လ - နိုဝင်ဘာ 2016

စွန့်လွှတ်ပေးဆပ်သော ယုံကြည်ခြင်း

တနင်္ဂနွေညနေခင်းအချိန်တွင် ကျွန်မခင်ပွန်းသင်းအုပ်ဆရာအဖြစ် အစေခံသော အသင်းတော်အနီးရှိ ကျွန်မတို့အိမ်ပန်းခြံထဲ၌ ထိုင်နေရင်း Farsi ဘာသာစကားဖြင့် သီဆိုချီးမွမ်းကိုးကွယ်ခြင်း သီချင်းသံမှာ လေနှင့်အတူလွင့်မျောလာသည်။ လန်ဒန်မြို့ရှိ ကျွန်မတို့၏အသင်းတော်၌ တက်ကြွသော အီရန်လူမျိုး တပည့်တော်စုအား ဧည့်အသင်းတော်အဖြစ် လက်ခံဝတ်ပြုစေခဲ့ပြီး၊ သူတို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် အကြောင်းများ၊ သူတို့သင်းအုပ် ဆရာကြီး၏ညီမှာ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ ရသည့် အကြောင်းများ ဝေငှ ပြောပြ သည်။ ခရစ်တော် အတွက် သူတို့၏စိတ်အားထက်သန်မှုကို ကျွန်မတို့စိတ်၌ အလွန်    ထိတွေ့ခဲ့သည်။ ဤသစ္စာရှိသော ယုံကြည်သူများသည် ပထမဦးဆုံးသော ခရစ်ယာန်မာတုရဖြစ်သည့် သတေဖန်၏ ခြေရာအတိုင်း လိုက်လျှောက်ခြင်းဖြစ်သည်။
ကနဦးအသင်းတော်၌ ဦးဆောင်သူအဖြစ် ဦးဆုံး ခန့်အပ်ခံရသည့် သတေဖန်သည် ‘‘ကြီးစွာသော နိမိတ် လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို’’ (တ ၆း၈) ပြုလုပ်သည့် အတွက် ယေရုရှလင်မြို့၌လူများ၏အာရုံစိုက်မှုကို ခံရသည်။ သူ၏လုပ်ရပ်အတွက် ခုခံပြောဆိုရန်…

ကောင်းကင်ကို ကြည့်ရှုသူ

လုပ်ငန်းခွင်မှကိစ္စများ၊ အိမ်တွင်းရေးအမှုကိစ္စများကြောင့် မတည်မငြိမ်ဖြစ်ကာ မက် တစ်ယောက် လမ်းလျှောက်ထွက်ခဲ့သည်။ နွေဦးညချမ်းလေပြေလေးက သာသာ ယာယာနှင့် လက်ယပ်ခေါ်နေသည်။ အဆုံးစမဲ့ကောင်းကင်ကြီးက အပြာရောင်မှ မဲမှောင် သွားစဉ် စိမ့်တောပေါ်သို့ မြူမှုန်များသိပ်သည်းစွာ တဖြည်းဖြည်းကျဆင်းလာသည်။ အရှေ့အရပ်မှပေါ်ထွက်လာမည့် လမင်းကြီး၏ရှေ့ပြေးအဖြစ် ကြယ်များလည်း စတင်ပြီး မှုန်ဝါးဝါး လင်းလက်လာသည်။ မက်အတွက် ထိုအခိုက်အတန့်လေးတွင် နက်ရှိုင်းစွာ ၀ိညာဉ်ခွန်အား ရခဲ့သည်။ "ကိုယ်တော် ရှိတယ်။ ဘုရားသခင် အဲဒီမှာရှိနေတယ်။ ငါ့ကိစ္စတွေကို ကိုယ်တော် သိနေတယ်" ဟု မက် တွေးတောဆင်ခြင်မိသည်။
လူအချို့က ညကောင်းကင်ကိုကြည့်ပြီး သဘာဝ တရားမှလွဲ၍ အခြားဘာကိုမှ မမြင်။ အခြားသူများကလည်း ဘုရားကို လွန်စွာဝေးသောအရပ်၌ရှိပြီး ဂျူပီတာဂြိုဟ် ကဲ့သို့ အေးစက်စက်ဟု မြင်ကြသည်။ သို့သော် "မြေကြီးစက် အပေါ်မှာထိုင်"တော်မူသော ဘုရားသခင်သည် ကြယ်အစုအဝေး"အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူသော" (ဟေရှာ ၄၀း၂၂၊၂၆)…

