လ - ဩဂုတ် 2020

ကိုယ်တော်ကျွန် ကြားပါသည်

ရေဒီယိုဖွင့်ထားခဲ့ပါက တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်နေပြီဖြစ်ကြောင်း Cyril Evans နှင့် Jack Phillips တို့သိခဲ့ရလိမ့်မည်။ အခြားသင်္ဘောမှ ရေဒီယို အော်ပရေတာ Cyril Evans က တိုင်တဲနစ်သင်္ဘောသည် ရေခဲပြင်ကြား၌ ခုတ်မောင်းနေကြောင်း တိုင်တဲနစ်သင်္ဘောမှ ရေဒီယိုအော်ပရေတာ Jack Phillips ထံ အသိပေးသတင်းပို့ သည်။ သို့သော် Phillips က ခရီးသည်များ၏သတင်းများပေးပို့လျက် အလုပ်ရှုပ်နေသဖြင့် Evans အား တိတ်ဆိတ်စွာနေရန် ရိုင်းပြစွာ တုံ့ပြန်ခဲ့သည်။ သို့နှင့် Evans ခမျာ ရေဒီယိုပိတ်ပြီး အိပ်ယာဝင်သွားသည်။ ၁၀ မိနစ်အကြာတွင် တိုင်တဲနစ် သင်္ဘောသည် ရေခဲတုံးကြီးနှင့်တိုက်မိသွားပါတော့သည်။ မည်သူမျှ နားမထောင်ခြင်းကြောင့် အချက်ပြပေးပို့သောသတင်းကို မည်သူမျှ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါ။

ဓမ္မရာဇဝင်ပဌမစောင်တွင် ဣသရေလယဇ်ပရောဟိတ်များ၏အကျင့်ယိုယွင်း ပျက်စီးလျက် ဝိညာဉ်ရေး၌ အမြင်အကြားမရှိသဖြင့် လူမျိုးတစ်ခုလုံး အန္တရာယ်သို့ သက်ဆင်းနေကြောင်း ဖတ်ရှုရသည်။…

မိမိကိုယ်ကို စစ်ဆေးခြင်း

ဒုတိယကမ္ဘာစစ်အတွင်း ကျွန်ုပ်အဖေက အမေ့ထံပို့သည့်စာများကို မကြာမီက ကျွန်ုပ် ပြန်ဖတ်ဖြစ်သည်။ အဖေက အာဖရိကမြောက်ပိုင်းတွင်ရောက်နေပြီး အမေက အနောက်ဗာဂျီးနီးယား၌ ရှိနေသည်။ အဖေက အမေရိကန်စစ်တပ်၌ ဒုဗိုလ်ဖြစ်ပြီး သူ့တာဝန်မှာ ရန်သူများအမြင်၌ သင်္ကာမကင်းဖြစ်သွားမည့် အချက်အလက်များကို ထိန်းသိမ်းလျက် စစ်သားများ၏စာကို စစ်ကြောရန် ဖြစ်သည်။ ထို့ကြောင့် သူ့ဇနီးထံသို့ ရေးသားသောစာတွင် “ဒုဗိုလ်ဘရန်နန်မှ စစ်ဆေးပြီး” ဟု တံဆိပ်တုံးထုထားသည်ကို တွေ့ရသဖြင့် ရယ်စရာဟာသ ဖြစ်ခဲ့သည်။ သူ့စာမှ စာကြောင်းအချို့ကို သူပယ်ခဲ့ရသည်။

မိမိကိုယ်ကို စစ်ကြောခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် ကောင်းသော အကြံ ဖြစ်သည်။ မိမိအသက်တာ၌ မမှန်ကန်သော၊ ဘုရားဘုန်းမထင်ရှားသော အရာရှိမရှိ သေချာစွာ ကြည့်ရှုစစ်ဆေးရန် အရေးကြီးကြောင်း သမ္မာကျမ်းစာ၌ ကျမ်းရေးသူများ၏ ဖော်ပြချက်များစွာ ရှိသည်။ ဉပမာ - ဆာလံဆရာက “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်…

အန္တိမလှိုင်း

ကမ္ဘာတစ်ဝန်းရှိ အားကစားပွဲအခမ်းအနားနှင့် ပဒေသာကပွဲတွင် လူအချို့သည် မတ်တပ်ရပ်ပြီး သူတို့၏လက်ကို မြှောက်ကြသည်။ ခဏအကြာတွင် ၎င်းတို့အနီးရှိ လူများဆက်၍ လုပ်ကြသည့် ‘လှိုင်းပုံဖော်ခြင်း’လှုပ်ရှားမှုက ခေတ်စားပြီး လူတို့နှစ်သက်စွာလိုက်လုပ်ကြသည်။ ၎င်းသည် အဆက်မပြတ်လှုပ်ရှားရန်ဖြစ်ပြီး ခန်းမကို တစ်ပတ်ပတ်မိသည်အထိ ဆက်တိုက်ပါဝင်လုပ်ဆောင်ကြရန် ဖြစ်သည်။ တစ်ပတ်ပြည့်သွားလျှင် အစပြုခဲ့သူများမှာ ပြုံးလျက်အားရရွှင်လန်းသည်။ ထိုနောက် ဆက်ပြီး နောက်တစ်ကျော့ ပြုလုပ်ကြသည်။

မှတ်တမ်းများအရ ပထမဆုံးသော လှိုင်းပုံဖော်ခြင်းသည် ၁၉၈၁ ခုနှစ် Oakland Athletics နှင့် New York Yankees ဘေ့စ်ဘောအသင်းတို့၏ ပြိုင်ပွဲမှစတင်ခဲ့သည်ဟု ဆိုသည်။ ပျော်စရာကောင်းခြင်းကြောင့် ထိုသို့လှိုင်း ပုံဖော်ခြင်း၌ ပါဝင်ရသည်ကို ကျွန်ုပ်နှစ်သက်သည်။ ထိုသို့ လက်မြှောက် ‘လှိုင်း’ ဖော်ကြစဉ် ခံစားရသည့် ပျော်ရွှင်မှု၊ တစ်စိတ်တစ်ဝမ်းတည်းရှိမှုက ဧဝံဂေလိတရား ကို သတိရတွေးမိစေပါသည်။ ရှင်ယေရှုအားဖြင့်ဖြစ်သည့် ကယ်တင်ခြင်း သတင်းကောင်းသည် ချီးမွမ်းခြင်းနှင့်မျှော်လင့်ခြင်း၌တည်နေသည့်…

ဘဝမျှော်လင့်ချက်

“ဘဝမျှော်လင့်ချက်” သည် ဖန်ဆင်းခြင်း၊ လူသားများအပြစ်သို့ ကျဆင်းခြင်း၊ သခင်ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်း၊ နောင်တရရန်နှင့် ယုံကြည်ရန် လိုအပ်ခြင်းစသည့် ဧဝံဂေလိသတင်းစကားကို ရှင်းလင်းပြသည်။

ကျွန်ုပ်ယုံကြည်လိုပါသည်။ သို့သော် ...

သမ္မာကျမ်းစာ၊ ဘာသာတရား၊ အပြစ်တို့နှင့်ပတ်သက်သည့် သင့်မေးခွန်းများအတွက် အဖြေ

ဤစာစောင်၌ မယုံကြည်သူများ၌ရှိနေသည့် စိုးရိမ်ပူပန်မှုအမျိုးမျိုးနှင့် သံသယများ စသည်တို့နှင့်ပတ်သက်သောအကြောင်းအရာများကို မိတ်ဆက်ပေးထားပါသည်။

ကျွန်ုပ်ယုံကြည်လိုပါသည်။ သို့သော် ...

မိသားစုဓလေ့ထုံးတမ်းများ၊ ခရစ်ယာန်တို့၏ အမူအကျင့်များနှင့်ပတ်သက်သည့် သင့်မေးခွန်းများအတွက် အဖြေ

ဤစာစောင်၌ မယုံကြည်သူများ၌ရှိနေသည့် စိုးရိမ်ပူပန်မှုအမျိုးမျိုးနှင့် သံသယများ စသည်တို့နှင့်ပတ်သက်သောအကြောင်းအရာများကို မိတ်ဆက်ပေးထားပါသည်။

ကျွန်ုပ်တို့ကို ကယ်တင်သူ ဘုရားသခင်

ရေကူး၊ စက်ဘီးစီးနှင့်တာဝေးပြေး သုံးမျိုးစုံ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ များသည် ပင်လယ်ပြင်၌ ပြာယာခပ်နေကြသည်။ အသက်ကယ်လှေသမားက ၎င်းတို့ကို ကူညီရန် သူ့ကယက်လှေကို အသင့်ပြင်ထားသည်။ လှေမှောက်သွားမည် ဖြစ်၍ “လှေကိုအလယ်ပိုင်းမှာ မကိုင်နဲ့နော်”ဟု သူက လက်ပန်းကျနေသည့် ရေကူး သမားများအားပြောပြီး လှေဉီးပိုင်းသို့ပြညွှန်ကာ ထိုနေရာရှိကြိုးကွင်းကိုကိုင်ရန် ညွှန်ကြား သည်။ သို့မှာသာ ၎င်းတို့ကို ကယ်မည့် လှေသမားအတွက် လုံခြုံမှုရှိမည်။

ဘဝလောကဓံနှင့် လူများက မိမိကိုဆွဲချရန် ခြိမ်းခြောက်လာတိုင်း သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် မိမိ၌ ကယ်တင်မည့်သူရှိကြောင်း ကျွန်ုပ်တို့သိသည်။ “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် ကိုယ်တိုင် လိုက်၍ ငါ့သိုးတို့ကို ရှာမည်။ ... သူတို့ကွဲပြားသောအရပ်ရပ်တို့က ငါနှုတ်ဆောင် မည်” (ယေဇ ၃၄:၅-၁၂)။

၎င်းသည် တိုင်းတစ်ပါးသို့ ကျွန်ပြုခေါ်ဆောင်ခံရသည့် ဘုရားလူတို့အား စိတ်ချမှုကိုပေးသည့် ပရောဖက်ယေဇကျေလ၏စကားဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင်များက…