အမျိုးအစား  |  odb

သူစိမ်းဧည့်သည်များအား ကြိုဆိုပါ

Daniel Nayeri (ဒန်နီယယ် နေရီ) ၏ ‘Everything Sad Is Untrue’ (ဝမ်းနည်းစရာတိုင်းသည် အမှန်မဟုတ်ပါ) စာအုပ်တွင် သူ့မိခင်၊ ညီမတို့နှင့်အတူ ဖိနှိပ်ညှဥ်းဆဲခြင်းခံရမှုများမှ ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ခိုလှုံရန် သွားရောက်ခဲ့သည့် စိတ်လှုပ်ရှားဖွယ် လေယာဥ်ခရီးစဥ်အကြောင်းကို ဖော်ပြထားသည်။ သက်ကြီးပိုင်းဇနီးမောင်နှံက သူတို့ကို မသိသော်လည်း ထောက်ပံ့ရန် သဘောတူခဲ့သည်။ နှစ်ပေါင်းများစွာတိုင် ဒန်နီယယ်သည် ထိုအမှုကို နားမလည်နိုင်ခဲ့ပါ။ သူတို့အကြောင်းကို လုံးဝမသိသော်လည်း ၎င်းတို့ ဤသို့ဆုံးဖြတ်ချက်ချခဲ့သည်ကို “ခင်ဗျားတို့ ယုံနိုင်မလား။ သူတို့သည် ကျွန်တော်တို့နှင့် တစ်ကြိမ်တစ်ခါမျှပင် မတွေ့ခဲ့ဘူးပါ။ အကယ်၍ ကျွန်တော်တို့သည် လူယုတ်မာများဖြစ်ခဲ့ပါက အကျိုးဆက်ကို သူတို့ခံစားရမည်။ ထိုသို့သော ဆုံးဖြတ်ချက်သည် ရဲရင့်သော၊ ကြင်နာသော၊ စွန့်စားသော ဆုံးဖြတ်ချက်ဖြစ်ပြီး မည်သူမျှ ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ဟု ကျွန်တော်ထင်ပါသည်” ဟု သူရေးသားခဲ့သည်။

ကျွန်တော်တို့သည် အခြားသူများအတွက် ထိုသို့အလေးထားဂရုပြုရန် ဘုရားသခင်အလိုရှိသည်။ သူစိမ်းတစ်ရံဆံများအပေါ်…

ယေရှုကိုယ်စားအသက်ရှင်ခြင်း

တော်ဝင်မျိုးနွယ်တစ်ဦး၏ဖိနပ်ကို စီးခွင့်ရမည်ဆိုလျှင် မည်သို့နေမည်နည်း။ Angela Kelly (အင်ဂျီလာကယ်လီ)သည် သ‌င်္ဘောကုန်တင်ကုန်ချလုပ်သားနှင့် သူနာပြုတစ်ဦး၏သမီးဖြစ်သည်။ သူမသည် ကွယ်လွန်သူ အဲလိဇဘက် ဘုရင်မကြီး၏ အဝတ်အစားများဝတ်ဆင်ရာတွင် ကူညီပေးရသည့် တရားဝင် ဝန်ထမ်းဖြစ်သည်။ သူမသည် နှစ်ပေါင်း (၂၀) ခန့်မျှ တာဝန်ထမ်းဆောင်ခဲ့သည်။ သူမ၏တာဝန်များအနက် တစ်ခုမှာ သက်ကြွယ်ဘုရင်မကြီး၏ ဖိနပ်အသစ်များကို ဝတ်ဆင်၍ နန်းတော်ဝင်းတစ်လျှောက် လမ်းလျှောက်ကာ ဘုရင်မကြီးဖိနပ်မပေါက်အောင် ကြိုတင်ဝတ်ဆင်ခြင်းဖြင့် ကူညီပေးရခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ပေးရခြင်းသည် အခမ်းအနားများတွင် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်လျက် တက်ရောက်ရသော သက်ကြွယ်အမျိုးသမီးတစ်ဦးအတွက် ကရုဏာပြခြင်းပင် ဖြစ်သည်။ သူတို့၏ဖိနပ်အရွယ်အစား အတူတူဖြစ်သောကြောင့် ဘုရင်မကြီးသက်သောင့် သက်သာဖြစ်စေရန် ကယ်လီက ကူညီပေးနိုင်ခဲ့သည်။

