အမျိုးအစား  |  odb

သက်ကြီးသူတို့၏စွမ်းအား

ဒတ်ခ်ျအနုပညာရှင် ပယိုနီလက်ဖာသည် နယ်သာလန်နိုင်ငံတွင် အသက်ကြီးသူတို့၏
အရေးပါမှုကို ဖော်ပြရန်အတွက် ‘‘သက်ကြီးသူတို့၏စွမ်းအား’’ဟု ခေါ်သော အစီအစဉ်
တစ်ခု အစပြုခဲ့သည်။ သူမက ဒေသခံကလေးများအား သူတို့၏အဘိုးအဘွားပုံများကို
ရေးဆွဲခိုင်းသည်။ လက်ဖာ သည် အသက်ကြီးသူ ဘိုးဘွား
များ၏ ‘‘ရိုးသားသန့်စင်သော မြင်ကွင်း’’ကို ဖော်ပြလိုခြင်း
ဖြစ်ပြီး ထိုအချက်ကို ကလေးသူငယ်များက ကူညီပေးနိုင်
လိမ့်မည်ဟုလည်း ယုံကြည်သည်။ ကလေးများ၏ ပန်းချီကား
များတွင် သူတို့ အဘိုးအဘွားများ တင်းနစ်ကစားနေပုံ၊
ပန်းဥယျာဉ်ခြံပြုစုနေပုံ၊ ပန်းချီဆွဲနေပုံများ အပါအ၀င် အခြား
ပုံများစွာ ပါဝင်ပြီး အဘိုးအဘွားများအပေါ် ၎င်းတို့၏အမြင်
အယူအဆသည် လန်းဆန်းတက်ကြွရှင်သန်ကြောင်း၊ ထို
ပန်းချီကားများက ထင်ဟပ်ပြနေသည်။
ဣသရေလလူ ကာလက်သည် သူ့အသက်ကြီးလာသည်နှင့်အမျှ အရေးပါသူ
ဖြစ်သည်။ ကတိထားရာပြည်သို့ ဣသရေလလူမျိုးတို့ မ၀င်ရောက်မီ သူငယ်ရွယ်စဉ်ကပင်
ထိုပြည်ကို ထိုးဖောက်ဝင်ရောက်ခဲ့သူ ဖြစ်သည်။…

ဘယ်သူ့အမှိုက်လဲ

‘‘ကိုယ့်အမှိုက်ကိုတောင် ကိုယ်မယူသွားနိုင်ကြဘူးလား။ ကမ်းခြေမှာ အမှိုက်ပစ်ထား
ခဲ့ရတာ တော်တော်ပျော်နေတယ် ဟုတ်လား။ ဒီလူတွေက ကမ္ဘာလှည့် ခရီးသည်တွေပဲ
ဖြစ်မယ်။ ကျွန်မတို့ ဒေသခံလူတွေတော့ ကိုယ့်ကမ်းခြေကို မရိုမသေ၊ မလေးမစားတော့
မလုပ်တန်ကောင်းပါဘူး’’ ဟု ကမ်းခြေမှ ဘူးခွံအမှိုက်များကို ကောက်ပြီး ပေ ၂၀ အကွာရှိ
အမှိုက်ပုံးထဲသို့ သွားပစ်ထည့်ရင်း ခင်ပွန်းသည် ဂျေး ကို ကျွန်မညည်းပြီး ပြောမိသည်။
နောက်နေ့ မနက်ရောက်သော် ယခင်နှစ်များက
ကျွန်မကိုယ်တိုင်ရေးခဲ့သည့် သူတစ်ပါးကိုဝေဖန်ခြင်း
အကြောင်း ဆုတောင်းလေးကို ပြန်ဖတ်မိသည်။ သူတစ်ပါး၏
အမှိုက်ကို ရှင်းလင်းပေးခဲ့ရ၍ ဂုဏ်ယူနေသည့် ကျွန်မ၏
ဝါကြွားစိတ်သည် မှားယွင်းနေကြောင်း ကိုယ့်စာသားများက
ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးသည်။ စင်စစ် ကျွန်မကိုယ်၌
ကျွန်မ လျစ်လျူရှု ဥပက္ခာပြုထားသည့် အမှိုက်များရှိသည်။
အထူးသဖြင့် ၀ိညာဉ်ရေးနှင့်ပတ်သက်သော အမှိုက်များ
ဖြစ်သည်။
ကျွန်မ…

ခဲတံတိုက်ပွဲ

ငယ်စဉ်က စာစရေးစဉ် ကျွန်မ၏ပထမတန်းဆရာမက ခဲတံကို စနစ်တကျကိုင်ရန်
အမြဲပြောသည်။ ဆရာမကြည့်နေသည့်အချိန်၌ သူကိုင်စေချင်သည့် အတိုင်း ကိုင်သည်။
သို့သော် ဆရာမတစ်ဖက်လှည့်သွားသည်နှင့် ကျွန်မက ခေါင်းမာမာဖြင့် ကျွန်မအတွက်
ပိုသက်သောင့်သက်သာ ဖြစ်သည့်နည်းကို ပြန်ပြောင်းကိုင်လိုက်သည်။
ဤစိတ်ဓာတ်တိုက်ပွဲတွင် ကျွန်မကိုယ်ကျွန်မ
တိတ်တဆိတ် အောင်နိုင်သူ အဖြစ်ထင်ခဲ့သည်။ ကျွန်မ၏
သဘောအတိုင်းသာ ခဲတံကို ဆက်ကိုင်ခဲ့သည်။ ကျွန်မ၏
ခေါင်းမာသောအကျင့်ကြောင့် စာရေးလေ့ကျင့်ရာ၌ ဆိုးဝါး
စေပြီး နောက်ဆုံးတွင် ခဏလေးနှင့် လက်ညောင်းသည်။
၎င်းကို အမြော်အမြင်ရှိသည့် ဆရာမက သိနေခဲ့ကြောင်း
ဆယ်စုနှစ်ကျော်ပြီးနောက်မှ ကျွန်မ သဘောပေါက်ခဲ့သည်။
ကလေးများအနေဖြင့် သူတို့အတွက် ဘယ်အရာက
ကောင်းသည်ကို သိနားလည်ခြင်းမရှိပါ။ သူတို့ဖြစ်ချင်သည့်
အတိုင်း သူတို့လုပ်တတ်ကြသည်။ စင်စစ် ဣသရေလအမျိုး
သည် တစ်ဆူတည်း စစ်မှန်သောဘုရားထက် ၎င်းတို့
ဝန်းကျင်ရှိ တစ်ပါးအမျိုးသားများ၏ ဘုရား များကို…

စစ်ဆေးမှုပြုခြင်း

နှစ်စဉ်ဆေးစစ်ရန်အတွက် ဆရာဝန်ထံသွားရန် အချိန်ကျပြီ။ ကျွန်တော် နေကောင်း
ကျန်းမာနေသော်လည်း ထိုစစ်ဆေးမှုများက အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်
ပုံမှန်စစ်ဆေးခြင်းက ဖုံးကွယ်နေသော ရောဂါများနှင့် ရောဂါအခြေအနေ ပိုဆိုးစေသည့်
ပြဿနာများကို ရှာဖွေပေးသောကြောင့် ဖြစ်သည်။
ဆရာဝန်အား ရောဂါရှာဖွေခွင့်ပြုခြင်းနှင့် မမြင်ရသောရောဂါ
အတွက် ကုထုံးရှာဖွေစေခြင်းသည် ရေရှည်၌ ကျန်းမာရေး
အတွက် ဖြစ်သည်။
ဆာလံဆရာသည်လည်း ၀ိညာဉ်ရေးရာ၌ ထိုကဲ့သို့
ခံစားရကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ၀ှက်ထား
သောအပြစ်များကို ဖော်ပြရန် ဘုရားသခင်ထံ အသနားခံ
လျက် ‘‘ကျွန်ုပ်ကို စစ်ကြော၍ ... ဆိုးသောလမ်းသို့ အကျွန်ုပ်
လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့
သွေးဆောင်တော်မူပါ’’ (ဆာ ၁၃၉း၂၃-၂၄) ဟု ဆုတောင်း
ခဲ့သည်။ မတည်ငြိမ်သော သူ့အခြေအနေအား စစ်ဆေးရန်
ဘုရားသခင်အား အခွင့်အရေးအပြည့်ပေး၍ သူ၏၀ိညာဉ်ရေးရာကို ကြံ့ခိုင်စေသော…

