စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

ချစ်မေတ္တာဖြင့် သယ်ပိုးသည်

လေးနှစ်အရွယ် မြေးလေးက ကျွန်တော့်ပေါင်ပေါ်ထိုင်ရင်း ပြောင်နေသော ကျွန်တော်ခေါင်းကိုပုတ်ပြီး အာရုံစိုက်လျက်ကြည့်သည်။ “ဘိုးဘိုးရဲ့ဆံပင်တွေ ဘာဖြစ်သွားတာလဲ”ဟု သူက မေးရာ “အို နှစ်တွေကြာလာတာနဲ့ ကျွတ်ကုန်တာပေါ့”ဟု ကျွန်တော်ရယ်ပြီး ပြောလိုက်သည်။ သူ့မျက်နှာလေးက စဉ်းစားချင့်ချိန်နေပုံသို့ ပြောင်းသွားပြီး “သိပ်ဆိုးတာပဲ၊ သားရဲ့ဆံပင်အချို့ ဘိုးဘိုးကိုပေးမယ်နော်” ဟု သူတုံ့ပြန်ခဲ့သည်။

သူ၏ကြင်နာစိတ်ကြောင့် ကျွန်တော်ပြုံးလိုက်ပြီး ကျွန်တော့်အနီးသို့ ဆွဲယူ ပွေ့ဖက်လိုက်သည်။ နောက်ပိုင်း ထိုကြည်နူးဖွယ်အခိုက်အတန့်လေး၌ ကျွန်တော့် အပေါ်ထားသည့် သူ့ချစ်ခြင်းကို ဆင်ခြင်ရင်း ဘုရားသခင်၏ကိုယ်ကျိုးမငဲ့၊ ရက်ရောလှသည့် ချစ်မေတ္တာတော်ကို အလေးအနက် ဆင်ခြင်မိသည်။

G. K. Chesterton (ဂျီ ကေ ချက်စတာတန်)က “ကျွန်ုပ်တို့သည် အပြစ်ပြုပြီး အိုမင်းသွားကြသည်။ ကျွန်ုပ်တို့၏အဘခမည်းတော်မှာ ကျွန်ုပ်တို့ထက်ပင် နုပျိုနေပါသည်”ဟု ရေးသားခဲ့သည်။ “အသက်ကြီးသောသူ” (ဒံ ၇:၉)ဟု ဖော်ပြခြင်းခံရသော ဘုရားသခင်သည် ထာဝရဖြစ်ပြီး အပြစ်၏ပျက်စီးယိုယွင်းမှုနှင့် စွန်းထင်းခြင်းမရှိဘဲ…

လှုပ်ရှားမှုတိုင်းကို အကျိုးရှိစေပါ

မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် စာကြည့်တိုက်၏ မော်ကွန်းတိုက်ရှိ အိတ်ဆောင် နာရီတစ်လုံး၏ ရပ်နေသောလက်တံများက အလွန်စိတ်ထိခိုက်စရာကောင်းသည့် ဇာတ်လမ်းကို ပြောပြနေသည်။ ၁၈၅၇ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မနက်ပိုင်း၌ Appalachian (အပလေချီယန်)တောင်ရှိ ရေတံခွန်၌ ခြေချော်ပြီး အသက်ဆုံးခဲ့ရသည့် နာရီပိုင်ရှင် Elisha Mitchell (ဧလိရှဲ မစ်ချယ်)၏ နောက်ဆုံးအသက်ထွက်ချိန် (၈:၁၉ မိနစ်၊ ၅၆ စက္ကန့်)ကို နာရီလက်တံများက အတိအကျညွှန်ပြနေသည်။