ကယ်လီ၏ဘုရင်မကြီးအပေါ် တို့ထိမေတ္တာပြခြင်းက ကောလောသဲအသင်းတော် (ယနေ့တူရကီနိုင်ငံ)သို့ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ ... စိတ်ရှည်ခြင်း တို့ကို ယူတင်ဝတ်ဆောင်ကြလော့” (ကော ၃:၁၂)ဟု ရှင်ပေါလု နွေးထွေးစွာ ခွန်အားပေးမှုအကြောင်းကို ကျွန်တော့်အား ပြန်တွေးမိစေသည်။…

ဘုရားသခင်ဖွင့်ထားသောတံခါးများ

မြို့ကြီးတစ်မြို့အနီးရှိ ကျွန်မတက်ရောက်နေသောကျောင်းအသစ်တွင် ကျောင်းအကြံပေး လူကြီးတစ်ဦးက ကျွန်မကို တစ်ချက်ကြည့်ပြီး၊ အနိမ့်ဆုံး အင်္ဂလိပ်စာ အရေးအဖတ် အခြေခံအတန်းတွင် နေရာချလိုက်သည်။ ကျွန်မသည် မြို့လယ်ခေါင်ရှိ ကျောင်းမှပြောင်းလာခဲ့ပြီး၊ အင်္ဂလိပ်စာအရေးအသားတွင် ထူးချွန်သော
ရမှတ်ကောင်းများ၊ အဆင့်များဖြင့် အောင်မြင်ခဲ့သူ၊ ကျောင်းအုပ်ကြီးချီးမြှင့်သောဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ သို့သော် ကျွန်မသည် မသင့်လျော်သေးကြောင်း၊ အဆင်သင့် မဖြစ်သေးကြောင်း ကျောင်းအကြံပေးလူကြီး၏ဆုံးဖြတ်ချက်ကြောင့် ကျောင်းသစ်ရှိ အကောင်းဆုံးအင်္ဂလိပ်စာအရေးအဖတ်အတန်း၏ တံခါးသည် ကျွန်မအတွက် ပိတ်လျက်ရှိနေသည်။

ရှေးဖိလဒေလဖိမြို့ရှိ အသင်းတော်သည် ထိုတစ်ဘက်သတ် သတ်မှတ်ချက်ကို သဘောပေါက်လိမ့်မည်။ မကြာမီနှစ်များက ငလျင်ဘေးဒဏ်ကို ခံစားခဲ့ရသော ထိုမြို့ရှိအသင်းတော်ငယ်လေးသည် ပျက်စီးဆုံးရှုံးမှုများကို ကြာမြင့်စွာ ခံစားခဲ့ရသည်။ ထို့ပြင်စာတန်၏ ဆန့်ကျင်နှောင့်ယှက်မှုကို တစ်ဖန် ထပ်၍ ရင်ဆိုင်ခဲ့ရသည် (ဗျာ ၃:၉)။ ထိုအသရေမဲ့သောအသင်းတော်တွင် အနည်းငယ်သောခွန်အား ကျန်ရှိနေသေးကြောင်း ရှင်ပြန်ထမြောက်သောရှင်ယေရှုက မှတ်ချက်ပြုခဲ့သည်။ “သင်သည် အနည်းငယ်သော ခွန်အားရှိသည်နှင့် ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ”…

