ဂရုပြုခြင်းအားဖြင့် ဝေမျှခြင်း
လူငယ်သင်းအုပ်ဆရာတစ်ပါးသည် သူ့အားဖြင့် တစ်စုံတစ်ဦးကောင်းချီးဖြစ်စေရန် နေ့စဥ်ဆုတောင်းသည်။ မကြာခဏပင် သူဆုတောင်းသည့်အတိုင်း အခြေအနေတစ်ခုခု ပေါ်ပေါက်ခြင်းကြောင့် သူဝမ်းမြောက်ပျော်ရွှင်ရသည်။ တစ်ရက်တွင် သူ၏ဒုတိယအလုပ်၌ အနားယူနေစဥ်အတောအတွင်း နေရောင်အောက်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်အတူ သူထိုင်နေစဥ် ထိုသူက သူ့အား သခင်ယေရှုအကြောင်းကို မေးသည်။ တစ်ဘက်သား၏မေးခွန်းများကို သင်းအုပ်ဆရာက ရိုးရှင်းစွာ ဖြေခဲ့သည်။ စကားကြီးစကားကျယ်မပြော။ ငြင်းခုံမှုမပြုပေ။ ထိုသင်းအုပ်ဆရာက သန့်ရှင်းသောဝိညာဥ်တော်၏ လမ်းပြမှုခံရခြင်းကြောင့် သာမန်ကာလျှံကာ စကားပြောနေခြင်းဖြစ်သော်လည်း ထိရောက်စွာ၊ နှစ်လိုဖွယ်ကောင်းစွာ ပြောနိုင်ခဲ့သည်ဟု မှတ်ချက်ပေးသည်။ ဘုရားရှင်အကြောင်း ပိုမိုသိရှိရန် ဆန္ဒရှိသော မိတ်ဆွေသစ်လည်း ရခဲ့သည်။
သန့်ရှင်းသောဝိညာဥ်တော် ဦးဆောင်ရန် အခွင့်ပေးခြင်းသည် သခင်ယေရှုအကြောင်းကိုပြောရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ကိုယ်တော်သည် တပည့်တော်တို့အား “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဥ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည် ဟုမိန့်တော်မူ၏” (တ ၁:၈)။
“ဝိညာဥ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊…
ဘုရားသခင်၏ကျေးဇူးတော် ဆုကျေးဇူး
ကျွန်ုပ်သင်ကြားသော ကောလိပ်ကျောင်းတစ်ကျောင်းမှ စာရေးသားခြင်းသင်ခန်းစာ အတန်းအတွက် ကျောင်းသားများပြုစုထားသော စာတမ်းကို အဆင့်ခွဲသတ်မှတ်ချိန်တွင် တစ်ဦးသောသူ၏စာတမ်းကို ကျွန်ုပ်သဘောကျမိသည်။ ရေးသားမှုမှာ အလွန်ကောင်းသည်။ အလွန့်အလွန်ကောင်းသော ရေးသားမှုဟု ကျွန်ုပ်သတိထားမိပြီး မကြာပါ။ သေချာသည်နှင့် ကျွန်ုပ်အနည်းငယ် စူးစမ်းရှာဖွေလိုက်သည်နှင့် ၎င်းမှာ အွန်လိုင်းမှ ခိုးကူးရေးထားသောစာများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
သူမ၏လှည့်စားမှုကို ရှာဖွေတွေ့ရှိကြောင်း ထိုကျောင်းသူထံ အီးမေးလ်စာ ပေးပို့ခဲ့သည်။ ထိုစာတမ်းအတွက် သူမအမှတ်သုညသာ ရရှိခဲ့သော်လည်း ဂုဏ်ယူစရာ တစ်စိတ်တစ်ဒေသအဖြစ် စာတမ်းအသစ်ကို သူရေးနိုင်ခဲ့သည်။ “ကျွန်မအတော်ရှက်ပြီး တောင်းပန်ပါတယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ဆရာရဲ့ ကျေးဇူးပြုမှုကို ကျွန်မ မခံထိုက်ပါဘူးရှင်” ဟုသူမတုံ့ပြန်သည်။ ရှင်ယေရှုသည် ကျွန်ုပ်တို့အား နေ့စဥ်ကျေးဇူးပြုခြင်းကြောင့် ကျွန်ုပ်လည်း သူမကို ကျေးဇူးမပြုဘဲ မနေနိုင်ကြောင်း ပြန်တုံ့ပြန်ခဲ့သည်။