ထိုတက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သူ မစ်ချယ်က သူရောက်ရှိနေသည့်တောင်ထိပ်၊ ယခုအချိန်၌ သူ့အမည်တွင်သော မစ်ချယ်တောင်သည် အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ် အရှေ့ဘက်ခြမ်းတွင် အမြင့်ဆုံးဖြစ်‌ကြောင်း သူ၏အဆို မှန်ကန်ကြောင်းကို သက်သေပြရန် အချက်အလက်များ စုဆောင်းနေချိန်ဖြစ်သည်။ သူပြုတ်ကျသည့်နေရာနှင့် မဝေးလှသည့် တောင်ထိပ်တွင် သူ့အုတ်ဂူရှိသည်။

မကြာသေးမီ ထိုတောင်ထိပ်သို့ ကျွန်ုပ်တက်ရောက်ခဲ့စဉ်က မစ်ချယ် အကြောင်း၊ မိမိကိုယ်တိုင်၏ မတည်မြဲမှုအကြောင်း၊ ကျွန်ုပ်တို့တစ်ယောက်စီတိုင်း၌…

သက်သေအမှတ်အသား

“တွေ့ရလား”။ နာရီပြင်ဆရာက သူ၏ဓာတ်မီးအလင်းတန်းဖြင့် ကျွန်တော်တို့အိမ်တွင် သူပြုပြင်နေသော မတ်တတ်နာရီအိုကြီးအတွင်း၌ ထွင်းထားသည့် သေးငယ်ထင်ရှားသော အမှတ်အသားကို ပြသည်။ “လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုလောက်က နာရီပြင်တဲ့သူတစ်ယောက်က ဒီအမှတ်အသားကို လုပ်ခဲ့တာဖြစ်မယ်” ဟုသူကပြောသည်။ “အဲ့တာ ‘သက်သေအမှတ်အသား (witness mark)’ လို့ ခေါ်တယ်။ အဲ့တာက ကျွန်တော် ဒီစက်ကို ဘယ်လိုချိန်ဆပေးရမလဲဆိုတာကို သိအောင်ပြောပြပေးတယ်” ဟုဆက်ပြောသည်။

နည်းပညာစာစောင်များနှင့် စက်ပြုပြင်သည့်အညွှန်းစာအုပ်များ မရှိမီကပင် ဤကဲ့သို့ ‘သက်သေအမှတ်အသား’များသည် နောင်တွင်ပြုပြင်မည့်သူအတွက် ပစ္စည်းအစိတ်အပိုင်းများကို မှန်ကန်တိကျစွာ ရွှေ့ပြောင်းနိုင်ရန် အထောက်အကူ ပြုသည်။ ထိုအမှတ်အသားလေးများသည် အချိန်ကုန်သက်သာစေရုံမက ဤ အလုပ်ကို နောက်ဆက်လုပ်မည့်သူကိုပြသည့် ရိုးရှင်းသောကြင်နာမှုပင်ဖြစ်သည်။

ယိုယွင်းနေသောဤလောကတွင် သူတစ်ပါးကိုအစေခံခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းရွက်ကာ မိမိ၏“သက်သေအမှတ်အသား”များ ချန်ရစ်ခဲ့ရန် သမ္မာကျမ်းစာမှတိုက်တွန်းထားသည်။ တမန်တော် ရှင်ပေါလုက “ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့” (ရော ၁၅:၂)ဟု…