ဘုရားရှင်၏အမြော်အမြင်ရှိသော ရည်ရွယ်ချက်များ

ယူနိုက်တက်ကင်းဒမ်းသည် သမိုင်းကြောင်းနှင့် ပြည့်နှက်နေသည်။ သွားလေရာရာတိုင်းတွင် သမိုင်းဝင်ပုဂ္ဂိုလ်များကို ဂုဏ်ပြုသောကမ္ဗည်းပြားများ၊ အရေးကြီးသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည့်နေရာများကို အထိမ်းအမှတ်နေရာများအဖြစ် တွေ့ရသည်။ သို့သော် အင်္ဂလန်နိုင်ငံ၊ ဆန်ဒဝစ်မြို့ရှိ တည်းခိုခန်းတစ်ခု၏ အပြင်ဘက်တွင် ရာသီဥတုဒဏ်ခံထားရသော ကမ္ပည်းပြားပေါ်တွင် “၁၇၈၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ ဤနေရာ၌ ဘာမှမဖြစ်ခဲ့ပါ” ဟုရေးထားသည်။ ၎င်းသည် ဗြိတိသျှတို့၏ ဟာသဉာဏ် ကွန့်မြူးပုံကိုလည်း ဖော်ပြနေသည်။

တစ်ခါတစ်ရံတွင် ကျွန်တော်တို့၏ ဆုတောင်းချက်များနှင့် ပတ်သက်၍ ဘာမှ ဖြစ်မလာဟု ကျွန်တော်တို့ထင်တတ်ကြသည်။ ဘုရားရှင်သည် ယခုပင် အဖြေပေးလိမ့်မည်ဟုမျှော်လင့်၍ ခမည်းတော်ထံသို့ ဆုတောင်းချက်များ ယူဆောင်လာကာကျွန်တော်တို့ ဆုတောင်းပြီးရင်း ဆုတောင်းသည်။ ဆာလံဆရာဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း” (ဆာ ၁၃:၁) ဟု ဆုတောင်းခဲ့စဥ်က ဤသို့သောစိတ်ပျက်မှုကို ဖော်ပြခဲ့သည်။…

ဆုတောင်းရန် ဆန္ဒရှိခြင်း

တစ်ခါက ကျွန်မ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ကျွန်မတို့၏မန်နေဂျာကြောင့် သူမ၏ဆုတောင်းခြင်းအသက်တာ တိုးတက်လာခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ဆက်ဆံရခက်သော ကျွန်မတို့၏ခေါင်းဆောင်သည် ဝိညာဉ်ရေးရာ သတင်းစကားအချို့ကို သူမအား ဝေမျှပေးသဖြင့် သူမ၏ဆုတောင်းမှုအပေါ် သက်ရောက်သည်ဟု ကျွန်မတွေးကာ အံ့ဩနေခဲ့သည်။ သို့သော် ကျွန်မအတွေးမှားခဲ့သည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းက “သူလာတာကို မြင်တိုင်း ငါစပြီးဆုတောင်း‌တော့တယ်” ဟုရှင်းပြသည်။ သူနှင့် စကားမပြောမီ သူမပို၍ဆုတောင်းသောကြောင့် သူမ၏ဆုတောင်းခြင်းက တိုးတက်လာခဲ့သည်။ အလုပ်နှင့်ပတ်သက်၍ဆက်ဆံရခက်သည့် မန်နေဂျာကြောင့် ဘုရားသခင်၏မစမှုကို သူမလိုအပ်ကြောင်း သူမသိပြီး၊ ဘုရားသခင်အား တိုး၍ ဟစ်ခေါ်ခဲ့သည်။ 

ခက်ခဲချိန်များနှင့် တုံ့ပြန်ပြောဆိုရချိန်များတွင် ကျွန်မလုပ်ဖော်ကိုင်ဖက်၏ ဆုတောင်းခြင်းအလေ့အကျင့်ကို ကျွန်မ အတုယူကျင့်သုံးခဲ့သည်။ ၎င်းသည် ကျမ်းစာသွန်သင်ချက်နှင့်လည်း ကိုက်ညီသည်။ သက်သာလောနိတ်သြဝါဒစာပထမစောင်တွင် “သခင်ယေရှုကို ယုံကြည်သူများအား ရှင်ပေါလုက မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။ ... အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့” (၅:၁၇-၁၈) ဟုသတိပေးထားသည်။ မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ဆုတောင်းခြင်းသည် အမြဲတမ်း…

ဘုရားသခင်၏ ကြင်နာသောလက်တော်ထဲတွင်

ကျန်းမာရေးအခြေအနေ နောက်တစ်မျိုး ဆုတ်ယုတ်လာပြီးနောက်တွင် မိမိမသိနိုင်သော၊ မထိန်းချုပ်နိုင်သောအရာများကို ကျွန်မကြောက်ရွံ့ခဲ့သည်။ တစ်နေ့ကForbes’ (ဖော့ဘ်) မဂ္ဂဇင်း၏ဆောင်းပါးတစ်ပုဒ်၌ သိပ္ပံပညာရှင်များက “ကမ္ဘာကြီး၏လည်ပတ်မှု အလျင်” မြင့်တက်လာသည်ကို လေ့လာတွေ့ရှိခဲ့ပြီး ကမ္ဘာကြီးသည် “လှုပ်ခါနေပြီး “မြန်ဆန်စွာ လည်ပတ်နေသည် ဟု ဝန်ခံခဲ့ကြောင်း ဖတ်ရသည်။ သူတို့က ကျွန်ုပ်တို့သည် “ကမ္ဘာ၏အချိန်မှ တစ်စက္ကန့်ကို တရားဝင်ဖယ်ရှားရန် ပထမဦးဆုံးအကြိမ် လိုအပ်နိုင်သည်ဟု ဆိုပါသည်။ တစ်စက္ကန့်သည် ဆုံးရှုံးမှုများစွာကို ဖြစ်စေနိုင်သည်ဟု မထင်ရသော်လည်း၊ ကမ္ဘာကြီးလည်ပတ်မှုကို ပြောင်းလဲစေနိုင်ခြင်းက ကျွန်မအတွက် ကြီးမားသောကိစ္စတစ်ခုဟု ထင်ရသည်။ အနည်းငယ် မငြိမ်မသက်ဖြစ်ခြင်းသည်ပင် ကျွန်မ၏ယုံကြည်ခြင်းကို တုန်လှုပ်စေနိုင်ပါသည်။ သို့သော်၊ ဘုရားသခင်သည် ထိန်းချုပ်နိုင်စွမ်းရှိသည်ကို သိရှိခြင်းက ကျွန်မတို့ မသိသော သို့မဟုတ် မည်မျှပင် တုန်လှုပ်ချောက်ချားစေသော ခြေအနေများဖြစ်နေပါစေ ကိုယ်တော်ကို ယုံကြည်ကိုးစားနိုင်အောင် ကျွန်မကို မစပေသည်။

ဆာလံ ၉၀ တွင် မောရှေက “တောင်များကို…

သခင်ယေရှု၌ အရွယ်ရောက်လာခြင်း

ကျွန်မကလေးဘဝက အရွယ်ရောက်ပြီးသူများသည် ပညာရှိပြီး မရှုံးနိုင်သူများဟု ထင်မြင်ခဲ့ပါသည်။ “ဘာလုပ်ရမည်ကို သူတို့အမြဲသိနေသည်၊ တစ်နေ့ ကျွန်မကြီးပြင်းအရွယ်ရောက်လာချိန်တွင် ကျွန်မ ဘာလုပ်ရမည်ကို ကျွန်မအမြဲသိမည်” ဟု ထင်မှတ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီး ထို “တစ်နေ့” ရောက်လာသောအခါ၊ ကျွန်မသင်ယူမိသမျှမှာ အချိန်များစွာတွင် ကျွန်မဘာလုပ်ရမည်ကို မသိသေးခြင်းပင်ဖြစ်သည်။ မိသားစုတွင် ဖျားနာသည်ဖြစ်စေ၊ အလုပ်ခွင်တွင် ပြဿနာများရှိသည်ဖြစ်စေ၊ သို့မဟုတ် ဆက်ဆံရေးတွင် ပဋိပက္ခရှိသည်ဖြစ်စေ၊ ထိုသို့သော အချိန်များတွင် ကိုယ်ပိုင်ထိန်းချုပ်မှုနှင့်ခွန်အားတို့သည် လှည့်စားမှုပါလားဟူ၍ ရုန်းကန်လုံးပမ်းခဲ့ရပြီး၊ မျက်လုံးစုံမှိတ်ကာ “သခင်၊ ကူညီတော်မူပါ။ ကျွန်မဘာလုပ်ရမှန်းမသိပါ” ဟု တိုးတိုးလေး ‌ရေရွတ်ဆုတောင်းရသည့် ထွက်ပေါက်တစ်ခုသာ ‌ကျန်ရှိသည်

