ဘုရားသခင်ရှေ့တော်၌ အတူတူပါ
အားလပ်ရက်ခရီးထွက်စဥ် ကျွန်တော်တို့ ဇနီးမောင်နှံသည် မနက်စောစော စက်ဘီးစီးရသည်ကို နှစ်သက်သည်။ ဒေါ်လာသန်းပေါင်းများစွာတန်သောအိမ်များ အနီးသို့ ဖြတ်သွားသည့် လမ်းကြောင်းတွင် ခွေးများနှင့် လမ်းလျှောက်ထွက်သည့် ထိုအိမ်များတွင်နေထိုင်သူများ၊ စက်ဘီးစီးသူများနှင့် အိမ်အသစ်ဆောက်ရန် (သို့) သဘာဝ ရှုခင်းနှင့်တူအောင် မြေကိုထိန်းသိမ်းပြုပြင်ရန် လုပ်ကိုင်နေကြသော အလုပ်သမား အများအပြားကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။ ၎င်းသည် အလွှာပေါင်းစုံ ရောပြွန်းနေ သောလူများဖြစ်ပြီး အဖိုးတန်သော အဖြစ်မှန်တစ်ရပ်ကို ကျွန်ုပ်အား သတိပေးလာသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ အလုပ်သမားလူတန်းစားဖြစ်စေ၊ ထင်ရှားသည်ဖြစ်စေ၊ လူမသိသူမသိဖြစ်စေ၊ ကျွန်ုပ်တို့ကြားတွင် အမှန်တကယ် ခြားနားမှု မရှိပါ။ ထိုနေ့မနက်က လမ်းတွင်ရှိသော ကျွန်ုပ်တို့အားလုံးသည် အတူတူပင်ဖြစ်သည်။ “ငွေရတတ်သောသူနှင့် ဆင်းရဲသောသူ ... တို့ကို ထာဝရဘုရားဖန်ဆင်းတော်မူ၏” (သု ၂၂:၂)။ ကွဲပြားမှု မည်သို့ပင်ရှိစေကာမူ၊ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ကျွန်ုပ်တို့အားလုံး ဖန်ဆင်းခံရသည် (က ၁:၂၇)။…
အာရုံပျံ့လွင့်မှုကို အာသီသရှိခြင်း
ဖန်သားပြင်သေးသေးလေးမှ ပေါ်လာသော ရုပ်ပုံများ၊ စိတ်ကူးများနှင့် အသိပေးချက်များ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ငြီးငွေ့ပြီး ဖုန်းကို ချလိုက်သည်။ ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပြန်ဖွင့်လိုက်သည်။ အဘယ့်ကြောင့်နည်း။
Nicholas Carr (နီကိုးလက်စ်ကားလ်)၏ ၂၀၁၃ ခုနှစ်က ထုတ်ဝေသည့် ‘The Shallows’ (အပေါ်ယံများ) စာအုပ်တွင် သူက အင်တာနက်သည် ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ငြိမ်သက်သွားစေသည်ကို ပုံဖော်ထားသည်။ “အင်တာနက်က ကျွန်ုပ်၏အာရုံစူးစိုက်မှုနှင့် ဆင်ခြင်ဉာဏ်စွမ်းရည်ကို ဖြိုခွဲပစ်လိုက်သလိုပင်။ ကျွန်ုပ်သည် အွန်လိုင်းပေါ်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အင်တာနက်မှ ဖြန့်ဝေသည့် နည်းလမ်းဖြင့် လျင်မြန်သော စီးကြောင်းအတွင်း အမှုန်များ ရွေ့လျားသကဲ့သို့ သတင်းအချက်အလက်များ ရယူရန် ကျွန်ုပ်စိတ်က မျှော်လင့်နေသည်။ တစ်ချိန်က ကျွန်ုပ်သည် စကားပင်လယ်၌ ရေငုပ်နှစ်မြှုတ် နေသူဖြစ်သည်။ ယခုတော့ အရှိန်ပြင်းရေယာဥ်ကိုစီးနေသူတစ်ဦးပမာ ကျွန်ုပ်စီးမျောလိုက်ပါသွားလိုက်သည်။”
စိတ်၏အရှိန်ပြင်းရေယာဥ်ပေါ်တွင် ဘဝရှင်သန်နေထိုင်ခြင်းက ကျန်းမာရေးနှင့်…
ဒုက္ခဆင်းရဲများကို ကျော်လွှားခြင်း
အန်းသည် ဆင်းရဲမွဲတေမှုနှင့် နာကျင်မှုများဖြင့် ကြီးပြင်းလာခဲ့သည်။ မွေးချင်းနှစ်ဦးမှာ မွေးကင်းစအရွယ်တွင် သေဆုံးသွားသည်။ အန်း အသက် (၅) နှစ်အရွယ်တွင် မျက်စိရောဂါကြောင့် တစ်စိတ်တစ်ပိုင်း မျက်စိကွယ်သွားကာ စာမရေးမဖတ်နိုင်တော့ပါ။ အသက် (၈) နှစ်တွင် သူမ၏မိခင်မှာ တီဘီ အဆုတ်ရောဂါဖြင့် သေဆုံးသွားပြီး၊ မကြာခင်တွင် ရက်စက်ကြမ်းကြုတ်သော ဖခင်က အသက်ရှင်ကျန်ရစ်သော သူမတို့မောင်နှမသုံးဦးကို စွန့်ပစ်ခဲ့သည်။ အငယ်ဆုံးကို ဆွေမျိုးများဆီ ပေးလိုက်ပြီး၊ အန်း နှင့် သူမ၏မောင်လေး ဂျင်မီ တို့မှာ ပျက်စီးယိုယွင်းပြီး ပြည့်ကျပ်နေသော ဆင်းရဲချို့တဲ့သူများအတွက် အခမဲ့နေအိမ် Tewksbury Almshouse (ကျူ့ဘယ်ရီ အမ်းစ်ဟောက်စ်)သို့ အပို့ခံခဲ့ရပြီးနောက် လအနည်းငယ်ကြာတွင် ဂျင်မီ သေဆုံးသွားသည်။
အသက် (၁၄) နှစ်အရွယ်တွင် အန်း၏ဘဝ တောက်ပလာခဲ့သည်။ သူမကို မျက်မမြင်ကျောင်းတစ်ကျောင်းသို့ ပို့ခဲ့ပြီး အမြင်အာရုံတိုးတက်ဖို့ ခွဲစိတ်ရန်နှင့် စာဖတ်တတ်ရန် သင်ယူခဲ့ရသည်။…
ဘုရားသခင်ကို အမှီပြုအားကိုးပါ
ရေပန်းဥယျာဉ်တွင် ရေပေါ်မျောနေသည့် လေထိုးဘောကွင်းနှင့် ပြုလုပ်ထားသော အတားအဆီးလမ်းကြောင်းပေါ် လမ်းလျှောက်ရန် သူငယ်ချင်းတစ်ချို့နှင့်ကျွန်မတို့ ကြိုးစားခဲ့ကြသည်။ တလှုပ်လှုပ်နှင့်ပြောင်ချောနေသည့် ဘောကွင်းများပေါ်ဖြောင့်ဖြောင့်လမ်းလျှောက်ရန် မဖြစ်နိုင်သလောက်ပင်။ လမ်းအခုံးများ၊ ချောက် ကမ်းပါးများနှင့် တံတားများကို ဒယီးဒယိုင်ဖြတ်ကျော်လာစဥ် ကျွန်မတို့ ရေထဲသို့ ဗြုန်းကနဲပြုတ်ကျကာ အော်ဟစ်နေခဲ့ကြသည်။ လမ်းကြောင်းတစ်ခု ပြီးသွားသောအခါ ကျွန်မသူငယ်ချင်းမှာ မောပန်းသွားပြီး အသက်ဝဝပြန်ရှုရန် “လေဖောင်းမျှော်စင်” တစ်ခုပေါ် မှီချရာ၊ သူမ၏ အလေးချိန်ကြောင့် ပြိုလဲသွားပြီး သူမမှာ တစ်ရှိန်ထိုး ရေထဲသို့ ကျသွားသည်။
ရေပန်းဥယျာဉ်ရှိ ပျော့ပျော့အိအိမျှော်စင်များနှင့်မတူဘဲ သမ္မာကျမ်းစာခေတ်ရှိ မျှော်စင်သည် ခံတပ်နှင့် အကာအကွယ်အတွက် ခိုင်ခံ့လုံခြုံသောနယ်မြေဖြစ်သည်။ တရားသူကြီးမှတ်စာ ၉:၅၀-၅၁ တွင် သေဗက်မြို့သားများသည် အဘိမလက်က သူတို့မြို့ကို လာတိုက်ခိုက်သဖြင့် “ခိုင်ခံ့သောရဲတိုက်” သို့ ထွက်ပြေးပုန်းခိုခဲ့ရကြောင်း ဖော်ပြထားသည်။ သုတ္တံကျမ်း ၁၈:၁၀ တွင် ကျမ်းရေးဆရာက ဘုရားသခင်အား ယုံကြည်ကိုးစားသူများကို ကယ်တင်သောအရှင်အဖြစ်…
ဘုရားသခင်သည် လုံလောက်သည်ထက် ပိုသည်
အယ်လင် (Ellen) သည် ငွေကြေးကြပ်တည်းနေသောကြောင့် ခရစ္စမတ်ဆုကြေးငွေကို ရရှိသည့်အတွက် ပျော်ရွှင်မိသည်။ ဤမျှနှင့် လုံလောက်ပါပြီ။ သို့သော် ဘဏ်၌ ငွေပေးသွင်းသည့်အခါတွင် နောက်ထပ် အံ့အားသင့်စရာတစ်ခုရခဲ့ပါသည်။ ချေးငွေအတွက် သူမ၏ဇန်နဝါရီလပြန်ဆပ်ငွေကို ဘဏ်မှ ခရစ္စမတ်လက်ဆောင်အဖြစ် သူမ၏စာရင်းရှင်အပ်ငွေထဲသို့ ပေးပို့ထားကြောင်း ဘဏ်စာရေးကပြောသည်။ ယခုတွင် သူမနှင့် ထရေး (Trey) သည် အခြားပေးဆောင်စရာများကို ပေးချေနိုင်ပြီး၊ အခြားသူတစ်ဦးကိုလည်း ခရစ္စမတ်အံ့သြဖွယ်လက်ဆောင် ပေးနိုင်ခဲ့သည်။
ဘုရားသခင်၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ကျော်လွန်၍ ကောင်းချီးပေးနိုင်သည့် နည်းလမ်းများရှိပါသည်။ နောမိသည် ခင်ပွန်းနှင့်သားတို့ သေဆုံးခြင်းကြောင့် နာကျည်းကြေကွဲခဲ့ရပြီး (ရုသ ၁:၂၀-၂၁)၊ သူမနှင့်ဆွေမျိုးတော်စပ်သူ ဗောဇက သူမ၏ချွေးမရုသနှင့် အိမ်ထောင်ကျကာ နောမိနှင့်ချွေးမအတွက် မိသားစုကို ဖန်တီးပေးလျက် (၄:၁၀) ကူညီရာမဲ့အခြေအနေမှ သူမကို ကယ်တင်ခဲ့သည်။
နောမိ မျှော်လင့်နိုင်သမျှ ဤအရာက အကုန်ပဲဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က…
ဘုရားသခင် သင့်ကို မမေ့ပါ
ငယ်ငယ်က တံဆိပ်ခေါင်းများ စုဆောင်းခဲ့သည်။ ကျွန်မ၏ အန်ကွန် (angkong) (တရုတ်ဒေသခံစကားတစ်ခုဖြစ်သည့် ဖူကီနီးစ်လို “အဖိုး”) သည် ကျွန်မ၏ဝါသနာကိုသိသောအခါ၊ သူ့ရုံးဝင်စာမှ တံဆိပ်ခေါင်းများကို သူနေ့တိုင်း စုသိမ်းပေးခဲ့သည်။ အဘိုးအဘွားများထံ အလည်သွားတိုင်း အန်ကွန်က ကျွန်မအား တံဆိပ်ခေါင်းလှလှလေးများ အမျိုးစုံစွာ ထည့်ထားသည့်စာအိတ်ကို ပေးသည်။ အဖိုးက “ငါအမြဲအလုပ်များနေပေမယ့် မင်းကိုတော့ မမေ့ဘူး” ဟု တစ်ခါပြောဖူးသည်။
အန်ကွန် သည် ကျွန်မကိုချစ်ကြောင်း လူသိရှင်ကြား မဖော်ပြသော်လည်း သူချစ်သည်ကို ကျွန်မနက်ရှိုင်းစွာခံစားခဲ့ရသည်။ အတိုင်းအဆမဲ့ နက်နဲစွာဖြင့် ဘုရားသခင်သည် “သင့်ကို ငါမမေ့လျော့” (ဟေရှာ ၄၉:၁၅) ဟုအတိအလင်း ပြောပြီး ဣသရေလလူမျိုးတို့အား သူ၏ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့သည်။ လွန်ခဲ့သောအတိတ်က ရုပ်တုကိုးကွယ်မှုနှင့် မနာခံမှုတို့ကြောင့် ဗာဗုလုန်တွင် ဆင်းရဲဒုက္ခခံနေရသောကြောင့် ဘုရားလူမျိုးတော်က “ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီ” (:၁၄) ဟုမြည်တမ်းခဲ့ကြသည်။ သို့သော် သူ့လူများအပေါ်…
အသင်းတော်ဖြစ်စေပါ
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၊ ဒေ့ဗ့် (Dave) နှင့် ခါလာ (Carla) တို့သည် အသင်းတော်အိမ်တစ်ခုကို လပေါင်းများစွာ ရှာဖွေခဲ့ကြသည်။ လူချင်းတွေ့ဆုံမှုကို ကန့်သတ်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရသည့်အတွက် ပို၍ပင်ခက်ခဲပါသည်။ ယုံကြည်သူများနှင့် လူချင်းတွေ့ပြီး မိတ်သဟာယဖွဲ့နိုင်ရန် သူတို့တောင့်တခဲ့သည်။ “ဘုရားကျောင်းတစ်ခုကိုရှာရတာ ခက်ခဲတယ်”ဟု ခါလာ က ကျွန်မထံ အီးမေးလ် ပို့သည်။ ကျွန်မအတွင်း၌လည်း အသင်းတော်မိသားစုနှင့် ပြန်လည်ဆုံစည်း မိတ်သဟာယဖွဲ့လိုသောဆန္ဒ ထွက်ပေါ်လာပါသည်။ ကျွန်မလည်း “အသင်းတော်ဖြစ်ဖို့ ခက်ခဲတယ်လေ”ဟု ပြန်ဖြေခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်မတို့၏အသင်းတော်သည် အနီးနားပတ်ဝန်းကျင်များတွင် အစားအသောက်များဝေငှခြင်း၊ အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်းများပြုလုပ်ပေးခြင်း၊ အသင်းသားတိုင်းကို ဖုန်းဆက်ပြီး နှုတ်ဖြင့် စောင်မလျက် ဆုတောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ကျွန်မခင်ပွန်းနှင့်ကျွန်မတို့လည်း ပါဝင်ခဲ့ပြီး ကျွန်ုပ်တို့၏ပြောင်းလဲနေသောကမ္ဘာကြီးတွင် “အသင်းတော် ဖြစ်ဖို့” တခြားဘာတွေလုပ်နိုင်မလဲဟု စဥ်းစားတွေးမိခဲ့သည်။
ဟေဗြဲသြဝါဒစာ ၁၀:၂၅ တွင် ကျမ်းရေးသူက “လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို…
မလိုအမုန်းတရားဘက်လိုက်မှုနှင့် ဘုရား၏ချစ်ခြင်း
“မင်းက ငါမျှော်လင့်ထားသလိုမဟုတ်ဘူးဘဲ။ ငါ မင်းကို မုန်းမယ်လို့ ထင်ခဲ့ပေမဲ့ မမုန်းဘူး” လူငယ်လေး၏စကားများသည် ကြမ်းတမ်းပုံပေါက်သော်လည်း အမှန်တကယ်တော့ ကြင်နာမှုပြရန် အားထုတ်မှုတစ်ခု ဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်ကာလများက ကျွန်တော့်နိုင်ငံနှင့် စစ်ဖြစ်ခဲ့သော နိုင်ငံရပ်ခြားတွင် ကျွန်တော် ကျောင်းတက်ခဲ့သည်။ အတန်းထဲတွင် အဖွဲ့လိုက်ဆွေးနွေးမှုတစ်ခုတွင် ပါဝင်နေချိန်တွင် သူခပ်ခွာခွာနေသည်ကို ကျွန်တော် သတိပြုမိသည်။ သူ့ကို တစ်နည်းနည်းဖြင့် စိတ်ခုအောင်လုပ်မိလားဟု မေးသောအခါ သူက “လုံးဝ မဟုတ်ရပါဘူး။ ... ငါ့အဖိုးက အဲဒီစစ်ပွဲမှာ ကျဆုံးခဲ့လို့ မင်းရဲ့လူမျိုးနဲ့ မင်းတိုင်းပြည်ကို ငါမုန်းတယ်။ ဒါပေမယ့် အခုငါတို့မှာ တူညီတာတွေ ဘယ်လောက်ရှိလဲဆိုတာ သိလိုက်ပြီး အဲဒါက အံ့သြစရာပဲ။ ငါတို့က သူငယ်ချင်း မဖြစ်နိုင်စရာအကြောင်းမရှိဘူး” ဟုသူဖြေသည်။
မလိုမုန်းထားဘက်လိုက်မှုသည် လူသားမျိုးနွယ်ကဲ့သို့ ဟောင်းနွမ်းသောအတွေးဖြစ်သည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက နာသနေလသည် နာဇရက်မြို့၌ သခင်ယေရှုနေထိုင်ကြောင်း ပထမဆုံးကြားသိသောအခါ သူ၏ ဘက်လိုက်မှုကို…
ခရစ်တော်ကဲ့သို့ပေးကမ်းခြင်း
အမေရိကန်စာရေးဆရာ O. Henry (အိုဟင်နရီ)သည် သူနှစ်သက်လှသည့် ၁၉၀၅ ခုနှစ် ခရစ္စမတ်ပုံပြင် ‘The Gift of the Magi’ (ပညာရှိ၏လက်ဆောင်) ကို ရေးသားချိန်တွင် သူသည် ကိုယ်ရေးကိုယ်တာပြဿနာများနှင့် ရုန်းကန်နေရသည်။ သို့တိုင် ခရစ်တော်၏စရိုက်လက္ခဏာဖြစ်သည့် ‘ကိုယ်ကျိုးစွန့်ခြင်း’ အကြောင်းကို မီးမောင်းထိုးလှုံ့ဆော်ပေးသော ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားခဲ့သည်။ ဇာတ်လမ်းထဲတွင် ဆင်းရဲနွမ်းပါးသော ဇနီးသည်က သူ့ခင်ပွန်းအတွက် အိတ်ဆောင်နာရီနှင့်တွဲရသော ရွှေချိန်းကြိုးဝယ်ရန် ခရစ္စမတ်အကြိုနေ့တွင် သူမ၏လှပသော ဆံပင်ရှည်ကို ဖြတ်ရောင်းခဲ့သည်။ သူ့ခင်ပွန်းကလည်း သူမ၏လှပသောဆံပင်အတွက် ဘီးတစ်စုံဝယ်ရန် သူ၏အိတ်ဆောင်နာရီကို ရောင်းခဲ့ကြောင်း နောက်ပိုင်းတွင် သူသိလိုက်ရသည်။
၎င်းတို့တစ်ဦးနှင့်တစ်ဦးပေးသည့် အကြီးမားဆုံး လက်ဆောင်မှာ ကိုယ်ကျိုးစွန့်လွှတ်မှုဖြစ်ပြီး သူတို့၏လုပ်ရပ်များက ကြီးမားသောမေတ္တာကို ဖော်ပြနေသည်။
ထိုနည်းတူ ထိုပုံပြင်လေးက ခရစ်တော်ဖွားမြင်ပြီးနောက် သူ့အား မာဂု (ပညာရှိများ) ပေးဆက်ခဲ့သော မေတ္တာလက်ဆောင်များကို ကိုယ်စားပြုနေပါသည် (မ…
သူတော်စင်နစ်ခ်
သူတော်စင် Saint Nicholas (နီကိုးလပ်စ်) (နစ်ခ် ဟု လူသိများသူ)ကို အေဒီ ၂၇၀ ဝန်းကျင်တွင် ချမ်းသာသော Grecian (ဂရီရှန်) မိသားစုမှ မွေးဖွားခဲ့သည်။ ဝမ်းနည်းစရာမှာ သူ့မိဘများသည် သူငယ်စဥ်ကတည်းက ဆုံးပါးသွားခဲ့၍ သူသည် သူ့ကိုချစ်သောဦးလေးနှင့်အတူ နေထိုင်ပြီး ဦးလေးက သူ့ကို ဘုရားရှင်နောက်လိုက်လျှောက်ရန် သွန်သင်ပေးခဲ့သည်။ နီကိုးလပ်စ် လူငယ်အရွယ်တွင် မကြာမီ မွဲတေတော့မည့် အိမ်ထောင်ပြုရန် ခန်းဝင်ပစ္စည်းလည်းမရှိသည့် ညီအစ်မသုံးဦးအကြောင်း ကြားသိခဲ့ကြောင်း ဒဏ္ဍာရီရှိခဲ့သည်။ လိုအပ်နေသူများအား ပေးကမ်းရန် သခင်ယေရှု၏ သွန်သင်ချက်ကို လိုက်နာလိုသောကြောင့်၊ သူသည် သူ၏အမွေများထဲမှ ထိုညီအစ်မများကို ရွှေဒင်္ဂါးတစ်အိတ်စီ ပေးခဲ့သည်။ သူရှင်သန်ခဲ့သည့်နှစ်များတစ်လျှောက် နီကိုးလပ်စ်သည် ကျန်ရှိသောငွေများဖြင့် ဆင်းရဲနွမ်းပါးသူများကို ကျွေးမွေးပြုစုပြီး အခြားသူများကို ပြုစုစောင်မပေးခဲ့သည်။ နောက်ရာစုနှစ်များတွင် နီကိုးလပ်စ်သည် သူ၏ဖောဖောသီသီ ရက်ရောမှုကြောင့် ဂုဏ်ပြုခံရပြီး Santa Claus (စင်တာ…