လ - ဧပြီ 2016

ဘုရားသခင်၏ နည်းလမ်း

ကျွန်မတို့အားလုံး ဘုရားသခင်၏အသံတော်ကို ကြားရန်လိုသည်။ လွန်ခဲ့သော ၃ လ ခန့်က ကလေး ၂ ဦးကို စောင့်ရှောက်ပေးရန် အရေးပေါ် တောင်းဆိုလာခြင်းကြောင့် ၎င်းတို့၏အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရန် စဉ်းစားရတော့သည်။ ကျွန်မတို့၌ ကလေး ၃ ယောက် ရှိပြီးသားဖြစ်ပြီး၊ နောက်ထပ် မူကြိုအရွယ် ကလေး ၂ ဦးကို မွေးစားရန်မှာ ကျွန်မတို့၏ မူလအစီအစဉ်နှင့်မကိုက်၊  လူဦးရေ
တိုးလာမည့်ကိစ္စဖြစ်၍ မလွယ်ပါ။ သို့နှင့် ကျွန်မတို့ နေ့စဉ် ဖတ်ရှုသည့် သာသနာပြုသူရဲကောင်း အေမီ ကာမိုက်ကယ် ရေးသားသည့် စာအုပ်တွင် ကျွန်မတို့ အကျွမ်းတ၀င် မရှိသည့် တောလည်ရာကျမ်း အခန်းကြီး ၇ မှ ကျမ်းပိုဒ်အချို့ကို တွေ့ရှိခဲ့သည်။
“ကောဟပ်သားတို့ မည်သို့ခံစားရမည်နည်း။ အခြား
ယဇ်ပုရောဟိတ်အားလုံးက တဲတော်နှင့် တဲတော်တန်ဆာ များကို သယ်ဆောင်ရန် ရထားနှင့်နွားလှည်းများ ရရှိကြသည်။…

အလှများခြယ်မှုန်းသောဘုရား

Nezahualcoyotl (1402-1472) ဟူသည့်အမည်က အသံထွက်ရန်ခက်လှပါဘိ။ သို့သော် ၎င်းအမည်က ထူးခြားသည်။ ၎င်း၏အဓိပ္ပာယ်မှာ “ဆာလောင်နေသော ၀ံပုလွေ” ဖြစ်ပြီး ထိုပုဂ္ဂိုလ်ရေးသားခဲ့သောစာများက ၀ိညာဉ်ရေးရာဆာငတ်မှုကို ဖော်ပြနေသည်။ သူသည် မက္ကဆီကိုနိုင်ငံသို့ ဥရောပတိုက်သားများမရောက်ရှိမီက ကဗျာဆရာနှင့် အုပ်ချုပ်သူ မင်းတစ်ပါးဖြစ်သည်။ “ကျွန်ုပ်ကိုးကွယ်သည့် ဘုရားများမှာ စကားမပြော မခံစားတတ်သည့် ကျောက်ရုပ်တု များပေ၊ ... တန်ခိုးကြီးသော၊ ၀ှက်ထားလျက်ရှိသော၊ မသိ သေးသောဘုရားမူကား ဤစကြ၀ဠာ ကမ္ဘာတစ်ခွင်လုံး၏ ဖန်ဆင်းရှင်တည်း။ ထိုဘုရားသခင်တစ်ပါးတည်းသာလျှင် ဆင်းရဲခံရစဉ် အကျွန်ုပ်ကို နှစ်သိမ့်ပေးနိုင်၏။ ခံစားရသည့် သောကဗျာပါဒများတွင် မစမူ၏။ ကျွန်ုပ်ကိုမစမည့်သူ၊ ကွယ်ကာမည့်သူအဖြစ် ကိုယ်တော်အား လိုပါ၏”ဟု ရေးသား
ခဲ့သည်။
အသက်ကို ပေးပိုင်ရှင် ထာဝရဘုရားနှင့် Nezahualcoyotl တွေ့သွားလား၊ မတွေ့လား၊ ကျွန်မတို့ မသိပါ။ သို့သော် သူအုပ်ချုပ်စိုးစံသည့် ကာလအတွင်း “အလှတရားများ ခြယ်မှုန်းပေးသည့်ဘုရား”…

