ထိုက်တန်သည်
၎ ရာစု အကုန်ခန့်တွင် ရောမသားတို့အား ဖျော်ဖြေသည့်အနေဖြင့် ခရစ်တော်
နောက်တော်လိုက်များအား ခြင်္သေ့စာကျွေးသည့်ပွဲများ မရှိတော့ပါ။ သို့သော် သေတမ်း
ကစားပွဲများ ဆက်ရှိနေခဲ့သည်။ သို့သော် တစ်နေ့တွင် သူသေကိုယ်သေ တိုက်ခိုက်
နေသည့် လူနှစ်ဦးကြားသို့ ပုဂ္ဂိုလ်တစ်ဦး ခုန်ချပြီး ဆီးတား
ခဲ့သည်။
ထိုသူမှာ တယ်လီ မက်ချက်ဆိုသည့် တောထွက်
ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်သည်။ သူက ရောမမြို့သို့
လာရောက်လည်ပတ်ရာ ဤသို့ လူလူချင်းသတ်ပုတ်စေသည့်
သွေးဆာနေသောကစားပွဲကို မခံစားနိုင်ခဲ့ပါ။ ၅
ရာစုနှစ်က အသင်းတော်သမိုင်းပညာရှင်ဘုန်းတော်ကြီး
သီအိုဒိုရက် က တယ်လီ မက်ချက်သည် ဤရက်စက်သောကစားပွဲကို ရပ်တန့်ရန်
တောင်းဆိုခဲ့သော်လည်း လူထုပရိတ်သတ်က သူ့ကို ကျောက်ခဲနှင့် ပစ်သတ်ခဲ့သည်။
ရောမဧကရာဇ် အော်နယ်ရီရပ်စ် က သူ၏ရဲရင့်သောအပြုအမူအကြောင်း သတင်းကို
ကြားပြီး ထိုကစားပွဲကို အဆုံးသတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အချို့ကမေးမည်။ ၎င်းသည်…
ရေပေါ်လမ်းလျှောက်ခြင်း
လှေလှော်ရွက်တိုက်နည်း သင်ယူစဉ်က လှေများထားရှိသည့် သင်ကြားသည့်နေရာသို့
ဘောလောပေါ်နေသည့် လှုပ်လီလှုပ်လဲ့တံတားမှ အတော်လေး သွားရသည်။ ဒါကို
ကျွန်မ မကြိုက်ပါ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် မထိန်းနိုင်သဖြင့်
လှေထဲဆင်းစဉ် လှေနှင့်တံတားကြားပြုတ်ကျမှာ စိုးမိသည်။
ထို့ကြောင့် လက်လျှော့လိုက်ရန်ပင် တွေးမိသည်။ “မျက်လုံးက
ဆရာ့ကိုပဲကြည့်၊ ဆရာရှိနေတယ်။ မင်းချော်သွားရင်
ငါဖမ်းမှာပါ”ဟု သင်တန်းဆရာကပြောသည်။ ဆရာ ပြောသည့်
အတိုင်း နာခံလုပ်ဆောင်ခဲ့၍ ယခုတွင် အခြေခံ လှေလှော်
ရွက်တိုက်သင်တန်းကို ကျွမ်းကျင်စွာ ပြီးမြောက်အောင်မြင်
ကြောင်း သင်တန်းဆင်းလက်မှတ်ကို ဂုဏ်ယူစွာ ပိုင်ဆိုင်ရရှိ
ခဲ့တော့သည်။
စွန့်စားရမည့်အလုပ်ကို သင်ရှောင်ဖယ်နေပါသလား။ မအောင်မြင်မှာ၊ ထိခိုက်
နာကျင်မှာ၊ မိုက်မဲရာကျမှာစိုးပြီး မိမိအသားကျသည့်နေရာမှထွက်ရန် ကျွန်ုပ်တို့ တုံ့ဆိုင်း
တတ်သည်။ သို့သော် ထိုစိုးကြောက်စိတ်၏ချည်နှောင်မှု ခံနေရလျှင် ဘာလုပ်လုပ်
