သစ္စာရှိစွာ အစေခံခြင်း
ပထမကမ္ဘာစစ်တွင် စစ်မှုထမ်းခဲ့ရသောကြောင့် C.S. Lewis သည် စစ်တပ်၏
ဖိအားများနှင့် မစိမ်းပါ။ ဒုတိယကမ္ဘာစစ်အတွင်းတွင် သူသည် စစ်သားတစ်ယောက်
ရင်ဆိုင်နေရသော ခက်ခဲကြမ်းတမ်းမှုအကြောင်းကို လူထုမိန့်ခွန်းတစ်ရပ် ခြွေခဲ့သည်။
‘‘ကျွန်ုပ်တို့ ကြောက်ရွံ့နေတဲ့ အခက်အခဲ ပြဿ နာပေါင်းစုံဟာ
စစ်မှုထမ်းနေတဲ့ စစ်သားတစ်ယောက်ရဲ့ ဘ၀ထဲမှာ စုပေါင်း
ရှိနေတယ်။ ဖျားနာသလိုမျိုး နာကျင်ခံစားရတယ်။ သေခြင်းက
ခြောက်လှန့်တယ်။ ဆင်းရဲမွဲတေမှုတွေလိုပဲ၊ စားဝတ်နေရေး
ခက်ခဲတယ်။ အအေးဒဏ်၊ အပူဒဏ်၊ ဆာလောင်ငတ်မွတ်မှု
ဒဏ်တွေခံရတယ်။ ကျွန်တွေလိုပဲ ပင်ပန်းရုန်းကန်ရတယ်။
အနှိမ်ခံရတယ်။ မတရားခံရတယ်။ ရက်စက်စွာ အုပ်ချုပ်ခံ
ရတယ်။ နယ်နှင်ဒဏ်ခံရသလိုပဲ ကိုယ်ချစ်ခင်ရသူတွေနဲ့
ကွဲကွာစေတယ်။’’
ခရစ်တော်အတွက် အစေခံခြင်းအမှုတော်တွင်
ယုံကြည်သူများ တွေ့ကြုံရင်ဆိုင်ရနိုင်သော အခက်အခဲလမ်းကြမ်းများကို စစ်သားတစ်ဦး
ရင်ဆိုင်ရသော အခက်အခဲများနှင့် တမန်တော်ရှင်ပေါလုက နှိုင်းယှဉ် ဖော်ပြထားသည်။…
အသက်ရှင်သော ဘုရားအား ချီးမွမ်းခြင်း
၂၀၀၅ ခုနှစ်က အမေရိကန် လူ့အခွင့်အရေး တောင်းဆိုသူ သူရဲကောင်း ရိုစာ ပါက်စ်
ကွယ်လွန်သွားရာ အောပရာ ၀င်းဖရီးက သူမအား ချီးမွမ်းဂုဏ်ပြုရန် အခွင့်အရေး
ရယူခဲ့သည်။ ၁၉၅၅ ခုနှစ်က လူဖြူတစ်ယောက်အား ဘတ်စ်ကားပေါ်တွင် ထိုင်ခုံနေရာ
မဖယ်ပေးခဲ့သည့် အမျိုးသမီးတစ်ယောက်အကြောင်းကို
အောပရာ ဤသို့ပြောပြသည်။ (အသားအရောင် ခွဲခြားမှု
အရှိန်အဟုန် မြင့်မားချိန်) ‘‘ထိုခေတ်ကာလ၏ အခြေအနေ
မျိုးမှာ ဒီလိုမဖယ်ပေးဘဲ ဆက်ထိုင်နေလိုက်တာ ရှင်ဘာဖြစ်
သွားနိုင်လဲဆိုတာ ရှင်သိတယ်။ ဒါပေမဲ့ ကိုယ့်အတွက်
မကြည့်ဘဲ အားလုံးအတွက် လောက ဘ၀ကြီး ပိုပြီးကောင်းမွန်
လာအောင် ရှင်လုပ်ပေးခဲ့တယ်’’။
‘‘ချီးကျူးဂုဏ်ပြုစကား’’ များကို ဈာပနအခမ်းအနား
များတွင် ပြောတတ်သည်။ တစ်စုံတစ်ယောက်အား ချီးကျူး
ချီးမွမ်းသောအခါမျိုးတွင်လည်း ပြောတတ်သည်။ ဧဖက်
ဩ၀ါဒစာ အစပိုင်းတွင် ရှင်ပေါလုက အသက်ရှင်သောဘုရား ကို…
