လ - နိုဝင်ဘာ 2021

ကြီးစွာသော အလင်းတော်

၂၀၁၈ ခုနှစ်က ထိုင်းလူမျိုး ယောကျ်ားလေး ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြ သည် နေ့လည်ပိုင်းခန့်တွင် ဝင်္ကဘာနှင့်တူသည့်ဂူထဲသို့ စွန့်စားစူးစမ်းကာလျှောက်လည်ခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲ ဒီရေတက်လာသဖြင့် သူတို့သည် ဆုတ်ရင်းလိုဏ်ဂူအတွင်းပိုင်း နက်သည်ထက်နက်ရာတွင် ပိတ်မိသွားသည်။ ကယ်ဆယ်ရေး အဖွဲ့မှ ၎င်းတို့ကိုလာမကယ်မီအထိ အချိန်ရက်သတ္တပတ် ၂ ပတ်အထိကြာခဲ့သည်။ ကျောက်ငူအစွန်း၌ ထိုင်နေကြသည့် ကလေးငယ်များကို ကန့်လန့်ဖြတ်ရှိနေသည့် ရေထုကိုဖြတ်ပြီး ရေငုတ်အဖွဲ့မှကယ်ရန်ကြိုးစားနေချိန်၌ သူတို့၌ဓာတ်မီး ၆ လက် သာရှိသည်။ တစ်နည်းနည်းဖြင့် အလင်းနှင့်အကူအညီထိုးဖောက်ဝင်လာပါစေဟု သူတို့မျှော်လင့်ရင်း အမှောင်ထဲ၌ နာရီပေါင်းများစွာ နေခဲ့ရသည်။

ပရောဖက်ဟေရှာယက အကြမ်းဖက်မှု၊ လောဘ၊ မနာခံမှုနှင့် ဆင်းရဲဒုက္ခများနှင့်ပိတ်ဆို့လျက် နေရာအနှံ့ ဖျက်ဆီးမှုပြုသောလောက၊ မှောင်မိုက်အတိဖြစ်သော လောကကို သရုပ်ဖော်ခဲ့သည် (ဟေရှာ ၈:၂၂)။ ထိုလောက၌ ပျက်စီးယိုယွင်းမှုမှ လွဲ၍ ဘာမှမရှိ၊ ထူထပ်သောမှောင်မိုက် ဝါးမြိုမသွားမီ မျှော်လင့်ခြင်းအလင်းက…

ဆန့်ကျင်မှုများကြုံရစဥ် ဘုရားသခင်ကို ကိုးစားခြင်း

ဖိလစ်ပိုင်ကျွန်းစုနိုင်ငံမှ ခရစ်တော်ကို လက်မခံ၊ မယုံကြည်ဘဲ ဆန့်ကျင်သည့် မျိုးနွယ်စု၌ ကြီးပြင်းခဲ့ရသူ အက်စတာသည် အသက်အန္တရာယ်စိုးရိမ်ရသည့် ဖျားနာမှုနှင့် လုံးပန်းရစဥ် သူမအတွက် အဒေါ်တစ်ဦးက ဆုတောင်းပေးခဲ့ပြီး၊ နောက်ပိုင်းတွင် သခင်ယေရှုပေးသည့် ကယ်တင်ခြင်းကို သူလက်ခံခဲ့သည်။ ယခုတွင် အက်စတာသည် သူမ၏ဒေသ၌ အကြမ်းဖက်မှုနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများကိုမမှုဘဲ ကျမ်းစာသင်တန်းကို ဦးဆောင်ပို့ချလျက်ရှိသည်။ "သခင်ယေရှုအကြောင်း မပြောဘဲမနေနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့တန်ခိုးတော်၊ မေတ္တာတော်၊ ကောင်းမြတ်ခြင်းနဲ့ သစ္စာတော်ကို ကျွန်မအသက်တာမှာ လက်တွေ့ခံစားခဲ့ရလို့ပဲ"ဟု ဆိုလျက် သူဝမ်းမြောက်စွာ အစေခံပါသည်။