အကန့်အသတ်မထား စည်းမခြားသောချစ်မေတ္တာ

၁၉၀၀ပြည့်နှစ် တရုတ်ပြည် Boxer တော်လှန်ရေးကာလအတွင်း သာသနာပြုများ သည် T'ai Yüan Fu ရှိ ဂေဟာ၌ ပိတ်မိနေခဲ့သည်။ သူတို့ကိုသတ်ဖြတ်ရန် အော်ဟစ်ကြွေးကြော်နေသည့် လူအုပ်အတွင်းဖြတ်ပြေးခြင်းသာ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်အကူအညီဖြင့် အန္တရာယ်မှ သူတို့လွတ်မြောက်ခဲ့သည်။ သို့သော် ဒဏ်ရာရကျောင်းသူ   နှစ်ဦးမှာ မလွတ်မြောက်နိုင်ကြောင်း Edith Coombs  သတိပြုမိလိုက်ပြီး အန္တရာယ် စက်ကွင်းထဲ ပြန်ဝင်ခဲ့သည်။ ကျောင်းသူတစ်ဦးကို ကယ်နိုင်ခဲ့သော်လည်း ကျန်တစ်ဦးကို ကယ်ရန်အသွား ခလုတ်တိုက်လဲပြီး ထိုနေရာတွင်ပင် အသတ်ခံလိုက်ရသည်။
ထိုအတောအတွင်း Hsin Chou နယ်ရှိ သာသနာပြု များမှာမူ သူတို့၏တရုတ်လူမျိုးမိတ်ဆွေ Ho Tsuen Kwei ၏ အဖော်ပြုမှုဖြင့် လွတ်မြောက်သွားကြပြီး တောနယ်လေး၌ ပုန်းအောင်းနေရသည်။ သို့သော် Ho Tsuen…

အပေါ်ယံ

လူများက သူ့ကိုချစ်ခင်လာအောင် ကာရီ အစွမ်းကုန်ကြိုးစားသည်။  အခြားသူများ သူ့ကို သတိထားမိပြီး ပျော်ပျော်နေတတ်သည့် စိတ်ထားအတွက် သူ့ကို ချီးမွမ်းအောင် ပျော်ပျော်နေသည့်ပုံပေါ်အောင် သူပြုမူသည်။ သို့သော် ပွင့်လင်းမြင်သာသော အခိုက်အတန့်တွင် ကာရီ က "ကျွန်မ သခင်ဘုရားကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်မရဲ့အသက်တာက အပေါ်ယံပဲ ဖြစ်နေတယ်လို့ ခံစား
ရတယ်" ဟု ၀န်ခံပြောပြသည်။ တစ်ပါးသူများ သူ့ကို အကောင်းမြင်အောင်  ကြိုးစားအားထုတ်ရင်း နောက်ကွယ်၌ စိတ်မလုံမလဲ ဖြစ်နေသည်။ "ဒါကို ဆက်ထိန်းပြီး ဒီလို နေသွားဖို့ အားမရှိတော့ဘူး" ဟု သူပြောပြသည်။
စုံလင်ပြည့်ဝသော စိတ်ထားရှိရန် မဖြစ်နိုင်၊ ကျွန်ုပ်တို့လည်း တစ်နည်းနည်းဖြင့် ထိုသို့ခံစားရနိုင်သည်။   သခင်ဘုရားနှင့် တစ်ပါးသူများကို ကျွန်ုပ်တို့ ချစ်သည်။ သို့သော် ခရစ်ယာန်အသက်တာကို ရှင်သန်နေထိုင်ရာတွင် ကျွန်ုပ်တို့၏စိတ်ထားက တစ်ခါတစ်ရံ၌ မိမိကို…

