်္ဘောသားအဖွဲ့သည် သံလိုက်အိမ်မြှောင်ပါသော အသက်ကယ်လှေများကို ရေချပြီး အိမ်မြှောင်ကိုသုံးလျက် ကမ်းနှင့်နီးရာသို့ ဦးတည်သွားခဲ့သည်။ သုံးရက်မြောက်နေ့ တွင် သင်္ဘောသားများကို ကယ်ဆယ်နိုင်ခဲ့သည်။
ဆာလံဆရာကလည်း ဘုရားသခင်၏ စကားတော်
တို့သည် စိတ်ချအားကိုးလောက်သော `သံလိုက်အိမ်မြှောင်´
ဖြစ်ကြောင်း လူမျိုးတော်တို့အား သတိပေးလျက်…