ကျွန်ုပ်တို့၏အသက်တာများကို တန်ဖိုးမြှင့်စေပြီး ကျွန်ုပ်တို့၏ အမှားများမှ ကျွန်ုပ်တို့ကို ကယ်တင်နိုင်သော ဘုရားသခင်၏ကျေးဇူးတော် နည်းလမ်းပေါင်းများစွာရှိသည်။ ရှင်ပေတရုက “သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ…
ရွှင်လန်းစေသော စကားများ
မီးဖိုချောင်ထဲတွင် ရပ်လျက် ကျွန်မ၏သမီးက “မေမေ၊ ပျားရည်ထဲမှာ ယင်ကောင်တစ်ကောင် ရှိတယ်”ဟု ပြောရာ၊ “ရှာလကာရည်(အချဥ်)ထက်စာရင် ပျားရည်နဲ့ဆို ယင်ကောင်တွေကို အမြဲပိုပြီးဖမ်းမိတာပေါ့” ဟု ကျွန်မအကျွမ်းဝင်သောဆိုရိုးနှင့် အရွှန်းဖောက်လိုက်သည်။ ၎င်းသည် ပထမဆုံး အကြိမ် အမှတ်တမဲ့ ပျားရည်နှင့် ယင်ကောင်ကို ဖမ်းမိခြင်းဖြစ်ပြီး၊ ခါးသီးသောသဘောထားထက် ကြင်နာသော တောင်းဆိုမှုက လူကိုပို၍ ဆွဲဆောင်နိုင်သည်ဟူသော အထက်ပါခေတ်သစ်ဆိုရိုး စကား၏အမှန်တရားကို ကျွန်မကိုးကားမိခြင်းဟု သဘောပေါက်လိုက်သည်။
သုတ္တံကျမ်းသည် ဘုရားသခင်၏ဝိညာဥ်တော်မှုတ်သွင်းသော ပညာအမြော်အမြင်နှင့်ပြည့်စုံသော သုတ္တံစကားပေါင်းချုပ်ဖြစ်သည်။ ဤဆိုရိုးစကားများသည် ဘုရားသခင်ကို လေးစားချီးမြှောက်သောနည်းလမ်းဖြင့် မည်သို့ အသက်ရှင်ရမည်ဟု အရေးပါသည့်အမှန်တရားများကို ကျွန်မတို့အား လမ်းပြသွန်သင်ပေးသည်။ သုတ္တံစကား အများစုသည် လူသားချင်းပေါင်းသင်းဆက်ဆံရေးကို အလေးထားဖော်ပြပြီး၊ အခြားသူများအပေါ် ကျွန်မတို့စကားများ၏ သက်ရောက်မှုများလည်း ဖော်ပြပါရှိသည်။
ရှောလမုန်ရေးသော သုတ္တံစကားများတွင် ကိုယ်နှင့်စပ်ဆိုင်သောသူကို ဆန့်ကျင်၍ မှားယွင်းသောစကားများ ပြောခြင်းအားဖြင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှုကို သတိပေးထားသည် (သု ၂၅:၁၈)။…
နောက်ထက် ဘက်လိုက်မှု မရှိတော့ပေ
လွန်ခဲ့သောနှစ်များစွာက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော် Metropolitan Opera Orchestra သံစုံတူရိယာတီးဝိုင်းအတွက် ပြင်သစ် လေမှုတ်တူရိယာ တီးမှုတ်သူအဖြစ် အရည်အချင်းစစ်ပြိုင်ပွဲသို့ Julie Landsman (ဂျူလီလန်းစ်မန်း) ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ထိုတီးဝိုင်းသည် ဒိုင်များ၏ဘက်လိုက်မှုကို ရှောင်ရှားရန် အရည်အချင်းစစ်ဆေးမှုကို ကုလားကာနောက်ကွယ်တွင် ကျင်းပခဲ့ကြသည်။ လန်းစ်မန်းသည် အကောင်းဆုံးစွမ်းရည်ပြနိုင်ခဲ့ပြီး ပြိုင်ပွဲအဆုံးတွင် အနိုင်ရရှိခဲ့သည်။ သို့သော် ကုလားကာ ရှေ့သို့ သူမထွက်လာသောအခါ အားလုံးသော အမျိုးသားဒိုင်များမှ ဒိုင်အချို့သည် သူမကို လျစ်လျူရှုကာ အခန်းအနောက်သို့ လျှောက်သွားပြီး အခြားသူတစ်စုံတစ်ယောက်ကို ရှာကြည့်နေပုံထင်ရပါသည်။
ဣသရေလလူမျိုးတို့သည် ရှင်ဘုရင်ကို တောင်းသောအခါ ဘုရားသခင် သဘောတူခဲ့ပြီး အခြားတိုင်းနိုင်ငံများကဲ့သို့ ရုပ်ရည်ရူပကာကောင်းသူတစ်ဦးကို ရှင်ဘုရင်အဖြစ် ပေးအပ်ခဲ့သည် (၁ ရာ ၈:၅၊ ၉:၂)။ သို့သော်လည်း ရှောလုသည် ဘုရင်အဖြစ် အုပ်ချုပ်သောအစောပိုင်းနှစ်၌ပင် ဘုရားသခင်အပေါ် သစ္စာမရှိ၊ နာခံမှု မရှိခြင်းကြောင့်၊ အခြားသော ရှင်ဘုရင်အသစ်တစ်ပါးကို…
အကျွမ်းမဝင်သော သူစိမ်းနေရာများ
“ဘုရားသခင်၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒါဟာ တကယ်ပဲ ကျွန်ုပ်တို့အတွက် ကိုယ်တော်ရဲ့အကြံအစည်လား။”
ပြင်းထန်ကင်ဆာရောဂါဖြစ်နေကြောင်း ဆေးစစ်ချက်အဖြေထွက်လာသဖြင့် စိတ်ပင်ပန်းနေရချိန်၌ ခင်ပွန်းသည်နှင့် ကလေးငယ်တို့၏ ဖခင်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော မေးခွန်းများစွာက ကျွန်ုပ်စိတ်၌ တဝဲလည်လည်ဖြစ်နေသည်။ ထို့ပြင် မကြာမီကပင် ကလေးသူငယ်များစွာ သခင်ယေရှုအား သူတို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလာသည်ကို တွေ့မြင်ခဲ့ရသည့် သာသနာပြုအဖွဲ့တစ်ခုတွင် ကျွန်ုပ်၏မိသားစု အစေခံခဲ့သည်။ ဘုရားသခင်သည် သက်သေထင်ရှားသည့် အသီးအပွင့်များကို ယူဆောင်ပေးခဲ့ပြီး ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေခဲ့သည်။ သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ထိုကိစ္စဖြစ်လာရသနည်း။
သူမချစ်ရသည့် အိမ်မှ သူစိမ်းနယ်မြေတစ်ခုသို့ ခေါ်ဆောင်ခြင်းခံရပြီးနောက် ဧသတာသည်လည်း ဘုရားသခင်ထံ မေးခွန်းများနှင့် ဆုတောင်းချက်များကို သွန်းလောင်းခဲ့မည်ဖြစ်သည် (ဧသ ၂:၈)။ သူမ မိဘမဲ့ဖြစ်ပြီးနောက် သူမ၏ ဝမ်းကွဲအစ်ကို မော်ဒကဲသည် သူမအား သမီးရင်းသဖွယ် ပြုစုပျိုးထောင်ခဲ့သည် (:၇)။ ထို့နောက် သူမသည် ဘုရင်၏အပျိုတော်အဖြစ် ရွေးချယ်ခံရကာ နောက်ဆုံးတွင် မိဖုရားအဖြစ်…
နားကြားခြင်းငှာ လျင်မြန်သော
ခင်မင်ရသည့် မိတ်ဆွေတစ်ဦးက ကျွန်မအပေါ် စွပ်စွဲပြောဆိုချက်များကို တုံ့ပြန်ချေပရန် ကျွန်မပါးစပ်ကို ဟလိုက်စဉ် ကျွန်မ၏နှလုံးခုန်နှုန်းမြန်လာသည်။ အွန်လိုင်းပေါ်တွင် ကျွန်မတင်ခဲ့သည့်အကြောင်းအရာက သူမရည်ညွှန်းပြောဆိုသကဲ့သို့ သူမနှင့်ဆက်စပ်ပတ်သက်မှု လုံးဝမရှိပါ။ သို့သော် ကျွန်မ မတုံ့ပြန်မီ တီးတိုးဆုတောင်းခဲ့သည်။ ထို့နောက် ကျွန်မ ငြိမ်သက်မှုရရှိလာပြီး သူမပြောနေသည့်အရာ၊ သူမ၏စကားလုံးများနောက်ကွယ်မှ နာကျင်ခံစားနေရမှုကို ကြားလာရသည်။ အပေါ်ယံထက် ပိုမိုနက်နဲသည့်ကိစ္စဖြစ်ကြောင်း သိသာပါသည်။ ကျွန်မမိတ်ဆွေသည် နာကျင်ခံစားနေရပြီး သူမ၏ဝေဒနာ သက်သာစေရေး ကူညီပေးရန် ကျွန်မဆုံးဖြတ်လိုက်သည့်အခါ ကိုယ့်ကိုကိုယ် ကာကွယ်ရန်လိုအပ်သည့် အခြေအနေက ပျောက်ကွယ်သွားသည်။
သူမနှင့်စကားပြောနေစဉ်အတွင်း ယနေ့ဖတ်ရန် ကျမ်းချက်မှ “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာ ...၊ အမျက်ထွက်ခြင်းငှာ ... နှေးကြစေ” (ယာ ၁:၁၉) ဟူသည့် ရှင်ယာကုပ်၏တိုက်တွန်းချက်၏ ဆိုလိုရင်းကို ကျွန်မ သိနားလည်ခဲ့ရသည်။ နားထောင်ခြင်းက စကားလုံးများနောက်ကွယ်ရှိ အကြောင်းချင်းရာကို ကျွန်မတို့အား ကြားစေပြီး၊ “ဘုရားသခင်၏…
အပိုင်းအစများမှ အလှတရားဆီသို့
ကျွန်တော့်ဇနီး မစ်ကာ (Miska) ၌ အီသီယိုးပီးယားမှ ဆွဲကြိုးတစ်ကုံးနှင့် နားကပ်များရှိသည်။ ထိုပစ္စည်းများ၏ စွဲမက်ဖွယ်ရိုးရှင်းလှပမှုက စစ်မှန်သည့်အနုပညာလက်ရာကို ပုံဖော်လျက်ရှိပြီး အံ့သြစရာအကောင်းဆုံးအချက်မှာ ၎င်းတို့၏နောက်ခံဇာတ်လမ်းဖြစ်သည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ကြမ်းကြုတ်ရက်စက်သည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်ကြောင့် အီသီယိုးပီးယားနိုင်ငံ၏ပထဝီမျက်နှာပြင်သည် ပစ်ခတ်ပြီးသား အမြောက်ကျည်ဆန်ခွံများ၊ ယမ်းတောင့်ခွံနှင့် ပြန့်ကျဲလျက်ရှိသည်။ မျှော်လင့်ခြင်းပြယုဂ်အနေဖြင့် နိုင်ငံသားများသည် ကျည်ခွံအကြွင်းအကျန်အစအနများကို ဖယ်ရှားကာ စစ်တလင်းမြေပြင်ကို ရှင်းလင်းခဲ့ကြသည်။ လက်မှုအတတ်ပညာရှင်များက အမြောက်ဆန်ခွံနှင့် ယမ်းတောင့်ခွံအစအနများဖြင့် လက်ဝတ်ရတနာများလုပ်ကြသည်။
ထိုအကြောင်းကို ကျွန်ုပ်ကြားရသည့်အခါ ဘုရားသခင်၏ ကတိတော်ကို ရဲဝံ့စွာ ဟောပြောသည့် ပရောဖက်မိက္ခာ၏အသံကို ကြားယောင်မိသည်။ တစ်နေ့တွင်“ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်းဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်” ဟု သူကြေညာခဲ့သည် (၄:၃)။ ဘုရား သခင်၏တန်ခိုးကြီးသော လုပ်ဆောင်မှုကြောင့် လူတို့အား သတ်ဖြတ်ရန်နှင့် ပြင်းထန်စွာဒဏ်ရာရစေရန် ရည်ရွယ်ထုတ်လုပ်ထားသည့် လက်နက်များကို လူ့ဘဝအား ကောင်းကျိုးဖြစ်စေမည့် ကိရိယာတန်ဆာပလာများအဖြစ်သို့ ပြောင်းလဲလိုက်မည်။…
မှန်ကန်သည့်အာရုံစူးစိုက်မှု
ခ (Kha)ကို ကျွန်မတို့ သိကျွမ်းသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ ဘုရားသခင်အကြောင်း ကျွန်မတို့ သင်ယူလေ့လာခဲ့ရသည်များကို အပတ်စဉ်ဆွေးနွေးကြသည့် အသင်းတော်ရှိ ကျွန်မတို့၏အဖွဲ့ငယ်ထဲတွင် သူပါဝင်ခဲ့သည်။ ကျွန်မတို့ ပုံမှန်တွေ့ဆုံကြသည့် တစ်ညနေတွင် အိုလံပစ်ပြိုင်ပွဲ၌ သူပါဝင်ယှဉ်ပြိုင်ခဲ့သည့်အကြောင်းကို သူပြောပြသည်။ သူ၏ပြောဆိုမှုမှာ အမှတ်တမဲ့ဖြစ်လွန်းသည့် အတွက် ကျွန်မမေ့ပျောက်လုနီးပါးဖြစ်ခဲ့သည်။ အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုရရှိခဲ့သူတစ်ဦးနှင့် သိကျွမ်းကြောင်း သိရှိခဲ့ရသည်မှာ အံသြစရာပင်ဖြစ်သည်။ ဤအကြောင်းကို သူအရင်က မပြောပြခဲ့သည်ကို ကျွန်မနားမလည်နိုင်ပါ။ ခ အတွက်မူ သူ၏အားကစားဆိုင်ရာအောင်မြင်မှုသည် သူ့ဘဝဇာတ်ကြောင်း၏ အထူးအစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သော်လည်း သူ၏မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် သူ၏ယုံကြည်ခြင်း စသည့် ပိုမိုအရေးပါသော အရာများက သူ၏ဖြစ်တည်မှုအတွက် အဓိကအမှတ်လက္ခဏာများ ဖြစ်ပေသည်။
ရှင်လုကာခရစ်ဝင် ၁၀:၁-၂၃ ပါ ဇာတ်လမ်းသည် ကျွန်မတို့၏ အဓိက အမှတ်လက္ခဏာသည် မည်သည့်အရာ ဖြစ်သင့်ကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ကြေညာဟောပြောရန် သခင်ယေရှုစေလွှတ်ခဲ့သည့်…
တဖြည်းဖြည်းချင်း