ဆယ့်နှစ်ယောက်မြောက်လူ

တက္ကဆက် ပြည်နယ် A&M တက္ကသိုလ်ဘောလုံးအားကစားကွင်းရှိ ဆိုင်းဘုတ်ကြီး၌ "ဆယ့်နှစ်ယောက်မြောက်လူအတွက်နေရာ" ဟုရေးထားသည်။ ကစားကွင်း၌ အသင်း တစ်သင်းစီကို ကစားသမား ၁၁ ဦးသာ ခွင့်ပြုပြီး၊ ဆယ့်နှစ်ယောက်မြောက်လူ ဆိုသည်မှာ ပွဲစဉ်တစ်လျှောက် မိမိအသင်းကို အားပေးအားတက်စေသော ထောင်ပေါင်းများစွာသော A&M ကျောင်းသားပရိသတ်များကို ရည်ညွှန်းသည်။ ၁၉၂၂ ခုနှစ်က ဒဏ်ရာရအားကစားသမား၏နေရာ၌ အစားထိုး ကစားရန်အတွက် နည်းပြက ရပ်ကြည့်စင်မှ ကျောင်းသား တစ်ဦးကို ခေါ်ကာ ၀တ်စုံလဲခိုင်းပြီး ဘေးစည်း၌  အသင့် ရပ်နေစေသည်။ ထိုမှစ၍ ဤအစဉ်အလာ ဖြစ်ပေါ်လာသည်။ ထိုသူသည် ကစားပွဲ၌ တစ်ခါမျှ ၀င်ရောက်မကစားခဲ့ရ သော်လည်း ဘေးစည်း၌ လိုလိုလားလားနှင့် ရှိနေပေးခြင်းက အသင်းအတွက် ကြီးမားသောအား ဖြစ်ခဲ့သည်။
ဟေဗြဲ ၁၁ ၌ ကြီးမားသော စစ်ကြောခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း ဘုရားသခင်၌ သစ္စာတည်မြဲသော ယုံကြည်ခြင်း…

ယခုတွင် အားလုံးအတူတကွ

သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၌ နီကောလပ်(စ်) တေလာ တစ်ယောက် မီးရထားပေါ်လှမ်း တက်လိုက်စဉ် လူသွားစင်္ကြံနှင့် မီးရထားကိုယ်ထည်ကြား လွတ်နေသောနေရာလေး၌ ခြေထောက်ညှပ်သွားသည်။ လုံခြုံရေးအရာရှိများက သူလွတ်သွားအောင် မစွမ်းဆောင် နိုင်၊ သို့နှင့် အခြားခရီးသည် အယောက် ၅၀ ခန့်ကို တန်းစီစေပြီး တစ် နှစ် သုံး ရေကာ မီးရထားကို ပြိုင်တူတွန်းပေးရန် အကူအညီတောင်းခဲ့သည်။ ထိုသို့ တညီတညွတ်တည်းတွန်းလိုက်ရာ တေလာ၏ ခြေထောက် ဆွဲထုတ်နိုင်ခဲ့တော့သည်။
ကနဦးအသင်းတော်များသို့ ရေးသားပေးပို့သော စာများ၌ တမန်တော်ရှင်ပေါလုက ခရစ်ယာန်တို့ အတူတကွ လုပ်ဆောင်မှု၏ တန်ခိုးအစွမ်းကို အသိမှတ်ပြုခဲ့သည်။ ခရစ်တော်သည် သူတို့ကိုလက်ခံသည်နည်းတူ အချင်းချင်းကို
လက်ခံကြရန် ရောမမြို့ရှိ ယုံကြည်သူများကို ရှင်ပေါလု တိုက်တွန်းခဲ့သည်။ "သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ... ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ ယေရှုခရစ်၏…

