အခြားသူများ၏ကိစ္စ
ကျွန်မတို့၏မြေးလေးယောက်သည် ကစားစရာ ရထားပုံစံငယ်ဖြင့် ဆော့ကစားနေစဉ် အငယ်နှစ်ယောက်က ရထားစက်ခေါင်းနှင့်ပတ်သက်၍ စကားများကြသည်။ (၈) နှစ်အရွယ် မြေးလေးက ကြားဝင် ဖျန်ဖြေရာ၊ (၆) နှစ်အရွယ် သူ့ညီမငယ်က “သူတို့ကြားဖြစ်တဲ့ကိစ္စအတွက် မပူနဲ့” ဟု ဝင်ပြောသည်။ များသောအားဖြင့် ကျွန်ုပ်တို့အားလုံးအတွက် ပညာရှိသောစကားပင်။ သို့သော် သူတို့၏အငြင်းအခုံက မျက်ရည်စက်လက် ဖြစ်လာသည့်အခါ အဖွားက ဝင်ပါရပြီး ငြင်းခုံနေသော ကလေးနှစ်ဦးကို ခွဲကာ ဖျောင်းဖျပေးရပါတော့သည်။
ဝင်ပါလိုက်ကာမှ အခြေအနေပိုဆိုးနိုင်၍ အခြားသူများ၏ကိစ္စ ကြားဝင် မရှုပ်ခြင်းက ကောင်းပါသည်။ သို့သော်လည်း ရံဖန်ရံခါ ဆုတောင်းခြင်းဖြင့် ဝင်ပါရန် လိုအပ်ပါသည်။ ဖိလိပ္ပိအသင်းတော်သို့ ရေးသားသောစာတွင် တမန်တော် ရှင်ပေါလုက မည်သည့်အချိန်၌ ပါဝင်ပတ်သက်ရမည်ကို ဥပမာဖြင့် ဖော်ပြထား သည်။ “သခင်ဘုရား၌ သဘောတညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်း” (၄:၂) ဧဝေါဒိနှင့်သုန္တုတ်ဟူသည့် အမျိုးသမီးနှစ်ဦးအား တမန်တော်ကြီးက တိုက်တွန်းနှိုးဆော်ထားသည်။…
မှန်လုနီးပါးအရာသည် မှားနေဆဲဖြစ်သည်
Redwood အနီရောင်သစ်ထွက် သစ်ပင်များ၏ ကြီးထွားမှု ရပ်တန့်မသွားစေရန် ဟော်မုန်းဆေး တစ်မျိုးထိုးပြီး သုတေသနပြု ရိုက်ကူးထားသော ဗီဒီယိုတင်ဆက်မှု၌ ရုပ်ရှပ်ရိုက်ကူးရေးပညာ အလွန်ကောင်းသည်။ အသံပိုင်းဆိုင်ရာ ပေါ်လွင်ပြီး အသံငြိမ်သည်။ ပါဝင်သောအပိုင်းကဏ္ဍများက စိတ်ဝင်စားစရာကောင်းပြီး၊ ဆက်စပ်မှုရှိသည်။ သို့သော်လည်း ဆေးထိုးခံရသည့်အပင်များမှာ ဆောင်း၏ သဘာဝရာသီစက်ဝန်းကို ခံစားခွင့် မရသဖြင့် သေသွားကြသည်။
ထိုဗီဒီယိုမှ ပေးလိုသည့်သတင်းစကားမှာ ကျွန်ုပ်တို့သည် အနားမယူဘဲ အမြဲ အလုပ်ရှုပ်နေပါက ဤအဖြစ်မျိုးကြုံလာနိုင်ပါသည်။ ထိုအရာက အဖြစ်မှန် ဖြစ်နိုင်ပါသည်။ သို့သော် ထိုဗီဒီယိုတွင် ပါဝင်သည့်အရာများက တိကျမှန်ကန်မှု မရှိပါ။ ထိုစမ်းသပ်လေ့လာမှုမျိုးလည်း တစ်ခါမျှ မရှိခဲ့ဘူးပါ။ Redwood ဟူသောအပင်သည် အမှန်တွင် အမြဲစိမ်းသစ်ပင်ဖြစ်ပြီး ဘယ်သောအခါမျှ ကြီးထွားမှု မရပ်တန့်ပါ။ ဗီဒီယိုထဲရှိ အပင်မှာ Redwood အပင်မဟုတ်ဘဲ ကြီးမားသော Sequoias (စကွိုင်ယာ) အပင်ကြီးမျိုးဖြစ်ပါသည်။ ထိုဗီဒီယိုအား အရှိအတိုင်း…
သိုးထိန်း၏သတ္တိ