“အရာရာတိုင်းမှာ သာယာကြည်နူးဖွယ်နည်းလမ်းများနှင့်သာ ဘုရားသခင်ကို အစေခံနိုင်ရန် ကျွန်ုပ်တို့ ရှာဖွေကြသည်” ဟု ၁၆ ရာစုနှစ် ယုံကြည်သူတစ်ဦးဖြစ်သူ စပိန်နိုင်ငံ အဗီလာ (Avila)မြို့မှ သီလရှင် Teresa (ထရီဇာ)က ရေးသားသည်။ ကျွန်မတို့သည် ဘုရားရှင်ထံ လုံးလုံးအပ်နှံမည့်အစား၊ “ပိုမိုလွယ်ကူသာယာ”သည့် နည်းလမ်းများဖြင့်သာ စီမံထိန်းချုပ်နိုင်သည့် အခြေအနေ၌ နေထိုင်ရန်ကြိုးစားကြကြောင်းကို သူမက စိတ်ထိခိုက်ဖွယ်ရာ ဆင်ခြင်သုံးသပ်ထားသည်။ ကျွန်မတို့သည် သခင့်ထံ မိမိကိုယ်ကိုအကြွင်းမဲ့အပ်နှံလျက် ယုံကြည်ကိုးစားခြင်းအရာ၌ နှေးကွေးစွာ၊ မဝံ့မရဲ တွန့်ဆုတ်စွာဖြင့်သာ ကြီးထွားလိုသည့် သဘောရှိကြသည်။ ထို့ကြောင့် ထရီဇာ က “ကိုယ်တော့်အတွက် ကျွန်ုပ်တို့၏ဘဝအသက်တာကို ချိန်ကိုက်ထားပါက၊ ဘဝကို ဘုရားရှင်ထံ လုံးလုံးလျားလျား အပ်နှံသည်အထိ ကိုယ်တော်ပေးမည့် ဆုကျေးဇူးများကို တစ်ချိန်မှာ တစ်ခု၊ ဖြည်းဖြည်းချင်းစီ လက်ခံရယူရန် ကျွန်ုပ်တို့ ရောင့်ရဲမှုရှိရမည်”ဟု ဝန်ခံခဲ့သည်။
လူသားများဖြစ်သည့်အလျောက် ယုံကြည်ကိုးစားမှုသည် ကျွန်မတို့အတွက်အလိုအလျောက် ဖြစ်မလာတတ်ပေ။ အကယ်၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ကျေးဇူးတော်ကို…
ဘုရားသခင်ကို ဟစ်ခေါ်ခြင်း
ဒေါက်တာ Russell Moore (ရာစယ်မော)၏ ‘Adopted for Life’ (ရာသက်ပန်မွေးစားခံရသူ) ဟူသည့်စာအုပ်တွင် ကလေး တစ်ယောက်မွေးစားရန် မိဘမဲ့ဂေဟာသို့ မိသားစုနှင့် သွားခဲ့သည့်အကြောင်းကို ရေးသားထားသည်။ မွေးကင်းစကလေးများထားသော အခန်းတွင်းသို့ သူတို့ဝင်လိုက်စဥ် အံ့ဩဖွယ် ငြိမ်သက်တိတ်ဆိတ်နေသည်။ ပုခက်ထဲမှ ကလေးငယ်များသည် ဘယ်တော့မှ မငိုကြပါ။ သူတို့အတွက် အမြဲတမ်း ဘာလိုအပ်ချက်မှ မရှိသောကြောင့် မဟုတ်ပါ။ သူတို့အသံကို မည်သူကမှ အရေးစိုက်ဂရုပြုမည်မဟုတ်ကြောင်းကို သိရှိခြင်းကြောင့် ဖြစ်သည်။
ထိုအကြောင်းကို ဖတ်ပြီး ကျွန်တော့်နှလုံးသားနာကျင်ခဲ့ရသည်။ ကျွန်တော်တို့၏ကလေးများ ငယ်ရွယ်စဥ်က မရေတွက်နိုင်သော ညပေါင်းများစွာကို အမှတ်ရမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံအိပ်မောကျနေချိန်တွင် “ဖေဖေ၊ သားနေမကောင်းဘူး။” “မေမေ၊ သမီးကြောက်တယ်” စသည်ဖြင့် သူတို့၏အသံများကြောင့်သာ ကျွန်တော်တို့ လန့်နိုးခဲ့ရပြီး၊ တစ်ဦးဦးက အလျင်အမြန်ထပြီး သူတို့အိပ်ခန်းထဲပြေးဝင်လျက် သူတို့ကို အစွမ်းကုန် နှစ်သိမ့်ဖေးမကြစမြဲပင်။ ကလေးများအပေါ်ထားသောမေတ္တာက မိဘတို့၏ကူညီမစမှုကို တောင်းခံရသည့် သူတို့၏အကြောင်းပြချက်ဖြစ်သည်။
ဆာလံကျမ်းတွင်လည်း ဘုရားသခင်ထံသို့ ငိုကြွေးအော်ဟစ်ခြင်း၊…