ငါ့သဘောအတိုင်း
သူငယ်လေးနှစ်ဦးသည် တုတ်နှင့် ကြိုးကို သုံး၍ ကစားရသည့် ခက်ခဲရှုပ်ထွေးသော
ကစားနည်းကို ကစားနေကြသည်။ မိနစ်အနည်းငယ်အကြာတွင် အကြီးကောင်က
သူ့သူငယ်ချင်းအား စိတ်ဆိုးမာန်ဆိုးဖြင့် ‘‘မင်းကောင်းကောင်း မဆော့ဘူး၊ ဒါ ငါ့
ကစားနည်းလေ၊ ငါ့သဘောအတိုင်းဆော့၊ ငါ့နည်းအတိုင်း မဆော့နိုင်ရင် မကစားနဲ့’’ ဟု
ပြောလိုက်သည်။ ကိုယ့်နည်း ကိုယ့်သဘောအတိုင်း ကိုယ်လုပ်ချင်သည့် ဆန္ဒက
ငယ်ရွယ်စဉ်ကပင် စတင်ပေါက်ဖွားခဲ့သည်။
ဗိုလ်ချုပ်နေမန်၏ သူ့သဘောအတိုင်းလုပ်သည့်
အကျင့်က အရိုးစွဲနေပြီ။ သူသည် ရှုရိဘုရင်၏ ဗိုလ်ချုပ်
မဟုတ်ပါလား။ သို့သော် သူ၌ ကုမရသော ရောဂါဆိုးကြီး
စွဲနေသည်။ တစ်နေ့တွင် ဣသရေလတိုင်းပြည်မှ ဖမ်းဆီး
ခေါ်ဆောင်ခဲ့သည့် သူ့မိန်းမ၏အစေခံကျွန်မလေးက ရောဂါ
ပျောက်အောင် ဘုရားသခင်၏ ပရောဖက် ဧလိရှိ ထံသွားရန်
အကြံပေး၍၊ နေမန် ပရောဖက်ကြီးထံ ရောက်လာခဲ့သည်။
ယခုတွင် သူက ပရောဖက်ကြီး…
ဆယ်ကျော်သက်လေးတစ်ဦး၏ မျက်ရည်
အလက်စကား ဒေသ၌ ဆင်းရဲနွမ်းပါးသူများအား အာဟာရလှူဒါန်းသည့်နေရာတွင်
ကျွန်တော်၊ ဆယ်ကျော်သက် လူငယ် (၄) ဦးနှင့် အသက် (၂၀) ၀န်းကျင်ရှိ အိမ်ယာမဲ့
လူငယ်တစ်ဦးတို့ အတူတူထိုင်လျက် ထိုလူငယ်က သူ့ယုံကြည်မှု အကြောင်းပြောပြသည်။
ကျွန်တော့်လူငယ်(၄)ဦးက သူ့စကားကို နားထောင်ပြီး ခရစ်တော်ကို ယုံကြည်လက်ခံရန်
နူးညံ့ကြင်နာစွာ ဧ၀ံဂေလိတရားကို ပြောပြခဲ့သည်။ ၀မ်းနည်းစရာမှာ ထိုလူငယ်သည်
ဧ၀ံဂေလိတရားကို အလေးအနက် မစဉ်းစားဘဲ ငြင်းပယ်
ခဲ့သည်။ ဤတွင် ဆယ်ကျော်သက်လေးများ၏ လူငယ်အပေါ်
ထားရှိသည့် အကြင်နာမေတ္တာကို ကျွန်တော်ခံစားခဲ့ရသည်။
ကျွန်တော်တို့ ထိုဒေသမှ ပြန်ထွက်လာချိန်တွင်
လူငယ်များထဲမှ ဂရေ့စ် ဆိုသည့် မိန်းကလေးက
ခရစ်တော်ကို မသိဘဲ ထိုလူ မသေသွားပါစေနှင့်ဟု မျက်ရည်
ကျလျက် ပြောသည်။ ကယ်တင်ရှင်၏မေတ္တာကို ငြင်းပယ်
လိုက်သည့် ထိုလူငယ်လေးအတွက် သူမ ရင်၌ ၀မ်းနည်း…
နာမည်ပေးခြင်း
မိသားစုတော်တော်များများတွင် သူတို့၏ကိုယ်ပိုင်မိသားစု ဇာတ်လမ်းလေးများ ရှိတတ်
