လ - နိုဝင်ဘာ 2020

ငြိမ်သက်ခြင်း၏တန်ဆာပလာများ

၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ပြင်းထန်လျက်ရှိစဥ် ဗြိတိသျှနိုင်ငံရေးခေါင်းဆောင် ဆာ အက်ဒွတ် ဂရေး က “ဥရောပတစ်ခွင်လုံး မီးငြိမ်းတော့မည်။ ဒီတစ်သက် အလင်းကို ဘယ်သောအခါမှ မြင်ရတော့မည်မဟုတ်” ဟုကြေညာခဲ့သည်။ ဂရေး ၏စကားသည် အမှန်ပင်ဖြစ်သည်။ စစ်ပွဲအားလုံးကို အဆုံးသတ်မည့် ကမ္ဘာစစ်ကြီး ပြီးသွားသော် လူပေါင်း သန်း ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀ သန်းသည် အရပ်သားများဖြစ်သည်) ၂၁ သန်းသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ကျွန်ုပ်တို့၏ဘဝတွင် ထိုမျှမကြီးမားသည့်သည့်တိုင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံရနိုင်သည်။ ပဋိပက္ခအရိပ်မဲကြီးသည် ကျွန်ုပ်တို့၏အိမ်၊ အလုပ်ခွင်၊ ဘုရားကျောင်းနှင့် အိမ်နီးနားချင်းတို့အပေါ် ဖုံးကွယ်နိုင်သည်။ ၎င်းသည် ဘုရား သခင်က ကျွန်ုပ်တို့အား ထူးခြားမှုကိုပြုသူဖြစ်ရန် စေစားရသည့်အကြောင်းရင်း တစ်ခုဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရေး ဘုရားသခင်၏ဉာဏ်ပညာ၌ အမှီပြုရ မည်ဖြစ်သည်။ ရှင်ယာကုပ်က “အထက်မှသက်ရောက်သောပညာမူကား ရှေ့ဦးစွာ စင်ကြယ်၏။ ... အသင့်အတင့်နေတတ်၏။…

ပဋိပက္ခများကို ကျောခိုင်းလျက်...

အဲလ်ဘတ်အိုင်းစတိုင်းသည် ချစ်ခင်နှစ်သက်ဖွယ် သူ့မိတ်ဆွေ၊ ထင်ရှားသော ဒတ်ချ်လူမျိုး သိပ္ပံပညာရှင် ဟဲန်ဒရစ် အေ လောရင့်ဇ်၏ စျာပနာ၌ သူတို့၏ သိပ္ပံဆိုင်ရာ အငြင်းအခုန်အကြောင်းများ မပြောဘဲ သက်သောင့်သက်သာ ရှိသည့် လောရင့်စ်၏အပြုအမူ၊ သဘောထားနှင့် အခြားသူအပေါ် မျှတစွာ ဆက်ဆံတတ်မှု၊ “မပျက်ကွက်သောအကြင်နာတရားရှိသူ”ဟု ပြန်ပြောင်း အောက်မေ့သတိရလျက်၊ “သူက သူတစ်ပါးအပေါ်လွှမ်းမိုးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ အသုံးဝင်တဲ့သူဖြစ်ဖို့ပဲ တွေးတယ်လို့ လူတိုင်းခံစားရလို့ သူ့ရဲ့ ဉီးဆောင်မှုနောက်ကို ဝမ်းမြောက်စွာနဲ့လိုက်ကြတယ်” ဟု ပြောကြားခဲ့သည်။

အထူးသဖြင့် ပထမကမ္ဘာစစ်နောက်ပိုင်းတွင် လောရင့်စ်က သိပ္ပံပညာရှင်များ အား နိုင်ငံရေးအရဘက်လိုက်မှုကိုဘေးဖယ်ကာ အတူတကွ ပူးပေါင်းလုပ်ဆောင် ကြရန် နှိုးဆော်ခဲ့သည်။ “စစ်ကြီးမပြီးခင်ကတည်းက ပြန်လည်သင့်မြတ် ငြိမ်းချမ်းရေးအတွက် စိတ်နှစ်ပြီး သူလုပ်ဆောင်ခဲ့တယ်” ဟု သူ၏ လုပ်ဖော် ဆောင်ဖက် နိုဘယ်ဆုရှင်ကြီးလောရင့်စ် အကြောင်းကို အိုင်းစတိုင်းပြောခဲ့သည်။

သင့်မြတ်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်းသည်…

ရဲရင့်သောလုပ်ရပ်များ

ဂျွန်ဟာပါနှင့် ၆ နှစ်အရွယ်သမီးလေးတို့ တိုင်တဲနစ်သင်္ဘောထဲသို့ ဝင်သွားချိန်တွင် ရှေ့ဆက်ဘာဖြစ်မည်ကို သူတို့ စိုးစင်းမျှမသိခဲ့ပါ။ သို့သော် ယေရှုကို သူချစ်ပြီး အခြားသူများအားလည်း ယေရှုကိုသိစေချင်သည်က သူ့ဆန္ဒပါ။ သင်္ဘောကြီးက ရေခဲတုံးကိုတိုက်မိပြီး သင်္ဘောထဲသို့ ရေများဝင်လာသည်နှင့် ဟာပါသည် သမီးကို အသက်ကယ်လှေပေါ်တင်ပြီးသည်နှင့် လူများကို တတ်နိုင်သမျှကယ်ထုတ်ရန် ပွက်လောရိုက်နေသည့်သင်္ဘောထဲသို့ ပြန်ဝင်သွားခဲ့သည်။ အသက်ကယ်အင်္ကျီကို ဝေပေးရင်း ပါးစပ်မှလည်း “အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ကယ်တင်ခြင်း မရသေးသူတွေ အသက်ကယ်လှေပေါ် အရင်တက်ပါစေ” ဟု အော်ပြောသည်။ သူ၏နောက်ဆုံးထွက်သက်ထိ သူ့အနီးပတ်လည်ရှိလူတို့အား သခင်ယေရှု အကြောင်းကို ဝေမျှပြောကြားခဲ့သည်။ အခြားသူတို့ အသက်ရှင်နိုင်အောင် သူ့အသက်ကို လိုလားစွာ ပေးဆပ်ခဲ့သည်။

သင်နှင့်ကျွန်ုပ် ယခုဘဝအသက်သာမက ထာဝရအသက်ရှင်နိုင်ရေး အတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က သူ့အသက်ကို လိုလားစွာ ပေးဆပ်ခဲ့သူတစ်ဉီးရှိပါသည်။ သခင်ယေရှုက ရုတ်တရက်စိတ်ကူးပေါက်ပြီး လူသား၏အပြစ်အဖိုးအခဖြစ်သည့်…

မှားယွင်းသောတလွဲစိတ်ချမှု

လွန်ခဲ့သောနှစ်အတန်ကြာက ဆရာဝန်က ကျွန်ုပ်၏ကျန်းမာရေးနှင့်ပတ်သက်၍ ခပ်တင်းတင်း ပြောဆိုညွှန်ကြားသဖြင့် သူ့စကားကိုနာခံပြီး လေ့ကျင့်ခန်းလုပ်ကာ အစားအသောက်ကိုလည်း ချင့်ချိန်စားသုံးခဲ့သည်။ အချိန်အတန်ကြာသော် ကိုလက်စထရောဓာတ်ကျပြီး ကိုယ်အလေးချိန်လည်း ကျသွားသည်။ မိမိကိုယ်ကို တန်ဖိုးထားမှုမှာကား မြင့်တက်လာသည်။ သို့သော် မကောင်းသည့်အကျင့်တစ်ခုဖြစ်လာသည်။ အခြားသူများ၏အစားအသောက်ရွေးချယ်မှုကိုကြည့်ပြီး ကျွန်ုပ် ဝေဖန်တတ်လာခြင်းဖြစ်သည်။ မိမိကအမှတ်ကောင်းနေလျှင် မိမိကိုယ်ကိုဂုဏ်ယူ တတ်ပြီး အခြားသူကိုနှိမ်မိခြင်းက ရယ်စရာဖြစ်မနေဘူးလား။ အခြားသူများကို ဝေဖန်စီရင်ရန် မိမိရေးဆွဲထားသည့် စံချိန်စံနှုန်း၌ ကုပ်ကပ်တွယ်လိုသည့်သဘော ရှိခြင်းက မွေးရာပါလူ့အတွင်းစိတ်ဖြစ်ပုံရသည်။