ကိုးကွယ်ဆည်းကပ်သောစိတ်နှလုံး

အောင်မြင်နေသော ခရစ်ယာန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘုရားကျောင်း၌
သူ့အသက်တာအကြောင်းကို ဝေငှရာ၊ သူ့ယုံကြည်ခြင်း၊ ကြွယ်ဝသော စည်းစိမ်များနှင့်
သူရုန်းကန်ရမှုအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ ‘‘ဥစ္စာဓနတွေဟာ ကျုပ်ကို
ခြောက်လှန့်တယ်’’ ဟု သူ အလေးအနက် ပြောသည်။
‘‘ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရ
တတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ၀င်ခဲ သည်’’
ဟူသည့် သခင်ယေရှု၏စကားကို သူကိုးကားသည် (လု ၁၈
း၂၅)။ သူဌေးကြီးနှင့်လာဇရုအကြောင်းတွင် မရဏာနိုင်ငံသို့
ရောက်သွားသူမှာ သူဌေးကြီး ဖြစ်ကြောင်း (လု ၁၆း၁၉-၃၂)၊
မိုက်မဲသော သူဌေးကြီးအကြောင်းက (လု ၁၂း၁၆-၂၁)
သူ့ကို စိတ်အနှောင့်အယှက် ပေးကြောင်း ပြောပြသည်။
‘‘ဒါပေမဲ့ ‘အလုံးစုံတို့သည် အနတ္တအမှု’ (ဒေ ၂း၁၁)
ဆိုတဲ့ စည်းစိမ်ကြွယ်ဝမှုအပေါ်ထားတဲ့ ရှောလမုန်မင်းရဲ့
ယူဆချက်ကနေ…

သခင်ဘုရားနှင့်အတူ လျှောက်လှမ်းခြင်း

‘‘သခင်နှင့်အတူ ၈၆ နှစ်ကြာ ရင်းနှီးမှုအကြောင်းကို ဝေငှရန် ကြိုးစားအားထုတ်ခြင်း’’
ဟု ခေါင်းစဉ်တပ်ထားသော လက်ကမ်းစာစောင်လေးအား သူငယ်ချင်းတစ်ယောက်ထံမှ
ရရှိခဲ့သည်။ ထိုစာစောင်ထဲတွင် အယ်လ် အက်ကန်ဟီး သည် ရာစုနှစ် (၉) ခု၊
နှစ်ပေါင်း (၉၀) နီးပါးရှိသော သူ၏ယုံကြည်ခြင်းအသက်တာလမ်းခရီးမှ အဓိကကျသည့်
လူပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များကို ရေးသားဖော်ပြထားသည်။ ထိုအချိန်များက
သာမန် ရွေးချယ်လုပ်ခဲ့သည်ဟု ထင်ရသည့် ကျမ်းပိုဒ်အလွတ်
ကျက်မှတ်ခြင်း၊ အခြားသူများနှင့် အတူဆုတောင်းရန်
တွေ့ဆုံခြင်း၊ အိမ်နီးချင်းများကို ယေရှုအကြောင်းပြောပြခြင်း
စသည့်အမှုများက သူ့အသက်တာ၏လားရာကို ပြောင်းလဲ
ပေးခဲ့သော အချိုးအကွေ့များဖြစ်ခဲ့သည်။ ထိုစာစောင်တွင်
အယ်လ် အား လက်တော်နှင့် ဘုရားသခင်မည်သို့ ပို့ဆောင်ပုံ၊
မည်သို့ ခွန်အားပေးပုံများကို ဖတ်ရသည်မှာ အလွန်
စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ဆာလံဆရာက ‘‘ကောင်းသောသူတို့၏ခြေရာတို့ကို
ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်မူ၏’’…