ကြသည်။ ကျွန်တော်တို့ မိသားစုတွင် ကျွန်တော့်နာမည်ဖြစ်လာပုံ ဇာတ်လမ်းတစ်ပုဒ်
ရှိသည်။ ကျွန်တော့်မိဘနှစ်ပါး အိမ်ထောင်ကျစခါတွင် သူတို့၏ သားဦးကို မည်သို့နာမည်
ပေးမလဲဟု အငြင်းပွားခဲ့ကြသည်။ အမေက သားကို အဖေ့နာမည်အတိုင်း ပေးစေချင်
သော်လည်း အဖေကတော့ ဖခင်နာမည်တူ ပေးခြင်းကို
စိတ်မ၀င်စားခဲ့ပါ။ အတော်အတန် ဆွေးနွေးပြီး အဖေ့မွေးနေ့
တွင် မွေးမှ၊ သားလေးမွေးဖွားမှသာ အဖေ့နာမည် ပေးခွင့်
ရှိမည်ဟူသော သဘောတူညီချက်ရခဲ့သည်။ အံ့ဩစရာပါ။
အဖေ့မွေးနေ့တွင် ကျွန်တော် မွေးဖွားလာခဲ့သည်။ ထို့ကြောင့်
အဖေ့နာမည်နောက်မှ ‘ဂျူနီယာ’ တစ်လုံးတိုးကာ
ကျွန်တော်ကို နာမည်မှည့်ပေးခဲ့သည်။
ကလေး နာမည်ပေးခြင်းက ရှေးအစဉ်အလာဖြစ်
သည်။ ယောသပ်သည် သူ၏ကြင်ဖော် မာရိ၌ ကိုယ်ဝန်ရှိနေ
ကြောင်း သတင်းကြားရ၍ ဘာလုပ်ရမှန်းမသိ စိတ်ရှုပ်
နေစဉ် ကောင်းကင်တမန်က…
ပြောင်းလဲသောနှလုံးသား
၁၉၇၀ခုနှစ် အစောပိုင်းကာလက ဂါနာနိုင်ငံ၌ နံရံနှင့် လူအများတွေ့နိုင်သည့်နေရာ
များတွင် `လူ့နှလုံးသား´ ဟူသည့် ပိုစတာတစ်ခု ပေါ်ပေါက်ခဲ့သည်။ ပိုစတာတစ်ခုတွင်
ယုတ်မာဆိုးရွားမှုနှင့် စက်ဆုပ်ရွံရှာမှုကို ပုံဆောင်သည့် တွားသွားသတ္တ၀ါမျိုးစုံက
စိတ်နှလုံး၌ ပြည့်နှက်နေပြီး ထိုနှလုံးသားပိုင်ရှင်၏ မပျော်ရွှင်သောမျက်နှာနှင့် တွဲဖက်
ရေးဆွဲထားသည်။ နောက်ပုံတစ်ခုမှာ ရောင့်ရဲကျေနပ်ပျော်ရွှင်
သောမျက်နှာနှင့်ပုံဖြစ်ပြီး နှလုံးသားမှာ သန့်ရှင်းလျက်
တည်ငြိမ်နေသည်။ ရုပ်ပုံများ၏အောက်ခြေ၌ ‘‘သင့်နှလုံးသား
အခြေအနေ မည်သို့ရှိသနည်း’’ ဟု စာတန်းထိုးထားသည်။
မဿဲ ၁၅း၁၈-၁၉ တွင် လူကို ညစ်ညူးစေသည့်
အရာများကို သခင်ယေရှုရှင်းပြ သွန်သင်ခဲ့သည်။ ‘‘ခံတွင်းမှ
ထွက်သောအရာမူကား စိတ်နှလုံးထဲကထွက်လာ၍ လူကို
ညစ်ညူးစေသော အရာဖြစ်၏။ မကောင်းသော ကြံစည်ခြင်း၊
လူ့အသက်ကို သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်
နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သော သက်သေကို
ခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးသားထဲက…
နှုတ်ဆက်စကား မဆိုပါ
ဆရာကြီး ဖရန်စစ် အယ်လန် သည် ကျွန်တော့်ကို သခင်ယေရှုထံ ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး၊ ယခုတွင် သူခရစ်တော်နှင့် မျက်နှာချင်းဆိုင် ဖူးတွေ့ရမည့် သူ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပါပြီ။ ကျွန်တော် သူ့အိမ်၌ ရောက်နေပြီး နှုတ်ဆက်ခွဲခွာရတော့မည့်အချိန်
နီးသည်ထက်နီးလာပါပြီ။ အမှတ်ထင်ထင်ရှိသော ၊ အဓိပ္ပာယ်
ရှိသောစကားကို ကျွန်တော် ပြောချင်ပါသည်။ သူ့ခုတင် အနီး၌
ကျွန်တော် တစ်နာရီနီးပါးခန့် ရပ်နေခဲ့သည်။ ကျွန်တော့်
အကြောင်း များ ကျွန်တော်ပြောပြတော့ ခက်ခက်ခဲခဲရယ်ရှာသည်။ ပြီးနောက် သူမောသွားသည်။ ကျွန်တော့် အသက်တာ၌
ရှိသည့် အဖုအထစ်များကို သူကြိုးစား၍ ဖေးမအကြံပေး
သည်။ ကျွန်တော် နားထောင်ရင်း သူ့ကို မည်သို့ နှုတ်ဆက်
စကားဆိုရမည်ကို စကားလုံးရွေးနေမိသည်။ သို့သော်
သူက ကျွန်တော့်ထက်အရင် စကားစလိုက်သည်။ ‘‘ရဲန်ဒီ၊
ငါမင်းကို အမြဲပြောပြောနေတာတွေကို သတိရပါ။ ဘ၀မှာ
ကြုံရတဲ့အဖြစ်အပျက်တွေကို ကြောက်စရာဘာမှမရှိဘူး၊
ဘယ်လိုအဆုံးသတ်မလဲဆိုတာ ငါတို့သိလို့ပဲလေ။…
ဆုံးရှုံးမှုကို ကျော်လွန်၍ ကြည့်မြင်ခြင်း
စာရေးဆရာ ၀ီလျံ ဇင်စာ သည် ကလေးဘ၀က သူအလွန်ချစ်မြတ်နိုးနှစ်သက်သော
သူကြီးပြင်းနေထိုင်ခဲ့သည့်အိမ်သို့ တစ်ခေါက် သွားရောက်လည်ပတ်ခဲ့သည့်အကြောင်း
ကို ရေးသားသည်။ မင်ဟာဆက် ပင်လယ်ကွေ့နှင့် လောင်း အိုင်းလဲန် စောင်းကို
အပေါ်စီးမှမြင်ရသည့် တောင်စောင်းသို့ သူနှင့်သူ့ဇနီးတို့
ရောက်ရှိသောအခါ ထိုအိမ်ကို ဖြိုဖျက်လိုက်ပြီဖြစ်ကြောင်း
တွေ့လိုက်ရပြီး ကြီးမားသော ကလိုင်ပေါက်ကြီးသာ ကျန်ရှိ
သည်။ စိတ်လက်မကြည်မသာနှင့် အနီးရှိ ပင်လယ်ကမ်းပါးသို့
၎င်းတို့လျှောက်သွားပြီး ဇင်စာ က ပင်လယ်ကွေ့ကို
မျှော်ကြည့်ရင်း မြင်ကွင်းနှင့် အသံဗလံများကို ခံစားသည်။
‘‘ကျွန်တော် စိတ်သက်သာရာရသွားပြီး ၀မ်းနည်းမှု လျော့သွား
တယ်။ ရှုခင်းမြင်ကွင်းထဲက တောတောင်ပင်လယ်ကြီးကို
ကျွန်တော် ကောင်းကောင်းမှတ်မိတယ်။ အခုထိ ကျွန်တော်