ကြောက်နေတာချည်းနှင့် အဆုံးသတ်ရလိမ့်မည်။
ရှင်ပေတရု ရေပေါ်လမ်းလျှောက်သည့်…
Liam နှင့်ဈေးသွားခြင်း
သားလေး liam က သူ့မေမေအတွက် ဇော်မွှားပန်းများခူးပေးရသည်ကို သဘောကျ
သည်။ အများက ပေါင်းပင်ဟုသာမြင်မည်။ သို့သော် ကလေးတစ်ဦးအတွက်မူ လှပသော
ပန်းလေးပါ။ တစ်နေ့တွင် Liam ကိုခေါ်ပြီး ကျွန်တော်ဈေးသွားရာ ပန်းဆိုင်ရှေ့ အဖြတ်တွင်
အ၀ါရောင် ချူးလစ်ပန်းစည်းကို သူ အားရ၀မ်းသာညွှန်ပြပြီး၊ “မေမေ့အတွက်
ဖေဖေ အဲဒီချူးလစ်ပန်းတွေ ၀ယ်ပေးသင့်တယ်”ဟု ပြောလိုက်သည်။ သူ့အကြံကို
ကျွန်တော်သဘောကျပြီး ရယ်မိသည်။ (ပြောရလျှင် ကျွန်တော်
ထိုပန်းစည်း ၀ယ်ဖြစ်ခဲ့သည်။) သူ့မေမေကလည်း ဖေ့စ်ဘွတ်၌
ထိုပန်းစည်းဓါတ်ပုံကို တင်ခဲ့သည်။
ပေါင်းပင်အားဖြင့် အာဒံ၏အပြစ်ကို သတိရစေသည်။
တားမြစ်ထားသော အသီးကိုစားမိ၍ အာဒံနှင့်ဧ၀နှစ်ဦးမှာ
အပြစ်သို့ သက်ဆင်းမိပြီး ကျိန်ခြင်းအမင်္ဂလာကို ခံစားရသည်။
ပင်ပန်းစွာ အလုပ်လုပ်ရသည်။ သားဖွားခြင်းအမှု၌ ဝေဒနာ
ခံစားရသည်။ နောက်ဆုံး သေခြင်းကို ရင်ဆိုင်ရသည် (က
၃း၁၆-၁၉)…
အကူးအပြောင်းကာလ၏စိန်ခေါ်မှု
ထူးချွန်အားကစားသမား ခရစ် စန်ဒါစ် ခံစားခဲ့ရသည့် ထိခိုက်ဒဏ်ရာကြောင့်
အားကစားသမားဘ၀ကို အဆုံးသတ်ခဲ့ရသည်။ ထိုနောက်ပိုင်းတွင် စစ်ပြန်
ရဲဘော်ဟောင်းတစ်ဖွဲ့ကို အားပေးရာ၌ သူက တိုက်ပွဲတစ်ပွဲကိုမျှ သူမတိုက်ဖူးသော်လည်း
“အကူးအပြောင်းကာလရဲ့ဖိအားကို ကျွန်တော်ကောင်းကောင်း သဘောပေါက်ပါတယ်”
ဟု ပြောခဲ့သည်။
အလုပ်ပြုတ်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ အသည်း
အသန် ဖျားနာခြင်း၊ ငွေကြေးပြဿနာတက်ခြင်း စသည်ဖြင့်
မည်သည့် အပြောင်းအလဲ ကြီးကြီးမားမားမဆို စိန်ခေါ်မှု
ရှိသည်။ အားကစားသမားဟောင်းကြီးက ဘ၀ ရှင်သန်မှုကို
ပြောင်းလဲရှင်သန်ရမည့် အကူးအပြောင်း ကာလ၌ အောင်မြင်
စေသော သော့ချက်မှာ အကူအညီ တောင်းခံခြင်းဖြစ်သည်
ဟု ရဲဘော်များကို အားပေးခဲ့သည်။
အကူးအပြောင်းကာလ၌ ရောက်နေတိုင်း ယောရှုမှတ်စာကို ဖတ်ရန် အကြံပေး
ထောက်ခံကြသည်။ နှစ်ပေါင်း ၄၀ ကျော် တော၌ လှည့်လည်ခဲ့ရပြီးနောက် ဘုရား၏
လူမျိုးတော်သည် ကတိထားတော်မူသောပြည်သို့ဝင်ရန် အသင့်ရှိနေပြီ…
