စွန့်ကြဲခြင်း၌ ပျော်ရွှင်ခြင်း
ကယ်ရီ၏သားငယ်သည် ကြွက်သားကြုံလှီ နာတာရှည်ရောဂါကြောင့် နောက်တစ်ကြိမ် ထပ်မံ၍ ခွဲစိတ်ရသောအခါ သူမသည် အခြားသူတစ်ဦးအတွက် တစ်ခုခုကို လုပ်ဆောင်ပေးရင်း သူမ၏မိသားစုအခြေအနေမှ စိတ်အာရုံလွှဲလိုခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏သားနှင့် မတော်တော့သော်လည်း အကောင်းနီးပါးရှိသည့်ဖိနပ်များကို စုဆောင်း၍ အဖွဲ့အစည်းတစ်ခုသို့ လှူခဲ့သည်။ သူမ၏အလှူကြောင့် မိတ်ဆွေများ၊ မိသားစုဝင်များသာမက အိမ်နီးချင်းများကပါ ပါဝင်လာခဲ့ကြပြီး အချိန်တိုအတွင်းတွင် ဖိနပ်အရံ ၂၀၀ ကျော်ကို လှူဒါန်းဖြစ်ခဲ့ကြသည်။
ဖိနပ်လှူဒါန်းခြင်းမှာ အခြားသူများကောင်းချီးဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း သူမ၏မိသားစုတွင် ပို၍ကောင်းချီးဖြစ်ခဲ့သည်ဟု ကယ်ရီ ခံစားခဲ့ရသည်။ “ဒီအတွေ့အကြုံကြောင့် ကျွန်မတို့စိတ်အားတတ်ကြွလာခဲ့ပြီး ကျွန်မတို့က အပြင်ဘက်ကို အာရုံစိုက်တတ်လာခဲ့တယ်” ဟု သူမက ဆိုသည်။
သခင်ယေရှုနောက်လိုက်များအနေဖြင့် ရက်ရောစွာ စွန့်ကြဲခြင်းသည် မည်မျှအရေးပါကြောင်းကို ရှင်ပေါလု နားလည်ခဲ့သည်။ သူသည် ယေရုရှလင်မြို့သို့ အသွားတွင် ဧဖက်မြို့၌ တစ်ထောက်နားခဲ့သည်။ ထိုမြို့ရှိ သူတည်ထောင်ခဲ့သော အသင်းတော်မှလူများနှင့် ယခုတွေ့ဆုံခြင်းသည် နောက်ဆုံးဖြစ်နိုင်ကြောင်း သူသိခဲ့သည်။…
ဘုရားသခင်အား ကျေးဇူးတင်ပါ
ကျွန်မသူငယ်ချင်းသည် စိတ်ဖိစီးမှုများသော သူမ၏ဆေးရုံအလုပ်မှ ပြန်လာရင်း၊ သူ့နည်းတူ စိတ်ဖိစီးမှုများသောအလုပ်မှ သူမ၏ခင်ပွန်း ပြန်မရောက်လာမီ ညစာ အတွက် ဘာပြင်ရမည်နည်းဟု တွေးနေသည်။ တနင်္ဂနွေနေ့က ကြက်သားဟင်း ချက်စားခဲ့ပြီး စားမကုန်ဘဲ ကျန်သည့်ဟင်းကို တနင်္လာနေ့တွင် နွေးစားခဲ့သည်။ ထို့နောက် အင်္ဂါနေ့တွင်လည်း ကြက်သားကင် စားခဲ့ကြသည်။ ရေခဲသေတ္တာထဲ၌ ငါး ၂ ကောင်ရှိသော်လည်း သူမယောက်ျားက ငါးဟင်းမကြိုက်ပါ။ အချိန်တိုတွင်း ချက်ပြုတ်ပြီးစီးနိုင်မည့် အခြားအရာရှာမရသဖြင့် ငါးဟင်းသာ ချက်လိုက်သည်။
သူမသည် ဟင်းပွဲကို စားပွဲပေါ်တင်လိုက်ရင်း အခုမှအိမ်ပြန်ရောက်လာသည့် သူမခင်ပွန်းအား“ရှင် ဒီဟင်းကို မကြိုက်မှန်း ကျွန်မသိပါတယ်”ဟု တောင်းပန် စကားဆိုရာ၊ သူမယောက်ျားက ပြန်မော့ကြည့်လိုက်ပြီး “မိန်းမရယ်၊ စားပွဲပေါ်စားစရာတွေ ရှိနေတာကိုပဲ ကိုယ်ဝမ်းသာပါတယ်” ဟု ဆိုလိုက်သည်။
မည်သည့်အရာပင် ဖြစ်နေပါစေ၊ ဘုရားသခင်ထံတော်မှ ကျွန်မတို့ နေ့စဉ်
ရရှိသည့်ပံ့ပိုးမှုများအတွက် ကျေးဇူးသိတတ်ရန်၊ ကျေးဇူးတင်တတ်ရန် အရေးကြီးကြောင်း ထိုသူ၏စိတ်သဘောထားက…
ဘုရားရှင်၏ နှစ်သက်မှုနှင့် ချစ်မေတ္တာကို ခံရခြင်း
ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်ရှိ “နှစ်သက်ခြင်း”ကိုပြသည့် သေးငယ်သောလက်မထောင်ခြင်းသည် ကျွန်ုပ်တို့နှင့်အမြဲရှိနေသည်ဟု ခံစားရသည်။ သို့သော် ဤထောက်ခံသင်္ကေတသည် ၂၀၀၉ ခုနှစ်မှ ပေါ်လာကြောင်း တွေ့ရှိရသည်။
“လိုက်ခ်”(Like)ကို တီထွင်သူ ဒီဇိုင်နာ ဂျတ်စတင် ရိုစန်စတိန်း (Justin Rosen-stein) က “လူအချင်းချင်း ဖြိုဖျက်ကြမည့်အစား အချင်းချင်း မြှင့်တင်ပေးသည့်ကမ္ဘာ” ကို ကူညီဖန်တီးပေးချင်သည်ဟု ဆိုခဲ့သည်။ သို့သော် သူ၏ တီထွင်မှုက အသုံးပြုသူများ၏ ကျန်းမာရေးကို ထိခိုက်စေသော ဆိုရှယ်မီဒီယာစွဲလမ်းမှုကို ဖြစ်စေခဲ့၍ ရိုစန်စတိန်းက စတင်ညည်းတွားလာတော့သည်။
ရိုစန်စတိန်း၏ဖန်တီးမှုသည် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ပေါင်းသင်းဆက်ဆံရေးကို လိုအပ်သည့် ကျွန်ုပ်တို့၏ဗီဇသဘောကို ရည်ညွှန်းနေသည်ဟု ကျွန်ုပ်ထင်မိသည်။ အခြားသူများက ကျွန်တော်တို့ကို သိကြောင်း၊ သတိပြုကြောင်း၊ နှစ်သက်ကြောင်း စသည်ဖြင့် ကျွန်တော်တို့ သိလိုသည်။ “လိုက်ခ်” က အသစ်အဆန်းဖြစ် သည်။ သို့သော် ကျွန်တော်တို့၏ သိလိုသည့်၊ မိမိကိုလူတို့သိစေလိုသည့်…
ဆာငတ်ပြီး ကျေးဇူးတော်ကို ချီးမွမ်းတတ်သော
ကျွန်တော်နှင့် သူငယ်ချင်းနှစ်ယောက်တို့ မသေမီလုပ်လိုသောအရာများစာရင်းမှ လုပ်ပြီးသွားသည့်အရာများကို ဖျက်နေကြသည်။ Grand Canyon အပျော်ခြေလျင်ခရီးသွားခြင်း။ ကျွန်တော်တို့၏ ခြေလျင်ခရီးစတင်စဉ် ရေ လောက်ပါ့မလားဟု တွေးရင်းနှင့်ပင်၊ ရေမြန်မြန်ကုန်သွားခဲ့သည်။ တောင်ကမ်းပါးသို့ရောက်အောင်သွားရမည့်ခရီး ရှိနေသေးသော်လည်း ရေလုံးဝပြတ်သွားသည်။ မောပန်းမှုနှင့်အတူ ဆုတောင်းမိသည်။ ထို့နောက် ထောင့်ချိုးတစ်နေရာသို့ ရောက်သော် အံ့ဖွယ်ရာဟု မှတ်သားခဲ့သည့်အရာ ဖြစ်ပျက်ခဲ့သည်။ ကျွန်တော်တို့သည် ကျောက်ကြား၌လျှိုထည့်ထားသည့် ရေသုံးပုလင်းနှင့်စာတိုကလေးကို တွေ့လိုက်ရပြီး၊ “သင် ဒါကို လိုအပ်မယ်ဆိုတာ သိနေတယ်။ ပျော်ရွှင်စွာ သုံးဆောင်ပါ”ဟု ရေးထားသည်။ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး မယုံ နိုင်လောက်အောင် ဖြစ်လျက်၊ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း တီးတိုးပြောကာ အလွန်လိုအပ်နေသော ရေနှစ်ငုံစာကို သောက်ပြီးနောက် နောက်ဆုံးလမ်းပိုင်းခရီးကို နှင်ခဲ့ကြသည်။ ဤမျှလောက် ရေငတ်ပြီး ကျေးဇူးတင်မိခြင်းကို ကျွန်တော်၏ဘ၀တွင် တစ်ခါမျှမဖြစ်ခဲ့ဖူး၊ မကြုံခဲ့ဖူးပါ။
ဆာလံဆရာ၌ ကရန်းကင်ရွန် အတွေ့အကြုံမရှိငြားလည်း၊ သမင်တစ်ကောင် ရေငတ်ပြီး ကြောက်လန့်သောအခါ မည်သို့ပြုမူသည်ကို သူသိကြောင်း…
ခရစ်တော်အားဖြင့် စင်ကြယ်ခြင်း
ကျွန်မ၏ပထမဆုံး ရေတိုသာသနာပြုခရီးစဉ်မှာ ဘရာဇီးနိုင်ငံ အမေဇုန်တော ရှိ မြစ်ကမ်းနား၌ ဘုရားကျောင်း တည်ဆောက်ရာတွင် ကူညီရန်ဖြစ်သည်။ မွန်းလွဲပိုင်းတစ်ခု၌ ထိုဒေသရှိ ရေစစ်ကိရိယာရှိသည့် အိမ်အနည်းစုမှ တစ်အိမ်သို့ ကျွန်မတို့ သွားရောက်ခဲ့သည်။ အိမ်ရှင်က နောက်နေသောတွင်းရေကို ဆန်းပြားစွာတီထွင်ထားသောရေစစ်ကိရိယာထဲ လောင်းထည့်လိုက်ရာ၊ မိနစ်ပိုင်းအတွင်း အညစ်အကြေးအားလုံးကို ဖယ်ရှားပြီး သန့်ရှင်းကြည်လင်သွားကာ သောက်ရေသန့် ထွက်ပေါ်လာသည်။ ထိုနေရာ၊ ထိုလူ၏ဧည့်ခန်းထဲ၌၊ ခရစ်တော်အားဖြင့် စင်ကြယ်စေခြင်း၏အဓိပ္ပာယ်ကိုထင်ဟပ်နေကြောင်း တွေ့ခဲ့ရပါသည်။
မိမိ၏အပြစ်နှင့် အရှက်တရားဖြင့် သခင်ယေရှုထံ ဦးဆုံးလာခဲ့စဉ် ကျွန်မတို့အား ခွင့်လွှတ်ရန် တောင်းလျှောက်လျက်၊ ကိုယ်တော်အား မိမိတို့၏ကယ်တင်ရှင် အဖြစ် လက်ခံယုံကြည်သောအခါ၊ ကိုယ်တော်သည် အပြစ်များကို စင်ကြယ်စေပြီး ကျွန်မတို့အား အသစ်ဖြစ်စေပါသည်။ ညစ်ပတ်နေသောရေကို သန့်ရှင်းသောသောက်ရေအဖြစ်သို့ ပြောင်းလဲစေသကဲ့သို့ ကျွန်မတို့ကို သန့်ရှင်းစင်ကြယ်စေ သည်။ သခင်ယေရှု၏ကိုယ်ကျိုးစွန့်လွှတ်ပူဇော်မှုကြောင့် ကျွန်မတို့သည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သူဖြစ်လျက် (၂ ကော ၅:၂၁)၊ အရှေ့မျက်နှာစွန်းနှင့် အနောက်မျက်နှာစွန်း…