စိတ်ကူးယဉ်ဆဲပဲ’’ ဟု ထိုအတွေ့ အကြုံကို ရေးသားခဲ့သည်။
ဆာလံဆရာသည်လည်း နှစ်သိမ့်သက်သာစေမှုကို
မခံယူဘဲ စိတ်ဓာတ်ကျလျက် ဖိစီးမှုခံစားရသည့် ခဲယဉ်းသော…
ကန္တာရအရပ်များ
ခြောက်သွေ့ဖုန်ထူပြီး အန္တရာယ်များသော နေရာမှာ ကန္တာရဖြစ်သည်။ ရေက မရှိ
သလောက်ဖြစ်ပြီး အသက်တစ်ခုရှင်သန်ရန် မလွယ်။ ထို့ကြောင့် ကန္တာရဟုဆိုလျှင်
နေထိုင်၍ မရသောအရပ်ဟု ဆိုလိုသည်။ ထိုအရပ်၌ နေရလျှင် ဘ၀ခက်ခဲသည်။
ထိုအရပ်၌နေရန် ရွေးချယ်မည့်သူမရှိ။ သို့သော် ရံဖန်ရံခါ၌ ရှောင်ကွင်း၍ မရပါ။
ကျမ်းစာ၌ ဘုရားသခင်၏လူများသည် ကန္တာရ၌
ကျင်လည်ရသည့် ဘ၀မျိုးနှင့် ကျွမ်းဝင်အသားကျသည်။
ဣသရေလပြည် အပါအ၀င် အရှေ့အလယ်ပိုင်းဒေသ
အတော်များများသည် ကန္တာရမြေဖြစ်သည်။ ချွင်းချက်
အနေဖြင့် ယော်ဒန်မြစ်ဝှမ်း နှင့် ဂါလိလဲပင်လယ်ဝန်းကျင်အနီး
မြေဧရိယာများမှာမူ စိမ်းလန်းစိုပြည်သည်။ ဘုရားသခင်သည်
‘‘သူ့မိသားစု လူမျိုးတော်’’ကို ပျိုးထောင်ရန် ကန္တာရ၀ိုင်းနေ
သည့်အရပ်ကို ရွေးချယ်ခဲ့သည်။ ထိုနေရာအရပ်တွင်
ဘုရားသခင်သည် သူ၏ကွယ်ကာမှု၊ နေ့စဉ် ကျွေးမွေးပြုစုမှုကို စိတ်ချမျှော်လင့်သည့်
သူ့သားသမီးများအား သူ၏ကောင်းမြတ်ခြင်းကို မြည်းစမ်းသိရအောင် ကိုယ်တော်
လုပ်ဆောင်ပေးမည် (ဟေရှာ…
လေးသောဝန်အတွက် အကူအညီ
စက်ဘီးတစ်စီး သယ်ဆောင်နိုင်သည့် ၀န်က အံ့ဩစရာကောင်းသည်။ လူတစ်ဦးသည်
စက်ဘီးနှင့် အထူးပြုလုပ်ထားသော နောက်တွဲယာဉ်ဖြင့် ပေါင် ၃၀၀ ရှိ ၀န်ကို
တစ်နာရီ ၁၀ မိုင် နှုန်းဆွဲနိုင်သည်။ ပြဿ နာတစ်ခုတော့ရှိသည်။ လေးလံသောဝန်ကို
သယ်ဆောင်ပါက ဖြည်းဖြည်း နှေးနှေးသာ သွားနိုင်သည်။ လူတစ်ဦးသည် ၆၀၀ ပေါင်
ရှိသော လုပ်ငန်းခွင်သုံးပစ္စည်းများ (သို့) သူပိုင်သော ပစ္စည်း
များကို သယ်ဆောင်ပါက တစ်နာရီလျှင် ၈ မိုင် နှုန်းဖြင့်သာ
ရွှေ့လျားနိုင်မည်ဖြစ်သည်။
တော၌ လှည့်လည်စဉ် မရွှေ့လျားနိုင်လောက်
အောင် လေးလံသည့်စိတ်ခံစားမှုကို မောရှေ သယ်ဆောင်ခဲ့
ရသည်။ ဣသရေလလူမျိုးတို့သည် မန္နမုန့်အစား အသားကို
ပြင်းပြစွာ တောင့်တခြင်းကြောင့် ပြဿ နာကို ပိုဆိုးစေသည်။…