အဖိုးမဖြတ်နိုင်သောရလဒ်များ
ကျောင်းတက်ရသည့်နေ့တိုင်းတွင် Colleen (ခါလင်း) သည် နေ့ခင်းတိုင်း မတူညီသောဝတ်စုံ (သို့) မျက်နှာဖုံးကို ဝတ်ဆင်ပြီး ကျောင်းကားပေါ်မှဆင်းလာသော သူမ၏ကလေးများကို (၃) နှစ်ကြာမျှ နှုတ်ဆက်ကြိုလေ့ရှိသည်။ ၎င်းသည် ကားမောင်းသူ အပါအဝင်၊ ကျောင်းကားပေါ်မှ ကလေးတိုင်းအတွက်၊ တစ်နေ့တာ ရွှင်လန်းဝမ်းမြောက်စရာပင်ဖြစ်သည်။ “ ကျောင်းကားပေါ်မှာရှိသူတိုင်းကို သူ ပျော်ရွှင်စေတယ်။ အံ့ဩစရာပဲ။ ကျွန်တော်အဲဒါကိုသဘောကျတယ်” ဟု ကားဆရာက ပြောသည်။ ခါလင်း ၏ကလေးများလည်း သဘောတူကြသည်။
ဤအရာအားလုံးသည် ခါလင်း က ကလေးများကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူသည့်အချိန်မှ စတင်ခဲ့သည်။ မိဘများနှင့်ခွဲခွာပြီး ကျောင်းသစ်ကို တက်ရခြင်းသည် ကလေးများအတွက် ခက်ခဲကြောင်းသိ၍ သူမသည် ကလေးများကို ဝတ်စုံနှင့် နှုတ်ဆက်ခြင်းကို စတင်ခဲ့သည်။ (၃) ရက်ကြာလုပ်ဆောင်ပြီးနောက် ကလေးများ၏ဆန္ဒအတိုင်း ခါလင်းက ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်နိုင်ရန် အချိန်နှင့် ဈေးချိုသောအရောင်းဆိုင်များတွင် ငွေကို ရင်းခဲ့ရသော်လည်း…


ဘုရားသခင်၌ ခွန်အားစုဆောင်းခြင်း
Grainger McKoy (ဂရိန်းဂျာမက်ခွိုင်)သည် ငှက်များ၏တင့်တယ်မှု၊ အားနည်းချက် နှင့် စွမ်းအားများကို လေ့လာပြီး ငှက်ရုပ်များကို ထုဆစ်သော အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏လက်ရာများမှတစ်ခုကို ‘Recovery’ (ပြန်လည်ကောင်းမွန်လာခြင်း) ဟု အမည်ပေးထားပြီး၊ အမြီးချွန်သောဘဲတစ်ကောင်၏ ညာဘက်တောင်ပံကို ဒေါင်လိုက်အနေအထားဖြင့် မြင့်မားစွာ ဆန့်ထားပုံကို ပြသထားသည်။ အောက်ဘက်ရှိ ကဗျည်းပြားပေါ်တွင် “၎င်းသည် ပျံသန်းမှု၌ ငှက်၏အကြီးမားဆုံး အားနည်းချက်အခိုက်အတန့် ဖြစ်သော်လည်း ရှေ့ဆက်ခရီးအတွက် ခွန်အားစုစည်းသောအချိန်လည်း ဖြစ်သည်”ဟု ရေးသားထားသည်။ ဂရိန်းဂျာက “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်” (၂ ကော ၁၂:၉) ဟူသည့် ကျမ်းပိုဒ်ကိုလည်း ထည့်သွင်းထားသည်။
အထက်ပါစကားများကို တမန်တော်ရှင်ပေါလုက ကောရိန္သုအသင်းတော်သို့ရေးသားခဲ့သည်။ ကိုယ်ရေးကိုယ်တာ ရုန်းကန်မှုဖြင့် ထိခိုက်ခံစားရသောအချိန်ကို ကြံ့ကြံ့ခံကာ ပေါလုက “ငါ့ကိုယ်၌ဆူးသောစူး” (:၇)ဟု ဖော်ပြလျက် ထိုဆူးကို ဖယ်ရှားပေးရန် ဘုရားသခင်အား တောင်းလျှောက်ခဲ့သည်။…

ချစ်မေတ္တာဖြင့် ရင်ဆိုင်ခြင်း
သူကောင်းစွာလုပ်ဆောင်ခဲ့သည့် အရာများစွာ ရှိသော်လည်း ပြဿနာတစ်ခုရှိခဲ့သည်။ လူတိုင်းက ထိုပြဿနာကို မြင်သည်။ သူ၏အခန်းကဏ္ဍအများစုကို ပြီးမြောက်အောင်မြင်စွာ အကျိုးရှိရှိ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် သူ၏ဒေါသပြဿနာကို မည်သူမျှ၊ ဘယ်သောအခါမှ ထိထိရောက်ရောက် ထိပ်တိုက် ဖြေရှင်းခဲ့ခြင်းမရှိပါ။ ဝမ်းနည်းဖွယ်အကျိုးဆက်မှာ ထိုနှစ်များအတွင်း သူ့ကြောင့် လူများစွာ နာကျင်ခံစားခဲ့ရသည်။ ခရစ်တော်၌ရှိသော ဤညီအစ်ကိုအတွက် ပိုကောင်းသောအခြေအနေ ဖြစ်နိုင်သော်လည်း၊ အဆုံးတွင် သူ၏အသက်မွေးဝမ်းကြောင်းမှုသည် အချိန်မတိုင်ဘဲ ရပ်ဆိုင်းခြင်းသို့ ဦးတည်သွားသည်။ အကယ်၍ ယခင်ကတည်းက သူ့အား ချစ်ခြင်းမေတ္တာဖြင့် ရင်ဆိုင်ဖြေရှင်းရန် ကျွန်တော်ရွေးချယ်ခဲ့ပါက ထိုသို့ဖြစ်လိမ့်မည် မဟုတ်ပါ။
ကမ္ဘာဦးကျမ်း ၄ တွင် ဘုရားသခင်သည် တစ်စုံတစ်ဦး၏အပြစ်ကို ချစ်ခြင်း မေတ္တာဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း၏အဓိပ္ပာယ်ကို ပြီးပြည့်စုံသောသရုပ်ဖြင့် ဖော်ပြထားသည်။ ကာဣနသည် ဒေါသထွက်ခဲ့သည်။ သူသည် လယ်သမားတစ်ဦးဖြစ်သည့်အလျှောက် “ထာဝရဘုရားထံ ပူဇော်သက္ကာဖို့၊ မြေအသီးကို ဆောင်ခဲ့၏” (:၃)။ သို့သော် သူယူလာသောအရာသည်…

စွန့်စားမှု
“ခရစ်ယာန်ဘာသာဟာ ကျွန်မအတွက် မဟုတ်ဘူး။ ပျင်းစရာကောင်းတယ်။ စွန့်စားမှုဆိုတာ ကျွန်မတန်ဖိုးထားတဲ့ အရာတွေထဲက တစ်ခုဖြစ်ပြီး အဲတာကျွန်မဘဝပါပဲ” ဟု အမျိုးသမီးငယ်တစ်ဦးက ကျွန်မကိုပြောပြခဲ့သည်။ ခရစ်တော်နောက်လိုက်ခြင်းအားဖြင့် အခြားဘာနှင့်မှမတူသော၊ စွန့်စားမှုတစ်ခုဖြစ်သည့် ထူးခြားပျော်ရွင်မှုနှင့် စိတ်လှုပ်ရှားမှုများ ရရှိမည်ကို သူမမသိသေးသည့်အတွက် ကျွန်မစိတ်မကောင်းဖြစ်မိပါသည်။ သခင်ယေရှုအကြောင်းနှင့် စစ်မှန်သောဘဝကို ကိုယ်တော်၌သာ ရှာဖွေနိုင်ကြောင်းကို သူမအား စိတ်လှုပ်ရှားစွာ ဝေမျှခဲ့သည်။
ဘုရားသားတော် ယေရှုကို သိကျွမ်းပြီး သူနှင့်အတူလျှောက်လှမ်းခြင်းဟူသော စွန့်စားမှုကိုဖော်ပြရန်မှာ စကားလုံးနှင့်မျှ မလုံလောက်ပါ။ ဧဖက်သြဝါဒစာ ၁ တွင် တမန်တော်ရှင်ပေါလုသည် ကျွန်ုပ်တို့အား အနည်းငယ်သာဖြစ်သော်လည်း ကိုယ်တော်၌ တည်သောအသက်တာသည် အစွမ်းထက်ကြောင်းကို အရိပ်အမြွက် ပြောပြသည်။ ဘုရားသခင်သည် ကျွန်မတို့အား ဝိညာဉ်ရေးကောင်းချီးများကို ကောင်းကင်မှတိုက်ရိုက်ပေးသနားပြီး (:၃)၊ ဘုရား၏အမြင်တွင် သန့်ရှင်းခြင်းနှင့် အပြစ်ကင်းစင်ခြင်း (:၄)၊ ဘုရား၏တော်ဝင်မိသားစုတွင် အမွေစားအမွေခံဖြစ်ခြင်း (:၅)တို့ကို ပေးတော်မူသည်။ ထို့ပြင်ကြွယ်ဝသောခွင့်လွှတ်ခြင်းနှင့် ကျေးဇူးတော်…

ဘုရားသခင်ကောင်းမြတ်ခြင်းအကြောင်း ပြောပါ
မိမိတို့၏အသက်တာ၌ ဘုရားသခင်အလုပ်လုပ်နေကြောင်းကို ဝေမျှခြင်းဟူသော သက်သေခံခြင်းအချိန်သည် ကျွန်ုပ်တို့အသင်းတော်၏ဝတ်ပြုခြင်းတွင် ပါဝင်သည့် အပိုင်းဖြစ်သည်။ ကျွန်ုပ်တို့အသင်းတော်မိသားစု၌ လူသိများသည့် အန်တီ သို့မဟုတ် အစ်မကြီး Langford (လန်းဖို့ဒ်)၏ သက်သေခံချက်သည် ချီးမွမ်းခြင်းများစွာဖြင့် ပြည့်နေသည်ဟု အများက သိမှတ်ကြသည်။ သူမ၏အသက်တာပြောင်းလဲခြင်းအကြောင်းကို ဝေမျှသည့်အခါများတွင်၊ ဝတ်ပြုစည်းဝေး၏ အချိန်ကောင်းကို သူမ ယူပြီဟု မျှော်လင့်နိုင်သည်။ သူမ၏အသက်တာကို ကြင်နာစွာ ပြောင်းလဲပေးခဲ့သော ဘုရားသခင်အား ချီးမွမ်းခြင်းများ သူမ၏ နှလုံးသားမှ ပွင့်အံထွက်လာသည်။
အလားတူပင်၊ ဆာလံ ၆၆ ကို ရေးသူသည် သူ၏လူမျိုးအတွက် ဘုရားသခင်ပြုခဲ့ပေးသည့်အရာများကို သက်သေခံစဥ် သူ၏သက်သေခံချက်တွင် ချီးမွမ်းခြင်းများ အပြည့်ဖြစ်သည်။ “ဘုရားသခင်စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင် စီရင်တော်မူသောအမှုတို့သည် အံ့ဩဘွယ်ဖြစ်ကြ၏” (:၅)၊ ဘုရားရှင်၏လုပ်ဆောင်မှုများတွင် အံ့ဖွယ်ကယ်တင်လွတ်မြောက် စေခြင်း (:၆)၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း (:၉)၊ စမ်းသပ်ခြင်းနှင့်…