ရက်ရက်ရောရော ပေးကမ်းခြင်းနှင့် ဝေမျှခြင်း
ကျွန်တော့်ဇနီးကာရီ နှင့် ကျွန်တော်တို့၏ အဆင့်မြင့်ပညာရေးသင်ယူမှု ပြီးဆုံးသွားသောအခါ၊ အကြွေးဒေါ်လာထောင်ပေါင်းများစွာ တင်ခဲ့ပြီး၊ ၎င်းကိုသက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူကာ အကြွေးဆပ်ရန် လိုအပ်သည်။ ဒေသခံဘဏ်တွင် ချေးငွေ လျှောက်ထားသော်လည်း ကျွန်တော်တို့သည် ထိုမြို့၌ ကြာမြင့်စွာမနေထိုင် သောကြောင့် (သို့) အလုပ်မလုပ်သောကြောင့် ငြင်းပယ်ခံခဲ့ရသည်။ ရက်အနည်းငယ် အကြာတွင်၊ ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော်တို့၏အသင်းတော်လူကြီးဖြစ်သည့် ကျွန်တော်၏မိတ်ဆွေ မင်း(Ming)ကို ပြောပြခဲ့သည်။ “ကျွန်တော့်ဇနီးကို ဒီအကြောင်း ပြောပြချင်တယ်”ဟု သူပြောခဲ့သည်။
နာရီအနည်းငယ်ကြာပြီးနောက် ဖုန်းမြည်လာပြီး၊ မင်းက “မင်းလိုအပ်နေတဲ့ငွေကို အန်းနဲ့ကျွန်တော် အတိုးမဲ့ ချေးပေးချင်ပါတယ်” ဟု ကမ်းလှမ်းခဲ့သည်။ ကျွန်တော် ဘာပြောရမှန်း မသိဖြစ်ကာ “ဒီလိုချေးပေးဖို့ ကျွန်တော်က ခင်ဗျားကို တောင်းဆိုလို့ မရဘူးလေ” ဟု ပြန်ပြောလိုက်သည်။ “မင်းတောင်းဆိုတာ မဟုတ်ဘူးလေ” ဟု မင်းက ပျော်ရွှင်စွာ ပြန်ဖြေခဲ့သည်။ ကျွန်တော်တို့ကို သူတို့ေငွေချေးပေးခဲ့ပြီး၊ ကာရီနှင့် ကျွန်တော်လည်း…
ရွံရှာဖွယ်ရာမှ သန့်ရှင်းခြင်းသို့
နေ့လယ်စာစားချိန်၌ ကလေးတစ်ဦးအနေဖြင့် ကျွန်မသမီးလေးသည် ဆွစ်ဒိန်ခဲဖြင့် ကစားရသည်ကိုနှစ်သက်၏။ မျက်နှာဖုံးအလား သူမ၏မျက်နှာပေါ် အဝါရောင် ဖျော့ဖျော့ စတုရန်းပုံဒိန်ခဲပြားကို ကပ်ပြီး၊ သူမ၏တောက်ပနေသောမျက်လုံးစိမ်း များဖြင့် ဒိန်ခဲ၌ရှိသော အပေါက်နှစ်ခုမှ ချောင်းကြည့်၍ “မေမေ ကြည့်ပါဦး”ဟု ပြောသည်။ ငယ်ရွယ်သောမိခင်တစ်ဦးအနေဖြင့်၊ ကျွန်မ၏ အားထုတ်မှုများနှင့်ပတ်သက်သော ကျွန်မ၏ခံစားချက်များကို ထိုဆွစ်ဒိန်ခဲမျက်နှာဖုံးက ပေါင်းစုဖော်ပြနေခဲ့သည်။ မေတ္တာတရားအပြည့် စိတ်ရင်းမှန်ဖြင့် ပေးကမ်းခဲ့သော်လည်း အတော်လေး မပြည့်မစုံဖြစ်ခဲ့သည်။ သန့်ရှင်းခြင်းမရှိဘဲ ရွံရှာဖွယ်ဖြစ်ခဲ့သည်။
ဘုရားသခင်အတွက် သီးသန့်ဖယ်ထားသောအသက်တာ၊ သခင်ယေရှုနှင့် တူသော သွင်ပြင်လက္ခဏာရှိသော သန့်ရှင်းသောအသက်တာဖြင့် ကျွန်မတို့ အသက်ရှင်လို လှပါဘိ။ သို့သော် တစ်နေ့ပြီးတစ်နေ့ သန့်ရှင်းခြင်းကို လက်လှမ်းမမီနိုင်ဘဲ၊ ၎င်းအစား ကျွန်မတို့၏ “ရွံရှာဖွယ်ရာအဖြစ်”၌သာ ရှိနေပါသည်။
၂ တိ ၁:၆-၇ ၌ ပေါလုသည် သူ၏သားတပည့် တိမောသေထံသို့ စာရေး၍၊ ကိုယ်တော်၏သန့်ရှင်းသော ခေါ်တော်မူခြင်းနှင့်အညီ နေထိုင်ရန် တိုက်တွန်းခဲ့သည်။…
ပီဇာမှတစ်ဆင့်လာသော သနားခြင်း ကရုဏာ
ကျွန်မ၏အသင်းတော်ခေါင်းဆောင် Harold (ဟယ်ရယ်)နှင့် သူ၏ဇနီး Pam (ပမ်း) တို့မှ ညစာစားရန် ဖိတ်ခေါ်ခြင်းက ကျွန်မ ရင်ထဲ နွေးထွေးသွားစေသော်လည်း ကျွန်မအား စိုးရိမ်မှုကိုလည်း ဖြစ်စေသည်။ ကျွန်မသည် ကောလိပ်၌ သမ္မာကျမ်းစာ လေ့လာရေးအဖွဲ့တစ်ခုတွင် ပါဝင်နေခဲ့ပြီး၊ ၎င်းတို့သည် သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဆန့်ကျင်သော အတွေးအခေါ်အချို့ကို သွန်သင်နေသည့်အဖွဲ့ဖြစ်သည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ ငါ့ကိုပြောဆိုကြမှာလား” ဟုတွေးမိသည်။
ပီဇာ စားကြပြီး သူတို့၏မိသားစုအကြောင်း ဝေမျှကြကာ၊ ကျွန်မအကြောင်းကိုလည်း မေးကြသည်။ ကျောင်းအိမ်စာအကြောင်း၊ ကျွန်မခွေးလေး Buchi (ဘူချီ)နှင့် ကျွန်မတိတ်တခိုးစိတ်ဝင်စားခဲ့သူအကြောင်း ပြောပြနေစဉ်၊ သူတို့နားထောင်ခဲ့သည်။ ခဏကြာမှသာလျှင် သူတို့သည် ကျွန်မတက်ရောက်နေသည့် အုပ်စုအကြောင်းကို ကျွန်မအား နူးညံ့စွာ သတိပေးပြီး၊ ၎င်း၏သင်ကြားမှုများ၏ မည်သည့်အရာများ မှားယွင်းနေသည့်အကြောင်းကို ရှင်းပြခဲ့သည်။
သူတို့၏သတိပေးချက်သည် ထိုသမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်မှ တင်ပြသော အလိမ်အညာများနှင့် ကျွန်မအား ဝေးကွာစေခဲ့ပြီး၊ သမ္မာကျမ်းစာမှ သမ္မာတရားများနှင့် ကျွန်မအား နီးကပ်စေခဲ့သည်။ သူ၏စာထဲတွင်…
စကားလုံးများက ကျွန်ုပ်တို့နှလုံးသားကို ထင်ဟပ်၏
ညစ်ညမ်းသော စကားပြောဆိုခြင်းကို သင်မည်သို့ ဖယ်ရှားမည်နည်း။ အထက်တန်း ကျောင်းတစ်ကျောင်းက “ညစ်ညမ်းသောစကား မပြောဆိုရန် ကတိပြုခြင်း”ကို စတင်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။ “ကျွန်ုပ်သည် မည်သည့် ညစ်ညမ်းသောစကားကိုမှ ကျောင်းတွင်း ပြောဆိုခြင်း၊ ကျောင်း၏ပရိဘောဂများပေါ် ရေးသားခြင်း လုံးဝမပြုလုပ်ပါ” ဟု ကျောင်းသား၊ ကျောင်းသူများက ကျိန်ဆိုခဲ့ကြသည်။ ၎င်းသည် မြင့်မြတ်သော အားထုတ်မှုဖြစ်သော်လည်း မည်သည့် စည်းကမ်းအသစ်၊ ကတိသစ္စာပြုခြင်းများသည်ပင် ညစ်ညူးသောစကားများ၏ အနံ့ဆိုးကို မဖုံးအုပ်နိုင်ဟု သခင်ယေရှုက ဆိုသည်။
ကျွန်ုပ်တို့၏နှုတ်မှထွက်သော စကားများ၏အနံ့ဆိုးကို ဖယ်ရှားခြင်းသည် ကျွန်ုပ် တို့ နှလုံးသားများကို အသစ်ပြန်လည်ပြုပြင်ခြင်းမှ စတင်ပါသည်။ အသီးအားဖြင့် အပင်၏အမျိုးအစားကို လူတို့ခွဲခြားနိုင်သကဲ့သို့ (လု ၆:၄၃-၄၄)၊ ကျွန်ုပ်တို့၏ ပြော စကားများက ကျွန်ုပ်တို့၏ နှလုံး သားများသည် ဘုရားသခင်နှင့် မှန်/မမှန်၊ ကိုယ်တော်၏ လမ်းတော်အတိုင်း လိုက်လျှောက်ခြင်း ရှိမရှိကို ပြညွှန်နေသော…
အသက်ကြီးသူတစ်ဦးထံမှ အကြံဉာဏ်
“ကျွန်တော် ဘာကို နောင်တရသလဲ” ဆိုသော မေးခွန်းကို New York Times သတင်းစာ၏ ရောင်းအားအကောင်းဆုံးစာရေးဆရာ George Saunders (ဂျော့ဂျ် စောင်ဒါစ်)က ၂၀၁၃ ခုနှစ်၊ Syracuse (စီရီခရုစ်) တက္ကသိုလ် ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာ၌ ဖြေပေးခဲ့သည်။ သူ့နည်းလမ်းမှာ အသက်ကြီးသူတစ်ဦး အနေဖြင့် (စောင်ဒါစ်)သည် သူ့ဘဝရှိ နောင်တရစရာအကြောင်း တစ်ခု၊ နှစ်ခုကို (ဘွဲ့ရ) လူငယ်များထံ မျှဝေပေးခြင်းဖြင့် သူ၏နမူနာများမှ သူတို့သင်ခန်းစာ တစ်စုံတစ်ရာရရှိသွားရန်ဖြစ်သည်။ ဆင်းရဲနွမ်းပါးခြင်း၊ ဆိုးရွားသည့်အလုပ်များကို လုပ်ကိုင်ခဲ့ရခြင်းစသည်ဖြင့် လူအများက သူနောင်တရမည်ဟုထင်သည့် အချက်အနည်းငယ်ကို သူပြုစုထားခဲ့သည်။ သို့သော် ထိုအရာများအတွက် စောင်ဒါစ် တကယ် နောင်တမရခဲ့ကြောင်း ပြောခဲ့သည်။ သို့သော် ကြင်နာမှုပြသရန် ပျက်ကွက်ခဲ့ခြင်းကို သူတကယ်နောင်တရခဲ့သည်။ သူ၌ တစ်စုံတစ်ဦးကိုကြင်နာမှုပြသရန် အခွင့်အရေးများ ရှိခဲ့သော်လည်း ၎င်းတို့ကို သူလက်လွှတ်ခဲ့ခြင်းဖြစ်သည်။
ခရစ်ယာန်အသက်တာသည် မည်သို့မည်ပုံရှိသနည်း…