သမားရိုးကျအစဉ်အလာ မဟုတ်သော နည်းဗျူဟာ

၁၉၈၀ ခုနှစ် ဘော့စတွန် မာရသွန်ပြိုင်ပွဲကျင်းပနေစဉ် အမျိုးသမီးတစ်ဦးသည် ပြေးလမ်းပေါ်သို့ လမ်းခုလတ်မှ ၀င်ပြေးခဲ့သည်။ အကြောင်းပြချက် အထွေအထူးမရှိပါ။ မာရသွန်ပြေးပွဲ ၀င်ပြေးချင်သောကြောင့်ဖြစ်သည်။ မျက်မြင်သက်သေများ၏အဆိုအရ ထိုအမျိုးသမီးသည် ပန်းတိုင်မရောက်မီ တစ်မိုင်ခန့်အလိုတွင် ၀င်ပြေးခဲ့ခြင်းဖြစ်ပြီး အခြားပြိုင်ပွဲဝင် အမျိုးသမီးများ၏ ရှေ့ဆုံးမှ ပန်းဝင်ခဲ့သည်။ သူမအနေနှင့် ဘာမှမပင်ပန်း၊ ချွေးပင် မစို့ခဲ့ပါ။ တစ်ခဏတော့ သူမအား အနိုင်ရသူပမာ  ထင်ရသည်။
ရှေးပဝေသဏီက တိုက်ပွဲတစ်ခု၌ ရှုံးနိမ့်နေသူ များသည် ဂုဏ်အသရေနှင့် အောင်ပွဲခံနိုင်မည့် နည်းလမ်းကို တွေ့ရှိခဲ့သည်။ “ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း
စစ်ချီလာကြောင်း” ဆက်သားက သတင်းပို့လာသောအခါ
ယောရှဖတ်မင်း ကြောက်သွားသည် (၆ရာ ၂၀း၂-၃)။ သို့သော်
သူသည် စစ်ရေးစစ်ရာ နည်းဗျူဟာများကို ဦးစားမပေးဘဲ ဘုရားသခင်ထံတော်သို့ တိုးဝင်ခဲ့သည်။ ဘုရားသခင်၏ အစိုးပိုင်သောအာဏာတော်ကို ၀န်ခံသိမှတ်လျက် သူကြောက်ကြောင်း၊ စိတ်ရှုတ်ထွေးရကြောင်း ၀န်ခံခဲ့သည်။…

ပုတ်သင်ညို

ပုတ်သင်ညိုဟုပြောလိုက်လျှင် ၎င်း၏ပတ်ဝန်းကျင်ကိုလိုက်၍ အရောင်ပြောင်း နိုင်စွမ်းရှိခြင်းကိုပါ တွေးမိမည်။ ထို့ပြင် ဤသတ္တ၀ါလေး၌ အခြားစိတ်ဝင်စားစရာ လက္ခဏာ ရှိသေးသည်။ ပုတ်သင်တစ်ကောင် လမ်းလျှောက်ပုံကို ကျွန်တော် မကြာမကြာ စောင့်ကြည့်ဖူးပြီး၊ ၎င်းသွားလိုရာသို့ ဘယ်တော့မှ ရောက်မလဲဟု တွေးမိ သည်။ ပုတ်သင်သည် ခြေတစ်ဖက် လှမ်းမည်ပြုပြီးမှ စိတ်ပြောင်းသွားသည့်ပမာ တန့်သွားသည်။ ပြီးမှ တစ်ဖန်
ခြေကြွပြီး မြေပြိုမှာစိုးသည့်အလား သေချာစွာ ဖြည်းဖြည်းချင်း
ခြေချသည်။
`အင်း ... ဒီနေ့ ဘုရားကျောင်းသွားမယ်။ သြော် ... နေဦး၊ ... နောက်တစ်ပတ်မှသွားမယ်။  အဲ ... မဟုတ်သေးဘူး
ခဏစောင့်ဦး၊ “နောက်မှ” ... ဘုရားကျောင်းသွားဖို့အရေး အဲဒီလို ဆင်ခြေပေးတတ်တဲ့ ပုတ်သင်ညိုလို လူစားမျိုး မဖြစ်ပါစေနဲ့ကွယ်´ ဟု ပြောသံကြားရသောအခါ ကျွန်တော် မရယ်ဘဲမနေနိုင်ပါ။
ယေရုရှလင်ရှိ ဘုရားသခင်၏အိမ်တော်သည် ဒါဝိဒ်မင်းကြီးဝတ်ပြုကိုးကွယ်ရာ…