အသေအချာ အာရုံစိုက်ပါ

တရားနာပရိသတ်များကြားတွင်ထိုင်ရင်း သင်းအုပ်ဆရာနှင့် မျက်နှာချင်းဆိုင်လျက် သူ့ ထံသို့ အကြည့်များပို့ထားသည်။ ကျွန်ုပ်၏ကိုယ်ဟန်အနေအထားက ဆရာပြောသမျှကို အမှန်အကန်နာယူနေသည့်ပုံပေါက်နေသည်။
ထိုစဉ် လူတိုင်းရယ်မောကာ လက်ခုပ်လက်ဝါးတီးကြသဖြင့် အံ့အားသင့်လျက် လိုက်ကြည့်မိသည်။   ဆရာက ဟာသဖောက်လိုက်ခြင်း ဖြစ်မည်။ သို့သော် ဆရာဘာပြောလိုက်မှန်း အရိပ်အမြွက် လေးပင် ကျွန်ုပ်မသိလိုက်ပါ။ ကျွန်ုပ်၏ပုံစံက အသေအချာ နားထောင်နေပုံပေါ်နေသော်လည်း လက်တွေ့တွင်ကျွန်ုပ်၏ စိတ်များ ပျံ့လွင့်နေသည်။
ပြောသည်ကိုကြားရသော်လည်း နားမထောင်၊ ကြည့်သော်လည်း မမြင်၊ ရှိနေသော်လည်း ပျက်ကွက် (ပျောက်နေ)ခြင်းများ ဖြစ်နေနိုင်ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့ အတွက် အရေးကြီးသော သတင်းစကားများကို လွတ်သွားနိုင်ပါသည်။
ဧဇရသည် ဘုရားသခင်၏ညွှန်ကြားချက်များကို ယုဒလူတို့အား ဖတ်ပြနေစဉ် "လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏" (နေ ၈း၃)။ ရှင်းလင်းသွန်သင်ချက်များကို အသေအချာနားထောင်ခြင်းကြောင့် ရလဒ်အနေဖြင့် သူတို့ နားလည်သဘောပေါက်လျက် (း၈)၊ နောင်တရကာ တစ်ဖန် ပြန်လည်နိုးကြား…

ပေါင်မုန့်

ကျွန်မနေထိုင်သော မက္ကဆီကိုမြို့ငယ်လေး၌ နံနက်တိုင်း "ပေါင်မုန့််" ဟူသော ကြည်လင်ပြတ်သားသည့်အသံကို ကြားရသည်။ ဧရာမတောင်းကြီးထဲတွင် ပေါင်မုန့်အချို အငန် စသည်ဖြင့် ပေါင်မုန့်အမျိုးမျိုးကို စက်ဘီးပေါ်တင်ပြီး လည်ရောင်းနေခြင်းဖြစ်သည်။ ယခင်မြို့ကြီးပြကြီး၌ နေထိုင်ခဲ့စဉ်က ပေါင်မုန့်ဝယ်ရန် မုန့်တိုက်ကိုသွားရသည်။ ယခုတွင် အိမ်တံခါးဝအရောက် လတ်ဆတ်သောပေါင်မုန့်ကို ရရှိနိုင်၍ ကြည်နူး ၀မ်းမြောက်မိသည်။
ရုပ်ပိုင်းဆာလောင်မှုကို ဖြည့်ဆည်းပေးရန် ဟူသော အတွေးမှ ၀ိညာဉ်ဆာငတ်မှုကို ဖြည့်ဆည်းရန် ဟူသော အတွေးသို့ ပြောင်းလိုက်ရင်း "ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူ မည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်" ဆိုသည့် ရှင်ယေရှု၏နှုတ်တော်ထွက်စကားကို ဆင်ခြင်မိသည် (ယော ၆း၅၁)။
ဧ၀ံဂေလိတရားဆိုသည်မှာ အမှန်စင်စစ် သူတောင်းစားတစ်ဦးက ဘယ်မှာ ပေါင်မုန့်ရနိုင်သည်ကို အခြားသူတောင်းစားတစ်ဦးကို ပြောပြခြင်းဖြစ်သည်ဟု ဆိုကြ သည်။ ပြောစတမ်းဆိုလျှင် ကျွန်မတို့အများစုသည်လည်း ပြောစရာရှိပါသည်။ "တစ်ချိန်က ကိုယ့်အပြစ်ကြောင့်…