တမန်တော်ရှင်ပေါလုသည် ‌မျှော်လင့်ချက်မဲ့သောခံစားချက်ကို နားလည်သည်။ ကိုယ်ခန္ဓာဆိုင်ရာ အားနည်းမှုဖြစ်စေသည့် သူ၏ဘဝတွင်ရှိသော “ဆူး”က သူ့ကိုစိတ်ပျက်အားလျော့စေပြီး နာကျင်မှုများစွာ ခံစားခဲ့ရပါသည်။ သို့သော်၊ ထိုဆူးမှတစ်ဆင့် ပေါလုသည် သူ၏ အခက်အခဲများကို ခံနိုင်ရည်ရှိပြီး ကျော်လွှားရန်အတွက် လုံလောက်သော…

ယေရှုကဲ့သို့ ချစ်ခြင်း

သူ့ကို အားလုံးက ချစ်ကြသည်။ ဤစကားများသည် အီတလီနိုင်ငံ၊ ခါစ်နီဂို  (Casnigo) မြို့မှ Giuseppe Berardelli (ဂျူစပီ ဘရာဒယ်လီ) ဆိုသူကို ဖော်ပြရန်သုံးသော စကားလုံးများ ဖြစ်သည်။ ဂျူစပီ သည် ဆိုင်ကယ်အဟောင်းတစ်စီးဖြင့် မြို့တွင်းသို့ လှည့်ပတ်သွားရင်း “ကောင်းမွန်ချမ်းမြေ့ပါစေ” ဟူသော စကားဖြင့် အမြဲနှုတ်ခွန်းဆက်တတ်သော အများကချစ်မြတ်နိုးသူတစ်ဦးဖြစ်သည်။ သူသည် အခြားသူများကောင်းကျိုးအတွက် မမောမပန်း လုပ်ဆောင်ခဲ့သည်။ သို့သော် သူ့ဘဝ၏ နောက်ဆုံးနှစ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရချိန်၌ ကျန်းမာရေး ပိုမိုဆိုးရွားလာခဲ့သည်။ ထိုအခါ ရပ်ကွက်မှ သူ့အတွက် အသက်ရှူစက်ကို ဝယ်ပေးခဲ့သည်။ သို့သော် သူ့အခြေအနေ ပိုဆိုးလာသည့်အခါ အသက်ရှူကိရိယာကို လိုအပ်သော ငယ်ရွယ်သောလူနာတစ်ဦးကို ပေးသုံးရန် သူရွေးချယ်ခဲ့သည်။ သူ၏ငြင်းဆိုမှုကို ကြားရသူ မည်သူကမျှ အံ့ဩခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် အခြားသူများကို ချစ်ခြင်းကြောင့် အချစ်ခံရသူ၊ လေးစားမြတ်နိုးခံရသူ- သူ၏စရိုက်သဘော ဖြစ်သောကြောင့်တည်း။…