နှစ်လိုဖွယ်ကောင်းသော ဖခင်
လေယာဉ်ပေါ်နှင့် လေဆိပ်ထဲတွင် သွက်လက်တက်ကြွသည့် မူကြိုအရွယ် သား
နှစ်ယောက်ကို ထိန်းရင်းဆွဲရင်းဖြင့် မိဘနှစ်ဦးမှာ မောဟိုက်နေကြောင်း သိသာသည်။
တစ်ဖန် ယခုနောက်ဆုံးစီးရမည့်လေယာဉ်က နောက်ကျသည်။ ခရီးသွားများနှင့်
ပြည့်ကြပ် နေသည့် ထွက်ခွါဂိတ်တွင် ပြေးလွှားဆော့နေသည့်
ချာတိတ်လေး နှစ်ဦးကိုကြည့်ပြီး ဂရန်း ရက်ပစ်သို့
နောက်ထပ် နာရီဝက်စီးရမည့်ခရီးတွင် ကလေးငြိမ်အောင်
မိဘများ မည်သို့ ထိန်းမည်နည်းဟု ကျွန်တော်တွေးမိသည်။
လေယာဉ်ပေါ် ရောက်သော် အဖေနှင့်သားတစ်ယောက်က
ကျွန်တော့်အနောက်ခုံ၌ နေရာကျသည်။ ခဏအကြာတွင်
“သားကို ပုံပြင်စာအုပ်ဖတ်ပြမလို့”ဟု ပြောလိုက်သံကို
ကြားရသည်။ သို့နှင့် ခရီးတစ်လျှောက်လုံး နှစ်လိုဖွယ်
ကောင်းသည့်ဖခင်က စိတ်ရှည်နူးညံ့စွာဖြင့် ပုံပြင်ဖတ်ပြကာ
သား၏အာရုံကို စုစည်းလျက် ငြိမ်သက်စေတော့သည်။
ဒါဝိဒ်ကလည်း သူရေးသားသည့် ဆာလံသီချင်းတစ်ခုတွင် “အဘသည်
သားတိုကို သနားစုံမက်သည့်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို
သနားစုံမက်တော်မူ၏”(၁၀၃း၁၃)ဟု ကြွေးကြော်ခဲ့သည်။ Pities ဟူသော…
ပျောက်သော သိုးလေးတစ်ကောင်
ခရစ်စမတ်နိပါတ်တော်ပြဇာတ်အတွက် အစမ်းလေ့ကျင့်ရန် ဆိတ်နှင့်သိုးကိုငှားပြီး ဘုရားကျောင်းသို့ ယူဆောင်သွားရန် လော်ရာက ကားနောက်တွဲပေါ်သို့ တင်နေပါသည်။ တိရိစ္ဆာန်နှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် တိုးခွေ့ပြီးမှ နေရာကျသွားသည်။ ဘုရားကျောင်းသို့အသွား လမ်းတွင် သူ ကားဓာတ်ငွေ့ ၀င်ဖြည့်သည်။
ဓာတ်ငွေ့ဖြည့်စဉ် သူမက ကားရပ်နားသည့်နေရာ၌ ဆိတ်တစ်ကောင်ကို သတိထားမိ၍ ကြည့်လိုက်ရာ ကား နောက်တွဲ၌ သိုးလည်း မရှိတော့ပါ။ ၄င်းတို့ကို နေရာချရန်
အလုပ်ရှုပ်နေသည့် အချိန်အတောအတွင်းမှာ တံခါးမင်းတုံး ချလိုက်ရန် လော်ရာ မေ့သွားသည်။
လော်ရာက ရဲနှင့် မိတ်ဆွေအချို့ကိုအကြောင်းကြား လိုက်ပြီး နေမ၀င်မီ အချိန်လေးအတွင်း ဆိုင်ခန်းရုံးခန်း ကြိုကြား၊ ပြောင်းခင်းများနှင့် တောအုပ်လေးကြား အပူတပြင်း ရှာဖွေကြသည်။ ငှားလာသောတိရိစ္ဆာန်များကို ပြန်တွေ့ရန် အများက ၀ိုင်းဆုတောင်းပေးကြသည်။
နောက်နေ့မနက် လော်ရာနှင့် သူငယ်ချင်းတစ်ယောက်က သိုးပျောက် ကြော်ငြာစာရွက် ကပ်ရန် ထွက်လာပြီး၊ ပထမဆုံး ဓာတ်ငွေ့ဖြည့်ခဲ့သည့်ဆိုင်သို့…
ပန်းပွားများကို ကြည့်ပါ
အရောင်းရဆုံးစာရေးဆရာ ချိမ်း ပိုတော့ ၏ “ရွေးချယ်ခံရသူများ’’ The Chosen
ဆိုသည့်ဝတ္ထုတွင် ဂျူး ဘေ့စ်ဘော အသင်း ၂ သင်း နယူးယော့တွင် ယှဉ်ပြိုင်ကစား
ကြပုံဖြင့် အစပြုရေးသားခဲ့ပါသည်။ အဓိကဇာတ်ကောင် ရူးဗင် မော်လတာ က
တစ်ဖက်အသင်း၏၀တ်စုံတွင် တစ်မူထူးခြားသည့် အဆင်တန်ဆာတစ်ခုကို သတိပြု
မိသည်။ ၄င်းမှာ ကစားသမားတိုင်း၏အင်္ကျင်္ီတွင် တွဲလောင်း
ကျနေသည့် ပန်းပွားတပ် ကြိုးရှည် ၄ ချောင်းပင် ဖြစ်သည်။
ရူးဗင်က ၄င်းပန်းပွားများသည် ဘုရား၏ဓမ္မဟောင်း
ပညတ်တရားများကို တိကျစွာနာခံခြင်းဟူသည့် လက္ခဏာ
တစ်ရပ်ဖြစ်ကြောင်းကို မှတ်မိနေသည်။
tzitzit ဟု အမည်တွင်သော ဤပန်းပွားများ၏
ရာဇ၀င်သည် ဘုရားသခင်ထံမှလာသော သတင်းစကားနှင့်
အစပြုသည်။ ထာဝရဘုရားက မောရှေအားဖြင့် “သူတို့အမျိုးအစဉ်အဆက်တို့သည်
အ၀တ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်၍ ပြာသောကြိုးနှင့် ချည်တွဲကြရမည်။
ထိုပန်းပွားတို့ကို…
ကျရှုံးခြင်းသည် သေလောက်သော ဆုံးရှုံးမှု မဟုတ်
ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗြိတိသျှလူမျိုးများ၏စိတ်ဓာတ်ကို မည်သို့မြှင့်တင်ရမည်ကို
ဝန်ကြီးချုပ် ၀င်စတန် ချာချီက ကောင်းစွာ သိသည်။ ၁၉၄၀ ဇွန် ၁၈ ရက်နေ့တွင်
ကြောက်ရွံ့တုန်လှုပ်နေသော လူထုကြီးအား ၀န်ကြီးချုပ်က “ဟစ်တလာ က ငါတို့ကို
ရိုက်ချိုးဖြိုခွင်းပစ်မှ ဖြစ်မယ်ဆိုတာ သိနေတယ်။ နို့မဟုတ်
ရင်တော့ သူစစ်ရှုံးမှာလေ။ ဒါကြောင့် ငါတို့ အားတင်းကြစို့ ။
တကယ်လို့ နောင်နှစ်ပေါင်း ၁၀၀၀ ထိ ဗြိတိသျှ အင်ပါယာကြီး
ဆက်လက်တည်တံ့နေဦးမယ်ဆိုရင် လူတွေက ‘‘အဲဒီအချိန်
ဟာ သူတို့ရဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်’’လို့ ပြောကြဦး
မှာပဲ ဆိုတာ မှတ်ထားကြစို့” ဟုပြောခဲ့သည်။
ကျွန်ုပ်တို့၏ “အကောင်းဆုံးအချိန်” ဖြင့်သာ ကျွန်ုပ်တို့ကို
သတိရစေချင်ကြပါသည်။ တမန်တော် ရှင်ပေတရု၏
အကောင်းဆုံးအချိန်မှာ “ကိုယ်တော်သည် ခရစ်တော်တည်း
ဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏…
ပညာရှိသော စကားများ
လူ၏ခန္ဓာကိုယ်တွင် မည်သည့် ကြွက်သားသည် အသန်မာဆုံး ဖြစ်သနည်း။ အချို့က
လျှာဟု ပြောကြသည်။ သို့သော် မည်သည့်ကြွက်သား အသန်စွမ်းဆုံးဖြစ်သည်ကို
ဆုံးဖြတ်ရန် မလွယ်ကူပါ။ အဘယ့်ကြောင့်ဆိုသော် ကြွက်သားများသည် တစ်ခုတည်း
အလုပ်မလုပ်ကြပါ။
သို့သော် လျှာသည် သန်မာကြောင်းကိုဖြင့် ကျွန်ုပ်တို့
သိကြသည်။ သေးငယ်သော ကြွက်သားလေး ဖြစ်လင့်
ကစား လျှာသည် များစွာသော ပျက်စီးခြင်းကို ဖြစ်စေနိုင်
သည်။ ဤကိုယ်ခန္ဓာ အစိတ်အပိုင်းလေးသည် ကျွန်ုပ်တို့အား
အစာစားသောက်ရန်၊ မြိုချရန်၊ အရသာခံရန်နှင့် အစာခြေမှု
အစပြုရန် ကူညီသကဲ့သို့ ကျွန်ုပ်တို့မပြောသင့် မပြောအပ်
သောစကားများ ပြောအောင်လည်း ပံ့ပိုးသည်။ မြှောက်ပင့်ခြင်း၊ ကျိန်ဆဲခြင်း၊
လိမ်ညာခြင်း၊ ၀ါကြွားခြင်းနှင့် အခြားသူများကို ပျက်စီးစေခြင်းတို့အတွက် လျှာသည်
အပြစ်ရှိပါသည်။ ၎င်းသည် အကင်းသာ ရှိသေး၏။
ထို့ကြောင့် အတော်အန္တရာယ်ရှိသည့် ကြွက်သားဟု ထင်ရသည်မဟုတ်လား။…
ကျွန်ုပ်တို့၏ မှီတွယ်ရာ ကျောက်ဆူး
အက်စတဲလာ ပိုင်ဖရွန်သည် ဆရာအဖြစ် စာသင်ကြားခြင်းမှ အနားယူပြီးနောက်
ဘတ်စ်ကား တစ်စင်းကိုဝယ်၊ ကွန်ပြူတာများ စာရေးစားပွဲခုံများ တပ်ဆင်ပြီး Brilliant
Bus - `ထက်မြက်သော ဘတ်စ်ကား´ဟုအမည်ပေးလိုက်သည်။ ယခုတွင် သူသည်
ဖလောရီဒါပြည်နယ် Palm Beach Country နယ်မြေ
တစ်လျှောက်တွင် မောင်းနှင်ရင်း ဒုက္ခရောက်နိုင်ချေရှိသော
ကလေးများအတွက် အိမ်စာလုပ်ရန်နှင့် နည်းပညာများ
လေ့လာရန် နေရာလေးတစ်ခု ပံ့ပိုးပေးသည်။
အက်စတဲလာသည် သာ၍ကောင်းမွန်သော အနာဂတ်
စိတ်ကူးအိမ်မက်ကလေးများကို စွန့်ပစ်လိုက်ရန် သွေးဆောင်
ခံနေရသည့် ကလေးငယ်များအတွက် တည်ငြိမ်ခြင်းနှင့်
မျှော်လင့်ခြင်းများကို ပံ့ပိုးကူညီနေခြင်းပင်ဖြစ်သည်။
ပထမရာစုနှစ်က ယုံကြည်သူခရစ်ယာန်
အသိုင်းအ၀ိုင်းတွင် ကြီးမားသော နာကျင်ခံစားစရာများ၊
စိတ်ပျက်အား လျော့စရာများက ခြိမ်းခြောက်လျှက်ရှိသည်။ ထို့ကြောင့် ဟေဗြဲသြ၀ါဒစာ
ကို ရေးသားသူက ခရစ်တော်၏နောက်လိုက်များအား မိမိတို့၏ အနာဂတ် မျှော်လင့်ခြင်း
နှင့်ဆိုင်သည့် ယုံကြည်ချက်ကို…