ထိုသို့ပြုကျင့်ခြင်းနှင့်စပ်လျဉ်း၍ ဖိလိပ္ပိမြို့သားများကို ရှင်ပေါလု သတိပေး ခဲ့သည်။ အချို့က ၎င်းတို့၏ဘာသာရေးအကျင့်အကြံများ၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေစွာ နာခံလိုက်လျှောက်နိုင်မှုအပေါ် အားကိုးစိတ်ချမှုရှိသည်။ ထိုသို့စိတ်ချကြေးဆိုလျှင် သူက ပို၍ပင်ဝါကြွားစရာအကြောင်းရှိကြောင်း၊ “အခြားသူမည်သူကား၊ ဇာတိ၌ ကိုးစားစရာအကြောင်းရှိသည်ဟုထင်လျှင် ငါမူကား သာ၍ရှိ၏” (:၃-၄)။ သို့သော် “သခင်ယေရှုကို သိသောပညာ” နှင့် ယှဉ်လျှင်(:၈)၊ သူ၏မျိုးရိုး နှင့်ဇာတိပကတိအကျင့်အကြံများသည်…

ဖြစ်နိုင်လျှင်...

အလက်စကား မိုးမခပင်ကြီးမှာ မိုးသက်မုန်တိုင်းကြား ဟိုဒီယိမ်းထိုးနေသည်။ နွေရာသီ၌အရိပ်ကိုပေးရုံမကာ မိသားစုအတွက် သီးသန့်ဆိတ်ငြိမ်ရာနေရာ ဖြစ်ပေးသည့်အပင်ကြီးကို ရယ်ဂျီချစ်သည်။ ယခုတွင် ကြောက်မက်ဖွယ် လေပြင်းက အပင်ကြီးကို အမြစ်မှဆွဲလှန်နေသည်။ ရယ်ဂျီနှင့် ၁၅ နှစ် အရွယ် သူ့သားတို့ အမြန်ပြေးထွက်လာကာ အပင်ကြီးလဲမသွားအောင် ကျားကန် ထားသော ပေါင် ၉၀ လေးသည့် ထောက်တိုင်ကို တွန်းထားသော်လည်း သူတို့အားနှင့် မတတ်နိုင်ခဲ့ပါ။

အခြားသောမုန်တိုင်းတစ်ခုတွင် ဒါဝိဒ်ဟစ်ခေါ်ချိန်၌ ဘုရားသခင်သည် သူ၏ခွန်အားအစွမ်းဖြစ်ခဲ့သည် (ဆာ ၂၈:၈)။ ဓမ္မပညာရှင်အချို့က ဒါဝိဒ်သည် သူ့ဘဝတစ်စစီပြိုပျက်ချိန်၌ ထိုဆာလံကျမ်းကို ရေးခဲ့သည်ဟု ဆိုကြသည်။ သူ၏ သားရင်းက သူ့ကိုပုန်ကန်ပြီး ထီးနန်းသိမ်းရန် ကြိုးပမ်းခဲ့သည် (၂ ရာ ၁၅)။ အကာအကွယ်မဲ့စွာ အားနည်းစွာ ခံစားရလျက် ဘုရားသခင် နှုတ်ဆိတ်နေပြီး သူသေသွားမည်လားဟု ဒါဝိဒ်မင်းစိုးကြောက်ခဲ့သည် (ဆာ ၂၈:၁)။ “ကိုယ်တော်ကို…