ခရစ်တော်၌ တည်ဆောက်ခြင်း
အင်္ဂလိပ်ဘာသာစကား၌ တိရစ္ဆာန်အုပ်စုအတွက် နာမည်မျိုးစုံရှိကြသည်။ သိုးအုပ်စုကို “a flock of sheep”၊ နွားအုပ်ကို “a herd of cattle”၊ ဘဲငန်းအုပ်ကို “a gaggle of geese” စသည်တို့ကို သင်ကြားဖူးပါလိမ့်မည်။ သို့သော် အချို့နာမည်များက အံ့အားသင့်စရာပါ။ ကျီးကန်းအုပ်ကို “murder” (သတ်ဖြတ်သူ)၊ မိကျောင်းအုပ်စုကို “a congregation of alligators” (မိကျောင်းအသင်း)၊ ကြံ့အုပ်စုကို “a crash of rhinoceroses” (ကြံ့တစ်ဟုန်ထိုးတိုးဝင်မှု) ဟူ၍ တွေ့ရသည်။ အာရှဥရောပ မျိုးစပ် ကျီးကန်းအုပ်ကို ခေါ်သည့် “a building of rooks” (ကျီးအ အသိုက်အမြုံ) ကိုရော ကြားဖူးပါသလား။ အသိုက်အမြုံအဆောက်အအုံသည် အမှန်စင်စစ် သခင်ယေရှုကို ယုံကြည်သူများအတွက် ကျမ်းစာထဲ၌ ပါရှိသည့်နာမည်ဖြစ်သည်။ “သင်တို့သည် ...…
သင်္ချိုင်းမရှိပါ
ကျေးလက်ဂီတအကျော်အမော် Johnny Cash (ဂျော်နီခက်(ရှ်)) ကွယ်လွန်ခါနီးတွင် သူသည် ဂီတကို ဆက်လက်ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။ သူ၏နောက်ဆုံးတေးစု “American VI: Ain’t No Grave” (အမေရိကန် နံပါတ် ၆ - သင်္ချိုင်း မရှိပါ)ကို သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် အသံသွင်းခဲ့သည်။ ဤတေးအယ်လ်ဘမ်၏ ခေါင်းစဥ်သီချင်းမှာ Claude Ely (ခလော့ဒ် အီလိုင်)၏ ဓမ္မတေးတစ်ပုဒ်ကို ဂျော်နီက သူ့ဗားရှင်း၊ သူ့စတိုင်လ်နှင့် ပြန်လည်သီဆိုသောသီချင်း ဖြစ်သည်။
ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်မျှော်လင့်ကြောင်း သူသီဆိုသည့်သီချင်းကို နားထောင်ရင်း ထိုသီချင်းသည် သူ၏နောက်ဆုံးအတွေးကို ဉာဏ်အလင်းပေးခဲ့သည်ဟု နားလည်ရသည်။ ကျန်းမာရေးအားနည်းကျဆင်းမှုကြောင့် ကျော်ကြားသော သူ့အသံအောကြီးက အားနည်းသွားသော်လည်း တန်ခိုးနှင့် ပြည့်စုံသော သူ၏ ယုံကြည်ခြင်း၏သက်သေခံချက်ကို ကြေညာခဲ့သည်။
ဂျော်နီ၏မျှော်လင့်ချက်သည် အီစတာတနင်္ဂနွေနံနက်တွင် သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းအကြောင်းမျှသာ မဟုတ်ဘဲ၊ တစ်နေ့တွင် သူလည်း…
ဆန်ပြုတ်ကောင်း
ဂျိုစီလင်း (Joselyn) ၏စားသောက်ဆိုင်မှ အရောင်းရဆုံးအစားအစာမှာ ဆန်ပြုတ်ဖြစ်သည်။ သူမက ဆန်ပြုတ်ကို ကျေညက်သွားသည်အထိ သမအောင်သေချာစွာ မွှေသည်။ ထို့ကြောင့် သူမ၏ပုံမှန်ဖောက်သည်တစ်ယောက်က “မင်းရဲ့ဆန်ပြုတ်အရသာက ထူးခြားတယ်။ ဆန်သားက မညက်ဘူး” ဟု ပြောသောအခါ သူမ ထိတ်လန့်သွားသည်။
ဤတစ်ကြိမ်တွင် သူ၏လက်ထောက်အသစ်က ထိုဆန်ပြုတ်ကို ပြင်ဆင်ခဲ့ပြီး “ကျွန်မက အညွှန်းအတိုင်း ကြာကြာမမွှေဘဲ အိမ်မှာ ချက်သလိုမျိုးပဲ ချက်တယ်။ နှမ်းဆီလည်း ထပ်ထည့်တယ်။ အရသာ ပိုကောင်းတယ်လို့ ကျွန်မထင်ပါတယ်”ဟု အရသာကွာခြားရသည့် အကြောင်းရင်းကို ရှင်းပြသည်။ သူမသည် ဟင်းချက်နည်းကို လျစ်လျူရှုပြီး ကိုယ့်နည်းအတိုင်းလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ဘုရားသခင်၏ညွှန်ကြားချက်ကို ဤအတိုင်း တုံ့ပြန်သည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ကိုယ်တော်၏ အမိန့်တော်များကို အပြည့်အဝနာခံမည့်အစား မိမိ၏ထင်မြင်ယူဆချက်များ အတိုင်း ဆက်လုပ်နေခဲ့သည်။
ရှုရိစစ်တပ်၏တပ်မှူးနေမန်လည်း အလားတူအမှားမျိုး လုပ်မိခါနီးဖြစ်သည်။ သူ၏နူနာရောဂါပျောက်စေရန်…
နိုင်ငံတော်သဏ္ဌာန်ရှိသည့် လုပ်ငန်းခွင်
ဗစ်တိုးရီးယန်းခေတ် အင်္ဂလန်ရှိ စက်ရုံများသည် မှောင်မိုက်သောနေရာများဖြစ်ပြီး လူအသေအပျောက်များကာ အလုပ်သမားများ ဆင်းရဲစွာ နေထိုင်ကြရသည်။ George Cadbury (ဂျော့(ရှ်)ခါ(ဒ်)ဘာရီ) က “အလုပ်လုပ်သူတစ်ယောက်ရဲ့အိမ်က ဆင်းရဲသားရပ်ကွက်ဖြစ်နေတဲ့အခါ အလုပ်ရဲ့စံနှုန်းတွေကို ဘယ်လို ပျိုးထောင်နိုင်မှာလဲ”ဟု မေးခဲ့သည်။ ထို့နောက် ချောကလက်လုပ်ငန်းကို တိုးချဲ့ကာ အလုပ်သမားများအတွက် အကျိုးဖြစ်ထွန်းစေသော စက်ရုံသစ်တစ်ခုကို ဆောက်လိုက်သည်။
ရလဒ်မှာ ခါ(ဒ်)ဘာရီ၏ အလုပ်သမားများနှင့် သူတို့၏မိသားစုများအတွက် အားကစားကွင်း၊ ကလေးကစားကွင်းများ၊ ကျောင်းများနှင့် ဘုရားကျောင်းများ ပါသော အိမ်ခြေသုံးရာကျော် ဘွန်းဗေးလ် (Bournville) ရွာ ဖြစ်ပေါ်လာသည်။ ခါ(ဒ်)ဘာရီ၏ ခရစ်တော်၌ယုံကြည်ခြင်းကြောင့် ထိုအလုပ်သမားများသည် လစာကောင်းကောင်း ရသည့်အပြင် ဆေးကုသခွင့်များကိုပါ ရရှိခဲ့သည်။
ဘုရားသခင်၏အလိုတော်သည် “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” (မ ၆:၁၀) ဟု ဆုတောင်းရန် သခင်ယေရှု သွန်သင်ခဲ့သည်။ ဘုရား၏အုပ်စိုးမှုအောက်တွင် “နေ့စဉ်အသက်မွေးလောက်သောအစာ” အတွက် မိမိအလုပ်လုပ်သည့်နေရာ၊ မိမိအား…
ပြန်လည်ဖော်ထုတ်ရေး အလေ့အကျင့်
အကြောင်းအရာတစ်ခုကို ပြောနေရင်း နာမည် သို့မဟုတ် နေ့စွဲကို မမှတ်မိဘဲ ရပ်လိုက်ရသောအချိန် ရှိခဲ့ဖူးပါသလား။ အသက်အရွယ်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ မှတ်ဉာဏ်များ မှေးမှိန်ပျောက်ကွယ်သွားသည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သို့သော် မကြာမီက လေ့လာတွေ့ရှိမှုများက ထိုအမြင်ကို မထောက်ခံတော့ပါ။ အမှန်မှာ ကျွန်ုပ်တို့၏မှတ်ဉာဏ်က ပြဿနာမဟုတ်ဘဲ၊ ထိုမှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်သောစွမ်းရည်၌သာ ပြဿနာဖြစ်နေကြောင်းကို လေ့လာချက်များက ထောက်ပြကြသည်။ အရာတစ်ခုခုကို ပုံမှန်လေ့ကျင့်မှုမလုပ်လျှင် မှတ်ဉာဏ်များကို ရယူနိုင်ရန် ခက်ခဲလာပါသည်။
မှတ်ဉာဏ်ပြန်လည်ရယူနိုင်စွမ်း တိုးတက်လာရန် လုပ်ဆောင်ရမည့် နည်းလမ်းတစ်ခုမှာ ပုံမှန်သတ်မှတ်ထားသော လုပ်ဆောင်ချက်များ သို့မဟုတ် မှတ်ဉာဏ်အချို့ကို ပြန်လည်တွေးတောခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ဘုရားသခင်သည် ဤအရာကို သိသောကြောင့် ဝတ်ပြုကိုးကွယ်ခြင်းနှင့် အနားယူခြင်းအတွက် တစ်ပတ်လျှင် တစ်ရက်ကို ဖယ်ထားရန် ဣသရေလလူမျိုးများအား ညွှန်ကြားခဲ့သည်။ ထိုသို့ ရုပ်ပိုင်းဆိုင်ရာအနားယူခြင်းအပြင်၊ “ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်…
မျှော်လင့်ခြင်းရောင်စဥ်
၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၁) ရက်၊ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မှု ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် နယူးယောက်မြို့ ကောင်းကင်ယံတွင် ရင်သပ် ရှုမောဖွယ်ရာ နှစ်ထပ်သက်တန့်ကြီးက တင့်တယ်စွာ ရှိနေခဲ့သည်။ ယခင် Twin Towers (မိုးပျံ အမြွှာမျှော်စင်) တည်ရှိရာ ဤမြို့သည် တိုက်ခိုက်မှု၏ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ အနှစ် ၂၀ ကျော်ကြာပြီးနောက်၊ ထိုနှစ်ထပ်သက်တန့်သည် မြင်တွေ့ရသူများထံသို့ မျှော်လင့်ခြင်းနှင့် ကုစားခြင်းဟူသောခံစားမှုကို ယူဆောင်လာခဲ့သည်။ ထိုအခိုက်အတန့်ကို ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် World Trade Center (ကမ္ဘာ့ကုန်သွယ်မှုဗဟိုအဆောက်အအုံ) ဘက်မှ ထွက်ပေါ်လာသော သက်တန့်များကို ရိုက်ကူးထားပုံရသည်။
ကောင်းကင်ရှိသက်တန့်များသည် နောဧလက်ထက်မှစ၍ ဘုရားသခင်၏ သစ္စာရှိခြင်းအပေါ် ယုံကြည်စိတ်ချရမှုကို ယူဆောင်လာခဲ့သည်။ မတွေးတတ်အောင်ပင် ပျက်စီးခြင်းများဖြစ်ပေါ်စေသည့် အပြစ်တရားအပေါ် ဘုရားရှင်၏ စီရင်ခြင်းနောက်ပိုင်းတွင် ကိုယ်တော်သည် အသက်ရှင်သောသတ္တဝါအပေါင်းနှင့်…
ဝိညာဉ်ရေးဆိုင်ရာ တော်ဝင်မျိုးနွယ်
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ရော့ခ်ဗီးလ် (Rockville)မြို့မှ Jay Speights (ဂျေးစပိတ်စ်) သည် DNA စစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့သောအခါ၊ မျှော်လင့်မထားသောရလဒ်များကြောင့် သူအံ့ဩတုန်လှုပ်ခဲ့ရသည်။ ထိုရလဒ်များထဲတွင် အံ့ဩစရာကြီးတစ်ခုမှာ သူသည် အနောက်အာဖရိကတိုက်ရှိ Benin (ဘီနင်)နိုင်ငံ၏ မင်းသားတစ်ပါး ဖြစ်နေသည်။ များမကြာမီ သူသည် လေယာဉ်စီးကာ ထိုနိုင်ငံသို့ အလည်သွားခဲ့သည်။ သူရောက်ရှိသောအခါ၊ တော်ဝင်မိသားစုများသည် သူ့အား နှုတ်ခွန်းဆက်သကြပြီး အတီးအမှုတ်အကအခုန်များ၊ ဆိုင်းဘုတ်ထောင်ခြင်းများ၊ ချီတက်ပွဲများဖြင့် တခမ်းတနား ကြိုဆိုခဲ့ကြသည်။
ဘုရားသခင်၏သတင်းကောင်း ကြေညာချက်အဖြစ် သခင်ယေရှုသည် လောကသို့ ကြွလာခဲ့သည်။ သခင်ယေရှုသည် သတင်းကောင်းဝေငှရန်နှင့် မှောင်မိုက်မှ လွတ်မြောက်ရာလမ်းကိုပြခြင်းငှာ၊ သူ၏လူ ဣသရေလလူမျိုးရှိရာသို့ ကြွတော်မူခဲ့သည်။ လူများစွာတို့သည် “ဟုတ်မှန်သောအလင်း”ကို ငြင်းပယ်ပြီး (ယော ၁:၉)၊ သခင်ယေရှုကို ကယ်တင်ရှင် မေရှိယအဖြစ် လက်မခံ၊ တရားစကားကို လျစ်လျူရှုခဲ့ကြသည် (:၁၁)။ သို့သော်လည်း…
ယေရှုခရစ်၌ တည်ခြင်း
အမေရိကန်နိုင်ငံရှိ Balsora Baptist Church (ဘယ်လ်ဆိုရာ နှစ်ခြင်းအသင်းတော်) မီးလောင်ခဲ့သည်။ မီးငြိမ်းသွားပြီးနောက် အရေးပေါ်ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့ဝင်များ စုဝေးနေကြစဉ် မီးခိုးနှင့်ပြာများအကြားတွင် မီးကျွမ်းနေသော မတ်မတ်ရပ်နေသည့် လက်ဝါးကပ်တိုင်တစ်ခုကို တွေ့ရသဖြင့် အံ့အားသင့်ခဲ့ရသည်။ မီးသတ်သမားက မီးသည် “အဆောက်အအုံကို လောင်ကျွမ်းသွားသော်လည်း လက်ဝါး ကပ်တိုင်ကိုဖြင့် မလောင်ကျွမ်း။ အဆောက်အအုံသည် လူတို့ဆောက်ထားသော အဆောက်အအုံတစ်ခုသာဖြစ်ကြောင်း [သတိပေးချက်ဖြစ်ပြီး]၊ အသင်းတော် မူကား ဝတ်ပြုကိုးကွယ်သူအသိုင်းအဝန်း ဖြစ်သည်” ဟု မှတ်ချက်ပေးခဲ့သည်။
အသင်းတော်သည် အဆောက်အအုံတစ်ခု မဟုတ်ဘဲ၊ အသေခံပြီး သင်္ဂြိုဟ်ခြင်းခံရကာ၊ တစ်ဖန်ရှင်ပြန်ထမြောက်သော ခရစ်တော်၏လက်ဝါးကပ်တိုင် အားဖြင့် စည်းလုံးစွာဖြစ်တည်သော လူမှုအဖွဲ့တစ်ခုဖြစ်သည်။ သခင်ယေရှု လောက၌ အသက်ရှင်စဉ်၊ ကမ္ဘာလုံးဆိုင်ရာအသင်းတော်ကို သူတည်ဆောက်မည်ဖြစ်ပြီး၊ ၎င်းကို မည်သည့်အရာကမျှ ဖျက်ဆီး၍ ရမည်မဟုတ်ကြောင်း ပေတရုအား ပြောခဲ့သည် (မ ၁၆:၁၈)။ သခင်ယေရှုသည် ကမ္ဘာတစ်ဝန်းမှ ယုံကြည်သူများအား…
အဆုံး၌ စည်းလုံးညီညွတ်ခြင်း
၁၉၆၀ ခုနှစ်တွင် Otto Preminger (အော့တိုပရဲမင်ဂျာ)သည် သူ၏ “Exodus” (ထွက်မြောက်ခြင်း) ရုပ်ရှင်ဖြင့် အငြင်းပွားမှုများ ဖြစ်စေခဲ့သည်။ ထိုရုပ်ရှင်သည် Leon Uris (လီယွန်ယူရစ်)၏ဝတ္ထုကို အခြေခံ၍၊ ဒုတိယကမ္ဘာစစ်အပြီး ပါလက်စတိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သည့် ဂျူးဒုက္ခသည်များ၏ စိတ်ကူးယဉ်မှတ်တမ်းကို ဖော်ပြထားသည်။ ဤဇာတ်ကားသည် အသတ်ခံခဲ့ရသူနှစ်ဦးဖြစ်သော ဥရောပ-ဂျူးမိန်းကလေးနှင့် အာရပ်အမျိုးသားတို့ကို မကြာမီ အစ္စရေးနိုင်ငံဖြစ်လာတော့မည့် အရပ်၌ အုတ်ဂူတစ်ခုထဲတွင် အတူတူမြေမြှုပ်သင်္ဂြိုဟ်ခြင်းဖြင့် ဇာတ်သိမ်းထားသည်။
၎င်းသည် ထာဝရမြှုပ်နှံလိုက်ရသည့် အိပ်မက်တစ်ခုအပေါ် စိတ်ပျက်အားလျော့မှုကို တင်စားခြင်းလား၊ သို့မဟုတ် မုန်းတီးမှုနှင့်ရန်လိုမှု ရာဇဝင်ရှိသော လူနှစ်ဦး၏ သေခြင်းနှင့်အသက်ရှင်ခြင်းတွင် ပေါင်းစည်းသွားခြင်းက မျှော်လင့်ချက်၏ နိမိတ်သင်္ကေတလား။ ပရဲမင်ဂျာသည် နိဂုံးကို ကျွန်တော်တို့ ဆုံးဖြတ်ရန် ချန်ထားခဲ့သည်။
ဆာလံ ၈၇ ကို ရေးသားခြင်းဖြင့် ဂုဏ်ပြုခံရသော ကောရ၏သားများက ဒုတိယ အမြင်ကို ရွေးချယ်ခဲ့လိမ့်မည်။ ကျွန်တော်တို့…
ယုံကြည်ခြင်းဖြင့် ခြေလှမ်းခြင်း
ဧည့်သည်တရားဟောဆရာက ဘုရားသခင်ကို ယုံကြည်ကိုးစားလျက် “မြစ်ထဲသို့ခြေချခြင်း” အကြောင်းနှင့်ဆိုင်သည့် ဒဿနကို ဟောပြောခဲ့သည်။ သူက မိမိနိုင်ငံ၌ ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ထားသော်လည်း သမ္မာကျမ်းစာ၏ သမ္မာတရားများကို ဟောပြောရန် ရွေးချယ်ခဲ့သည့် ဘုရားသခင်ကို ကိုးစားသော သင်းအုပ်ဆရာတစ်ဦး အကြောင်း ပြောပြသည်။ ထိုသင်းအုပ်မှာ လူမျိုးဘာသာ ခွဲခြားဘက်လိုက်မှုဖြင့် စွဲချက်တင်ခံရပြီး ထောင်ဒဏ် ရက်သုံးဆယ် ကျခံခဲ့ရသည်။ သို့သော် သူ၏ အမှုကို အယူခံဝင်ခဲ့ပြီး၊ သူ၌သမ္မာကျမ်းစာကို ကိုယ်ပိုင်အနက်ဖွင့်ခွင့်နှင့် အခြားသူများအား လိုက်နာရန် တိုက်တွန်းပိုင်ခွင့်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်များသည် ရေထဲခြေချရမည်လား (သို့) ကမ်းပေါ်၌ နေရမည်လားကို ရွေးချယ်မှုပြုလုပ်ခဲ့ရသည်။ အဲဂုတ္တုပြည်မှ လွတ်မြောက်ပြီးနောက်၊ ဣသရေလလူမျိုးတို့သည် အနှစ်လေးဆယ် ပတ်လုံး တော၌လှည့်လည်ခဲ့ကြသည်။ ယခု၌ သူတို့သည် ရေလွှမ်းမိုးပြီး အလွန်အန္တရာယ်ရှိသော ယော်ဒန်မြစ်ကမ်းတွင် ရပ်နေကြ၏။ သို့သော် သူတို့သည်…