ရှင်းလင်းသောအမြင်

နယူးယော့၌ ကြီးပြင်းခဲ့သူ ယုဒလူငယ်လေး မိုက်ကယ်ဘရောင်းသည် ၀ိညာဉ်ရေးရာကို စိတ်ဝင်စားမှုမရှိ၊ သူ့ဘ၀တစ်လျှောက် ဒရမ်မာသမားအဖြစ်ကျင်လည်ရင်း မူးယစ်ဆေး
စွဲခဲ့သည်။ သို့သော် မေတ္တာနှင့် သူ့အတွက်ဆုတောင်းပေးနေသူများရှိသည့် အသင်းတော်သို့   သူ့သူငယ်ချင်းများက သူ့ကိုခေါ်သွားသည်။ ၀ိညာဉ်ရေးပိုင်း၌ အခိုက် အတန့်မျှ ရုန်းကန်အဖြေရှာပြီးနောက် မိုက်ကယ်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သည်။
၎င်းသည် ထိန်းကျောင်းရခက်သည့် လူငယ်လေး တစ်ဦး၏တကယ့်ပြောင်းလဲမှုကြီးပါ။ တစ်နေ့တွင် ဓမ္မဟောင်း
ကျမ်းစာ၌ သခင်ယေရှုအကြောင်း ဖော်ပြထားသည်ဟု ကြားမိကြောင်း သူ့ဖခင်ကိုပြောရာ သူ့ဖခင်က မယုံနိုင်စွာဖြင့် 'ဘယ်မှာလဲ' ဟုမေးသည်။ မိုက်ကယ်က သူ့ကျမ်းစာအုပ်ကို ဖွင့်လိုက်စဉ် ဟေရှာ ၅၃ ကို ဖွင့်မိရက်သား ဖြစ်သွားသည်။ ထိုကျမ်းပိုဒ်ကို သားအဖ နှစ်ဦးသားဖတ်ပြီး 'သူပဲ၊ သူပဲ၊ အဲဒါ ယေရှုပဲ' ဟု မိုက်ကယ် တအံ့တသြဆိုခဲ့သည်။
ဓမ္မသစ်ကျမ်း၌ သခင်ယေရှုအကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုရသည်။  …

ရည်ရွယ်ချက် အသစ်

အပ်ချုပ်ဆရာ ဂျေးကော့ ဒေးဗစ် တစ်ယောက်  ဒုက္ခလှလှကြုံနေရသည်။ ၁၈၀၀ ပြည့်နှစ်က အမေရိက အနောက်ပိုင်းဒေသတွင် ရွှေရှာဖွေတူးဖော်မှုအမြင့်ဆုံးဖြစ်သည်။  ရွှေတူးသမားများ၏ လုပ်ငန်းခွင်သုံးဘောင်းဘီများ အဆက်မပြတ် ပျက်စီးနေသည်။   ဒေးဗစ် သည် လီဗိုင်း စထရော့စ်  ပိုင် ကုန်မာဆိုင်မှ တဲချုပ်သည့် ဖျင်စ၀ယ်၍ လေးလံတောင့်တင်းခိုင်မာသည့် ဖျင်စဖြင့်  လုပ်ငန်းခွင်သုံး ဘောင်းဘီကို ချုပ်သည်။  ဤသို့ဖြင့် ဂျင်းဘောင်းဘီပြာများ စတင်ပေါ်ပေါက်လာသည်။ ယနေ့တွင် လီဗိုင်းဂျင်း အပါအ၀င်
ပုံစံအမျိုးမျိုးနှင့် ဂျင်းအထည်များသည် ကမ္ဘာ့ရေပန်းအစားဆုံး   အ၀တ်အစားများ ဖြစ်လာသည်။ တဲချုပ်သည့်ဖျင်စမှ ပစ္စည်းသစ်ထုတ်ရန် ရည်ရွယ်ချက်အသစ် ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ရှိမုန်နှင့် သူငယ်ချင်းများသည် ဂါလိလဲအိုင်တွင် လုပ်ကိုင်စားသောက်နေသော တံငါသည်များဖြစ်ကြသည်။ ယေရှုရောက်လာပြီး သူတို့ကို သူ့နောက်တော်သို့လိုက်ရန် ခေါ်ခဲ့သည်။ သူတို့ဘ၀အတွက် ရည်ရွယ်ချက်အသစ်ပေးခဲ့သည်။ ငါးမျှားသည့် တံငါသည် မဖြစ်စေတော့ပါ။ "ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည်…