ဝမ်းမြောက်ခြင်း၏အရှိန်
တစ်မနက်၌ နှစ်သစ်အတွက် ဆုတောင်းဆက်ကပ်စဥ် “ဝမ်းမြောက်ခြင်းအရှိန်ဖြင့်သွားပါ” ဆိုသောစကားစုက စိတ်ထဲပေါ်လာပြီး ကျွန်ုပ်အတွက် သင့်တော်လေခြင်း။ ကျွန်ုပ်သည် အလုပ်ကို ဦးစားပေးသူဖြစ်ပြီး၊ ၎င်းက ကျွန်ုပ်၏ဝမ်းမြောက်မှုကို ခိုးယူ သွားသည်။ သို့နှင့်ဤလမ်းညွှန်အတိုင်း နှစ်သစ်၌ ပျော်စရာအရှိန်နှုန်းဖြင့် အလုပ်လုပ်ကာ မိတ်ဆွေများ၊ ဝမ်းမြောက်ဖွယ်ရာများအတွက် အချိန်ပေးရန်စိတ်ပိုင်းဖြတ်ခဲ့၏။
ဤအစီအစဥ်က မတ်လအထိ အဆင်ပြေခဲ့သည်။ ထို့နောက် ကျွန်ုပ်ရေးဆွဲပြင်ဆင်ခဲ့သော သင်တန်းတစ်ခု၏ လက်တွေ့သင်ကြားမှုကို ကြီးကြပ်ကွပ်ကဲရန် တက္ကသိုလ်တစ်ခုနှင့် မိတ်ဖက်လက်တွဲခဲ့သည်။ ကျောင်းသားများ စာရင်းသွင်းခြင်း၊ သင်ခန်းစာ သင်ကြားရန် စသည့်အလုပ်များဖြင့် နာရီပေါင်းများစွာ အလုပ်ပြန်၍ လုပ်ခဲ့ရသည်။ ‘ဝမ်းမြောက်ခြင်း အရှိန်’ ဖြင့် မည်သို့ရှေ့ဆက်နိုင်ဦးမည်နည်း။
သခင်ယေရှုက သူ့ကိုယုံကြည်သူတို့အား ဝမ်းမြောက်ခြင်းကို ကတိပေးခဲ့ပြီး၊ ၎င်းကို သူ၏မေတ္တာ၌တည်နေခြင်း (ယော ၁၅:၉)၊ မိမိလိုအပ်ချက်အတွက် သူ့ထံ ဆုတောင်းခြင်းဖြင့် (၁၆:၂၄) ရရှိနိုင်မည်ဟု မိန့်ဆိုခဲ့သည်။ “သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း…
ဘုရားသခင်၌ စည်းကမ်းရှိသောအသက်တာ
အဲလစ်ဇဘက်ဘုရင်မကြီး၏ နှစ် (၉၀) ပြည့်မွေးနေ့ကို တရားဝင်ကျင်းပသော ၂၀၁၆ ခုနှစ် ဇွန်လက ဖြစ်သည်။ ဘုရင်မကြီးက သူမ၏ရထားလုံးပေါ်မှ လူအုပ်ကြီးဆီသို့ လက်ပြရင်း၊ ဦးလည်မသုန်အာရုံစိုက်မှုဖြင့် မှန်ကန်တိကျစွာ ရပ်နေသော ကုတ်အင်္ကျီ အနီရောင်ဝတ် စစ်သားတန်းရှည်ကို ဖြတ်ကျော်လာခဲ့သည်။ ထိုနေ့သည် အင်္ဂလန်နိုင်ငံ၌ ပူနွေးသောနေ့တစ်နေ့ဖြစ်ပြီး၊ အစောင့်များသည် သူတို့၏ ရိုးရာဝတ်စုံဖြစ်သော သိုးမွှေးဘောင်းဘီ အမဲရောင်၊ မေးစေ့အထိကြယ်သီးတပ်ထားသော သိုးမွှေးအပေါ်အင်္ကျီနှင့် လေးလံကြီးမားသော ဝက်ဝံမွှေးဦးထုပ်ကို ဝတ်ဆင်ထားခဲ့သည်။ စစ်သားများသည် နေရောင်အောက်တွင် မတ်မတ်အနေအထားဖြင့် အတန်းလိုက်ရပ်နေချိန်တွင် အစောင့်တစ်ဦးသည် မူးလဲသွားသည်။ ထူးခြားသည်မှာ သူ၏တင်းကျပ်သောထိန်းချုပ်မှုကို ထိန်းထားပြီး၊ ရှေ့သို့သာလဲကျကာ သူ၏ကိုယ် ခန္ဓာသည် ပျဉ်ချပ်ကဲ့သို့ ဖြောင့်တန်းလျက် မျက်နှာမှာ သဲကျောက်စရစ်ထဲ စိုက်နေသည်။ သူလဲနေသော်လည်း သတိ အနေအထားဖြင့်ပင် လဲသွားခြင်းဖြစ်သည်။
သတိလစ်သွားသည့်တိုင် မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်ရန် ဤကိုယ်ရံတော်သည် လေ့ကျင့်မှု၊ စည်းကမ်းကြပ်မတ်မှုဖြင့်…
ရိုးရှင်းသော ကြင်နာမှုလုပ်ရပ်များ
ကျွန်မ၏မိခင်ကို နာတာရှည်ဆေးရုံ၌ တင်ထားရပြီး၊ လောက၌ သူမ၏နောက်ဆုံးနေ့ရက်များ နီးကပ်လာချိန်တွင် ဘိုးဘွားရိပ်သာမှ ပြုစုစောင့်ရှောက်ပေးသူ၏ စစ်မှန်သောကြင်နာမှုက ကျွန်မစိတ်ကိုတို့ထိခဲ့သည်။ လက်ထောက်သူနာပြုမလေးက ချည့်နဲ့နေသောကျွန်မမိခင်ကို ထိုင်ခုံမှ ညင်သာစွာမပြီး အိပ်ယာပေါ်တင်ပြီးနောက်၊ အမေ့ဦးခေါင်းကို ပွတ်သပ်ပေးပြီး ခေါင်းကို ငုံ့ကာ “အဖွားက သိပ်ချစ်စရာကောင်းတာပဲ” ဟု ပြောလေသည်။ ပြီးနောက် သူမက အဆင်ပြေရဲ့လားဟု ကျွန်မကို မေးသည်။ ထိုစဥ်က သူမ၏ကြင်နာမှုသည် ကျွန်မကို မျက်ရည်ကျစေခဲ့ပြီး ယနေ့ထိလည်း မျက်ရည်ကျရသည်။
သူမ၏လုပ်ရပ်သည် ရိုးရှင်းသောကြင်နာမှုလေးဖြစ်ပြီး၊ ထိုအချိန်၌ ကျွန်မ လိုအပ်သောအရာဖြစ်သည်။ ဤအမျိုးသမီး၏မျက်လုံးတွင် ကျွန်မမိခင်ကို လူနာအဖြစ်သာ မြင်သည်မဟုတ် ဟူသည့် အသိဖြင့် ကျွန်မရပ်တည်နိုင်ခဲ့သည်။ သူမသည် ကျွန်မမိခင်ကို ဂရုစိုက်ပြီး လေးစားတန်ဖိုးထားအပ်သူအဖြစ် မြင်ခဲ့သည်။
နောမိနှင့်ရုသတို့ ၎င်းတို့၏လင်ယောက်ျားများ ဆုံးရှုံးပြီးနောက်၊ ဗောဇသည် ရုသအား ကောက်ရိတ်သမားများ ကျန်ခဲ့သောစပါးများကို ကောက်သင်းကောက်ခွင့်ပြုခြင်းဖြင့် ကြင်နာမှုပြခဲ့သည်။…
တောင်များကို အတူတကွ ကျော်လွှားနိုင်ခြင်း
“မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွား၊ ဝေးဝေးသွားချင်ရင် အတူတူသွား” ဟူသည့် ဆိုရိုးစကား၏မူကွဲအချို့ကို သင်မြင်ဖူးကြားဖူးပေလိမ့်မည်။ နှစ်သက်ဖွယ်ရာကောင်းသည့် အတွေးတစ်ခုမဟုတ်ပေဘူးလား။ သို့သော် ဤစကားလုံးများသည် နှစ်လိုဖွယ်ကောင်းရုံသာမက မှန်ကန်ကြောင်း စိတ်ချရသည့် သေချာခိုင်မာသော သုတေသနပြုချက် ရှိပါသလား။
ရှိပါသည်။ အမှန်စင်စစ် ဗြိတိန်နှင့် အမေရိကန်သုတေသီများ၏ လေ့လာမှုတစ်ခုအရ လူများသည် အခြားသူတစ်ဦးနှင့်အတူ ရပ်နေချိန်၌ တောင်များသည် သိသိသာသာ သေးငယ်သည်ဟု ခန့်မှန်းခဲ့ကြပြီး၊ လူတစ်ဦးတည်း ရပ်နေပါက ဆန့်ကျင်ဘက်ဖြစ်သွားသည်။ တစ်နည်းဆိုရလျှင် “လူမှုပံ့ပိုးမှု”သည် အရေးပါသည်။ မည်မျှအရေးပါသနည်းဆိုသော် ကျွန်ုပ်တို့၏စိတ်ထဲတွင် တောင်များ၏ အရွယ်အစားကိုပင် ကျုံ့သွားသည်ဟု ထင်စေနိုင်သည်။
ဒါဝိဒ်သည် သူနှင့်ယောနသန်၏ခင်မင်ရင်းနှီးမှုတွင် ထိုသို့သော နှစ်လိုဖွယ်ကောင်းပြီး စစ်မှန်သော အားပေးမှုမျိုးကို တွေ့ရှိခဲ့သည်။ ဒါဝိဒ်၏လက်ရှိဘဝတွင် ရှောလုဘုရင်၏မနာလိုဒေါသသည် မကျော်လွှားနိုင်သောတောင်နှင့်တူပြီး၊ သူ့အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်စေခဲ့သည် (၁ ရာ ၁၉:၉-၁၈)။ ဤအခြေအနေမျိုးတွင် သူ၏အရင်းနှီးဆုံး သူငယ်ချင်း၏ပံ့ပိုးမှုမျိုး မရှိခဲ့လျှင်…
အန္တရာယ်ရှိသောလမ်း
မနက်ခင်းလမ်းလျှောက်ထွက်စဥ် ကားတစ်စီးသည် ယာဥ်ကြောပြောင်းပြန်ဘက်သို့ ဦးတည်ရပ်နေသည်ကို ကျွန်တော် သတိထားမိလိုက်သည်။ ယာဥ်မောင်းအမျိုးသမီးမှာ အိပ်ပျော်နေပြီး အရက်သောက်ထားပုံပေါ်သောကြောင့် မိမိနှင့် အခြားသူများအတွက် အန္တရာယ်ရှိသည်ကို သတိမပြုမိပေ။ အခြေအနေက ကြီးမားသော အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ကျွန်တော် အရေးယူလုပ်ဆောင်ရတော့သည်။ သူမကို ခရီးသည်ထိုင်ခုံဘက်သို့ ရွှေ့ပေးပြီးနောက် ယာဉ်မောင်းနေရာ၌ ကျွန်တော်ဝင်ထိုင်ကာ ကားကို ဘေးကင်းရာသို့ မောင်းသွားလိုက်သည်။
ရုပ်ပိုင်းဆိုင်ရာအန္တရာယ်သည် ကျွန်တော်တို့ကြုံတွေ့ရသည့် တစ်ခုတည်းသော ထိခိုက်နစ်နာစေမှု မဟုတ်ပါ။ ရှင်ပေါလုက “ထို(အေသင်)မြို့သည် ရုပ်တုတို့နှင့်အပြည့်ရှိသည်ကို မြင်လျှင်” အေသင်မြို့ရှိ လောကီပညာရှိ၊ လူတော်လူတတ်များ၏ ဝိညာဉ်ရေးအန္တရာယ်အတွက် “စိတ်ပူပန်ခြင်းသို့ရောက်၏” (တ ၁၇:၁၆)။ အပေါ်ယံအတွေးအခေါ်များကိုသာ စိတ်ဝင်စားပြီး ခရစ်တော်အကြောင်း ဆင်ခြင်စဉ်းစားရန် ပျက်ကွက်သူများအပေါ် ရှင်ပေါလု၏ အလိုအလျောက် တုံ့ပြန်မှုမှာ သခင်ယေရှု၌၊ သခင်အားဖြင့် ဖြစ်သော ဘုရားသခင်၏ရည်ရွယ်ချက်များအကြောင်းကို ဝေမျှခြင်းဖြစ်သည် (:၁၈၊ ၃၀-၃၁)။ သို့နှင့် လူအချို့တို့သည် ကြား၍…
အစဥ်အမြဲ ဆုတောင်းပါ
“စာမေးပွဲမှာ သမီး (၈၄) မှတ် ရတယ်။”
ဖုန်းထဲမှ သူမ၏စာကို ဖတ်ရင်း ကျွန်မ၏ဆယ်ကျော်သက်သမီး၏ စိတ်လှုပ်ရှားမှုကို ကျွန်မ ခံစားလိုက်ရသည်။ သမီးသည် အထက်တန်းကျောင်းကို စတင်တက်ခဲ့ပြီး နေ့လည်စာစားနေရင်း သူမဖုန်းသုံးနေခြင်းပါ။ စာမေးပွဲ၌ သမီး၏အောင်မြင်မှု အတွက်သာမက၊ ကျွန်မနှင့် ဆက်သွယ်ရန် ရွေးချယ်ခဲ့မှုအတွက် အမေဖြစ်သူကျွန်မလည်း ရင်ခုန်သွားခဲ့သည်။ သူမ၏သတင်းကောင်းကို ကျွန်မအား ဝေမျှပြောပြချင်ခဲ့သည်ပဲ။
သမီး၏စာက ကျွန်မအတွက် ပျော်ရွှင်ဖွယ်ရာနေ့လေးကို ဖြစ်စေကြောင်း သိနားလည်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဘုရားရှင်အား ကျွန်မဆက်သွယ်သောအခါ ကိုယ်တော် မည်သို့ခံစားရမည်ကို တွေးတောမိသည်။ ကိုယ်တော်နှင့် စကားပြောသောအခါ ကိုယ်တော် ကျေနပ်နေမည်လား။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့်ကျွန်မတို့၏ ဆက်သွယ်မှုဖြစ်ပြီး ကျွန်မတို့အား “အစဉ်အမြဲ” (၁ သက် ၅:၁၇) လုပ်ဆောင်ရန် မိန့်မှာထားသည့်အရာဖြစ်သည်။ ကိုယ်တော်နှင့် စကားပြောဆိုခြင်းက အကောင်း (သို့) အဆိုး အချိန်တိုင်းတွင် ကိုယ်တော်သည်…
အတားအဆီးများကို ကျော်လွန်၍ ချစ်ခြင်း
“ဘုရားသခင် ကျွန်မတို့အပေါ် အလွန်ကောင်းမြတ်တော်မူတယ်။ ကျွန်မတို့၏ နှစ်ပတ်လည်နေ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချင်ပါတယ်။” Terry (ထယ်ရီ) ၏ အသံသည် တည်ငြိမ်နေပြီး သူမမျက်လုံးမှ မျက်ရည်များက သူမ၏ရိုးသားမှုကို ဖော်ပြနေသည်။ ကျွန်တော်တို့အဖွဲ့လေးမှ လူများ၏စိတ်ထဲ အလွန်ထိရှခံစားကြရသည်။ ထယ်ရီနှင့် သူမ၏ခင်ပွန်းအတွက် လွန်ခဲ့သောနှစ်များသည် မည်မျှခက်ခဲခဲ့ကြောင်း သိသောကြောင့်ပါ။ ယုံကြည်သူတစ်ဦးဖြစ်သော်လည်း၊ ရောဘတ်သည် ရုတ်တရက်ပြင်းထန်သော စိတ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး သူတို့၏လေးနှစ်သမီးလေး၏အသက်ကို ဆုံးရှုံးစေခဲ့သည်။ သူသည် စိတ်ကျန်းမာရေးဌာနတွင် ဆယ်စုနှစ်များစွာ ဆေးရုံတက်ရမည်ဖြစ်သော်လည်း၊ ထယ်ရီသည် သူ့ကို သွားတွေ့ခဲ့ပြီး၊ ဘုရား သခင်က လှပသောကုစားမှုကို ပြုပေးကာ သူမ ခွင့်လွှတ်နိုင်အောင် မစခဲ့သည်။ စိတ် ကြေကွဲမှုကြီးမားလည်း သူတို့၏တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတိုးလာခဲ့သည်။
ထိုသို့သောချစ်ခြင်းမေတ္တာနှင့် ခွင့်လွှတ်ခြင်းတို့သည် အရင်းအမြစ်တစ်ခုတည်းမှသာ ဖြစ်ပေါ်လာနိုင်သည်။ ဒါဝိဒ်သည် ဘုရားသခင်အကြောင်း ဤသို့ရေးသားခဲ့သည်။ “ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊…
စိတ်ရှည်သည်းခံခြင်း၌ သင်ခန်းစာများ
Bob Salem (ဘော့ဘ်ဆေလမ်) သည် သူ၏မျက်နှာပေါ်တွင် ဇွန်းကို နှာခေါင်းနေရာ၌ မျက်နှာဖုံးတွင်ချည်ကပ် တပ်ထားပြီး မြေပဲတောင့်ကို အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ Pike's Peak တောင်ပေါ်သို့ ဇွန်းဖြင့် ကော်တင်သည့် အမြန်နှုန်း စံချိန်တင်ထားသည်။ သူသည် ကမ္ဘာလှည့်ခရီးသည်များကြောင့် နှောင့်နှေးမှုကို ရှောင်ရှားရန် ညအချိန်တွင် လုပ်ဆောင်ပြီး၊ ခုနစ်ရက်အတွင်း ပြီးမြောက်ခဲ့သည်။ ဘော့ဘ်သည် ဤစတန့်ကို ပြီးမြောက်ခဲ့သည့် စတုတ္ထမြောက်လူဖြစ်သည်။ ဆိုလို သည်မှာ အလွန်စိတ်ရှည်သော အခြားလူသုံးဦးလည်း သူကဲ့သို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ထိုစတန့်အတွက် စိတ်ရှည်သည်းခံမှု လိုအပ်ခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာခြင်းဟု ကျွန်ုပ်တို့ ပြောကောင်းပြောနိုင်သော်လည်း၊ ဘဝတွင်မူ ထိုသို့မဟုတ်ပါ။ စိတ်ရှည်သည်းခံခြင်းကို ကျွန်ုပ်တို့ လိုအပ်ပါသည်။ ၎င်းသည် ဝိညာဉ်အသီးဖြစ်ပြီး (ဂလာ ၅:၂၂)၊ ကျွန်ုပ်တို့ “အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း” (ယာ ၁:၄) မုချလိုအပ်သော သီလတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ရှိ…
သခင်ယေရှုအတွက် ပြေးခြင်း
မီတာ (၁၀၀) အပြေးပြိုင်ပွဲအကြောင်း စဉ်းစားသောအခါ၊ လက်ရှိကမ္ဘာ့စံချိန်ရှင် Usain Bolt (ယူစိန်ဘုတ်) ကို လူအများက သတိရလိမ့်မည်။ သို့သော်လည်း Julia “Hurricane” Hawkins (ဂျူလီယာ “ဟာရီကိန်း” ဟော်ခင်စ်) ကိုဖြင့် မေ့ထား ၍ မရပါ။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ Louisiana Senior Games (လူဝီစီယားနားပြည်နယ် သက်ကြွယ်အားကစားပြိုင်ပွဲ)၏ မီတာ (၁၀၀) အပြေးပြိုင် ပွဲ၌ ဂျူလီယာသည် အခြားအပြေးသမားအားလုံး၏ရှေ့မှ ပန်းဝင်မျဉ်းကို ဖြတ်ကျော်ခဲ့သည်။ သူမ၏စံချိန်သည် ဘုတ်၏စံချိန် ၉.၅၈ စက္ကန့်ထက် ၆၀ စက္ကန့်ကျော်သာ အနည်းငယ်နှောင့်နှေးခဲ့သည်။ သို့သော် သူမသည် အသက် (၁၀၅) နှစ်ရှိသူဖြစ်သည်။
သူမ၏အသက်အရွယ်၌ တာတိုပြေးပွဲကို ပြေးနေသောအမျိုးသမီးတစ်ဦးကို အားကျစရာ အများကြီးရှိနေပါသည်။ သို့သော် ပန်းတိုင်ချထားသည့်အတိုင်း သခင်နှင့်အတူ မရပ်မနားပြေးပွဲဝင်နေသည့် သခင်ယေရှုအား…
ကားနောက်ခန်းထိုင်ခုံရှိ သမ္မာကျမ်းစာအုပ်များ
အင်ဒရူး၏ ဗို့စ်ဝါဂန်ကား ရပ်သွားပြီး၊ အစောင့်များက သူ့ကားကို စစ်ဆေးကြသည်။ ယခင်က သူအကြိမ်ကြိမ် ဆုတောင်းခဲ့သည့်အတိုင်း “ဘုရားသခင်၊ ကိုယ်တော် ဤလောက၌ရှိစဉ်အခါ၊ မျက်စိကန်းသူကို မြင်ခွင့်ပေးခဲ့သည်။ ယခု မြင်နေသူကို ကန်းသွားအောင် ကျေးဇူးပြု၍ လုပ်ပေးပါ” ဟု ဆုတောင်းခဲ့သည်။ အစောင့်များသည် ကားကိုရှာဖွေပြီး၊ ခရီးဆောင်အိတ်ထဲမှ ကျမ်းစာအုပ်များနှင့်ပတ်သက်၍ ဘာမှမပြောပါ။ သို့နှင့် အင်ဒရူးသည် နယ်စပ်ကို ဖြတ်ကျော်ကာ ကျမ်းစာအုပ် အပိုင်မရှိနိုင်သူများထံသို့ ကျမ်းစာအုပ်များ သယ်သွားပေးခဲ့သည်။
Andrew van der Bijl (အန်ဒရူးဗန်ဒါဘိဂျဲလ်) (သို့) ဘရာသာအင်ဒရူးသည် ခရစ်ယာန်ဘာသာကို တားမြစ်ထားသောနိုင်ငံများသို့ ကျမ်းစာအုပ်များ ယူဆောင်သွားရန် မဖြစ်နိုင်သောအမှုအတွက် ဘုရားသခင် သူ့အား ခေါ်ယူစေစားသည့်အခါ ဘုရား၏တန်ခိုးကို သူအမှီပြုခဲ့သည်။ သူ၏ပညာအရည်အချင်းနိမ့်ခြင်းနှင့် ရန်ပုံငွေ ချို့တဲ့မှုကို အလေးပေးလျက် “ကျွန်တော်ဟာ သာမန်လူတစ်ဦးပါ။ ကျွန်တော် လုပ်တဲ့အလုပ်ကို လူတိုင်း…