ဘုရားသခင်ထံတော်မှခွန်အား

၁၉၂၅ ခုနှစ်တွင် စာရေးဆရာဖြစ်လာရန် ဆန္ဒပြင်းပြနေသော Langston Hughes (လန်စတန်ဟရုစ်)သည် ဟိုတယ်တစ်ခု၌ သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်စဥ် သူလေးစားရသောကဗျာဆရာ Vachel Lindsey (ဗာချယ်လင်းစီ) ထိုဟိုတယ်တွင်တည်းခိုကြောင်း သိခဲ့ရသည်။ ဟရုစ်သည် ရှက်ရှက်နှင့်ပင် သူရေးထားသော ကဗျာကို လင်းစီအား ရွတ်ပြမိခဲ့ပြီး ထိုကဗျာကို လင်းစီက စာပေဟောပြောပွဲတစ်ခုတွင် ကျေနပ်အားရစွာ ချီးမွမ်းခဲ့သည်။ လင်းစီ၏ ချီးမွမ်းအားပေးမှု၏ရလဒ်အဖြစ် ဟရုစ် သည် တက္ကသိုလ်တစ်ခုမှ ပညာသင်ဆုရရှိခဲ့ပြီး ထိုမှတစ်ဆင့် စာရေးခြင်းဖြင့် အသက်မွေးကာ အောင်မြင်သောလမ်းခရီးကို လျှောက်လှမ်းနိုင်ခဲ့သည်။

အထူးသဖြင့် ဘုရားသခင်အတူပါရှိလျှင် သေးငယ်သောအားပေးစကားပင်လျှင် များစွာခရီးပေါက်နိုင်သည်။ သမ္မာကျမ်းစာ၌ပါရှိသည့် ရှောလုမင်းက ဒါဝိဒ်အား သတ်ရန် ကြံစည်သည့်အဖြစ်အပျက်တွင် ရှောလု၏သား ယောနသန်သည် ဒါဝိဒ်ကိုရှာပြီး ဘုရားသခင်၌ ခိုလှုံအားကြီးစေရန် မစခဲ့သည်။ သူက “မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်” ဟုပြောခဲ့သည်…

ဘုရားသခင်ထံ တိုးဝင်ခြင်း

Harriet Tubman (ဟဲရီယက် တာ့မန်)သည် စာမ‌ရေးတတ် မဖတ်တတ်ပါ။ ဆယ်ကျော်သက်အရွယ်တွင် ကြမ်းကြုတ်သည့် ကျွန်ပိုင်ရှင်၏လက်ချက်ကြောင့် သူမဉီးခေါင်းတွင်ဒဏ်ရာရခဲ့ပြီး၊ ထိုဒဏ်ရာကြောင့် သူမဘဝတစ်လျှောက်လုံး (ဝက်ရူးပြန်) အတက်ရောဂါရပြီး အာရုံခံစားမှုကင်းမဲ့ခဲ့ရသည်။ သို့သော် ကျွန်ဘဝမှ သူလွတ်မြောက်လာသောအခါ အခြားလူသုံးရာခန့်ကို ကယ်တင်ရန် ဘုရားသခင် သူ့ကို အသုံးပြုခဲ့သည်။

လွတ်မြောက်သူများက သူမကို ‘မောရှေ’ ဟု ချစ်စနိုးခေါ်ခဲ့ကြသည်။ သူမသည် ပြည်တွင်းစစ်မဖြစ်မီ အခြားသူများကိုကယ်ရန် တောင်ပိုင်းဒေသသို့ ရဲရင့်စွာ ၁၉ ကြိမ် ခရီးနှင်ခဲ့သည်။ သူမ၏ခေါင်းမှဒဏ်ရာနှင့် အသက်အန္တရာယ် ရှိနေချိန်၌ပင် လုပ်ရမည့်အလုပ်ကို သူဆက်လုပ်ခဲ့သည်။ သစ္စာရှိသော သခင်ယေရှုကိုယုံကြည်သူတစ်ယောက်အနေဖြင့် သူမသည် ခရီးသွားတိုင်း ဓမ္မတေးစာအုပ်နှင့် ကျမ်းစာအုပ်ကို ယူသွားပြီး သူမအလွတ်ကျက်မှတ်ရန်နှင့် ကိုးကားပြောနိုင်ရန်ကျမ်းပိုဒ်များကို အခြားသူများက ဖတ်ပြခဲ့ရသည်။ “ကျွန်မအလုပ်အတွက် အချိန်တိုင်း ဆုတောင်းတယ်။ နေရာတိုင်းမှာ ကျွန်မအမြဲတမ်း သခင်နဲ့စကား ပြောတယ်” ဟု…