ဗာဗုလုန်၌ ကျွန်ခံရသည့်ဘဝတွင် ရှင်သန်နေရသည့် ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါ စသည့် ဣသရေလလူငယ် သုံးဦးတို့ကဲ့သို့ပင် ဆန့်ကျင်မှုများကြားမှ ဘုရားသခင်ကို အစေခံခြင်းသည် မျက်မှောက်ခေတ်လူများစွာတို့ အတွက် အဖြစ်မှန်ဖြစ်သည်။ ဒံယေလအနာဂတ္တိကျမ်းတွင် သူတို့သည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသော်လည်း နေဗုခဒ်နေဇာမင်း၏ ရွှေရုပ်တုကြီးကို ကိုးကွယ်ရန် ငြင်းပယ်ခဲ့ကြသည်။ ဘုရားသခင်သည်…

အနာပေါ်ဆားဖြူး

ရေဒီယိုခေတ်စားစဥ်ကာလက Fred Allen (ဖရက်ဒ်အယ်လင်) (၁၈၉၄–၁၉၅၆)သည် စီးပွားပျက်ကပ်နှင့် စစ်မက်အရိပ်မဲများကြား ရှင်သန်နေရသည့် မျိုးဆက်အတွက် ရယ်စရာကောင်းသည့် အဆိုးမြင်သဘောများတင်ဆက်ကာ သူတို့ကို ပြုံးရယ်စေခဲ့သည်။ သူ၏ကိုယ်တွေ့နာကျင်မှုမှ ထိုရယ်စရာဟာသများ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ့အသက်သုံးနှစ်မပြည့်မီကပင် သူ့မိခင်ကို ဆုံးရှုံးခဲ့ရပြီး၊ နောက်ပိုင်းတွင် အရက်စွဲသည့်ဖခင်နှင့်လည်း အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ တစ်ကြိမ်တွင် သူသည် ရှုပ်ထွေးသည့် နယူးယောက်မြို့၏ကားလမ်းမ၌ လူငယ်လေးတစ်ဦးကို "ဘာဖြစ်တာလဲချာတိတ်၊ ဆက်ကြီးပြင်းပြီး ဒုက္ခမရောက်ချင်လို့လား"ဟု မှတ်မှတ်ရရ စကားတစ်ခွန်းပြောပြီး ကယ်ခဲ့ဖူးသည်။

ယောဘ၏အသက်တာသည်လည်း ဒုက္ခဆင်းရဲခြင်း အမှန်တကယ်ရှိသောလောကကို ဖွင့်ပြနေသည်။ အစောပိုင်းက ဖော်ပြခဲ့သောသူ၏ယုံကြည်ခြင်း၌ တဖြည်းဖြည်းနှင့် စိတ်ပျက်အားလျော့ခြင်းက ဝင်လာသည်။ ခံစားရသည့် နာကျင်မှုများတွင် မိတ်ဆွေများ၏ကဲ့ရဲ့မှုက အနာပေါ်ဆားဖြူးသလို ဝေဒနာကို တိုးစေခဲ့သည်။ ကောင်းမွန်ဆီလျော်သည့် အခြေအတင်ငြင်းခုံမှုများဖြင့် သူ့အမှားကိုဝန်ခံပြီး (၄:၇-၈) ဘုရားသခင်၏ဆုံးမမှုကို ခံယူရန်သာ ဖိအားပေးခဲ့ကြသည်။ သို့ပြုလျှင် ဒုက္ခပြဿနာများကြားတွင် ရယ်မောနိုင်လိမ့်မည်ဟု ဆိုကြသည်…