နှိမ့်ချခြင်း၏အကျိုး

အခြားဆရာများနည်းတူ ခယ်ရီ (Carrie) သည် သူ့အလုပ်အတွက် မရေမတွက်နိုင်သောအချိန်များကို ပေးဆပ်သည်။ ညနက်သည်ထိ အဖြေလွှာများကို အမှတ်ပေးခြင်း၊ ကျောင်းသားများ၊ မိဘများနှင့်စကားပြောခြင်းတို့ကို မကြာခဏ လုပ်‌ဆောင်သည်။ ထိုသို့ အမြဲတစေလုပ်နိုင်ရန် သူမသည် သူမ၏လုပ်ဖော်ကိုင်ဘက်များအပေါ် ရဲဘော်ရဲဘက် စိတ်ဓာတ်နှင့် လက်တွေ့ကျသော အကူအညီများရရန် အားကိုးခဲ့ရသည်။ သူမ၏ခက်ခဲသောအလုပ်သည် ပူးပေါင်းဆောင်ရွက်မှုကြောင့် လွယ်ကူလာသည်။ မကြာမီက ဆရာ၊ ဆရာမများအား လေ့လာဆန်းစစ်ချက်အရ နှိမ့်ချမှုကိုပြလျက် အတူတကွအလုပ်လုပ်ကြသောအခါ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအကျိုးရှိသည်ကို တွေ့ရှိခဲ့ရသည်။ လုပ်ဖော်ကိုင်ဖက်များက သူတို့၏အားနည်းချက်များကို ဝန်ခံလိုစိတ်ရှိသောအခါ အခြားသူများအနေနှင့် သူတို့သိထားသမျှ ဝေငှရခြင်းကို စိတ်လုံသည်ဟု ခံစားရပြီး အုပ်စုထဲရှိ လူတိုင်းအတွက် အထောက်အကူဖြစ်ပါသည်။

နှိမ့်ချခြင်း၏အရေးပါမှုကို သမ္မာကျမ်းစာက ကျွန်မတို့အား သင်ပြပေးပြီးပူးပေါင်းဆောင်ရွက်မှုကို အကျိုးရှိစေခြင်းထက် ပိုအရေးပါပါသည်။ ဘုရားသခင်၏ တင့်တယ်မှု၊ ဘုန်းတန်ခိုးနှင့် အသရေတို့နှင့်ယှဉ်လျှင် ကျွန်မတို့က မိမိမည်သူဖြစ်သည်ကို မှန်ကန်စွာ နားလည်ခြင်းဖြစ်သော…

ချစ်ခြင်းမေတ္တာကို အရင်းခံ၍

ဂျင်းမ် (Jim) နှင့် လနီးဒါ (Laneeda) တို့သည် ကောလိပ်ကတည်းက မေတ္တာမျှခဲ့ကြသည်။ သူတို့လက်ထပ်ခဲ့ကြပြီး နှစ်များစွာကြာအောင် ဘဝက ပျော်စရာကောင်းနေခဲ့သည်။ ထို့နောက် လနီးဒါ သည် ထူးထူးဆန်းဆန်းပြုမူလာခဲ့သည်။ လမ်းပျောက်တတ်လာပြီး ချိန်းဆိုထားသည့်ကိစ္စများကို မေ့တတ်လာသည်။ အသက် (၄၇) နှစ်တွင် သူမထံ၌ စောစောဖြစ်သော အယ်လ်ဇိုင်းမား မှတ်ဉာဏ်ချွတ်ယွင်းခြင်းရောဂါကို တွေ့ခဲ့သည်။ သူမကို အဓိကဂရုစိုက်ပေးသူအဖြစ် ဆယ်နှစ်ကြာမျှ ပြုစုပေးခဲ့ပြီးနောက် ဂျင်းမ်သည် “ဟုတ်ကဲ့၊ ကျွန်တော် ဝန်ခံပါ၏ ဟု ပြောခဲ့တုံးက တွေးကြည့်၍ပင်မရနိုင်သည့် အခြေအနေများဖြင့်ကျွန်တော့်ဇနီးကို ချစ်ပြီး ပြုစုနိုင်တဲ့အခွင့်အရေးကို အယ်လ်ဇိုင်းမားရောဂါက ကျွန်တော့်ကို ပေးခဲ့တယ်” ဟု ပြောလာနိုင်ခဲ့သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ အကျိုးများနှင့်စပ်လျဥ်း၍ ရှင်းပြရင်း တမန်တော်ရှင်ပေါလုသည် မေတ္တာ၏ကောင်းကျိုးပါရမီအကြောင်းကို အကျယ်တဝင့် ရေးသားလျက် (၁ ကော ၁၃)၊ ကျင့်သားကျနေသည့် အစေခံခြင်းတို့ကို ချစ်သောစိတ်မှယိုဖိတ်လာသည့် အစေခံခြင်းတို့နှင့် နှိုင်းယှဉ်ခွဲခြားပြပါသည်။ တန်ခိုးဩဇာနှင့် စကားပြောခြင်းသည်…