ချစ်ခြင်း၏အကြီးမြတ်ဆုံးလက်ဆောင်

ကျွန်တော့်သား Geoff (ဂျော့ဖ်)သည် စတိုးဆိုင်မှထွက်လာသောအခါ စွန့်ပစ်ထားသော လမ်းလျှောက်တုတ်ကို တွေ့ပြီး၊ “ဆိုင်အနောက်မှာ အကူအညီလိုနေတဲ့သူ ရှိနေတာ မဟုတ်ပါစေနဲ့”ဟု သူမျှော်လင့်တွေးမိသည်။ သူလှည့်ပတ်ကြည့်လိုက်သောအခါ အဆောက်အအုံ၏နောက်ဘက် လမ်းဘေးတွင် သတိလစ်နေသည့် အိမ်ခြေမဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဂျော့ဖ် က သူ့ကိုလှုပ်နှိုးလိုက်ပြီး “အဆင်ပြေရဲ့လား”ဟု မေးလိုက်သည်။ “ငါသေအောင် အရက်သောက်နေတာ၊ မုန်တိုင်းကြောင့် ငါ့တဲပျက်စီးသွားပြီး အရာအားလုံးဆုံးရှုံးခဲ့တယ်။ ငါအသက်မရှင်ချင်ဘူး”ဟု သူက ပြန်ဖြေသည်။

ဂျော့ဖ်သည် ခရစ်ယာန် ပြန်လည်ထူထောင်ရေးအဖွဲ့သို့ ဖုန်းဆက်လိုက်ပြီး အကူအညီကို စောင့်နေစဥ် အိမ်သို့ပြန်ပြီး ထိုလူအတွက် သူ့ကိုယ်ပိုင်စခန်းချဖျင်တဲအထုပ်လေးယူလာပေးခဲ့သည်။ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ”ဟု မေးရာ “Geoffrey” (ဂျော့ဖရီ)ဟု အိမ်ခြေမဲ့အမျိုးသားက ပြန်ဖြေသည်။ ဂျော့ဖ်သည် သူ့နာမည် (သို့) သူ့နာမည်စာလုံးပေါင်းကို ပြန်မပြောရသေးပါ။ နောက်ပိုင်းမှ “အဖေ၊ အဲဒါ ကျွန်တော်လည်း ဖြစ်နိုင်တယ်” ဟုကျွန်တော့်အား ပြောခဲ့သည်။…

အချစ်များ ကုန်ဆုံးမသွားသောအခါ

“အဖိုး ကျွန်မကို ကမ်းခြေခေါ်သွားတဲ့အခါတိုင်း သူ့လက်ပတ်နာရီကိုချွတ်ပြီး အဝေးမှာ အမြဲထားလေ့ရှိတယ်။ တစ်ရက်ကျတော့ “ဘာလို့အဲ့လိုလုပ်တာလဲလို့ အဖိုးကို မေးမိတယ်” ဟု စန္ဒြာက ပြန်လည်အမှတ်ရရင်း ပြောပြသည်။

“မြေးလေးနဲ့အတူရှိနေတဲ့ အချိန်လေးတွေဟာ အဖိုးအတွက် ဘယ်လောက် အရေးပါလဲဆိုတာ မြေးကို သိစေချင်လို့လေ။ မြေးလေးနဲ့အတူ အချိန်တွေ ကုန်ဆုံးချင်လို့” ဟုအဖိုးက ပြုံးပြီး ဖြေပါသည်။