ကိုယ်တော်၏ မျက်ဆန်တော်

ကျွန်မသူငယ်ချင်း၏သမီးလေးမှာ လေသင်တုန်းဖြတ်သွားသဖြင့် အရေးပေါ် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ အပြေးသွားခဲ့ကြသည်။ သူ့သမီးအတွက်ဆုတောင်းရင်း ရင်တမမဖြစ်ရသည်။ ထိုအခိုက်အတန့်တွင် သမီးလေး၏လက်ချောင်းသေးသေးလေးကို ဆုပ်ကိုင်ရင်း သမီးကို အလွန်ချစ်သည့်စိတ်မှတစ်ဆင့် ဘုရားသခင် ကျွန်မတို့ကို အဘယ်မျှလောက်ချစ်တော်မူကြောင်း၊ ကျွန်မတို့သည် ကိုယ်တော်၏ `မျက်ဆန်တော်´ ဖြစ်ကြောင်းကို ထိုသူငယ်ချင်း   အသစ်တစ်ဖန် ခံစားလိုက်ရသည်။
ဗာဗုလုန်၌ ကျွန်ခံရပြီးနောက် ယေရုရှလင်သို့ ပြန်ရောက်လာသည့် ဘုရားလူများအား မိန့်ကြားရာ၌ ပရောဖက် ဇာခရိက အထက်ပါစကားလုံးကို သုံးခဲ့သည်။ ၎င်းတို့အား နောင်တရရန်၊ ဗိမာန်တော်ကို ပြန်တည်ရန်၊ ဘုရားအပေါ် ၎င်းတို့၏ချစ်ခြင်းစိတ်ကို အသစ်တစ်ဖန် အားသစ်လောင်းရန် နှိုးဆော်သည်။ ဘုရားသခင်သည် သူ့လူမျိုးတော်ကို အလွန် ချစ်သည်။ လူမျိုးတော်သည် ကိုယ်တော်၏မျက်ဆန်တော် အသည်းကြော် ဖြစ်သည်။
ဟေဗြဲကျမ်းပညာရှင်ပုဂ္ဂိုလ်များက ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၂ မှ ဤအချက်သည် အခြားသူ၏မျက်ဝန်းသူငယ်အိမ် ၀ိုင်းဝိုင်း၌ ထင်နေသည့် လူတစ်ဦးဦး၏ပုံရိပ်ကို…

ကြီးမြတ်သော စွန့်လွှတ်ခြင်း

၂၀ ရာစုခေတ်ဦးပိုင်း၌ အင်္ဂလိပ်လူမျိုး ဂျာနယ်လစ် ဒဗလျူ တီ စတက်ဒ် သည် ဆန်းသစ်သော အတွေးအမြင်ဖြင့် လူမှုရေး ပြဿနာများကို ဖော်ထုတ် ရေးသားသူ အဖြစ် ထင်ရှားခဲ့သည်။ သူထုတ်ဝေဖြန့်ချိခဲ့သည့် ဆောင်းပါးနှစ်ပုဒ်တွင် ခရီးသည်များအတွက် အသက်ကယ်လှေ လုံလောက်စွာမရှိဘဲ သင်္ဘောများ ခုတ်မောင်းသွားလာနေခြင်း၏အန္တရာယ်ကို မီးမောင်းထိုးရေးသားခဲ့သည်။ ဖြစ်ချင်တော့ သူသည် ၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်က ရေခဲတုံးနှင့် တိုက်မိပြီး မြောက်အတ္တလန်တိတ်သမုဒ္ဒရာ၌ နစ်မြုပ်သွား
သည့် တိုင်တဲန်းနစ်သင်္ဘောနှင့် ပါသွားသည်။ အစီရင်ခံစာ
တစ်စောင်အရ စတက်ဒ်သည် အမျိုးသမီးနှင့်ကလေးများအား အသက်ကယ်လှေပေါ်ရောက်အောင် ကူညီပေးပြီး နောက်ဆုံး
သူ၏အသက်ကယ်အင်္ကျီနှင့် အသက်ကယ်လှေပေါ်မှ သူ့နေရာကို ပေးလိုက်ကာ အခြားသူအတွက် သူ့အသက်ကို စတေးခဲ့သည်။
ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း သဘောက စိတ်ကို လှုပ်ရှား စေသည်။ ထိုအချက်ကို ခရစ်တော်၏စံနမူနာထက် အခြားမည်သည့်…

ဤနေ့ရက်သည်

၁၉၄၀ ခုနှစ်တွင် ဒေါက်တာ ဗာဂျီးနီးယား ကော်နယ်လီသည် ဆန့်ကျင်မှုနှင့် ဝေဖန်မှု များကို ရင်ဆိုင်လျက် တက္ကဆက် ပြည်နယ် အဘီလင်မြို့၌ ပထမဆုံး အမျိုးသမီး ဆရာဝန် ဖြစ်လာသည်။ ၂၀၁၂ ခုနှစ်က သူမ၏နှစ် ၁၀၀ ပြည့်မွေးနေ့မတိုင်မီ လပိုင်း အလိုတွင် တက္ကဆက်ဆေးပညာအသင်းမှ သူ့အား တက္ကဆက်၏ အမြင့်ဆုံးသော ဆေးပညာဆိုင်ရာ စွမ်းဆောင်ရှင် ဆရာဝန်ဆုကို ချီးမြှင့်ခဲ့ သည်။ ထိုမှတ်တိုင်နှစ်ခု ကြားကာလတွင် ဒေါက်တာ ကော်နယ်လီသည် နယ်လှည့်ဆေးကုသည့် သာသနာခရီးစဉ် များစွာမှတစ်ဆင့် ဧ၀ံဂေလိသတင်းကောင်းကို ဝေမျှရန် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်း မှာပင် သူသည် ဘုရားသခင်နှင့် လူကို အစေခံသည့် အသက်တာဖြင့် တစ်ရက်တာ တစ်ရက်စာ ဘ၀ရှင်သန် ခဲ့သည်။
သူ၏သင်းအုပ်ဆရာ ဖီလ်ခရစ္စတိုဖာက “ကော်နယ်လီ အတွက် နေ့ရက်တိုင်းဟာ ဆုလာဘ်ပါပဲ။”…

စိတ်နှလုံးကို စစ်ဆေးခြင်း

ချီကာဂိုပြည်နယ်၌ ရထားစီးပြီးအလုပ်တက်စဉ် မိမိမသိသော မိမိအနီး၌ ထိုင်နေသူနှင့် စကားလက်ဆုံမကျရန် ကျွန်တော်သတိထားသည်။ ၎င်းသည် စာတစ်တန် ပေတစ်တန် မရေးထားသော်လည်း (သူတစ်ပါးအတွက် အနှောင့်အယှက်မဖြစ်စေရေး) ဆောင် ရမည့် ပြည်သူ့နီတိဖြစ်သည်။ လူကိုတစ်စိမ်းတစ်ရံဟု စိုးစဉ်းမျှ သဘောမထားတတ်သော ကျွန်တော့်အတွက် ခက်လှသည်။ ကျွန်တော်က မိမိ မသိကျွမ်းသူများနှင့် စကားပြောရသည်ကို နှစ်သက်သည်။ ထိုသို့ ရေငုံနှုတ်ဆိတ်နေရသော်လည်း လူတို့ဖတ်ရှုသည့် သတင်းစာမှ အကြောင်းအရာအားဖြင့် ထိုလူအကြောင်းကို တစ်စေ့တစ်စောင်း သိနိုင်သည်။ ထို့ကြောင့် ကျွန်တော်က မည်သည့်ကဏ္ဍကို လူများဖတ်ရှုသည်ကို  ကြည့်သည်။ စီးပွားရေးလား၊ အားကစားလား၊ နိုင်ငံရေးလား၊ လတ်တလော
ဖြစ်ပျက်သည့်သတင်း အကြောင်းအရာလား။ ၎င်းတို့ရွေးချယ် ဖတ်ရှုသည့်အရာက ၎င်းတို့၏ စိတ်ဝင်စားမှုကို ပြသည်။
မိမိ၏ရွေးချယ်မှုသည် တစ်စုံတစ်ရာကို အမြဲဖွင့်ပြဖော်ပြသည်။ ကျွန်တော်တို့၏ စိတ်နှလုံး၌ ဘာရှိသည်ကို သိရအောင် ကိုယ်တော်အနေဖြင့် ကျွန်တော်တို့၏ ရွေးချယ်မှုကို…

ထောင်ချောက်ကိုရှောင်

Venus flytrap အပင်သည် ၁၀ရက်အတွင်း အင်းဆက်ပိုးမွှားများကို ဖျက်ဆီးနိုင်သည်။ ၎င်း၏အရွက်များသည် ထောင်ချောက်သဏ္ဌာန်ဖွင့်ဟလျက် ၎င်းအရွက်မှထွက်လာ  သည့် ၀တ်ရည်တစ်မျိုး၏အနံ့ကို ပိုးကောင်က အနံ့ခံမိပြီး အနံ့ရှိရာသို့ ချဉ်းကပ်လာ သောအခါ ထောင်ချောက်တွင်းသက်ဆင်းလျက် တစ်စက္ကန့်အတွင်း အရွက်များက ပိတ်သွားပြီး၊ ၎င်းမှထွက်လာသည့် အစာချေအရည်က ပိုးမွှား များကို ချေဖျက်တော့သည်။
ကျွန်မတို့လည်း အပြစ်သွေးဆောင်ရာသို့ လိုက်ပါမိ ပါက ဒုစရိုက်အပြစ်သည် ကျွန်မတို့ကို ဤနည်းအတိုင်း ၀ါးမြိုကြောင်း ဤအသားစားပင်အားဖြင့် ကျွန်မသင်ခန်းစာ ရသည်။ က ၄း၇ တွင် `သင်သည် မကောင်းမှုကို ပြုခဲ့သဖြင့် အပြစ်တရားသည် ... သင့်တံခါးအနီးတွင် ချောင်းမြောင်း လျက် ရှိ၏။´(ခေတ်သုံး) ဟု ကာဣန သူ့ညီအာဗြေလကို မသတ်မီ၌ ဘုရားသခင်က အထက်ပါစကားကို သတိပေး ပြောကြားခဲ့သည်။
ဖြောင့်မတ်စွာ အသက်ရှင်ရှင် မရှင်ရှင် အရေးမကြီး၊…

မည်သူ့အတွက် အလုပ်လုပ်သနည်း

ဟင်နရီသည် တစ်ပတ်လျှင် နာရီပေါင်း ၇၀ အလုပ်လုပ်သည်။ သူ့အလုပ်ကို သူမြတ်နိုး တန်ဖိုးထားပြီး လခထုတ်ချိန်၌ မိသားစုအတွက် ဖူလုံလောက်ငှသည့် လစာကိုထုတ်ယူ နိုင်သည်။ အလုပ်လုပ်သည့်အချိန်ကို လျှော့ရန် သူစိတ်ကူးသော်လည်း အထမမြောက် သေးပါ။ တစ်နေ့တွင် ကုမ္ပဏီ၏အမြင့်ဆုံးရာထူးသို့ သူ့အား တိုးမြှင့်ခန့်ထားလိုက်ပြီ ဖြစ်ကြောင်း သတင်းကောင်းကို အိမ်သို့ယူဆောင်ခဲ့သည်။ သို့သော် အိမ်၌ မည်သူမျှမရှိပါ။ ကလေးများက အရွယ်ရောက်
ကြီးပြင်းကာ အိမ်မှထွက်ခွာသွားသည်။ သူ့ဇနီးကလည်း အလုပ်ရသွားသဖြင့် ယခုတွင် အိမ်က ဗလာနတ္တိ၊ မည်သူမျှ မရှိပြီ။ ၀မ်းမြောက်စရာ သူ့သတင်းကောင်းကို မျှဝေခံစား မည့်သူမရှိပြီ။
မိမိလုပ်ကိုင်သည့် အလုပ်အကိုင်နှင့် စပ်လျဉ်း၍ ဘ၀၌ မျှတဆီလျှော်မှု ရှိရန်လိုကြောင်း ရှောလမုန်မင်းက မိန့်ကြားလျက်၊ `မိုက်သော သူသည် မိမိလက်ချင်းပိုက်ထား၍ မိမိအသားကို စားတတ်၏ ´(ဒေ ၄း၅) ဟု ရေးသားခဲ့…