ဝိညာဥ်ရေးရာကြံ့ခိုင်ခြင်း
Tre (ထြီ) သည် အားကစားရုံသို့ ပုံမှန်လာသူဖြစ်သလို လာကြောင်းကိုလည်း ကြည့်လိုက်တာနှင့် သိနိုင်သည်။ သူ့ပုခုံးများသည် ကျယ်ပြီး၊ သူ၏ကြွက်သားများကလည်း အချက်ပြနေသည်။ သူ့လက်မောင်းများက ကျွန်တော့်ပေါင်နီးပါးရှိသည်။ သူ၏ ရုပ်ပိုင်းအနေအထားက သူ၏ဝိညာဉ်ရေးနှင့်ပတ်သက်ပြီး စကားပြောရန် ကျွန်တော့်ကို နှိုးဆော်ခဲ့သည်။ ကိုယ်ကာယကြံ့ခိုင်မှုအတွက် တစိုက်မတ်မတ်ပြုခြင်းက တစ်နည်းနည်းဖြင့် ဘုရားသခင်နှင့်ဆက်ဆံရေးကို ထင်ဟပ်စေသလားဟု သူ့ကိုမေးရာ၊ ကျွန်တော်တို့ နက်နက်နဲနဲ မဆွေးနွေးခဲ့သော်လည်း ထြီ က “သူ့ဘဝ၌ ဘုရား သခင်” ကို အမှန်ပင် အသိအမှတ်ပြုခဲ့သည်။ ပေါင်လေးရာနှင့် ပုံပျက်ပြီး၊ မကျန်းမာသည့် သူ့ဓာတ်ပုံကို ပြခဲ့သည်အထိ အချိန်အတန်ကြာ စကားပြောဖြစ်ခဲ့သည်။ သူ၏ နေထိုင်မှုပုံစံ အပြောင်းအလဲသည် သူ့ခန္ဓာကိုယ်ကို အံ့ဩဖွယ်ဖြစ်စေခဲ့သည်။
တိမောသေဩဝါဒစာပထမစောင် ၄:၆-၁၀ တွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေး လေ့ကျင့်မှုအကြောင်းကို အဓိကပြောထားပါသည်။ “ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ် ဆုံးမလော့။…
အကူအညီပေးခြင်း
တင်မ်၏အိမ်သို့ မှာယူထားသော အစားအသောက်ပို့ရန် တာဝန်ဖြင့် ဟယ်သာ ရောက်သွားသောအခါ၊ အစားအသောက်အိတ်ကို စည်းထားသည့် ကြိုးထုံးကို ဖြည်ပေးရန် တင်မ်က အကူအညီတောင်းခဲ့သည်။ တင်မ်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီး ကြိုးထုံးများကို သူ့ဘာသာသူ မဖြည်နိုင်တော့ပါ။ ဟယ်သာက ဝမ်းမြောက်စွာဖြင့်ပင် လုပ်ပေးခဲ့သည်။ ကျန်တစ်နေ့တာလုံး၌ ဟယ်သာ၏အတွေးများက တင်မ်ဆီသို့ မကြာခဏ ရောက်သွားပြီး တင်မ်အတွက် ဂရုပြုလက်ဆောင်ထုပ်တစ်ခုကို ပြင်ဆင်ပေးရန် နှိုးဆော်ခံခဲ့ရသည်။ ထိုနောက် တင်မ် သည် သူ့အိမ်တံခါးဝတွင် ဟယ်သာထားခဲ့သော ကိုကိုးပူပူတစ်ခွက်၊ အနီရောင်စောင်တစ်ထည်နှင့်အတူ ခွန်အားပေးသည့်စာတိုလေးကို တွေ့လိုက်သောအခါ စိတ်၌ ခံစားရလျက် မျက်ရည်ကျခဲ့သည်။
ဟယ်သာ၏လုပ်ရပ်က သူမ မူလမျှော်မှန်းထားသည်ထက် ပို၍ထူးခြားခဲ့ပါသည်။ ဣသရေလလူမျိုးတို့ “ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်း” နေသည့်အချိန်တွင် (၁ ရာ ၁၇ :၂) ယေရှဲသည် သူ၏သားငယ်ဒါဝိဒ်အား အစ်ကိုများအတွက် အစားအသောက်…
အသက်ရှင်ခြင်းကို ရွေးချယ်ခြင်း
နေသန်သည် ခရစ်တော်ကို ယုံကြည်သောမိသားစုတွင် ကြီးပြင်းလာခဲ့သော်လည်း ကောလိပ်ကျောင်းသားဘဝတွင် ငယ်ဘဝယုံကြည်ခြင်းမှ စတင်သွေဖည်သွားပြီးအရက်သောက်လာသည်၊ ပါတီပွဲတက်လာသည်။ “ကျွန်တော်နဲ့ မထိုက်တန်ပေမဲ့လည်း ဘုရားသခင်က ကျွန်တော့်ကို သူ့ဆီ ပြန်ခေါ်ခဲ့တယ်” ဟု သူက ဆိုသည်။ နောက်ဆုံးတွင် နေသန်သည် နွေရာသီတစ်နွေလုံး အမေရိကန်နိုင်ငံ မြို့ပြလမ်းမများပေါ်မှ သူစိမ်းများကို ယေရှုခရစ်တော်အကြောင်းအား မျှဝေနေခဲ့ပြီး ယခုအခါ သူ၏ အသင်းတော် လူငယ်သာသနာလုပ်ငန်းတွင် ပါဝင်နေခဲ့သည်။ နေသန်၏ပန်းတိုင်မှာ လူငယ်များ ခရစ်တော်အတွက် အသက်မရှင်ဘဲ အချိန်ဖြုန်းနေခြင်းကို ရှောင်ရှားနိုင်အောင် ကူညီပေးရန်ဖြစ်သည်။
နေသန်ကဲ့သို့၊ ဣသရေလခေါင်းဆောင် မောရှေသည် နောင်လာနောက်သား များအတွက် စိတ်စေတနာရှိခဲ့သည်။ မကြာမီ ခေါင်းဆောင်မှုကို သူလွှဲပြောင်းပေးရတော့မည်ကို သိသဖြင့် သူသည် လူတို့အား ဘုရားရှင်၏ ကောင်းမြတ်သောပညတ်များကို ပေးအပ်ပြီးနောက် နာခံမှုအတွက် ကောင်းချီးနှင့်အသက်၊ မနာခံမှုအတွက် ကျိန်ခြင်းနှင့်သေခြင်း စသည်ဖြင့် နာခံခြင်း (သို့) မနာခံခြင်း၏ရလဒ်များကို…
ဆုတောင်းခြင်း၌ ဇွဲရှိခြင်း
မုန့်ဖုတ်အကူတစ်ဦးဖြစ်သော Mila (မီလာ) ကို သူ၏ကြီးကြပ်ရေးမှူးက စပျစ်သီး ပေါင်မုန့်ခိုးယူသည်ဟု စွပ်စွဲသဖြင့် မိမိကိုယ်ကို မကာကွယ်နိုင်ဘဲ အားကိုးရာမဲ့စွာ အလွန်ခံစားခဲ့ရသည်။ အခြေအမြစ်မရှိသောစွပ်စွဲမှု၊ ၎င်းနှင့်ပတ်သက်၍ လစာဖြတ်ခြင်းမှာ ထိုကြီးကြပ်ရေးမှူး၏ မတရားလုပ်ရပ်များစွာထဲမှ နှစ်ခုဖြစ်သည်။ “ဘုရားသခင်၊ ကူညီတော်မူပါ။ သူ့လက်အောက်မှာ အလုပ်လုပ်ရတာ အရမ်းပင်ပန်းပေမယ့် ဒီအလုပ်ကို ကျွန်မလိုအပ်တယ်”ဟု မီလာ နေ့စဥ်ဆုတောင်းသည်။
သူ့“ရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်” နိုင်အောင် ကြိုးစားနေသော ခိုကိုးရာမဲ့ မုဆိုးမတစ်ဦးအကြောင်းကို သခင်ယေရှု ပြောပြခဲ့သည် (လု ၁၈:၃)။ သူမ၏အမှုကို ဖြေရှင်းရန် အခွင့်အာဏာရှိသူ တရားသူကြီးတစ်ဦးထံ သွားရောက်ခဲ့သည်။ တရားသူကြီးမှာ တရားမျှတမှု မရှိသူ ဖြစ်ကြောင်း သူသိသော်လည်း သူ့ကို ချဉ်းကပ်ရာ၌ လက်မလျော့ခဲ့ပေ။
အဆုံး၌ တရားသူကြီး၏တုံ့ပြန်ချက်မှာ (:၄-၅) မေတ္တာနှင့် ဖေးမကာလျင်မြန်စွာ တုံ့ပြန်ပေးသော ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘ၏…
နှိုင်းဆမရနိုင်သော အကြင်နာတရား
လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်တွင် ကွန်ပြူတာဝယ်ရန် သူငယ်ချင်းနှစ်ဦး သွားကြစဥ် နာမည်ကြီး ဘတ်စကက်ဘောကစားသမား Shaquille O'Neal (ရှခီးအိုနီးလ်) နှင့် တွေ့ဆုံခဲ့ကြသည်။ အိုနီးလ် သည် မကြာသေးမီက သူ၏ညီမနှင့် အသင်းဖော်ဟောင်းတစ်ဦးကို ဆုံးရှုံးခဲ့ရသည်ကို သိထားသဖြင့် သူငယ်ချင်းနှစ်ဦးက စာနာစိတ်ဖြင့် ဝမ်းနည်းမှုကိုပြကာ သူ့ကိုနှစ်သိမ့်စကားပြောခဲ့သည်။ သူတို့ဈေးဝယ်ရန်ပြန်သွားသည့်အခါ အိုနီးလ် က သူတို့အား အကောင်းဆုံး ကွန်ပြူတာကို ရွေးချယ်ခိုင်းပြီး သူတို့အတွက် ဝယ်ပေးခဲ့သည်။ ခက်ခဲသည့်ကာလကို ဖြတ်သန်းနေရသည့်လူတစ်ဦးအဖြစ် သူ့ကိုမြင်ပေးပြီး သူတို့၏ အကြင်နာပြမှုက သူ၏စိတ်ကိုထိတွေ့လှုပ်ရှားစေသည့် အတွက် အိုနီးလ် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံခြင်းမတိုင်မီ နှစ်ပေါင်းထောင်ကျော်ကတည်းက ရှောလမုန်မင်းက “သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူးပြုတတ်၏” (သု ၁၁:၁၇) ဟု ရေးသားခဲ့သည်။ ကျွန်ုပ်တို့သည် အခြားသူများ၏လိုအပ်ချက်များကို စဉ်းစားပေးပြီး သူတို့ကို ကူညီအားပေးရန် မိမိတတ်နိုင်သမျှ လုပ်ဆောင်သောအခါ၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဆုချကျေးဇူးပြုခြင်းဖြစ်သည်။…
တစ်ဆုပ်ဆန်
အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မီဇိုရမ် (Mizoram) ပြည်နယ်သည် ဆင်းရဲတွင်းမှ တဖြည်းဖြည်းတိုးတက်လာသည်။ ဝင်ငွေမရှိသော်လည်း၊ ဤဒေသသို့ ဧဝံဂေလိ စတင်ရောက်ရှိကတည်းက ရှင်ယေရှုကို ယုံကြည်သူများသည် “တစ်ဆုပ်ဆန်” ဟုခေါ်သော ဒေသဓလေ့ကို ကျင့်သုံးခဲ့ကြသည်။ နေ့စဥ် အစားအသောက်ပြင်ဆင်သူ များက ဆန်လက်တစ်ဆုပ်စာကို ဖယ်ထားပြီး ဘုရားကျောင်းကို ပေးကြသည်။ ကမ္ဘာ့ စံနှုန်းအရ ဆင်းရဲပါသည်ဆိုသော မီဇိုရမ် အသင်းတော်များသည် သာသနာအတွက် သန်းနှင့်ချီ၍ ပေးလှူကြပြီး၊ ကမ္ဘာတစ်ဝန်းသို့ သာသနာပြုများ စေလွှတ်ခဲ့သည်။ သူတို့၏ဇာတိပြည်နယ်မှ လူများစွာတို့မှာ ခရစ်တော်ကို ယုံကြည်လာကြသည်။
ကောရိန္သုဩဝါဒစာဒုတိယစောင် ၈ တွင် ရှင်ပေါလုက အလားတူ စိန်ခေါ်မှု ရှိသော အသင်းတော်တစ်ပါးအကြောင်း ဖော်ပြခဲ့သည်။ မာကေဒေါနိရှိ ယုံကြည်သူ များသည် ဆင်းရဲသော်လည်း သူတို့၏ရွှင်လန်းစွာနှင့် အလျှံပယ်ပေးကမ်းခြင်းကို မတားဆီးနိုင်ပါ (:၁-၂)။ သူတို့၏ပေးကမ်းခြင်းကို အခွင့်ထူးတစ်ခုအဖြစ် မြင်ကြပြီး၊ ပေါလု၏သာသနာမိတ်ဖက်အဖြစ် “မိမိတို့တတ်စွမ်းသမျှထက်ပို၍”…
ရန်သူကို ချစ်ခြင်း
ဒုတိယကမ္ဘာစစ်အတွင်းတွင်၊ အမေရိကန်ရေတပ် ဆေးတပ်သား Lynne Weston (လင်းဝက်စ်တန်) သည် ရန်သူများထိန်းချုပ်ထားသောကျွန်းများကို ဝင်ရောက် စီးနင်းစဉ် မရိန်းတပ်သားများနှင့်အတူ ကမ်းပေါ်တက်ခဲ့သည်။ မလွှဲမရှောင်သာ ဆိုးရွားစွာ အသေအပျောက်များ ရှိခဲ့ပြီး၊ ဒဏ်ရာရစစ်သည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် သူအစွမ်းကုန် ကြိုးစားခဲ့ရသည်။ တစ်ကြိမ်တွင် သူ၏တပ်သည် ဝမ်းဗိုက်၌ ဆိုးရွာစွာဒဏ်ရာရထားသော ရန်သူစစ်သားတစ်ဦးနှင့် ကြုံခဲ့ရသည်။ ဒဏ်ရာကြောင့် ထိုသူကို ရေတိုက်၍ မရပါ။ သူအသက်ရှင်စေရန် အငယ်တန်း အရာရှိ ဝက်စ်တန်က သွေးရည်ကြည်အကြောဆေး ထိုးပေးခဲ့သည်။
“ငါတို့ တပ်သားတွေအတွက် အဲဒီဆေးကို သိမ်းထားဦး”ဟု မရိန်းတပ်သားတစ်ဦးက အော်ဟစ်ခဲ့သည်။ အရာရှိငယ် ဝက်စ်တန် က သူ့ကို လျစ်လျူရှုခဲ့သည်။ “ရန်သူတို့ကို ချစ်ကြလော့” (မ ၅:၄၄)ဟု မိန့်ကြားသည့် သခင်ယေရှုသာဆိုလျှင် ဘာပြုမည်ကို သူသိနေသည်။
သခင်ယေရှုသည် ထိုစကားများကို အပြောထက် ပို၍…
ဘုရားသခင် သင့်ကို သိမြင်တော်မူ၏
ဘုရားကျောင်း ခုံတန်းရှည်ပေါ်တက်ပြီး လက်ဝှေ့ယမ်းပြနေသော သူ့သားငယ်ကို “အောက်ဆင်းခဲ့” ဟု ကျွန်မ၏သူငယ်ချင်းက အသံခပ်မာမာဖြင့် ပြောလိုက်သည်။ “သင်းအုပ်ဆရာကြီး သားကို မြင်စေချင်တယ်။ သား မတ်တပ်မရပ်ရင် သူ သားကို မြင်မှာမဟုတ်ဘူး” ဟု သားဖြစ်သူက သဘောရိုးဖြင့် ပြန်ပြောသည်။
ဘုရားကျောင်း ခုံတန်းရှည်ပေါ်တွင် မတ်တပ်ထရပ်ရန် မည်သည့်အသင်းတော်ကမျှ အားပေးမည် မဟုတ်သော်လည်း ကျွန်မသူငယ်ချင်း၏သား၌ အချက်ကျကျအတွေးလေးရှိနေသည်။ ထိုင်ခုံပေါ်တွင် ရပ်ပြီးလက်ဝှေ့ယမ်းပြခြင်းသည် သင်းအုပ်ဆရာ၏အာရုံကိုဖမ်းစားရန် တစ်ခုတည်းသောနည်းလမ်းပင်ဖြစ်သည်။
ဘုရားသခင်၏အာရုံစိုက်မှုရရန် ကျွန်ုပ်တို့ကြိုးစားသည့်အခါ ကျွန်ုပ်တို့ကို ကိုယ်တော်မမြင်မှာကို ပူစရာမလိုပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို အချိန်တိုင်း မြင်ပါသည်။ သူသည် ဟာဂရ၏ အနိမ့်ကျဆုံး၊ အထီးကျန်ဆုံးနှင့် စိတ်အရှုပ်ထွေးဆုံးအချိန်တွင် ကိုယ်တော်တိုင်ပင် ကိုယ်ထင်ရှားပြသောဘုရားဖြစ်သည်။ သူမကို အာဗြံ၏ဇနီးစာရဲက သားမွေးဖွားပေးရန် အာဗြံ၏လက်ထဲ ထိုးကျွေးပြီး နယ်ရုပ်အဖြစ် အသုံးပြုခဲ့သည် (က ၁၆:၃)။ သူမ ကိုယ်ဝန်ရှိလာသောအခါ၊…
ချစ်ခြင်းမေတ္တာဖြင့် အစေခံခြင်း
အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်၌ Krystal (ခရစ္စတဲလ်) စတင်အလုပ်လုပ်စဉ်က Ibby (အဲဘီ) အမည်ရှိ စားသုံးသူအား ဧည့်ခံရသည်။ အဲဘီ သည် အကြားအာရုံချွတ်ယွင်းသူဖြစ်၍ သူ၏ဖုန်းတွင် စာရိုက်ပြီး အစားအစာများကို မှာယူရသည်။ အဲဘီ သည် ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ကြောင်း ခရစ္စတဲလ် သိရသော် အဲဘီ စာရေးချစရာမလိုဘဲ အစားအစာမှာယူနိုင်ရန် သူမက လက်ဟန်အနေအထားဖြင့် ဆက်သွယ်မှုစနစ်ကို သင်ယူပြီး ဝန်ဆောင်မှုပေးရန် ဆုံးဖြတ်ခဲ့၏။
အဲဘီ အား ခရစ္စတဲလ် ပြသခဲ့သည့် ကြင်နာမှုနှင့် အစေခံမှုမျိုးဖြင့် တစ်ဦးကိုတစ်ဦး လုပ်ဆောင်ပေးရန် ကျွန်ုပ်တို့အားလုံးကို ရှင်ပေတရု တိုက်တွန်းထားသည်။ ပျံ့နှံ့ကွဲပြားလျက် တိုင်းတစ်ပါးသို့ ရောက်ရှိနေသော ရှင်ယေရှုကို ယုံကြည်သူများထံ ရေးပို့သောစာတွင် “အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။ ... ဆုကျေးဇူးတော်ကို အသီးသီး ခံရကြသည်နှင့်အညီ ... အချင်းချင်း ဝေငှပေးကမ်းကြလော့” (၁…
ဘုရားသခင်၏အချိန်အခါ
Mag (မက်ဂ်) သည် နိုင်ငံခြားသွားရန် စီစဉ်ထားသည့်ခရီးစဉ်ကို မျှော်လင့်စောင့်စားနေသော်လည်း သူလုပ်ရိုးလုပ်စဉ်အတိုင်း ခရီးစဉ်အတွက် ဦးစွာဘုရားသခင်ထံအပ်နှံဆုတောင်းခဲ့သည်။ “အားလပ်ရက် ခရီးထွက်တာပဲ၊ ဘာဖြစ်လို့ ဘုရားသခင် ဆီက အကြံဉာဏ်ကို တောင်းခံရတာလဲ”ဟု သူ့သူငယ်ချင်းများက မှတ်ချက်ပြု သည်။ သို့သော် မက်က ဘုရားသခင်ထံ အရာရာတိုင်းကို အပ်နှံရမည်ဟု ယုံကြည်ထားသည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်က သူ၏ခရီးစဉ်ကို ဖျက်လိုက်ရန် တိုက်တွန်းနေသည်ဟု သူခံစားမိသည်။ သို့နှင့် သူ၏ခရီးစဉ်ကို ဖျက်လိုက်သည်။ နောက်ပိုင်းတွင် ထိုနိုင်ငံသို့ သူရောက်နေမည့်အချိန်၌ နိုင်ငံအတွင်း ကပ်ရောဂါကြီးဖြစ်ပွားခဲ့သည်။ “ဘုရားသခင် ကျွန်မကို ကွယ်ကာပေးတာပဲလို့ ကျွန်မခံစားရတယ်” ဟု သူမှတ်ချက်ချသည်။
ရေပြန်ကျပြီးနောက် နောဧနှင့်သူ၏မိသားစုသည် နှစ်လနီးပါး သင်္ဘောထဲတွင်စောင့်ဆိုင်းရင်း နောဧလည်း ဘုရားရှင်၏ကွယ်ကာမှုအပေါ် မှီခိုအားထားခဲ့သည်။ (၂) လကျော်ခန့် ကျဉ်းကျဉ်းကျပ်ကျပ်နေခဲ့ပြီးနောက် သင်္ဘော၏အပြင်ဘက်သို့ထွက်ရန် သူစိတ်ထက်သန်နေသည်။ ထို့နောက် မြေကြီးပေါ်တွင် ရေခမ်းခြောက်ပြီး၊…