ရပ်တည်ပေးပါ

အနိုင်ကျင့်ခံရသော လူငယ်များအကြောင်းကို ကျွန်တော်ကြားရသည့်အခါ နာကျင်မှု
နှစ်ရပ်ကို ခံစားရသည်ဟု ကျွန်တော် သတိပြုမိသည်။ ပထမနှင့် သိသာထင်ရှားသော
နာကျင်မှုမှာ ရက်စက်ဆိုးသွမ်းသည့် သဘောရှိပြီး သူတစ်ပါးကို အနိုင်ကျင့်တတ်သူများ
ကြောင့် ခံစားရသည့် နာကျင်မှုဖြစ်သည်။ အလွန်ဆိုးပါသည်။
သို့သော် ၎င်းထက် ပိုပြီးနာကျင်စေသော၊ ပိုပြီးထိခိုက်နစ်နာ
စေသောအရာကား အခြားသူများ၏ ရေငုံနှုတ်ပိတ်နေမှု
ဖြစ်သည်။
ထိုကြောင့် အနိုင်ကျင့်ခံရသူအနေဖြင့် ကူညီမည့်
သူတစ်ဦးမှ မရှိသဖြင့် ထိတ်လန့်လျက် နာကျင်ခံစားရသည်။
ထို့ပြင်အနုငိ က်ျငသ့် မျူားအနေဖြင့်အရေးယမူ ည့သ်ူမရှသိ ဖြင့်
ပိုရဲလာပြီး ပိုဆိုးလာအောင် တွန်းပို့သည်။ သို့နှင့် အနိုင်ကျင့်
ခံရသူမှာ မဟုတ်မမှန်ဘဲလျက် ပိုအရှက်တကွဲ အကျိုးနည်း
ဖြစ်လျက် အထီးကျန်ခံစားရသည်။ ထိုကြောင့် တစ်ပါးသူ
အတွက် ရပ်တည်ပေးရန်၊ မကောင်းမသင့်သော…

အံ့ဖွယ်ပစ္စည်း

CNN သတင်းဌာနမှ `အံ့ဖွယ် ပစ္စည်း´ ဟု ခေါ်ဝေါ်ခဲ့သည်။ သရီးဒီ သုံးဖက်မြင်
ရုပ်ကြွခေတ်တွင် ဂရပ်ဖီး ခဲအမှုန် အက်တမ်တစ်လွှာကို နှစ်ဖက်လှ တူးဒီပစ္စည်း
အဖြစ် အမွှမ်းတင်သည်။ ၎င်းသည် စတီးထက် အဆတစ်ရာ ခိုင်မာသည်။ စိန်ထက်
မာကြောသည်။ ကြေးနီ (copper) ထက် အဆ ၁၀၀၀
လျှပ်စစ်စီးကူးနိုင်သည်။ ရော်ဘာထက်လည်း ပျော့ပြောင်းမှု
ရှိသည်။
ထိုသို့ နည်းပညာ တိုးတက်မြင့်မားလာခြင်းသည်
မကောင်းသလို ဆိုးလည်း မဆိုးပါ။ သို့သော် ကိုယ့်အတွက်
ကိုယ်လုပ်ထားသောအရာများသည် အကန့်အသတ်
ရှိကြောင်း ကျွန်ုပ်တို့ အမှတ်ရရန်လိုသည်။
ကိုယ်လက်နှင့်လုပ်သော ဘုရားများကြား လှောင်ပိတ်
မိနေသော ဣသရေလမျိုးဆက်သို့ ပရောဖက် ဟေရှာယက
ဤသို့ မိန့်ကြားသည်။ ဣသရေလလူတို့သည် ၎င်းတို့
ဝတ်ပြုရန်၊ အမအစတောင်းခံရန်၊ သူတို့ကို နှစ်သိမ့်ရန်နှင့်
ကွယ်ကာရန်…