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ A&M ကောလိပ်ဘောလုံးအသင်းသား Seth Small (ဆက်သ်စမောလ်) သည် လက်နှင့်ကစားပြီး ခြေထောက်နှင့်ဂိုးသွင်းရသော အမေရိကန်ဘောလုံးပွဲ ပြီးခါနီး (၂) စက္ကန့်အလိုတွင် ပွဲကြည့်ပရိသတ်ပေါင်း ၁၀၇,၀၀၀ နီးပါးရှိသည့် အားကစားတစ်ကွင်းလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ A&M အသင်းသည် နိုင်ငံ၏အကောင်းဆုံးအသင်း၊ နှစ်ရှည်လများ ထိပ်တန်းဖြစ်နေသောအသင်းနှင့် ၃၈-၃၈ မှတ်ဖြင့် သရေကျနေသည်။ အနိုင်ဂိုးကန်သွင်းနိုင်ပါက အံ့ဖွယ်အောင်ပွဲကြီးပင် ဖြစ်လိမ့်မည်။ စမောလ် သည် စိတ်ငြိမ်ငြိမ်နှင့် ဘောလုံးကန်ရန် နေရာယူပြီး အနိုင်ဂိုးကို သွင်းနိုင်ခဲ့သောအခါ တစ်ကွင်းလုံး အုံးအုံးကျွတ်ကျွတ် အောင်ပွဲခံလိုက်ကြတော့သည်။
ဤကဲ့သို့ အလွန်စိတ်လှုပ်ရှားရသောအချိန်အတွက် မည်သို့ပြင်ဆင်ခဲ့ကြောင်း သတင်းထောက်များက မေးသောအခါ စမောလ်က “ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ” ဟူသည့် ဆာလံ ၂၃ ၏ ပထမဆုံးကျမ်းပိုဒ်ကို တောက်လျှောက်ရွတ်နေခဲ့သည်ဟု ဆိုသည်။ စမောလ် သည်…
လူမျိုးများကိုချစ်ခြင်း
အမေရိကတိုက်အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်ကို ဆက်သွယ်ထားသည့် လက်တင် အမေရိက ဒေသမှ နှစ်သက်ဖွယ်၊ အလုပ်ကြိုးစားသော မိဘနှစ်ဦး၏ သမီးအနေနှင့်၊ ကျွန်မ၏မိဘများသည် ပိုမိုကောင်းမွန်သောအခွင့်အလမ်းများအတွက် သူတို့မိသားစုများအနက် အမေရိကန်ပြည်ထောင်စုသို့ ပထမဦးဆုံး ပြောင်းလာသူများဖြစ်သောကြောင့် ကျွန်မ ကျေးဇူးတင်မိသည်။ သူတို့သည် နယူးယောက်မြို့၌ လူငယ်များအဖြစ် တွေ့ဆုံကာ လက်ထပ်ခဲ့ကြပြီး ကျွန်မတို့ညီအစ်မကို မွေးဖွားခဲ့သည်။ ဆက်လက်၍လည်း သူတို့၏လုပ်ငန်းအသီးသီးကို ဦးစီးခဲ့ကြသည်။
နယူးယောက်မြို့၌ မွေးဖွားသူဖြစ်သည့်အလျောက် ကျွန်မသည် ကျွန်မ၏ လက်တင်အမေရိကမျိုးနွယ် အမွေအနှစ်ကို လက်ခံဂုဏ်ယူလျက် ကြီးပြင်းလာပြီး ကွဲပြားသောနောက်ခံများရှိသူများကို သဘောကျတတ်လာခဲ့သည်။ Broadway (ဘရော့ဝေး) ပြဇာတ်ရုံဟောင်းတစ်ခုတွင် စည်းဝေးကြသော လူမျိုးပေါင်းစုံအသင်းတော်တစ်ခု၏ ညပိုင်းဝတ်ပြုစည်းဝေး၌ ကျွန်မ၏ယုံကြည်ခြင်းကို တစ်ခါက ဝေငှခဲ့ဖူးသည်။ လူမျိုးပေါင်းစုံသည့် လူစုအား ဘုရားသခင်၏မေတ္တာအကြောင်း ပြောခြင်းက တိုင်းနိုင်ငံအသီးသီးမှ လူမျိုးနွယ်အပေါင်းတို့ ခရစ်တော်၏ခန္ဓာကိုယ်အဖြစ် စုဝေးကြခြင်းကို မြင်ရသည့်အခါ ရှိနေမည့် ကောင်းကင်ဘုံ၏အရိပ်အမြွက်ကို မြင်ရခြင်းသာ ဖြစ်ပါသည်။…
ယုံကြည်ကိုးစားထိုက်သော ကျွန်ုပ်တို့၏အဘ
အရပ် ၆ ပေ ၃ လက်မမြင့်သော ကျွန်မသား Xavier (ဇေဗီယား) သည် တခစ်ခစ်ရယ်နေသော လမ်းလျှောက်တတ်စ သူ့သားလေး Xarian (ဇေရီယန်) ကို အလွယ်တကူ လေထဲ မြောက်လိုက်သည်။ သူ၏ကြီးမားသောလက်ဖြင့် သူ့သား၏ ခြေထောက်ငယ်လေးများကို ဆုပ်လိုက်ပြီး သူ့လက်ဖဝါးထဲတွင် မြဲအောင် ကိုင်ထားလိုက်သည်။ သူ့၏ရှည်လျားသောလက်ကို ဆန့်ကာ သူ့သားကို သူ့ဘာသာသူ ဟန်ချက်ထိန်းရန် အားပေးလိုက်ပြီး လိုအပ်ပါက ကျန်လက်တစ်ဘက်ဖြင့်ဖမ်းရန်လည်း အသင့်ပြင်ထားသည်။ ဇေရီယန် လေးက ခြေထောက်များကို ဆန့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူသည် ပြုံးနေရင်း၊ လက်များကို သူ့နံဘေးတွင် ကပ်ထားရင်းမှ သူ့ကိုကြည့်နေသော သူ့အဖေကို စိုက်ကြည့်နေသည်။
ကျွန်မတို့၏ကောင်းကင်ဘုံရှင်အဘ၌ မျက်မှောက်ပြုခြင်း၏အကျိုးကျေးဇူးများကို ပရောဖက်ဟေရှာယက “စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက် ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်” (ဟေရှာ ၂၆:၃)ဟု အခိုင်အမာပြောထားသည်။ ဘုရားသခင်၏လူမျိုးတော်တို့အား…
ဘုရားသခင်အား အစဉ်အမြဲအစေခံခြင်း
Brad (ဘရတ်)သည် မြို့သစ်တစ်မြို့သို့ ပြောင်းလာပြီး ဘုရားဝတ်ပြုနိုင်မည့် အသင်းတော်တစ်ပါးကို မြန်ဆန်စွာပင် ရှာတွေ့ခဲ့သည်။ ဝတ်ပြုစည်းဝေးများသို့ ရက်သတ္တပတ်အနည်းငယ် သွားပြီးသည့်နောက် တနင်္ဂနွေနေ့တစ်နေ့တွင် သင်းအုပ်ဆရာအား မည်သည့်နည်းနှင့်မဆို အစေခံလိုကြောင်း သူ့ဆန္ဒကို ထုတ်ဖော်ပြောပြခဲ့သည်။ “တံမြက်စည်းကို ကိုင်ချင်တာပါပဲ”ဟု သူဆိုသည်။ သူသည် ဝတ်ပြုစည်းဝေးအတွက် ခုံများ ကူစီပေးခြင်း၊ သန့်စင်ခန်းများကို သန့်ရှင်းရေး လုပ်ပေးခြင်းဖြင့် စတင်ခဲ့သည်။ နောက်ပိုင်းတွင် ဘရတ် ၏ပါရမီမှာ သင်ကြားခြင်းဖြစ်ကြောင်း အသင်းတော်မိသားစုက သိရှိခဲ့သော်လည်း သူက ဘာမဆို လုပ်ချင်စိတ်ရှိသည်။
သခင်ယေရှုသည် တပည့်တော်နှစ်ပါးဖြစ်သော ယာကုပ်၊ ယောဟန်နှင့် သူတို့၏ မိခင်ဖြစ်သူကို အစေခံခြင်းအကြောင်း သင်ခန်းစာတစ်ခု ပေးခဲ့သည်။ သခင်ယေရှု နိုင်ငံတော်တည်ထောင်သောအခါ သခင်၏ဘေးတစ်ဘက်တစ်ချက်စီ၌ သားများကို ထိုင်ရသောအခွင့်ပေးရန် သူတို့၏မိခင်က တောင်းဆိုခဲ့သည် (မ ၂၀:၂၀-၂၁)။ အခြားတပည့်တော်များက ဤအကြောင်းကို ကြားသောအခါ သူတို့ကို ဒေါသထွက်ကြသည်။…
ကောင်းစွာအသုံးပြုသောအချိန်
၂၀၁၉ ခုနှစ်၊ မတ်လ (၁၄) ရက်တွင် အာကာသယာဉ်မှူး Christina Koch (ခရစ်စတီးနားခုတ်) အား နိုင်ငံတကာအာကာသစခန်းသို့ ခေါ်ဆောင်သွားသည့် NASA (နာဆာ) ဒုံးပျံများ လွတ်တင်လိုက်သည်။ ခရစ်စတီးနား သည် အာကာသထဲတွင် (၃၂၈) ရက် နေရမည်ဖြစ်ပြီး အာကာသထဲ တစ်ဆက်တည်း အကြာဆုံးနေထိုင်သော အမျိုးသမီးအဖြစ် စံချိန်တင်သွားမည်။ ကမ္ဘာ့မြေပြင်အထက် (၂၅၄) မိုင်ခန့်၌ နေနေသည့်အချိန် ဖန်သားပြင်တစ်ခုက ထိုအာကာသယာဉ်မှူး၏အချိန်ကို (၅) မိနစ်တစ်ကြိမ် မှတ်ပေးသည်။ သူမတွင် အစာစားခြင်းမှအစ စမ်းသပ်မှုများလုပ်ခြင်းအဆုံး နေ့စဉ်တာဝန် များစွာရှိသည်။ တစ်နာရီပြီး တစ်နာရီ ဖန်သားပြင်မှ မျဉ်းနီလေးက ခရစ်စတီးနား သည် အချိန်ဇယားထက် စောသည်၊ နောက်ကျသည်ကို အမြဲမပြတ် ပြနေသည်။ အချိန်ဖြုန်းချိန်ပင် မရှိပါ။
တမန်တော်ပေါလုသည် ကျွန်ုပ်တို့၏ဘဝကို ပိုင်စိုးပိုင်နင်းစီမံသည့် မျဉ်းနီမျိုးထားရန် အကြံပြုခြင်း မဟုတ်သော်လည်း…
ကြီးမားသော ကွဲပြားမှု
“Peanuts” (ပီးနပ်စ်) ဂန္တဝင် ကာတွန်း၌ Great Pumpkin (ကြီးမြတ်သော ရွှေဖရုံသီး)ကို ယုံကြည်ခြင်းကြောင့် Linus (လင်းနပ်စ်)၏ သူငယ်ချင်းများက သူ့ကို ဒေါသဖြင့် ဝေဖန်ကြသည်။ စိတ်မချမ်းမြေ့စွာဖြင့် သူရှောင်ထွက်သွားပြီး “ဘာသာရေး၊ တိုင်းရေးပြည်ရေးနဲ့ ကြီးမြတ်တဲ့ရွှေဖရုံသီးဆိုတဲ့ အကြောင်းအရာသုံးခုကို လူတွေနဲ့ ဘယ်တော့မှ မဆွေးနွေးသင့်ဘူးဆိုတာ သင်ယူခဲ့ရတယ်”ဟု လင်းနပ်စ်က ဆိုသည်။
လင်းနပ်စ်၏အတွေး၌ ကြီးမြတ်သောရွှေဖရုံသီးသာ ရှိသော်လည်း အခြားအကြောင်းအရာနှစ်ခုမှာ လက်တွေ့တည်ရှိနေပြီး တိုင်းနိုင်ငံများ၊ မိသားစုများနှင့် မိတ်ဆွေများကြား ကွဲပြားမှုကိုဖြစ်စေသည်။ သခင်ယေရှုခေတ်၌လည်း ထိုပြဿနာမျိုး ပေါ်ပေါက်ခဲ့သည်။ ဖာရိရှဲတို့သည် အလွန် ဘာသာရေးကိုင်းရှိုင်းသူများဖြစ်ကာ ဓမ္မဟောင်းကျမ်းပညတ်တော်များကို အတိအကျလိုက်နာရန် ကြိုးစားကြသည်။ ဟေရုဒ်မင်း၏တပည့်များမှာ နိုင်ငံရေးပိုဆန်သော်လည်း ထိုအုပ်စုနှစ်ခုလုံးသည် ရောမတို့၏ ဖိနှိပ်မှုအောက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်ရေးကို မြင်တွေ့လိုကြသည်။ သခင်ယေရှုသည် သူတို့၏ရည်မှန်းချက်နှင့် တစ်သဘောတည်းဖြစ်ပုံ မပေါ်ခဲ့ပေ။ ထို့ကြောင့် ကဲသာဘုရင်အား အခွန်ဆက်…
လှပသည့်အံ့ဖွယ်ရာတစ်ခု
ထွန်ယက်ထားသည့်မြေ၌ လျှို့ဝှက်ဖုံးကွယ်ထားသည့်အရာတစ်ခု ရှိနေသည်။ သူတို့၏ နှစ် (၅၀) ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ပြင်ဆင်ရာတွင် Lee Wilson (လီဝီလ်ဆင်)သည် သူ၏ဇနီးသည် မြင်ဖူးသမျှတွင် အခမ်းနားဆုံးဖြစ်နိုင်သည့် ပန်းလက်ဆောင်ပေးနိုင်ရန် သူပိုင်သည့်မြေဧက ၈၀ ကို သီးသန့်ဖယ်ကာ၊ နေကြာစေ့များစွာကို လျှို့ဝှက်စွာ စိုက်ပျိုးခဲ့သည်။ နောက်ဆုံး၌ ဇနီးသည် အနှစ်သက်ဆုံး ရွှေဝါရောင်နေကြာပန်း (၁.၂) သန်း ဖူးပွင်လာခဲ့သည်။ နေကြာပန်းများ၌ အဝါရောင် ပွင့်ချပ်များ ဖူးပွင့်လာသည့်အခါ Renee (ရီနီ)သည် ဝီလ်ဆင်၏ လှပသော မေတ္တာဖော်ကျူးမှုအပေါ် အံ့သြမှင်သက် စိတ်လှုပ်ရှားခဲ့သည်။
ပရောဖက်ဟေရှာယ မှတစ်ဆင့် ယုဒလူတို့အား မိန့်ကြားရာတွင် ဘုရားသခင် သည် လျှို့ဝှက်ချက်တစ်ခုကို ဝေမျှခဲ့သည်။ ယခုအချိန်တွင် သူတို့မမြင်နိုင်သော်လည်း ဘုရားသခင်အပေါ် သူတို့၏သစ္စာပျက်ယွင်းမှုကြောင့် ကတိတော်ရှိထားသည့်အတိုင်း သူတို့အား တရားစီရင်ပြီးနောက် (ဟေ ၃:၁-၄:၁)၊ ရွှေရောင်နေ့သစ် ရောက်ရှိလာမည်ဖြစ်သည်။…
ခဏရပ်တန့်ကာ ဆုတောင်းပါ
အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်မှ မိုးလေဝသပညာရှင်တစ်ဦးသည် ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့၌ ထုတ်လွှင့်သည့် မိုးလေဝသခန့်မှန်းချက်၌ ရိုးရှင်းသော်လည်း ထိရောက်သည့် စကားတိုလေးကို ပြောခဲ့သဖြင့် နာမည်ကြီးသွားခဲ့သည်။ Matt Laubhan (မက်လောင်ဘန်)သည် အင်အားပြင်းထန်သည့် မုန်တိုင်းတစ်ခုကို ခြေရာခံနေစဥ် အင်မရီမြို့ (Amory) ပေါ်သို့ ပြင်းထန်သည့် လေဆင်နှာမောင်း တည့်တည့်ဝင်ရောက်မည်ကို သိရှိခဲ့၍ ရုပ်မြင်သံကြား တိုက်ရိုက်လွှင့်နေစဥ် သူသည် ခဏရပ်ကာ “သခင်ယေရှု၊ သူတို့အား ကူညီမစတော်မူပါ။ အာမင်” ဟု တစ်ကမ္ဘာလုံး ကြားခဲ့သည့် ဆုတောင်းချက်ကို မြွက်ဆိုခဲ့သည်။ အကာအကွယ်အတွက် နေရာရှာရန် ထိုဆုတောင်းချက်က သူတို့ကို နှိုးဆော်ခဲ့ကြောင်း ရုပ်မြင်သံကြား ကြည့်ရှုသူအချို့က ပြန်ပြောပြသည်။ သူ၏သဘာဝကျသော၊ ရင်ထဲမှလာသည့် ဆုတောင်းချက်က အသက်ပေါင်းများစွာကို ကယ်တင်ကောင်း ကယ်တင်နိုင်ခဲ့လိမ့်မည်။
ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည်လည်း ခြားနားမှုကို ဖြစ်ပေါ်စေနိုင်ပါ သည်။…