စာရေးသူ

အားလုံးမြင်နိုင်ရန်
Tim Gustafson

တင်မ်ဂပ်စ်ထက်ဖ်ဆန်

တင်မ်ဂပ်စ်ထက်ဖ်ဆန် (Tim Gustafson) သည် Our Daily Bread နှင့် Our Daily Journey စာစောင်များ ရေးသားပြီး၊ 'လေ့လာမှတ်သားဖွယ်စာစဉ်' ( Discovery Series) များကို တည်းဖြတ်ပေးသည်။ ဂါနာနိုင်ငံသို့ သာသနာသွားပြုသည့် အမှုတော်ဆောင် ဇနီးမောင်နှံ၏ မွေးစားသားတစ်ယောက်အနေနှင့် ၎င်းတွင် အနောက်နိုင်ငံ၌ နေရသည့် ဘဝနှင့်ပတ်သက်ပြီး တမူထူးသော ရှုထောင့် ရှိသည်။ သူ၏ဇနီးမှာ Leisa ဖြစ်ပြီး သမီးတစ်ဦးနှင့် သားခုနှစ်ယောက်ရှိသည်။ ထို့ကြောင့် သူ့အသက်တာ၏ လက်ဆွဲကျမ်းချက်မှာ "ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏" (ဆာလံကျမ်း ၆၈:၅-၆) ဖြစ်သည်မှာ အဆန်းမဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ကူရာကယ်ရာမဲ့နည်းလမ်း

၁၇ နှစ်ရာစုနှောင်းပိုင်းက William of Orange (ဥရောပ ဘုရင်တစ်ပါး)သည် နိုင်ငံပိုင်မြေများကို တမင်ရေလွှမ်းမိုးပစ်ခဲ့သည်။ စပိန်တို့၏ကျူးကျော်မှုကို တွန်းလှန်ရန် ကြိုးစားသည့်အနေဖြင့် ဒတ်ချ်ဧကရာဇ်သည် မတတ်နိုင်သည့်အဆုံး အလွန်များပြားသည့် မြေဧရိယာကို ထိုသို့နှစ်မြှုပ်ပစ်ခြင်းဖြစ်သည်။ သို့သော် မအောင်မြင်ဘဲ အကောင်းဆုံးသော လယ်ယာမြေများ ပင်လယ်ထဲနစ်မြှုပ်ကုန်သည်။ “အန္တရာယ်ရှိတဲ့အချိန်မှာ ဒီနည်းလမ်းက အကောင်းဆုံးပဲပေါ့ ”ဟု ၎င်းတို့ပြောခဲ့သည်။

ပရောဖက်ဟေရှာယ၏ခေတ်ကလည်း အာရှုရိတပ်များက ခြိမ်းခြောက်လာသည့်အခါ ယေရုရှလင်မြို့သည် ကယ်ရာမဲ့အခြေအနေသို့ ရောက်ခဲ့သည်။ ရန်သူအဝိုင်းခံရချိန်၌ ခံရပ်နိုင်ရန် ရေသိုလှောင်သည့်စနစ်ကို တီထွင်လျက် အိမ်များကိုဖြိုဖျက်ပြီး မြို့ရိုးတစ်ထပ်ဆောက်ကြသည်။ ထိုဗျူဟာက လိမ္မာသော အကြံဖြစ်ကောင်းဖြစ်မည်။ သို့သော် အရေးကြီးဆုံးသောအဆင့်ကို သူတို့ လျစ်လျူရှုခဲ့သည်။ “ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာကိုလည်း မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင် ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ”(ဟေရှာ ၂၂:၁၁)ဟု ထာဝရဘုရားမိန့်တော်မူသည်။…

ဂယက်ထသော သက်ရောက်မှု

ဂါနာနိုင်ငံမြောက်ပိုင်းရှိ ကျမ်းစာကျောင်းငယ်လေးသည် အထင်ကြီးစရာ မရှိပါ။ သွပ်မိုး၊ ဘိလပ်မြေအုတ်တိုင်ကျောင်းဖြစ်ပြီး ကျောင်းသားလက်တစ်ဆုပ်စာမျှသာရှိသည်။ သည့်တိုင် ဘော့ဟေးစ် သည် ကျောင်းသားများအတွက် သူ့ဘဝကို ပုံအပ်ခဲ့သည်။ သူတို့ကို ခေါင်းဆောင်မှုတာဝန်များပေးအပ်ခဲ့ပြီး တစ်ခါတစ်ရံ ၎င်းတို့ တွန့်ဆုတ်သည့်ကြားမှပင် ဟောပြောရန်နှင့် သွန်သင်ရန် တိုက်တွန်းအားပေး ခဲ့သည်။ ဘော့ ကွယ်လွန်ခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်လည်း နှိမ့်ကျသော ထိုကျောင်းလေးမှ ကျောင်းဆင်းသွားသည့် ကျောင်းသူကျောင်းသားများအားဖြင့် အောင်မြင်သော အသင်းတော်များစွာ၊ စာသင်ကျောင်းများနှင့် ကျမ်းစာကျောင်း အသစ် နှစ်ကျောင်းတို့ ဂါနာနိုင်ငံတစ်ဝန်း၌ ပေါ်ပေါက်ခဲ့သည်။

အာတဇေရဇ်မင်း(၄၆၅-၄၂၄ ဘီစီ)အုပ်စိုးစဉ်ကာလ ပရောဖက်ဧဇရသည် ဣသရေလအကြီးအကဲများကို စုဝေးလျက် ယေရုရှလင်သို့ပြန်ခဲ့သည်။ သို့သော် ၎င်းတို့တွင် လေဝိသားတစ်ယောက်ကိုမျှ မတွေ့(ဧဇ ၈:၁၅)။ ယဇ်ပရောဟိတ်များ အဖြစ်အစေခံမည့် လေဝိသားများကို သူလိုအပ်သည်။ ထို့ကြောင့် သူသည် ခေါင်းဆောင်များအား “ငါတို့ဘုရားသခင့်အိမ်တော် အမှုစောင့်များကို ပေးစေခြင်း ငှာ” (:၁၇)…

စကားပြောခွင့်ရခြင်းဟူသည့် ခရစ္စမတ်လက်ဆောင်

ခွဲစိတ်မှုခံယူပြီးနောက် လေဖြတ်သွားသဖြင့် တောမ် စကားမပြောနိုင်တော့ပါ။ ပြန်လည်သန်စွမ်းရေးအတွက် ကာလကြာရှည်စွာ လေ့ကျင့်ခန်းပြုလုပ်ခဲ့ရသည်။ ရက်သတ္တပတ်များစွာကြာပြီးနောက် အသင်းတော်၏ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်သို့ တောမ်ရောက်လာသောအခါ ကျွန်ုပ်တို့အံ့သြဝမ်းမြောက်ခဲ့ရသည်။ တစ်ဖန် သူထရပ်ပြီး စကားပြောသောအခါ ကျွန်ုပ်တို့ပို၍အံ့သြခဲ့ရပြန်သည်။ ပြောမည့်စကားလုံးများရှာနေရင်း ဗလုံးဗထွေးနှင့် ထပ်ခါတလဲလဲပြောသည်။ သူပြောလိုသည့် နေ့စွဲနှင့်အချိန်များလည်း ရောထွေးကုန်သည်။ သို့သော် သေချာသည်မှာ ဘုရားရှင်ကို သူချီးမွမ်းနေခြင်းဖြစ်သည်။ စိတ်မကောင်းဖြစ်ရသည့် တစ်ချိန်တည်းမှာပင် သူ့အားဖြင့် ကောင်းချီးဖြစ်သည်ဟု ခံစားရသည့် အခိုက်အတန့်လေးပါ။

ခရစ်စမတ်မတိုင်ခင် အဖြစ်အပျက်များတွင် စကားပြောနိုင်စွမ်းဆုံးရှုံးသွားသူတစ်ဦးအကြောင်းကို တွေ့ရသည်။ ကောင်းကင်တမန်ဂါဗြေလသည် ယဇ်ပရောဟိတ်ဇာခရိထံရောက်လာကာ သူသည် ကြီးကျယ်မြင့်မြတ်သော ပရောဖက်၏ဖခင်ဖြစ်လာမည့်အကြောင်း ပြောကြားသည် (လု ၁:၁၁-၁၇)။ သူတို့ဇနီးမောင်နှံမှာ အသက်ကြီးရင့်နေပြီဖြစ်သောကြောင့် ဇာခရိ သံသယစိတ်ဝင်ခဲ့သည်။ ထို့ကြောင့် ဂါဗြေလက ထိုသားမမွေးမီအချိန်တိုင်အောင် စကားပြောနိုင်မည်မဟုတ်ဟု သူ့အား မိန့်ကြားခဲ့သည် (:၂၀)။

ကောင်းကင်တမန်ပြောသည့်အတိုင်း အံ့သြဖွယ်ရရှိလာသည့် ကလေးငယ်၏ နာမည်ပေးကင်ပွန်းတပ်ပွဲတွင်မှ ဇာခရိ…

ကျွန်ုပ်အတွက်နေရာ

အပြောအဆိုကြမ်းတမ်းသော သက်ကြွယ်စစ်မှုထမ်းဟောင်းတစ်ဦးရှိပါသည်။ တစ်နေ့တွင် သူ့အပေါ်ဂရုတစိုက်ရှိသည့် မိတ်ဆွေတစ်ဦးက သူ၏ဝိညာဉ်ရေး ယုံကြည်ခြင်းအခြေအနေကို မေးမြန်းစူးစမ်းရာ၊ “ကျွန်တော့်လို လူမျိုးအတွက် ဘုရားသခင်ဆီမှာ နေရာမရှိပါဘူး” ဟု ထိုပုဂ္ဂိုလ်က စိတ်အားငယ်စွာဖြင့် အလျင်အမြန် ပြန်ဖြေသည်။

ဤအဖြေက ထို “လူကြမ်းကြီး” ပြောလေ့ပြောထရှိသောစကားဖြစ်ကောင်းဖြစ်မည်။ သို့သော် သူ၏စကားသည် အလုံးစုံမမှန်ပါ။ ထာဝရဘုရားသည် ကြမ်းတမ်းသူ၊ အပြစ်၌ပျော်မွေ့သူ၊ အပယ်ခံရသူတို့ကို ပိုင်ဆိုင်ပတ်သက်လိုပြီး သူ၏အသိုက်အဝန်းထဲသို့ သွတ်သွင်းလိုသည်။ သခင်ခရစ်တော်၏အမှုတော် စတင်ချိန်၌ တပည့်တော်များကို ရွေးကောက်ရာတွင် ဤအချက်ကို ထင်ရှားစွာ တွေ့နိုင်သည်။ “ဆင်းရဲစွာ အသက်မွေးရသူ” ဟု ယေရုရှလင်မြို့သားများ သတ်မှတ်ထားသည့် ဂါလိလဲအိုင်မှတံငါသည်များကို သူ၏တပည့်တော်အဖြစ် ကိုယ်တော်က ရွေးချယ်ခဲ့သည်။ အဖိနှိပ်ခံပြည်သူများအား ခြိမ်းခြောက်၍ အခွန် ကောက်ခံသူ မဿဲကိုလည်း ရွေးချယ်ခဲ့သည်။ ထိုမျှမက သခင်ခရစ်တော်သည် ‘ဇေလုပ်’ ဖြစ်သည့် ‘အခြား’သော ရှိမုန်ကိုလည်း ရွေးချယ်ခဲ့သည်…

ဇက် (Zax) သဘောသဘာ၀

‌ဒေါက်တာစူးစ်၏ စိတ်ကူးယဉ်ပုံပြင်ထဲတွင် မြောက်ဘက်သွားသောZaxနှင့် တောင်ဘက်သွားသောZaxတို့သည် ပရေရီ မြက်ခင်း(Prairie of Prax)လမ်းဆုံကို ဖြတ်သွားသော အကြောင်းကို ပြောပြထားသည်။ သူတို့နှစ်ဉီး ထိပ်တိုက်တွေ့သောအခါ တစ်ဦးမျှအလျော့မပေး။ ပထမ Zax က "တစ်လောကလုံး ရပ်တန့်လျှင်ပင် သူတုတ်တုတ်မလှုပ်"ဟု ‌ဒေါသနှင့်ပြောသည်။ (မဖြံုပါ။ လောကကြီးက ပုံမှန် ရှေ့ဆက်လျက် သူတို့ပတ်လည်တွင် ကားလမ်းမကြီး ဆောက်လုပ်နေသည်)။

သည်ပုံပြင်လေးက ခေါင်းမာတတ်သော လူ့သဘာဝကို ကွက်တိပုံဖော်နေသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဒုက္ခရောက်စေသည့်တုံ့ပြန်မှုမျိုးပြုတတ်သည့် ဗီဇသဘောရှိပြီး ပျက်စီးရာလမ်းသို့ပို့သည့်လမ်းဖြစ်သည့်တိုင် ထိုစိတ်ကိုပင် ခေါင်းမာမာဖြင့် ဖက်တွယ်မိတတ်ကြပါသည်။

ဝမ်းမြောက်စရာမှာ ခိုင်မာခြင်းသဘောရှိသော လူ့နှလုံးသားကို ဘုရားသခင်က နူးညံ့ပေးရန် ရွေးချယ်ခဲ့သည်။ တမန်တော်ပေါလုသည် ဤအချက်ကို သိသောကြောင့် ဖိလိပ္ပိအသင်းတော်မှ အသင်းသားနှစ်ဦး အချင်းများသောအခါ မေတ္တာနှင့် ၎င်းတို့ကို နာမည်နှင့်တကွ ခေါ်လျက်(ဖိ ၄:၂)၊ မိမိကိုယ်ကိုစွန့်သော မေတ္တာရှိသည့် ခရစ်တော်၏စိတ်သဘောရှိရန်…

ထူးဆန်းသောကြင်နာမှု

လီဇာရရှိခဲ့သော ကဒ်လေး၌ ရေးထားသောကျမ်းချက်မှာ သူ့အခြေအနေနှင့် ကိုက်ညီမှုမရှိပေ။ “အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏ မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း ထာဝရဘုရားသည် ထိုလုလင် ၏မျက်စိကို ဖွင့်တော်မူသဖြင့် ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏”(၄ရာ ၆:၁၇)။ “ကျွန်မက ကင်ဆာဖြစ်နေ တာ။ ကလေးပျက်ကျတာလည်း မကြာသေးဘူး။ ကောင်းကင်တမန်စစ်သည်တွေအကြောင်း ကျမ်းပိုဒ်က ဘာမှမဆိုင်ဘူး” ဟု နားမလည်စွာနှင့် သူတွေးမိသည်။

ထို့နောက်တွင် “ကောင်းကင်တမန်များ” ပေါ်လာပါတော့သည်။ ကင်ဆာ ရောဂါမှ ပြန်ကောင်းလာသူများက အချိန်ပေးပြီး သူမပြောစကားများကို နားထောင် ပေး ကြသည်။ သူမ၏ခင်ပွန်းမှာလည်း နိုင်ငံရပ်ခြား၌ စစ်မှုထမ်းသွားရာမှ စောစီးစွာပြန်ရောက်လာသည်။ သူငယ်ချင်းများ သူမနှင့်အတူ ဆုတောင်းကြသည်။ သူ့သူငယ်ချင်း ပက်တီ တစ်ရှုးဘူးနှစ်ဘူးနှင့် ရောက်လာချိန်တွင် ဘုရား၏ မေတ္တာတော်ကို အခံစားရဆုံးဖြစ်သည်။ ဘူးများကို စားပွဲပေါ် တင်ကာ…

ကန္တာရထဲကမီး

၁၈၀၀ ပြည့်နှစ်နှောင်းပိုင်း၌ Chihuahuan ကန္တာရထဲ မြင်းစီးနေသူ ဂျင်းဝှိုက်သည် တစ်လိပ်လိပ်တက်လာသော မီးခိုးလုံးကို မြင်လိုက်ရသည်။ ကောင်းဘွိုင်းလူငယ်လေးက တောမီးလောင်သည်ဟု ထင်ပြီး မီးလောင်သည့် နေရာသို့သွားရာ ၎င်းသည် အမှန်တွင် မြေတွင်းပေါက်ထဲမှ အုပ်လိုက်ပျံထွက် လာသော လင်းနို့အုပ်ကြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ အလွန် ကြီးမား၍ အံ့မခန်းသော လှိုဏ်ဂူစနစ်ဖြင့် ဖွဲ့စည်းထားသည့် နယူးမက္ကဆီကို ရှိ Carlsbad Caverns လှိုဏ်ဂူကို မထင်မှတ်ဘဲ ဝှိုက် မြင်တွေ့ခွင့်ရခဲ့သည်။

မောရှေသည် အရှေ့အလယ်ပိုင်းဒေသကန္တာရထဲ သိုးကျောင်းနေစဉ် မီးလောင်သော်လည်း ချုံပုတ်မကျွမ်းသည့် ထူးဆန်းသောမြင်ကွင်းက (ထွ ၃:၂) သူ့အာရုံကို ဖမ်းစားခဲ့သည်။ ချုံပုတ်ထဲမှ ဘုရားသခင် ကိုယ်တော်တိုင် စကားပြောသောအခါ ပထမမြင်ရသည့်မြင်ကွင်းထက် အလွန့်အလွန်ထည်ဝါ ကြီးမြတ်သည့် အမှုကို ကြုံနေရကြောင်း မောရှေသိလိုက်သည်။ “ငါသည် သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား ...ဖြစ်သည်” ဟု ဘုရားသခင်က…

ချစ်မေတ္တာသို့ချဥ်းနင်းတိုးဝင်

နိုရာသည် အရွယ်သေးကွေးသော်လည်း အရပ် ၆ ပေမြင့်ပြီး ရန်လိုသောအမျိုးသမီး ဘရစ်ဂျစ်၏ စိန်းစိန်းဝါးဝါးအကြည့်က သူ့ကို မတုန်လှုပ်စေပါ။ ဤကိုယ်ဝန်ဆောင် ကုသရေးစင်တာသို့ ဘာ့ကြောင့်ရောက်လာသည်ကိုပင် ဘရစ်ဂျစ်မပြောနိုင်။ “ဤ...ကလေးကို ဖျက်ချပစ်မည်”ဟု သူစိတ်ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် နိုရာ က သူ့ကို ညင်သာစွာမေးခွန်းများမေးသော်လည်း ဘရစ်ဂျစ်က လေးစားမှုမရှိဘဲ ရိုင်းရိုင်းစိုင်းစိုင်း တဖျစ်တောက်တောက်နှင့် စကားလွဲပစ်သည်။ မကြာမီမှာပင် ဘရစ်ဂျစ် ပြန်ရန်ပြင်လိုက်ပြီး ပြောင်ပြောင်တင်းတင်းပင် သူ့ကိုယ်ဝန်ကို ဖျက်ချရန် စိတ်ပိုင်းဖြတ်ထားကြောင်းပြောသည်။

ဘရစ်ဂျစ်နှင့် တံခါးကြားမှ သူ့ကိုယ်သေးသေးလေး လျှိုထွက်လာပြီး “ရှင် မပြန်ခင် ကျွန်မ ရှင့်ကိုဖက်ပြီး ဆုတောင်းပေးပါရစေ”ဟု နိုရာက ပြောလိုက်သည်။ ယခင်က စိတ်ကောင်းနှလုံးကောင်းနှင့် မည်သူမျှ ဘရစ်ဂျစ်ကို တစ်ခါမှ မထွေးပွေ့ ကြဖူးပါ။ ရုတ်တရက် မမျှော်လင့်ဘဲ ဘရစ်ဂျစ် မျက်ရည်များကျလာသည်။

ဣသရေလလူမျိုးတော်ကို “ထာဝရမေတ္တာ”နှင့်ချစ်သည့် ဘုရားသခင်၏ နှလုံးသားကို…

ပင်လယ်ထဲမှ မျှော်လင့်ချက်မီး

“ခုတင်ထက်မှာ သက်တမ်းရင့် အရက်တစ်ပုလင်းနဲ့၊ စိတ်ဓာတ်ကျမျှော်လင့်ချက်မဲ့ မှု​တွေနဲ့ လဲလျောင်းနေတယ်။ ဒီစကြဝဠာထဲမှာတော့ တစ်ယောက်တည်း အထီးကျန် လို့၊ ထာဝရကာလမှာတော့ အလင်းမြူမှုန်တစ်မှုန်တောင်မရှိတဲ့ဘဝ” ဟု ဂျာနယ်လစ် သတင်းထောက် မဲလ်ကမ်း မတ်ဂရစ်(ချ်)သည် ဒုတိယကမ္ဘာစစ်အတွင်း သူလျှိုအဖြစ် သူလုပ်ကိုင်စဥ် ရေးသားခဲ့သည့်စာဖြစ်သည်။

ထိုသို့သောအခြေအနေတွင် သူမှန်သည်ဟု သူထင်သည့်အရာကို သူလုပ်ခဲ့ သည်။ သူ့ကိုယ်သူ ရေနှစ်သတ်သေရန်ဖြစ်သည်။ မက်ဒါဂတ်စကာကမ်းခြေသို့ ကားမောင်းလာပြီးပင်လယ်ထဲသို့ မမောမချင်းကူးခတ်ခဲ့သည်။ ထိုနောက် နောက်ပြန် လှည့်ကြည့်မိရာ ခပ်လှမ်းလှမ်းမှ မီးရောင်တစ်ခုကို မြင်သည်။ ထိုအခါ ဘာကြောင့်မှန်း မသိ ထိုအလင်းရောင်ရှိရာနေရာသို့ ပြန်လည်ကူးခတ်လာခဲ့သည်။ မောပန်းနေရမည့်အစား စိတ်နှလုံး၌ “အံ့မခန်းဝမ်းမြောက်မှုခံစားရသည်” ဟု သူပြန်ပြောင်းပြောသည်။

မည်သို့မည်ပုံဖြစ်သွားသည်ကို မတ်ဂရစ်(ချ်) တစ်ယောက် မသိပါ။ သို့သော် ဘုရားသခင်သည် သူ့ကို ထိုအမှောင်မိုက်မှဆွဲခေါ်ကာ မျှော်လင့်ခြင်းကို ပေးခြင်းက သဘာဝလွန်သာဖြစ်ကြောင်း မတ်ဂရစ်(ချ်) သိသည်။…

မည်သို့စောင့်ဆိုင်းမည်နည်း

ဘုရားကျောင်းကို စိတ်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည့် ၁၇နှစ်သား ထြာဗို သည် ၁နှစ်ကြာမျှ အဖြေရှာခဲ့သည်။ သို့သော် သူ့မေးခွန်းအတွက် သူမျှော်လင့် တောင့်တသောအဖြေကို မည်သည့်အရာကမှ မပေးနိုင်ခဲ့ပါ။

ထိုသို့အဖြေရှာသည့်ကာလက သူ့အား သူမိဘများနှင့်ပိုပြီး ရင်းနှီးစေခဲ့သည်။ သို့တိုင် ခရစ်ယာန်တရားတော်နှင့်ပတ်သက်ပြီး ပြဿနာများရှိနေသေးသည်။ တစ်ကြိမ်တွင် မိဘများနှင့် ဆွေးနွေးရင်း ခါးသီးစွာဖြင့် "ကျမ်းစာထဲက ကတိတော်တွေ က အလကားပဲ။ ကျမ်းစာက ဒီကတိတော်တွေနဲ့ပဲ ပြည့်နေတာ"ဟု ပြောပါသည်။

အခြားလူတစ်ဦးသည်လည်း သူကြုံရသည့် စိတ်အနှောင့်အယှက်နှင့် အခက် အခဲများက သူ၏သံသယကို မီးထိုးပေးသည်။ သို့သော် သူ့ကိုသတ်မည့် ရန်သူများ လက်မှ ထွက်ပြေးနေရချိန်တွင် သူ့တုံ့ပြန်မှုက ဘုရားရှင်ကိုကျောခိုင်း ထွက်ပြေးရန် မဟုတ်ဘဲ ကိုယ်တော်အားချီးမွမ်းရန်ဖြစ်သည်။ “စစ်ချီ၍လာကြသော်လည်း ထိုအမှု တွင်ပင် တည်ကြည်သောစိတ်ရှိလိမ့်မည်” (ဆာလံ ၂၇:၃) ဟု ဒါဝိဒ်စပ်ဆိုခဲ့သည်။

ဒါဝိဒ်ရေးစပ်သောဆာလံတွင် သံသယများရှိနေသေးကြောင်း…