ဘုရားသခင် ကျွန်ုပ်တို့ကို သိမြင်တော်မူ၏
အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်တွင် သစ်ပင်ပေါင်း (၁၄) ဘီလီယံရှိပြီး၊ စံနှုန်းအများစုအရ အပင်အများစုမှာ ရိုးရိုးသာမန် ဖြစ်သည်။ သို့သော် ရှေးအကျဆုံးနှင့် အကြီးမားဆုံးသစ်ပင်များကို သက်ရှိထင်ရှားရှိသော အထင်ကရသစ်ပင်များအဖြစ် ဂုဏ်ပြုနိုင်ရေး “Big Tree Hunt” (ကြီးမားသောသစ်ပင် ရှာဖွေပွဲ)ကို ပြည်နယ်အစိုးရမှ နှစ်စဉ်ကျင်းပသည်။ သတိပြု စောင့်ဆိုင်းနေရုံဖြင့် သစ်တောတိုင်းတွင် မည်သည့်သစ်ပင်မဆို ဆုရသစ်ပင်ဖြစ်လာနိုင်သည်။ ထိုပြိုင်ပွဲသည် သာမန်သစ်ပင်များကို အဆင့် နောက်တစ်ဆင့်သို့ မြှင့်တင်ပေးသည်။
လူအများစုနှင့်မတူဘဲ၊ ဘုရားသခင်သည် သာမန်လူများကို အမြဲသတိပြုသည်။ အခြားသူများ လျစ်လျူရှုထားသော ‘အရာ နှင့် မည်သူ့ကိုမဆို’ ကိုယ်တော် ဂရုစိုက်ပါသည်။ ဘုရားသခင်သည် ယေရောဗောင်မင်းလက်ထက်တွင် အာမုတ် အမည်ရှိသော သာမန်လူတစ်ဦးကို ဣသရေလနိုင်ငံသို့ စေလွှတ်ခဲ့သည်။ အာမုတ်သည် သူ၏လူများတို့အား ဒုစရိုက်ကို လွှဲရှောင်၍ တရားသဖြင့်ပြုမှုရန် သတိပေးသော်လည်း ဝိုင်းပယ်ခံရပြီး တိတ်ဆိတ်စွာနေရန် အပြောခံခဲ့ရသည်။ သူတို့က…
ကျွန်ုပ်တို့၏ဇာတ်လမ်းများကို ဘုရားရှင် သုံးသည်
ဆယ်ပတ်သားအရွယ် မမွေးဖွားသေးသောကလေးငယ်၏ ခြေထောက်အရွယ်နှင့် တစ်ပုံစံတည်း ငွေရောင်ရင်ထိုးလေးကို အမှတ်တရပစ္စည်းဘူးထဲမှ ထုတ်လိုက်သည်။ ခြေချောင်းလေးဆယ်ချောင်းကို ညင်သာစွာပွတ်သပ်ရင်း ပထမဆုံးကိုယ်ဝန် ပျက်သွားသည့်အဖြစ်ကို သတိရမိပြီး၊ အခြားသူများက ကျွန်မအား “ကံကောင်းသူ” ဟု ပြောသော်လည်း အမှန်တကယ် “ကျွန်မသည် အဲဒီလောက် ကံမကောင်းခဲ့ပါ”။ကျွန်မသားအိမ်ထဲ ခုန်ခဲ့သောနှလုံးသားလေးကဲ့သို့ပင် ကျွန်မကလေး၏ခြေထောက် လေးများသည် အမှန်ရှိခဲ့ကြောင်းသိပြီး ကျွန်မ ကြေကွဲ ဝမ်းနည်းခဲ့ရသည်။ ဝမ်းနည်း ကြေကွဲမှုများမှ ကျွန်မအား လွတ်မြောက်စေပြီး၊ ကလေးဆုံးရှုံး၍ ကြေကွဲရသော အခြားသူများကို နှစ်သိမ့်ရန် ကျွန်မ၏အဖြစ်မှန်ဇာတ်လမ်းကို အသုံးပြုသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်သည်။ ကျွန်မကလေးပျက်ပြီး အနှစ်နှစ်ဆယ်ကျော်၌ ဆုံးရှုံးသွားသောရင်သွေးလေးအား အခြားဘာသာ စကားအချို့၌ “ဝမ်းမြောက်ခြင်း” ဟု အဓိပ္ပာယ်ရသည့် Kai (ခိုင်) ဟု ကျွန်မ၏ခင်ပွန်းနှင့်ကျွန်မတို့ အမည်မှည့်ပေးလိုက်သည်။ ဆုံးရှုံးမှုအတွက် နာကျင်စွာခံစားနေရဆဲ ဖြစ်သော်လည်း ဘုရားသခင်သည် ကျွန်မနှလုံးသားကို ကုစားပေးပြီး အခြားသူများအား…
ခရစ်တော်ကဲ့သို့ တုံ့ပြန်မှု
အလွန်ပူပြင်းသော အမေရိကန်နိုင်ငံ၊ ကယ်ရိုလိုင်းနားပြည်နယ် နွေရာသီ၏ နေရောင်အောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဂျော့ဂျ် တစ်ယောက် အလုပ်လုပ်နေစဉ် အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက သူအလုပ်လုပ်နေသော ဝင်းထဲသို့ ဝင်လာသည်။ ထိုသူသည် အလွန်စိတ်ဆိုးနေပုံပေါ်ပြီး စီမံကိန်းနှင့် ပတ်သက်သမျှနှင့် စီမံကိန်းလုပ်ဆောင်နေပုံများကို ဆဲဆိုအပြစ်တင်သည်။ ဒေါသထွက်နေသူ၏ အော်ဟစ်ကြိမ်းမောင်းမှု ရပ်သွားသည့်အထိ ဂျော့ဂျ် သည် တစ်ခွန်းတစ်ပါဒမျှ မတုံ့ပြန်ဘဲ ငြိမ်ခံနေခဲ့သည်။ ပြီးမှ “မိတ်ဆွေ၊ ဒီနေ့ ခင်ဗျား အတော်လေးစိတ်အနှောင့်အယှက်ဖြစ်နေတယ် မဟုတ်လား”ဟု နူးညံ့စွာ ပြောလိုက်သည်။ ဒေါသထွက်နေသော အိမ်နီးနားချင်းသည် ရုတ်တရက် ခေါင်းငိုက်စိုက်ချပြီး “အခုလို ကျွန်တော်ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတဲ့အတွက် တောင်းပန်ပါတယ်”ဟု ဆိုလာသည်။ ဂျော့ဂျ်၏ကြင်နာမှုက ထိုအိမ်နီးနားချင်း၏ အမျက်ဒေါသကို လျှော့ပေးစေခဲ့သည်။
ကျွန်ုပ်တို့၌ ပြန်လည်တိုက်ခိုက်လိုသောအချိန်များ ရှိပါသည်။ သူကြမ်းလျှင် ကိုယ်ကြမ်းမည်၊ တန်ရာတန်ရာဟူ၍ ရန်ကို ရန်ချင်းသာ တုံ့ပြန်လိုသည်။ သို့သော် ဂျော့ဂျ်၏…
ယုံကြည်ခြင်းဖြင့် ဟုတ်ကဲ့ဟု ပြောသည်
အလုပ်ခွင်၌ တာဝန်အသစ်ကိုလက်ခံပါမည်လားဟု မေးလာသောအခါ ကျွန်မလက်မခံပါ ဟုပြောလိုက်ချင်သည်။ အခက်အခဲများကို တွေးပြီး၊ ထိုအလုပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရည်အချင်း မပြည့်မီသေးဟု ခံစားရသည်။ သို့သော် ဆုတောင်းပြီး သမ္မာကျမ်းစာနှင့် အခြားယုံကြည်သူများထံမှ လမ်းညွှန်မှုအကြံဉာဏ်ကို ရယူသောအခါ ထိုအလုပ်ကို လက်ခံရန် ဘုရားသခင် အလိုရှိသည်ဟု ကျွန်မ သိရှိလိုက်သည်။ နှုတ်ကပတ်တော်အားဖြင့် ကိုယ်တော်ကူညီမစမည့်အကြောင်း စိတ်ချမှုကိုလည်း ရရှိခဲ့သည်။ ထို့ကြောင့် ထိုအလုပ်ကို လက်ခံခဲ့သော်လည်း စိတ်ထဲ၌မူ စနိုးစနှောင့် ဖြစ်နေဆဲပင်။
ခါနာန်ပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် တွန့်ဆုတ်နေသော ဣသရေလလူမျိုး တို့နှင့် သူလျှို ဆယ်ယောက်နေရာ၌ ကျွန်မကိုယ်ကိုကျွန်မ မြင်မိသည် (တော ၁၃:၂၇-၂၉၊ ၃၁-၃၃၊ ၁၄:၁-၄)။ ကြီးမား၍ ခွန်အားကြီးသောသူများနှင့် သူတို့၏ ခိုင်ခံ့တောင့်တင်းသော မြို့များကို မည်ကဲ့သို့အောင်နိုင်မည်နည်းဟု တွေးရင်း သူတို့လည်း အခက်ကြုံနေသည်။ “သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့…
ခရစ်တော်၏စိတ်သဘော
စိန်ခေါ်မှုကြီးသည့် အာဖဂန်နစ္စတန်နိုင်ငံ၌ တာဝန်ကျစဉ် ဗြိတိသျှစစ်တပ်မှ တပ်ကြပ်ကြီး Scott (စကော့)သည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ ခံစားခဲ့ရသည်။ “ငါ အမှောင်ထုထဲ ရောက်နေတယ်”ဟု သူ သတိရမိသည်။ သို့သော် သူသည် “သခင်ယေရှုကို တွေ့ရှိပြီး ကိုယ်တော်၏နောက်တော်သို့ လိုက်လျှောက်ခဲ့သည်။” သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားသည်။ ယခုအခါ သူသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို အခြားသူများအား ဝေငှနိုင်ရန် ကြိုးစားသည်။ အထူးသဖြင့် Invictus Games (အနိုင်မခံ မရှုံးမပေး အားကစားပြိုင်ပွဲ)တွင် နိုင်ငံတကာမှ သူနှင့်အတူ ယှဥ်ပြိုင်ကြသည့် ထိခိုက်ဒဏ်ရာရ စစ်ပြန်များနှင့် စစ်တပ်မှ စစ်မှုထမ်းဟောင်းများအား ဘုရားသခင်၏မေတ္တာကို ဝေငှရန် ကြိုးစားခဲ့သည်။
စကော့ သည် အားကစားပြိုင်ပွဲသို့မသွားမီ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မတေးများ နားထောင်ခြင်းဖြင့် ခွန်အားယူသည်။ ဤသို့ဖြင့် “ရှင်ယေရှု၏ သဘောတော်ကို ထင်ဟပ်လျက်၊ ပြိုင်ပွဲဝင်စစ်ပြန်များအား ကြင်နာမှု၊ သိမ်မွေ့ နူးညံ့မှုနှင့်…
ဘုရားသခင်ပေးတော်မူသော အကွယ်အကာ
ကျွန်တော်တို့ဇနီးမောင်နှံသည် နှစ်စဉ် အမေရိကန်နိုင်ငံ၊ အနောက်မီချီကန်ပြည်နယ်တောလမ်းများ၌ မိုင်ပေါင်းများစွာ စက်ဘီးနင်းကြသည်။ အတွေ့အကြုံများကို ပိုမိုမြှင့်တင်ရန် ကျွန်တော်တို့၏စက်ဘီး၌ အပိုပစ္စည်းအချို့ တပ်ဆင်ကြသည်။ Sue (စူး)၏စက်ဘီးတွင် ရှေ့မီး၊ နောက်မီး၊ ခရီးမိုင်တိုင်းကိရိယာ၊ စက်ဘီးခတ်သော့တို့ရှိပြီး၊ ကျွန်တော့်စက်ဘီး၌ ရေဗူးထည့်ရန်နေရာရှိသည်။ လက်တွေ့တွင် ထိုအပိုပစ္စည်းများမပါဘဲ လမ်းကြောင်းအတိုင်း ကျွန်တော်တို့ နေ့စဉ်အောင်မြင်စွာ မိုင်ပေါင်းများစွာ စီးနင်းခရီးနှင်နိုင်သည်။ ထိုအပိုပစ္စည်းများသည် အကူအညီရသော်လည်း ၎င်းတို့ကို တပ်မည်/မတပ်မည်ကို ရွေးချယ်နိုင်ပါသည်။
ဧဖက်သြဝါဒစာ၌ တမန်တော်ရှင်ပေါလုက အခြားသောအပိုပစ္စည်းများ အကြောင်း ရေးထားပြီး ၎င်းတို့ကို အပိုဆောင်ထားရန်မျှသာ မဟုတ်ပါ။ ရှင်ယေရှုကို ယုံကြည်ကြောင်း အောင်မြင်စွာ ရှင်သန်ပြနိုင်ရေး ၎င်းတို့ကို “ယူတင်ဝတ်ဆင်ရမည်” ဟု သူဆိုသည်။ ဘဝအသက်တာသည် လွယ်ကူသောခရီးလမ်း မဟုတ်ပါ။ မာရ်နတ် ၏ ပရိယာယ်ကို ဆန့်ကျင်တိုက်ခိုက်ရမည့် တိုက်ပွဲအတွင်း၌ ကျွန်တော်တို့ရှိနေသဖြင့် ဘုရားသခင် ပြင်ဆင်ပေးသော လက်နက်စုံကို ဝတ်ဆောင်ကြရပါမည်…
“သေးငယ်သော” အံ့ဩဖွယ်နမိတ်လက္ခဏာများ
ကျွန်မတို့၏ မင်္ဂလာဆောင်လက်ဆောင်ပေးပွဲတွင် ရှက်ကြောက်တတ်သောသူငယ်ချင်း ဒေ့ဗ် က ထောင့်တစ်နေရာတွင် ထိုင်နေပြီး၊ စက္ကူဖြင့်ပတ်ထားသည့် ရှည်မျောမျော ပစ္စည်းတစ်ခုကို ကိုင်ထားသည်။ သူ့အလှည့်ရောက်သောအခါ သူယူလာသည့်လက်ဆောင်ကို ကျွန်မတို့ဖြည်လိုက်သောအခါ စက်ဝိုင်းပုံအရစ်များပါသည့် ရှည်မျောမျောသစ်သားပြားဖြစ်ပြီး၊ ၎င်းတွင် “ဘုရားသခင်၏အချို့သော အံ့ဩဖွယ်ရာများသည် သေးငယ်သည်” ဟူသော စာတန်းလေးပါရှိသည်။ ကျွန်မတို့အိမ်တွင် ထိုသစ်သားပြားကို ချိတ်ထားသည်မှာ ၄၅ နှစ် ရှိခဲ့ပြီဖြစ်ပြီး၊ သေးငယ်သောကိစ္စရပ်များတွင်ပင် ဘုရားသခင်သည် အလုပ်လုပ်နေကြောင်းကို ကျွန်မတို့အား ထပ်ခါထပ်ခါ အမှတ်ရစေပါသည်။ အခွန်အခပေးဆောင်စရာများပေးခြင်း၊ ထမင်းတစ်နပ်ကျွေးမွေးခြင်း၊ အအေးမိသည်ကို ပျောက်ကင်းစေခြင်း စသည်တို့ကို စုပေါင်းလိုက်လျှင် ဘုရားသခင်၏ ကောင်းချီးမှတ်တမ်းသည် အထင်ကြီးစရာပေ။
ယေရှုရှလင်မြို့နှင့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ယုဒပြည်ကို အုပ်ချုပ်သူ ဇေရုဗဗေလသည်လည်း အလားတူသတင်းစကားမျိုးကို ပရောဖက် ဇာခရိမှတဆင့် ဘုရားသခင်ထံမှ ရရှိခဲ့သည်။ ဣသရေလလူမျိုးများသည် ဗာဗုလုန်တွင် ကျွန်ခံပြီးနောက်ပြန်လွတ်လာသောအခါ သူတို့တွင် သာယာဝပြောမှု မရှိ၍…
ကျန်းမာသောနှလုံးသား
လူ့နှလုံးသည် အံ့ဩစရာကောင်းသော ကိုယ်အင်္ဂါဖြစ်သည်။ သွေးညှစ်ပေးသည့် လက်သီးအရွယ်အရာလေးသည် ၇ ပေါင်မှ ၁၅ ပေါင်ကြား အလေးချိန်ရှိသည်။ နေ့စဥ် အကြိမ် ၁ သိန်း ဝန်းကျင်ခုန်ပြီး၊ သွေးဂါလန်ပေါင်း ၂ ထောင်ကို ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှ မိုင် ၆ သောင်းရှိသော သွေးကြောများထဲသို့ တွန်းပို့ပေးသည်။ နှလုံး၏အလုပ်တာဝန်မှာ ထိုမျှကြီးမားအရေးပါသောကြောင့် နှလုံးကျန်းမာရေးသည် လူ့တစ်ကိုယ်လုံး၏ကောင်းကျိုးသုခအတွက် အဓိကကျသည်ကို နားလည်နိုင်ပါသည်။ ကျွန်တော်တို့၏နှလုံးအခြေအနေနှင့် ကျန်းမာရေးအရည်အသွေးသည် ဆက်စပ်နေသောကြောင့် ဆေးဝါးသိပ္ပံက ကျွန်တော်တို့ကို ကောင်းမွန်သောအလေ့အထများကို လိုက်စားရန် တိုက်တွန်းပါသည်။
ဆေးဝါးသိပ္ပံက ကျွန်တော်တို့၏ ရုပ်ပိုင်းဆိုင်ရာနှလုံးများအကြောင်း ပြောဆိုပိုင်သည့်အခွင့်အာဏာရှိသော်လည်း အခြားသော “နှလုံး”တစ်မျိုးအကြောင်းကို ဘုရားသခင်က ပို၍ကြီးမားသော အခွင့်အာဏာမျိုးဖြင့် ပြောဆိုသည်။ ဘုရားရှင်က ကျွန်တော်တို့ဖြစ်တည်မှု၏ စိတ်ကျန်းမာရေးဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ၊ စိတ်ဝိညာဉ်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုင်ရာ “ဗဟိုချက်”အကြောင်း ပြောဆိုပါသည်။ နှလုံးသည် ကျွန်တော်တို့ဘဝ၏အရေးကြီးဆုံး အစိတ်အပိုင်း…
ရှာဖွေပြီး ကယ်တင်ခြင်း
မုန်တိုင်းတိုက်မည်ဟူသော မိုးလေဝသခန့်မှန်းချက် ပြောင်းလဲသွားပါစေဟု မျှော်လင့်ရင်း သူငယ်ချင်းအချို့က အင်္ဂလိပ်ရေလက်ကြားတွင် လှေစီးထွက်ကြသည်။ သို့သော်လေထန်လှိုင်းကြမ်းလာပြီး သူတို့လှေ၏လုံခြုံရေးကို ခြိမ်းခြောက်လာသည်။ ထို့ကြောင့် သူတို့က RNLI (the Royal National Lifeboat Institution - တော်ဝင်အမျိုးသားအသက်ကယ်လှေအဖွဲ့)ကို ရေဒီယိုဖြင့် ဆက်သွယ်လိုက်သည်။ စိုးရိမ်တကြီး ခေတ္တစောင့်ဆိုင်းခဲ့ရပြီးနောက် လာကယ်မည့်သူများကို အဝေးမှလှမ်းတွေ့ခဲ့ပြီး၊ မကြာမီ သူတို့အန္တရာယ်ကင်းတော့မည်ဟု စိတ်သက်သာရာရခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မသူငယ်ချင်းက “ပင်လယ်စည်းကမ်းတွေကို လူတွေ လျစ်လျူ ရှုရှု မရှုရှု RNLI ကတော့ လာကယ်တုန်းပဲ” ဟု ကျေးဇူးတင်စွာ မှတ်ချက်ပြုခဲ့သည်။
ဤအဖြစ်အပျက်ကို သူပြန်ပြောနေစဉ် ကျွန်မက ဘုရားသခင်၏ ရှာဖွေကယ်ဆယ်ရေးမစ်ရှင်ကို သခင်ယေရှု ဦးဆောင်သည့်အကြောင်း တွေးဖြစ်သည်။ သခင်သည် လူသားအဖြစ်ခံယူရန် လောကသို့ ဆင်းသက်လာပြီး၊ လူသားတစ်ဦး ကဲ့သို့ အသက်ရှင်ခဲ့သည်။ ကျွန်မတို့၏ဒုစရိုက်နှင့်မနာခံမှုက ဘုရားသခင်နှင့် ကျွန်မတို့ကို…
ချုပ်တည်းမှုကင်းမဲ့ခြင်းနှင့် အတင့်ရဲခြင်း
အင်္ဂလန်နိုင်ငံရှိ Holy Island (သန့်ရှင်းမြင့်မြတ်သောကျွန်း) ဟုခေါ်သော Lindisfarne (လင်ဒစ်ဖာန်း) ကျွန်းသည် လမ်းကျဉ်းလေးတစ်ခုဖြင့်သာ ကုန်းမကြီးနှင့် ဆက်သွယ်ထားသည်။ ထိုတာရိုးလမ်းကို တစ်ရက်လျှင် ၂ ကြိမ် ပင်လယ်ရေ လွှမ်းသည်။ ဒီရေတက်ချိန်တွင် ထိုလမ်းမှသွားပါက အန္တရာယ်များတတ်ကြောင်း ဆိုင်းဘုတ်များက ခရီးသွားများကို သတိပေးသည်။ သို့သော်လည်း ခရီးသွားများက သတိပေးချက်များကို လျစ်လျူရှုမြဲ လျစ်လျူရှုလျက်၊ သူတို့ကားများ ရေမြှုပ်လေမှ ကားခေါင်မိုးပေါ် တက်ထိုင်ပြီး၊ သို့မဟုတ် ခြေတံရှည်ဆောက်ထားသော လုံခြုံရေးတဲများသို့ ရေကူးသွားပြီး လာကယ်မည့်အချိန်ကို စောင့်ရသည်။ နေထွက်မည်မှာ သေချာသကဲ့သို့ ဒီရေတက်မည်မှာလည်း သေချာပါသည်။ သတိပေးချက်များလည်း နေရာတိုင်းတွင် ရှိပါသည်။ မတွေ့ဘဲ မနေပါ။ သို့သော်လည်း စာရေးဆရာတစ်ယောက် ရေးသားခဲ့သကဲ့သို့ “လင်ဒစ်စ်ဖာန်းကျွန်းသည် မဆင်ခြင်တတ်သူ များက ဒီရေထက်မြန်အောင် ပြေးရန် ကြိုးစားကြသောနေရာ” ဖြစ်သည်။
“မဆင်မခြင်နေထိုင်ကာ ချုပ်တည်းမှုကင်းမဲ့ခြင်းနှင့် အတင့်ရဲခြင်း”သည်…