အလဲအလှယ်

ဂျဲန် သည် လေသာဆောင်မှာ ထိုင်ရင်း မိမိကိုယ်ကို ကြောက်မက်ဖွယ်မေးခွန်းတစ်ခု
ပြန်မေးနေမိသည်။ `ငါစာရေးသင့်သလား။´ သူမသည် အင်တာနက်စာမျက်နှာတွင်
စာရေးခြင်း၊ လူပရိတ်သတ်ရှေ့တွင် ဟောပြောခြင်းတို့တွင် ပျော်ရွှင်သော်လည်း
ဒီထက်မက ပို၍လုပ်ဆောင်ရန် ဘုရားသခင်အလိုရှိကြောင်း ခံစားမိသည်။ ‘‘ဘုရားသခင်
ဒီကိစ္စကို တကယ်လုပ်စေချင်တာလား’’ ဟု သူမေးမိသည်။
ဘုရားနှင့် စကားပြော၍ လမ်းပြမှုကို သူတောင်းခံခဲ့သည်။
သူမ၏ခင်ပွန်းသည် ညစ်ညမ်းစာအုပ်နှင့်ရုပ်ရှင်
များကို စွဲလမ်းမှုရှိခဲ့ပြီး သူ့အသက်တာနှင့် အိမ်ထောင်ရေး
တွင် ဘုရားသခင် မည်သို့မည်ပုံ အလုပ်လုပ်ခဲ့ကြောင်း
ရေးသားရန် ဘုရားနှိုးဆော်နေခြင်းလား ဟူ၍ စတင်စဉ်းစား
မိလာသည်။ သို့သော် သူ့အား လူပုံအလယ်တွင် အရှက်ကွဲစေ
မလားဟု ထင်မြင်မိသောကြောင့် သူမ ဆုတောင်းခဲ့သည်။
‘‘ကျွန်မတို့ အတူရေးရင်ရော မဖြစ်နိုင်ဘူးလား’ ဟု အတွေး
ဝင်လာပြီး သူမ၏ခင်ပွန်း ကရေ့ဂ်ျ ကို မေးစမ်းကြည့်ရာ…

အနားမှာ ရှိနေပေးပါ

ကျွန်မသူငယ်ချင်းသည် သူ့ဘ၀နှင့်မိသားစုတွင် ကြမ်းတမ်းသော စိန်ခေါ်မှုများနှင့်
ရင်ဆိုင်ခဲ့ရသည်။ `ဘာလုပ်လို့ ၊ ဘာကိုင်ပေးရမှန်း မသိဘူး´ ဟုသူ့ကို ပြောသောအခါ
ကျွန်မကို ကြည့်ပြီး ‘‘ငါ့အနားမှာပဲ ရှိနေပေးပါ’’ ဟု ပြောခဲ့သည်။ ကျွန်မလည်း
သူပြောသည့်အတိုင်း ရှိနေပေးပြီး နောက်ပိုင်းတွင် ဘုရား၏ ချစ်ခြင်းမေတ္တာအကြောင်းကို
စတင်ပြောဖြစ်ခဲ့ကြသည်။
သူတစ်ပါး ၀မ်းနည်းကြေကွဲသောအခါ အကြိမ်ပေါင်း
များစွာ မည်သို့ တုံ့ပြန်ရမှန်းမသိဖြစ်ရသည်။ ထိုမျှမက ထို
အချိန်၌ ပြောသောစကားများမှာလည်း နှစ်သိမ့်စေခြင်းထက်
နာကျင်မှုကို ဖြစ်စေပြန်သည်။ သူတစ်ပါးကို ကူညီအစေခံ
ရာ၌ သူတို့အပေါ် စာနာနားလည်ပေးမှုနှင့် သူတို့ဘာလိုအပ်
သည်ကိုသိရန် လိုအပ်ပါသည်။ တစ်ခါတစ်ရံ ၎င်းတို့ အမှန်
တကယ် လိုအပ်သောအရာများကို ဖြည့်ဆည်းပေးခြင်းဖြင့်
ကူညီနိုင်ပါသည်။ သို့သော် သူတို့ကို ခွန်အားပေးနိုင်မည့်
အကောင်းဆုံးနည်းလမ်းမှာ နာကျင်ခံစားသူတို့အနီးတွင် ထိုင်ပေးပြီး သူတို့ပြောသမျှကို
နားထောင်ပေးခြင်းဖြစ်သည်။…