ရဲရင့်သော ယုံကြည်ခြင်း

ဒုတိယကမ္ဘာစစ်အတွင်းက Prem Pradham (ပရမ်ပရာဒဲမ်) (၁၉၂၄-၁၉၉၈)၏ လေယာဥ်ပစ်ချခံရပြီးနောက် လုံခြုံရာသို့ လေထီးဖြင့်ဆင်းသက်စဥ် ဒဏ်ရာရသွားပြီး ကျန်ရှိသည့်တစ်ဘဝလုံး ခြေထောက်ချိနဲ့သွားသည်။ "ကျွန်တော်က ခြေမသန်ဘူး။ သို့သော် ဘုရားသခင်က ကျွန်တော့်ကို ဟိမဝန္တာတောင်တန်းမှာဧဝံဂေလိတရားဟောပြောဖို့ စေစားတယ်။ ဒါဟာ ဘုရားသခင်ရဲ့ထူးဆန်းမှုမဟုတ်ပါလား" ဟု သူရေးသားခဲ့သည်။ နီပေါနိုင်ငံ၌ သူတရားဟောခဲ့ပြီး ဆန့်ကျင်တားမြစ်ခံခဲ့ရသည်။ ဆိုးရွားလွန်းသည့်အခြေအနေကို အကျဥ်းသားများ ကြုံတွေ့ခံစားရသည့် ‘သေမင်းထောင်’၌ပါ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ (၁၅) နှစ်တာကာလအတွင်း ထောင် (၁၄) ခုတွင် သူ (၁၀) နှစ် အကျဥ်းကျခဲ့သည်။ သို့သော် သူ၏ရဲရင့်သောသက်သေခံမှုကြောင့် ထောင်လုံခြုံရေးအစောင့်နှင့် အကျဥ်းသားများသည် ခရစ်တော်ထံသို့ အသက်တာပြောင်းလဲပြီး၊ သခင်ယေရှု၏သတင်းစကားကို သူတို့လူမျိုးများထံသို့ ပြန်လည်ဆောင်ယူသွားကြသည့် ပြောင်းလဲခြင်းအသီးအပွင့်ကို တွေ့ခဲ့ရသည်။

တမန်တော်ပေတရုသည်လည်း ယေရှုကို ယုံကြည်ခြင်းကြောင့်၊ ခြေဆွံ့သူတစ်ဦး၏အနာကိုငြိမ်းစေရန် ဘုရားရှင်၏အသုံးတော်ခံပြီးသည့်နောက် (တ ၄:၉) ဆန့်ကျင်မှုများရင်ဆိုင်ရသည်။ သို့သော် ခရစ်တော်အတွက်…

အားကြီးသော စစ်သူရဲ

Diet Eman (ဒိဧမန်)သည် နယ်သာလန်နိုင်ငံမှ ရှက်သွေးဖြာသည့် သာမန် မိန်းမပျိုတစ်ဦးဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ဂျာမန်တို့ ကျူးကျော်လာချိန်က သူသည် ချစ်တတ်သူ၊ အလုပ်လုပ်ကိုင်သူ၊ မိသားစုနှင့် မိတ်ဆွေများနှင့်ပျော်မွေ့တတ်သူဖြစ်သည်။ "ကိုယ့်တံခါးဝမှာ အန္တရာယ်ကျရောက်လာချိန်မှာ ငှက်ကုလားအုပ်လိုပဲ သဲထဲမှာ ခေါင်းကို ဝှက်ထားလိုက်ချင်တာပေါ့" ဟု နောက်ပိုင်းတွင် သူရေးသားခဲ့ သည်။ သိုသော် ဒိသည် ဖိနှိပ်သူဂျာမန်များကို ဆန့်ကျင်ရန် ဘုရားသခင်စေခိုင်းကြောင်းခံစားမိပြီး ဂျူးလူမျိုးနှင့် အလိုက်ခံရသူတို့ ပုန်းအောင်းရန်နေရာကို ရှာပေး ခဲ့သည်။ ထိုအမှုအတွက် သူ့အသက်ကို ရင်းခဲ့ရသည်။ လူတို့သတိမထားမိသည့် မိန်းမပျိုလေးသည် ဘုရားသခင်အတွက် စစ်သူရဲဖြစ်ခဲ့ပါသည်။

ဒိကဲ့သို့ပင် မထင်ပေါ်၊ မထင်ရသူများအား သူ့ကို အစေခံရန် ဘုရားသခင်အသုံးပြုခဲ့သည့် အဖြစ်အပျက်များစွာကို သမ္မာကျမ်းစာ၌ တွေ့ရပါသည်။ ဥပမာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိဒေါင်ကို ချဥ်းကပ်လျက် "ခွန်အားကြီး သောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ…