ရွံရှာဖွယ်ရာမှ သန့်ရှင်းခြင်းသို့
နေ့လယ်စာစားချိန်၌ ကလေးတစ်ဦးအနေဖြင့် ကျွန်မသမီးလေးသည် ဆွစ်ဒိန်ခဲဖြင့် ကစားရသည်ကိုနှစ်သက်၏။ မျက်နှာဖုံးအလား သူမ၏မျက်နှာပေါ် အဝါရောင် ဖျော့ဖျော့ စတုရန်းပုံဒိန်ခဲပြားကို ကပ်ပြီး၊ သူမ၏တောက်ပနေသောမျက်လုံးစိမ်း များဖြင့် ဒိန်ခဲ၌ရှိသော အပေါက်နှစ်ခုမှ ချောင်းကြည့်၍ “မေမေ ကြည့်ပါဦး”ဟု ပြောသည်။ ငယ်ရွယ်သောမိခင်တစ်ဦးအနေဖြင့်၊ ကျွန်မ၏ အားထုတ်မှုများနှင့်ပတ်သက်သော ကျွန်မ၏ခံစားချက်များကို ထိုဆွစ်ဒိန်ခဲမျက်နှာဖုံးက ပေါင်းစုဖော်ပြနေခဲ့သည်။ မေတ္တာတရားအပြည့် စိတ်ရင်းမှန်ဖြင့် ပေးကမ်းခဲ့သော်လည်း အတော်လေး မပြည့်မစုံဖြစ်ခဲ့သည်။ သန့်ရှင်းခြင်းမရှိဘဲ ရွံရှာဖွယ်ဖြစ်ခဲ့သည်။
ဘုရားသခင်အတွက် သီးသန့်ဖယ်ထားသောအသက်တာ၊ သခင်ယေရှုနှင့် တူသော သွင်ပြင်လက္ခဏာရှိသော သန့်ရှင်းသောအသက်တာဖြင့် ကျွန်မတို့ အသက်ရှင်လို လှပါဘိ။ သို့သော် တစ်နေ့ပြီးတစ်နေ့ သန့်ရှင်းခြင်းကို လက်လှမ်းမမီနိုင်ဘဲ၊ ၎င်းအစား ကျွန်မတို့၏ “ရွံရှာဖွယ်ရာအဖြစ်”၌သာ ရှိနေပါသည်။
၂ တိ ၁:၆-၇ ၌ ပေါလုသည် သူ၏သားတပည့် တိမောသေထံသို့ စာရေး၍၊ ကိုယ်တော်၏သန့်ရှင်းသော ခေါ်တော်မူခြင်းနှင့်အညီ နေထိုင်ရန် တိုက်တွန်းခဲ့သည်။…
ပီဇာမှတစ်ဆင့်လာသော သနားခြင်း ကရုဏာ
ကျွန်မ၏အသင်းတော်ခေါင်းဆောင် Harold (ဟယ်ရယ်)နှင့် သူ၏ဇနီး Pam (ပမ်း) တို့မှ ညစာစားရန် ဖိတ်ခေါ်ခြင်းက ကျွန်မ ရင်ထဲ နွေးထွေးသွားစေသော်လည်း ကျွန်မအား စိုးရိမ်မှုကိုလည်း ဖြစ်စေသည်။ ကျွန်မသည် ကောလိပ်၌ သမ္မာကျမ်းစာ လေ့လာရေးအဖွဲ့တစ်ခုတွင် ပါဝင်နေခဲ့ပြီး၊ ၎င်းတို့သည် သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဆန့်ကျင်သော အတွေးအခေါ်အချို့ကို သွန်သင်နေသည့်အဖွဲ့ဖြစ်သည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ ငါ့ကိုပြောဆိုကြမှာလား” ဟုတွေးမိသည်။
ပီဇာ စားကြပြီး သူတို့၏မိသားစုအကြောင်း ဝေမျှကြကာ၊ ကျွန်မအကြောင်းကိုလည်း မေးကြသည်။ ကျောင်းအိမ်စာအကြောင်း၊ ကျွန်မခွေးလေး Buchi (ဘူချီ)နှင့် ကျွန်မတိတ်တခိုးစိတ်ဝင်စားခဲ့သူအကြောင်း ပြောပြနေစဉ်၊ သူတို့နားထောင်ခဲ့သည်။ ခဏကြာမှသာလျှင် သူတို့သည် ကျွန်မတက်ရောက်နေသည့် အုပ်စုအကြောင်းကို ကျွန်မအား နူးညံ့စွာ သတိပေးပြီး၊ ၎င်း၏သင်ကြားမှုများ၏ မည်သည့်အရာများ မှားယွင်းနေသည့်အကြောင်းကို ရှင်းပြခဲ့သည်။
သူတို့၏သတိပေးချက်သည် ထိုသမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်မှ တင်ပြသော အလိမ်အညာများနှင့် ကျွန်မအား ဝေးကွာစေခဲ့ပြီး၊ သမ္မာကျမ်းစာမှ သမ္မာတရားများနှင့် ကျွန်မအား နီးကပ်စေခဲ့သည်။ သူ၏စာထဲတွင်…
စကားလုံးများက ကျွန်ုပ်တို့နှလုံးသားကို ထင်ဟပ်၏
ညစ်ညမ်းသော စကားပြောဆိုခြင်းကို သင်မည်သို့ ဖယ်ရှားမည်နည်း။ အထက်တန်း ကျောင်းတစ်ကျောင်းက “ညစ်ညမ်းသောစကား မပြောဆိုရန် ကတိပြုခြင်း”ကို စတင်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။ “ကျွန်ုပ်သည် မည်သည့် ညစ်ညမ်းသောစကားကိုမှ ကျောင်းတွင်း ပြောဆိုခြင်း၊ ကျောင်း၏ပရိဘောဂများပေါ် ရေးသားခြင်း လုံးဝမပြုလုပ်ပါ” ဟု ကျောင်းသား၊ ကျောင်းသူများက ကျိန်ဆိုခဲ့ကြသည်။ ၎င်းသည် မြင့်မြတ်သော အားထုတ်မှုဖြစ်သော်လည်း မည်သည့် စည်းကမ်းအသစ်၊ ကတိသစ္စာပြုခြင်းများသည်ပင် ညစ်ညူးသောစကားများ၏ အနံ့ဆိုးကို မဖုံးအုပ်နိုင်ဟု သခင်ယေရှုက ဆိုသည်။
ကျွန်ုပ်တို့၏နှုတ်မှထွက်သော စကားများ၏အနံ့ဆိုးကို ဖယ်ရှားခြင်းသည် ကျွန်ုပ် တို့ နှလုံးသားများကို အသစ်ပြန်လည်ပြုပြင်ခြင်းမှ စတင်ပါသည်။ အသီးအားဖြင့် အပင်၏အမျိုးအစားကို လူတို့ခွဲခြားနိုင်သကဲ့သို့ (လု ၆:၄၃-၄၄)၊ ကျွန်ုပ်တို့၏ ပြော စကားများက ကျွန်ုပ်တို့၏ နှလုံး သားများသည် ဘုရားသခင်နှင့် မှန်/မမှန်၊ ကိုယ်တော်၏ လမ်းတော်အတိုင်း လိုက်လျှောက်ခြင်း ရှိမရှိကို ပြညွှန်နေသော…
အသက်ကြီးသူတစ်ဦးထံမှ အကြံဉာဏ်
“ကျွန်တော် ဘာကို နောင်တရသလဲ” ဆိုသော မေးခွန်းကို New York Times သတင်းစာ၏ ရောင်းအားအကောင်းဆုံးစာရေးဆရာ George Saunders (ဂျော့ဂျ် စောင်ဒါစ်)က ၂၀၁၃ ခုနှစ်၊ Syracuse (စီရီခရုစ်) တက္ကသိုလ် ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာ၌ ဖြေပေးခဲ့သည်။ သူ့နည်းလမ်းမှာ အသက်ကြီးသူတစ်ဦး အနေဖြင့် (စောင်ဒါစ်)သည် သူ့ဘဝရှိ နောင်တရစရာအကြောင်း တစ်ခု၊ နှစ်ခုကို (ဘွဲ့ရ) လူငယ်များထံ မျှဝေပေးခြင်းဖြင့် သူ၏နမူနာများမှ သူတို့သင်ခန်းစာ တစ်စုံတစ်ရာရရှိသွားရန်ဖြစ်သည်။ ဆင်းရဲနွမ်းပါးခြင်း၊ ဆိုးရွားသည့်အလုပ်များကို လုပ်ကိုင်ခဲ့ရခြင်းစသည်ဖြင့် လူအများက သူနောင်တရမည်ဟုထင်သည့် အချက်အနည်းငယ်ကို သူပြုစုထားခဲ့သည်။ သို့သော် ထိုအရာများအတွက် စောင်ဒါစ် တကယ် နောင်တမရခဲ့ကြောင်း ပြောခဲ့သည်။ သို့သော် ကြင်နာမှုပြသရန် ပျက်ကွက်ခဲ့ခြင်းကို သူတကယ်နောင်တရခဲ့သည်။ သူ၌ တစ်စုံတစ်ဦးကိုကြင်နာမှုပြသရန် အခွင့်အရေးများ ရှိခဲ့သော်လည်း ၎င်းတို့ကို သူလက်လွှတ်ခဲ့ခြင်းဖြစ်သည်။
ခရစ်ယာန်အသက်တာသည် မည်သို့မည်ပုံရှိသနည်း…
ကြိုတင်စီစဉ်မထားသော ချီးမွမ်းမြွက်ဆိုခြင်း
အီသီယိုးပီးယားသို့ ရေတိုသာသနာ့ခရီးစဉ်အတွင်း ကျွန်မတို့အဖွဲ့သည် ဒေသခံ သာသနာပြုအဖွဲ့မှ အဖွဲ့တစ်ဖွဲ့ကို အဖော်ပြုလျက်၊ အခက်အခဲများကြုံပြီး အမှိုက် ပုံဝင်းအတွင်း တဲထိုးနေထိုင်နေသော လူငယ်အုပ်စုတစ်စုထံသို့ အရောက်သွားခဲ့သည်။ သူတို့နှင့်ဆုံရခြင်းက ကျေနပ်ဝမ်းမြောက်ဖွယ်ကောင်းလှ၏။ ကျွန်မတို့ အချင်းချင်း သက်သေခံလျက်၊ အားပေးစကားပြောကာ အတူဆုတောင်းခဲ့ကြသည်။ ထိုညနေခင်း၏ ကျွန်မအနှစ်သက်ဆုံးအချိန်မှာ ဒေသခံအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက သူ၏ဂီတာကို တီးကာ၊မိတ်ဆွေသစ်များနှင့်အတူ ကျွန်မတို့လရောင်အောက် ဝတ်ပြုကိုးကွယ်ခဲ့သောအချိန်ပင်ဖြစ်သည်။ မည်မျှပင် အလေးအမြတ်ထားအပ်သော အခိုက်အတန့်နည်း။ သူတို့၏အခြေအနေမှာစိုးရိမ်ဖွယ်ဖြစ်လည်း သခင်ယေရှု၌သာ တွေ့နိုင်သည့် မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် သူတို့၌တည်ရှိသည်။
တမန်တော်ဝတ္ထု ၁၆ တွင်၊ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် ချီးမွမ်း သီဆိုသည့်အခြားအချိန်တစ်ခုအကြောင်း ဖတ်ရှုရသည်။ ၎င်းသည် ဖိလိပ္ပိမြို့တော်အတွင်းရှိ အကျဉ်းထောင်၌ ဖြစ်ပွားခဲ့သည်။ သခင်ယေရှု၏အမှုတော်ကို ထမ်းရွက်စဉ် ပေါလုနှင့် သိလတို့သည် ဖမ်းဆီးခံရပြီး၊ ရိုက်နှက်၊ ကြိမ်ဒဏ်ခံရကာ ထောင်တွင်း အကျဉ်းချခံရသည်။ မျှော်လင့်ချက်မဲ့၊ စိတ်ပျက်၍ အရှုံးပေးရမည့်အစား…
အချိန်ရောက်သောအခါ
ကျွန်မ၏မိတ်ဆွေ Al (အောင်) နှင့် Kathy Schiffer (ကေသီ ရှီဖာ) တို့သည် သူတို့ ၏အထင်ကရဖြစ်သော၊ ဒုတိယကမ္ဘာစစ်အချိန်က လေယာဉ်ကို လေကြောင်းပြပွဲသို့ ပျံသန်းမောင်းနှင်လာရာ သက်ကြီး ဝါရင့်စစ်ပြန်ကြီးများ၏တုံ့ပြန်မှုက သူတို့အတွက် အရေးအပါဆုံးပင်။ စစ်ပြန်ကြီးများက ပြန်ပြောင်းသတိရပြီး၊ သူတို့ ဆင်နွှဲခဲ့သော စစ်ပွဲများ၊ သူတို့မောင်းနှင်ခဲ့သော လေယာဉ်များအကြောင်း ပြောဆိုဆွေးနွေးနိုင်သည်။ သူတို့၏ တိုက်ပွဲအများစုအကြောင်းကို မျက်ရည်ဝဲလျက် ပြန်ပြောခဲ့ကြသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်စဉ် သူတို့ရရှိသော အကောင်းဆုံးသတင်းမှာ “ရဲဘော်တို့၊ စစ်ပွဲပြီးဆုံးပြီ၊ အိမ်ပြန်ဖို့အချိန်ရောက်ပြီ” ဟူ၍ဖြစ်ကြောင်း စစ်ပြန်များက ပြောပြသည်။
ကျွန်မတို့ ဝိညာဉ်များ၏ရန်သူ မာရ်နတ်ကို ဆန့်ကျင်တိုက်လှန်သည့် သခင်ယေရှု၌ ယုံကြည်သူ စစ်သည်များ ပါဝင်တိုက်ခိုက်သော၊ ကျွန်မတို့၏ ကောင်းသောယုံကြည်ခြင်း တိုက်ပွဲမှာ ကနဦးမျိုးဆက်များ ပြောဆိုသော ဤစကားများနှင့် ဆက်စပ်နေသည်။ “သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏”ဟု…
မြေကြီး အစား လှပမှု
တစ်ညနေတွင် ကျွန်မ၏အိမ်အနီးရှိ မြေကွက်လပ်တွင် မြေစိုင်တန်းလေးများ သေသပ်စွာ စီတန်းတူးဖော်ထားသည်ကို သတိပြုခဲ့မိသည်။ မြေတန်းတစ်ခုစီ၌ အစိမ်းရောင် ရွက်နုလေးများနှင့် အဖူးသေးသေးလေးများ ထွက်နေသော အပင် ပေါက်ကလေးများကို တွေ့ရသည်။ နောက်နေ့မနက်တွင် ထိုမြေကွက်၌ ပေါက်နေသော လှပသည့် အနီရောင် ကျူးလစ်ပန်းခင်းကို ကျွန်မရပ်ကြည့်ခဲ့သည်။
ယခင်ဆောင်းဦးရာသီ၌ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တောင်ဘက်ပိုင်းရှိ ထိုမြေကွက်လပ်များတွင် လူတစ်စုက မျိုးစေ့တစ်သိန်းခန့်ကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ အိမ်များဆောက်ရန် ဘဏ်များမှ ချေးငွေမရရှိဘဲ ခွဲခြားဆက်ဆံမှုဒဏ်ကို ခံစားခဲ့ရသော၊ ထိုနေရာတွင် ကနဦး နေထိုင်ခဲ့ကြသော လူနည်းစုမျိုးနွယ်စုများကို ကိုယ်စားပြုသည့်အနေဖြင့် အနီရောင် ကျူးလစ်ပန်းများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကျူးလစ်ပန်းများသည် ထိုနေရာတွင် ဆောက်လုပ်ပြီးစီးရှိနေရမည့် အိမ်များကို ကိုယ်စားပြုခဲ့သည်။
ဘုရားသခင်၏လူများသည် သူတို့၏မွေးရပ်ဌာနေမှ ပြည်နှင်ခံရပြီး ချေးငွေမရရှိခြင်း ကဲ့သို့သော ခွဲခြားဆက်ဆံ ဖိနှိပ်ခံရခြင်းစသော အခက်အခဲများကို ကြံ့ကြံ့ခံခဲ့ရသည်။ သို့သော် ကျွန်ုပ်တို့၌ မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။ ပြည်နှင်ဒဏ်ခံရချိန်၌ပင် ဘုရားသခင်သည်…
ဘုရားဘာလုပ်ပေးခဲ့တာကို သူတို့ကိုပြောလိုက်ပါ
ကျွန်တော် ကောလိပ်တက်စဉ်က ရင်းနှီးခဲ့သည့် သူငယ်ချင်း Bill Tobias (ဘေးလ်တိုဘိုင်းရပ်စ်)သည် ပစိဖိတ်ကျွန်းပေါ်တွင် သာသနာပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ။ သူက ငွေရှာရန် မိမိမွေးရပ်မြေကို စွန့်ခွာခဲ့သော လူငယ်တစ်ဦးအကြောင်း ပြောပြသည်။ သို့သော် ထိုလူငယ်ကို သူ့သူငယ်ချင်းက ဘုရားကျောင်းသို့ခေါ်သွားခဲ့ရာ သခင်ယေရှု၏ သတင်းကောင်းကို ကြားခဲ့ပြီးနောက် သူသည် ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့သည်။
ထိုကောင်လေးသည် မှော်အတတ်၌နစ်မြှုပ်နေသည့် သူ၏လူမျိုးများထံသို့ ဧဝံဂေလိတရားကို ယူဆောင်လိုသောကြောင့် သူတို့ထံ သတင်းကောင်းယူဆောင်ပေးမည့် သာသနာပြုဆရာကို ရှာဖွေခဲ့သည်။ သို့သော် သာသနာပြုဆရာက “ဘုရားသခင် မင်းအတွက် ဘာလုပ်ပေးခဲ့လဲဆိုတာကိုပဲ သွားပြောပါ”ဟု ရိုးရိုးရှင်းရှင်း ပြန်ပြောခဲ့သည် (မာ ၅:၁၉)။ သူထိုသို့ပြုခဲ့သည်။ သူ့မွေးရပ်ရှိ လူ အမြောက်အမြား ခရစ်တော်ကို ရရှိခဲ့သော်လည်း အကြီးဆုံးသောပြောင်းလဲမှုမှာ သူတို့မြို့ရှိ နတ်ဆေးဆရာက သခင်ယေရှုသည် “လမ်းခရီး၊ သမ္မာတရားနှင့် အသက်” ဖြစ်ကြောင်းကို သဘောပေါက်လက်ခံသွားခြင်းပင်…
အနမ်းဖြင့် ဆုံးမသည်
George MacDonald (ဂျော့ မက်ဒေါ်နယ်)၏ ‘The Wise Woman’ ပုံပမာဝတ္ထုမှာ တစ်ကိုယ်ကောင်းစိတ် ကြောင့် လူအားလုံးကိုသာမက မိမိတို့ကိုယ်ကိုပါ ဒုက္ခရောက်စေသည့် မိန်းကလေးနှစ်ဦးအကြောင်းဖြစ်ပြီး၊ ပညာရှိအမျိုးသမီးတစ်ဦး သူတို့ထံရောက်လာမှ သူတို့ကို အမျိုးမျိုးစမ်းသပ်စစ်ဆေးကျော်လွှားစေပြီး “ချစ်ဖို့ကောင်းအောင်” ကူညီပေးခဲ့သည်။
စမ်းသပ်မှုတစ်ခုစီကိုကျရှုံးတိုင်း ထိုမိန်းကလေးများသည် အရှက်ရပြီး အထီးကျန်မှုကို ခံစားခဲ့ရသည်။ သူတို့ထဲမှ Rosamond (ရိုစမန်း)ဟု အမည်ရသည့်မိန်းကလေးက သူ့ကိုယ်သူ မပြောင်းလဲနိုင်ကြောင်း နောက်ဆုံးသဘောပေါက်ခဲ့သည်။ “အဒေါ် ကျွန်မကို မကူညီနိုင်ဘူးလား” ဟု ပညာရှိအမျိုးသမီးအား သူ မေးခဲ့သည်။ “သမီးအခု အဒေါ့်ဆီက အကူအညီတောင်းတော့ အဒေါ်ကူညီနိုင်မှာပါ”ဟု ထိုအမျိုးသမီး ပြန်ပြောခဲ့သည်။ ပညာရှိအမျိုးသမီး ယောင်ဆောင်ထားသော နတ်သမီး၏အကူအညီဖြင့် ရိုစမန်း စတင် ပြောင်းလဲလာခဲ့သည်။ ထို့နောက် သူမပြုလုပ်ခဲ့သည့် ပြဿနာဒုက္ခများအတွက် ခွင့်လွှတ်ပေးနိုင်မလားဟု မေးမြန်းခဲ့ရာ “သမီးကို အဒေါ် ခွင့်မလွှတ်ဘူး ဆိုရင် အဒေါ် သမီးကို…
ကောင်းကင်သို့ကြည့်လိုက်ပါ
Alex Smalley (အဲလက်စ် စမောလီ)သည် လူတိုင်းကို မနက်စောစောထစေချင်ခဲ့သည် (သို့) တစ်ရက်တာ ကုန်ဆုံးချိန်၌ ခေတ္တရပ်တန့်စေချင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အာရုံဦးနှင့် ဆည်းဆာကို ငေးကြည့်ဖို့ပင်။ ရာသီဥတုအကြောင်းလေ့လာနေသည့် ဗြိတိသျှသုတေသနအဖွဲ့ခေါင်းဆောင် စမောလီ အတွက်မူ ထိုတဒင်္ဂအချိန်များသည် အလှပဆုံးနှင့် အံ့ဖွယ်စိတ်တက်ကြွစေသော အချိန်ဖြစ်သည်။ ကောင်းကင်ပြာနှင့် တလက်လက်တောက်ပနေသည့် ညကောင်းကင်တို့ထက် လှပသည့်နေထွက်ချိန် (သို့) နေဝင်ချိန်တို့က စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေကာ၊ အပြုသဘောဆောင်သော စိတ်သဘောကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုတို့ကိုလျော့ကျစေသည်။ “အလွန်ပင်ကြီးမားကျယ်ပြန့်တဲ့အရာ တစ်ခုခု၊ ဒါမှမဟုတ် သင့်ကိုအံ့အားသင့်စေတဲ့အရာကို ဖြစ်စေတဲ့အရာ တစ်ခုခုကို တွေ့ရင် သင့်ရဲ့ပြဿနာတွေ သေးသိမ်သွားတယ်လို့ ခံစားရလို့ အဲဒီပြဿနာတွေအတွက် သိပ်မပူတော့ဘူး”ဟု စမောလီ ပြောကြားခဲ့သည်။
အံ့ဩဖွယ်ရာများအပေါ် သူ၏တွေ့ရှိချက်တို့သည် ပရောဖက်ယေရမိ၏စကားကို ပဲ့တင်ရိုက်နေသည်။ “အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော် မတတ်နိုင်သော အရာတစုံတခုမျှ…