ထိုအမှတ်တရလေးကို အဖိုးဖြစ်သူ၏စျာပနအခမ်းအနားတွင် စန္ဒြာ ဝေမျှခဲ့သည်ကို ကျွန်ုပ်ကြားခဲ့ရသည်။ ၎င်းသည် သူတို့မြေးအဖိုးနှစ်ယောက် အတူတူဖြတ်သန်းခဲ့သည့် သူအနှစ်သက်ဆုံး အမှတ်တရများအနက်တစ်ခုဖြစ်သည်။ အခြားသူတစ်ဦးက မိမိအတွက်အချိန်ပေးသောအခါ သူသည် မိမိအား တန်ဖိုးထား ကြောင်း ခံစားရသည်ကို ဆင်ခြင်မိရင်း ဘုရားရှင်၏ဂရုပြုသော မေတ္တာတော်အကြောင်း ရေးထားသည့် ကျမ်းပိုဒ်က အတွေးထဲဝင်လာသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အမြဲအချိန်ပေးသည်။ ဒါဝိဒ်မင်းကြီးက ဆာလံကျမ်း ၁၄၅ တွင် “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်း…

ခြင်္သေ့၊ သိုးသူငယ်၊ ကယ်တင်ရှင်

အမေရိကန်နိုင်ငံရှိ နယူးယောက်ပြည်သူ့စာကြည့်တိုက်အဝင်၌ ခံညားလှသည့် ခြင်္သေ့ကျောက်ရုပ်တုနှစ်ခုက အပေါ်စီးမှ လွှမ်းမိုးထားသည်။ စကျင်ကျောက်ဖြင့်ထုလုပ်ထားပြီး ၁၉၁၁ ခုနှစ် စာကြည့်တိုက်ကို လှူဒါန်းသောအခမ်းအနားကတည်းက ၄င်းတို့ ဝင့်ကြွားစွာ ရှိနေကြသည်။ စာကြည့်တိုက်တည်ထောင်သူများအား ဂုဏ်ပြုသောအားဖြင့် ၄င်းတို့ကို အစ၌ Leo Lenox (လီယိုလဲနက်စ်)နှင့် Leo Astor (လီယိုအာစတာ)ဟု နာမည်ပြောင် ပေးထားသည်။ သို့သော် ၁၉၃၀ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း နယူးယောက်မြို့ဝန် Fiorello LaGuardia (ရော်ရယ်လို လဂွါးဒီယာ)က ၄င်းတို့ကို Fortitude (ဇွဲ)နှင့် Patience (သည်းခံခြင်း)ဟု ပြန်ပြီး အမည်ပေးခဲ့သည်။ ၎င်းသည် နယူးယောက်မြို့သားများ ထုတ်ဖော်ပြသင့်သည့် အကျင့်ကောင်းများဖြစ်သည်ဟု သူယုံကြည်ခြင်းကြောင့်ဖြစ် သည်။ ယနေ့ထိလည်း ထိုခြင်္သေ့များကို ‘ဇွဲနှင့်သည်းခံခြင်း’ဟု ခေါ်ဆိုဆဲဖြစ်သည်။

အခက်ပြဿနာကြုံရချိန်၌ ခွန်အားပေးသူ၊ အသက်ရှင်ပြီး တန်ခိုးကြီးသောခြင်္သေ့ကို နှုတ်ကပတ်တော်မှ ဖော်ပြထားသည်။ ၎င်းကို…

ချိုင့်ဝှမ်းထဲ၌ ကျွန်ုပ်တို့နှင့်အတူ

ဗြိတိသျှလူမျိုး ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီ William Wilberforce (ဝီလီယံဝေးဘာဖော့စ်)၏ အဒေါ်ဖြစ်သူ Hannah Wilberforce (ဟာနဝေးဘာဖော့စ်) သည် အသည်းအသန်ဖြစ်နေစဉ် ယေရှုကို ယုံကြည်သည့် သူ့မိတ်ဆွေတစ်ဦး ကွယ်လွန်ကြောင်း ကြားခဲ့သည့်အကြောင်း စာတစ်စောင်ရေးခဲ့သည်။"ဘုန်းတော် ဝင်စားသွားသောချစ်မိတ်ဆွေမှာ ယခု သူချစ်သောသခင်ယေရှု၏ မျက်မှောက်၌ ပျော်ရွှင်နေပြီ၊ ဝမ်းမြောက်ခြင်းဖြင့် ကျွန်မနှလုံးသား ခုန်ပေါက်နေသလား ထင်ရသည်" ဟုရေးပြီးမှ "ကျွန်မအခြေအနေကတော့ ဆိုးတလှည့်၊ ကောင်းတလှည့် ဖြစ်သော်လည်း၊ သခင်ယေရှုကတော့ အရင်အတိုင်း အမြဲကောင်းမြတ်ပါ၏”ဟု သူမအခြေအနေကို ဖော်ပြခဲ့သည်။

သူမ၏စကားများက ဒါဝိဒ်ရေးစပ်သော "သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်း မူကား ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူရှိတော်မူသည်" (:၄) ဟူသည့် ဆာလံကျမ်းအခန်းကြီး ၂၃ ကိုဆင်ခြင်မိစေသည်။ ဒါဝိဒ်သည် သေမင်းအရိပ်လွှမ်းမိုးသောချိုင့်၌ ထာဝရဘုရားကို မိမိရင်းနှီးစွာသိကျွမ်းသူအဖြစ် အလေးအနက်တင်စားထားသည်။ ကျမ်းအစတွင် "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏" (:၁)ဟု 'ဘုရား…

ရှုပ်ထွေးမှုမှ သတင်းစကားအဖြစ်သို့

ဒဲရယ်လ်သည် မူးယစ်ဆေးဝါးဖြင့် သူ့ဘဝပျက်လုနီးပါးဖြစ်စေခဲ့သည့် ထူးချွန် ပြောင်မြောက်သော ဘေ့စ်ဘောကစားသမားတစ်ဦး ဖြစ်သည်။ သို့သော် သခင် ယေရှုသည် သူ့ကိုလွတ်မြောက်စေခဲ့ပြီး ဆေးပြတ်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သည်။ ယနေ့ သူသည် မူးယစ်ဆေးစွဲလျက် ရုန်းကန်နေရသူများကို ကူညီမစနေကာ ယုံကြည်ခြင်းလမ်းကို ပြညွှန်ပေးနေပါသည်။ နောက်ပြန်ကြည့် လိုက်လျှင် ဘုရားရှင်သည် သူ့အရှုပ်အထွေးများကို သက်သေခံချက် သတင်းစကား အဖြစ် ပြောင်းလဲလိုက်ကြောင်းကို သူအခိုင်အမာဆိုနိုင်ပါသည်။

ဘုရားသခင်အတွက် ခက်ခဲသောအရာတစ်စုံတစ်ခုမျှမရှိပါ။ ဂါလိလဲအိုင်၌ တပည့်တော်များနှင့်အတူ မုန်တိုင်းထန်သောညကို ဖြတ်ကျော်ပြီး နောက်တစ်ရက် တွင် သင်္ချိုင်းအနီးရှိ ကမ်းပါးသို့ရောက်သောအခါ မှောင်မိုက်တန်ခိုးဝင်ပူးခံရသူ လူတစ်ယောက်သည် ရုတ်တရက် သခင်ယေရှုထံ ချဥ်းကပ်လာသည်။ သခင်သည် သူ့အထဲတွင်ရှိသောနတ်ဆိုးများကို နှင်ထုတ်ပြီး သူ့ကိုလွတ်မြောက်စေခဲ့သည်။

သခင်ယေရှုပြန်သွားသောအခါ ထိုသူက နောက်တော်သို့လိုက်လိုကြောင်း တောင်းပန်ခဲ့သည်။ သို့သော် သခင်ခွင့်မပြုခဲ့ပါ။ သူလုပ်ရမည့်အလုပ်ရှိသည်။ သူ့အား "ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌…